ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂ ႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာတဲ့ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အသက္ေဘးလြတ္ေအာင္ ထြက္ေျပးေနရသူေတြဟာ သူတို႔ရဲ႕ေနအိမ္ဆီ အျမန္ဆုံး ျပန္ခ်င္ေနၾကပါတယ္။ တိုက္ပြဲေတြ ရပ္ေနတဲ့ေနရာေတြမွာလည္း ေနာက္ထပ္ တိုက္ခိုက္မႈေတြ ျဖစ္လာမွာ စိုးရိမ္စိတ္နဲ႔ ေဒသခံေတြ အိမ္မျပန္ႏိုင္ၾကဘူးျဖစ္ေနၾကပါတယ္။ ကရင္နီျပည္လို႔ ေဒသခံေတြေခၚတဲ့ ကယားျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းထဲက စစ္ေျပးဒုကၡသည္နဲ႔ ေတြရဲ႕ ဒုကၡနဲ႔ စိုးရိမ္စစ္ေတြအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က ေျပာျပပါမယ္။
စစ္အာဏာသိမ္းထားတဲ့ ၂ ႏွစ္အတြင္း လက္နက္ကိုင္ ဆန္႔က်င္တိုက္ခိုက္မႈေတြ ျမန္မာႏိုင္ငံေနရာအႏွံမွာ ျဖစ္ေနသလို တိုက္ပြဲ ပဋိပကၡေတြေၾကာင့္ အိုးအိမ္ပစ္ ေဘးလြတ္ရာ ပုန္းခိုေနၾကရသူ သန္းနဲ႔ခ်ီ ရွိေနပါတယ္။ အဲဒီသူေတြဟာ သူတို႔ေနအိမ္ေတြဆီ အျမန္ဆံုး ျပန္သြားခ်င္ေနၾကပါတယ္။
ကယားျပည္နယ္ ေဒသအေခၚ ကရင္နီျပည္ကေန ရွမ္းျပည္နယ္ေတာင္ပိုင္းကို ထြက္ေျပးခိုလႈံေနတာ ၂ ႏွစ္ၾကာေနၿပီျဖစ္တဲ့ သူတေယာက္က သူ႔အိမ္ကို ဘယ္ေလာက္ျပန္ခ်င္ေနတယ္ဆိုတာ ေျပာျပပါတယ္။ ေနအိမ္ ျပန္ဖို႔လုပ္ရင္း လမ္းခုလတ္ကေန ျပန္လွည့္လာရတာမ်ိဳးလည္း ႀကဳံခဲ့ရပါတယ္။ အိမ္ျပန္ခြင့္မရတာ ၂ ႏွစ္နီးပါး ရွိလာၿပီျဖစ္လို႔ အိမ္ရွိ၊ မရွိဆိုတာကိုလည္း သူ႔အေနနဲ႔ မသိရဘူးလို႔ ေျပာပါတယ္။
"အိမ္ မျပန္ႏိုင္ေသးဘူး။ အခု ဒီစစ္ေရွာင္စခန္းမွာပဲ ရွိေသးတယ္။ အိမ္ျပန္မယ္လုပ္တုန္း လြိဳင္ေကာ္ထိေရာက္ေတာ့ ဝင္လို႔မရေသးဘူး ေျပာေတာ့ အဲဒါျပန္လွည့္လာတာ။ ေျပးရင္းနဲ႔ ဒီကို အသိတေယာက္နဲ႔ ေရာက္လာၿပီးေတာ့ သူမ်ားအိမ္မွာ ေနရတယ္ေလ။ စစ္ေရွာင္ေတာ့ ဘယ္ေရွာင္ခ်င္ေတာ့မလဲ။ အန္တီတို႔ အိမ္ျပန္ခ်င္တာေပါ့။ ဒါေပမဲ့လည္း ျပန္လို႔မွ မရေသးတာ။ အခုေတာင္မွ ႀကဳံတဲ့လက္စနဲ႔ ေန႔စားအလုပ္ေလးေတြေပါ့ေနာ္၊ တရက္ဆိုလည္း တရက္ ရသေလာက္ အန္တီတို႔ အဲလိုမ်ိဳး ရွာေဖြေနတာေပါ့။ တကယ္လို႔ နီးနီးနားနား ျပန္လို႔ရမယ္ ဆိုလို႔ရွိရင္ေတာ့ ျပန္မွာေပါ့။ ျပန္လို႔ မရေသးရင္လည္း ဒီလိုပဲ ေထာက္ပံ့ေၾကးနဲ႔စားၿပီး ဒီမွာပဲ ဆက္ေနရမွာေပါ့။"
အာဏာသိမ္းၿပီးေနာက္ပိုင္း တိုက္ပြဲေတြ အေစာပိုင္းထဲက စျဖစ္ေနတဲ့ ေဘာလခဲနဲ႔ ဒီးေမာ့ဆိုၿမိဳ႕နယ္တဝိုက္မွာ အခုႏွစ္ အစပိုင္းကတည္းက တိုက္ပြဲေတြ ထပ္ၿပီးျပင္းထန္ခဲ့ပါတယ္။ အေစာပိုင္းထဲက စစ္ေဘးေရွာင္ေနသူေတြအျပင္ အခု လက္နက္ႀကီးပစ္ခတ္တာေတြေၾကာင့္ ထပ္ၿပီး ထြက္ေျပးရသူေတြလည္း ရွိပါတယ္။ အမ်ားစုက ရွမ္းျပည္ေတာင္ပိုင္းမွာ ခိုလႈံေနရတာပါ။ လက္နက္ကိုင္ ပဋိပကၡနဲ႔ လက္နက္ႀကီးဒဏ္ေတြ ခံေနရတဲ့ စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္ေတြမွာလည္း အခုခ်ိန္ထိ တိုက္ပြဲေတြ ဆက္ရွိေနပါတယ္။ နယ္ေျမရွင္းလင္းေရးေၾကာင့္ အိုးအိမ္စြန႔္ ထြက္ေျပးသူေတြအျပင္ တခ်ိဳ႕က စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းထိုးလာရင္ ႐ြာေတြထဲ မေနရဲလို႔ ေဘးလြတ္ရာ ထြက္ေျပးၾကတာလည္း ရွိတယ္လို႔ စစ္ဒဏ္သင့္ ေဒသခံေတြကို ကူညီေပးေနသူတဦးက ေျပာပါတယ္။
"စစ္ေရွာင္စခန္းဘက္ကို အနီးစပ္ဆုံး ေရာက္လာတယ္။ ဝင္ေတာ့ ဝင္မသြားပါဘူး။ ဒီတခါဆိုရင္ စစ္ေၾကာင္းထိုးတာက စစ္ေရွာင္ေတြက ေတာေတြထဲမွာ၊ လမ္းေဘးေတြမွာ၊ ဘုန္းႀကီးေက်ာင္းေတြမွာ၊ အဲလိုမ်ိဳး ေနရာေတြမွာ မေနရဲေတာ့ဘဲ အနည္းဆုံး ၄၊ ၅၊ ၆ ေထာင္ေလာက္က ေျပးရတယ္ေပါ့ေနာ္။ အခုခ်ိန္မွာ ဒီစစ္ေၾကာင္းေတြကေတာ့ လာလိုက္၊ ထြက္လိုက္ေပါ့ေနာ္။"
စစ္ကိုင္းတိုင္းထဲမွာ မီးရႈိ႕ခံလိုက္ရလို႔ ပ်က္စီးသြားတဲ့ ေနအိမ္ေတြအတြက္ အစားထိုး တဲအိမ္ျပန္ေဆာက္ေပးေနတာ ရွိသလို၊ လတ္တေလာ စားေသာက္ေရးအတြက္ ဆန္၊ ဆီ၊ အိုး၊ ခြက္ လွဴဒါန္းေပးေနတာလည္း ရွိပါတယ္။ ဒုကၡသည္အေတာ္ေလး မ်ားေနသလို အကူအညီေတြလည္း အမ်ားႀကီး လိုအပ္ေနၾကပါတယ္။ စစ္တပ္အာဏာ သိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံတဝွမ္း အိုးအိမ္စြန႔္ခြာ တိမ္းေရွာင္ၾကသူေပါင္း ၁ ဒႆမ ၂ သန္း ရွိတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး႐ုံး UNOCHA က ေဖာ္ျပထားပါတယ္။
[Unicode]
၂ နှစ်နီးပါး အိမ်မပြန်နိုင်ကြသေးတဲ့ ပြည်တွင်းဒုက္ခသည်များ
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်ဘေးလွတ်အောင် ထွက်ပြေးနေရသူတွေဟာ သူတို့ရဲ့နေအိမ်ဆီ အမြန်ဆုံး ပြန်ချင်နေကြပါတယ်။ တိုက်ပွဲတွေ ရပ်နေတဲ့နေရာတွေမှာလည်း နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာမှာ စိုးရိမ်စိတ်နဲ့ ဒေသခံတွေ အိမ်မပြန်နိုင်ကြဘူးဖြစ်နေကြပါတယ်။ ကရင်နီပြည်လို့ ဒေသခံတွေခေါ်တဲ့ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက စစ်ပြေးဒုက္ခသည်နဲ့ တွေရဲ့ ဒုက္ခနဲ့ စိုးရိမ်စစ်တွေအကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြပါမယ်။
စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှုတွေ မြန်မာနိုင်ငံနေရာအနှံမှာ ဖြစ်နေသလို တိုက်ပွဲ ပဋိပက္ခတွေကြောင့် အိုးအိမ်ပစ် ဘေးလွတ်ရာ ပုန်းခိုနေကြရသူ သန်းနဲ့ချီ ရှိနေပါတယ်။ အဲဒီသူတွေဟာ သူတို့နေအိမ်တွေဆီ အမြန်ဆုံး ပြန်သွားချင်နေကြပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို ထွက်ပြေးခိုလှုံနေတာ ၂ နှစ်ကြာနေပြီဖြစ်တဲ့ သူတယောက်က သူ့အိမ်ကို ဘယ်လောက်ပြန်ချင်နေတယ်ဆိုတာ ပြောပြပါတယ်။ နေအိမ် ပြန်ဖို့လုပ်ရင်း လမ်းခုလတ်ကနေ ပြန်လှည့်လာရတာမျိုးလည်း ကြုံခဲ့ရပါတယ်။ အိမ်ပြန်ခွင့်မရတာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်လို့ အိမ်ရှိ၊ မရှိဆိုတာကိုလည်း သူ့အနေနဲ့ မသိရဘူးလို့ ပြောပါတယ်။
"အိမ် မပြန်နိုင်သေးဘူး။ အခု ဒီစစ်ရှောင်စခန်းမှာပဲ ရှိသေးတယ်။ အိမ်ပြန်မယ်လုပ်တုန်း လွိုင်ကော်ထိရောက်တော့ ဝင်လို့မရသေးဘူး ပြောတော့ အဲဒါပြန်လှည့်လာတာ။ ပြေးရင်းနဲ့ ဒီကို အသိတယောက်နဲ့ ရောက်လာပြီးတော့ သူများအိမ်မှာ နေရတယ်လေ။ စစ်ရှောင်တော့ ဘယ်ရှောင်ချင်တော့မလဲ။ အန်တီတို့ အိမ်ပြန်ချင်တာပေါ့။ ဒါပေမဲ့လည်း ပြန်လို့မှ မရသေးတာ။ အခုတောင်မှ ကြုံတဲ့လက်စနဲ့ နေ့စားအလုပ်လေးတွေပေါ့နော်၊ တရက်ဆိုလည်း တရက် ရသလောက် အန်တီတို့ အဲလိုမျိုး ရှာဖွေနေတာပေါ့။ တကယ်လို့ နီးနီးနားနား ပြန်လို့ရမယ် ဆိုလို့ရှိရင်တော့ ပြန်မှာပေါ့။ ပြန်လို့ မရသေးရင်လည်း ဒီလိုပဲ ထောက်ပံ့ကြေးနဲ့စားပြီး ဒီမှာပဲ ဆက်နေရမှာပေါ့။"
အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ အစောပိုင်းထဲက စဖြစ်နေတဲ့ ဘောလခဲနဲ့ ဒီးမော့ဆိုမြို့နယ်တဝိုက်မှာ အခုနှစ် အစပိုင်းကတည်းက တိုက်ပွဲတွေ ထပ်ပြီးပြင်းထန်ခဲ့ပါတယ်။ အစောပိုင်းထဲက စစ်ဘေးရှောင်နေသူတွေအပြင် အခု လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ထပ်ပြီး ထွက်ပြေးရသူတွေလည်း ရှိပါတယ်။ အများစုက ရှမ်းပြည်တောင်ပိုင်းမှာ ခိုလှုံနေရတာပါ။ လက်နက်ကိုင် ပဋိပက္ခနဲ့ လက်နက်ကြီးဒဏ်တွေ ခံနေရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာလည်း အခုချိန်ထိ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ နယ်မြေရှင်းလင်းရေးကြောင့် အိုးအိမ်စွန့် ထွက်ပြေးသူတွေအပြင် တချို့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာရင် ရွာတွေထဲ မနေရဲလို့ ဘေးလွတ်ရာ ထွက်ပြေးကြတာလည်း ရှိတယ်လို့ စစ်ဒဏ်သင့် ဒေသခံတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
"စစ်ရှောင်စခန်းဘက်ကို အနီးစပ်ဆုံး ရောက်လာတယ်။ ဝင်တော့ ဝင်မသွားပါဘူး။ ဒီတခါဆိုရင် စစ်ကြောင်းထိုးတာက စစ်ရှောင်တွေက တောတွေထဲမှာ၊ လမ်းဘေးတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ၊ အဲလိုမျိုး နေရာတွေမှာ မနေရဲတော့ဘဲ အနည်းဆုံး ၄၊ ၅၊ ၆ ထောင်လောက်က ပြေးရတယ်ပေါ့နော်။ အခုချိန်မှာ ဒီစစ်ကြောင်းတွေကတော့ လာလိုက်၊ ထွက်လိုက်ပေါ့နော်။"
စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံလိုက်ရလို့ ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် အစားထိုး တဲအိမ်ပြန်ဆောက်ပေးနေတာ ရှိသလို၊ လတ်တလော စားသောက်ရေးအတွက် ဆန်၊ ဆီ၊ အိုး၊ ခွက် လှူဒါန်းပေးနေတာလည်း ရှိပါတယ်။ ဒုက္ခသည်အတော်လေး များနေသလို အကူအညီတွေလည်း အများကြီး လိုအပ်နေကြပါတယ်။ စစ်တပ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြသူပေါင်း ၁ ဒဿမ ၂ သန်း ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ဖော်ပြထားပါတယ်။