စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္အတြင္းကို ျမန္မာစစ္တပ္ဖက္က အင္အား ၁၀၀ ဝန္းက်င္စီပါတဲ့ စစ္ေၾကာင္း ၃ ေၾကာင္းနဲ႔ ဝင္ေရာက္ၿပီး နယ္ေျမရွင္းလင္းေရး လုပ္ေနတာေၾကာင့္ ေက်း႐ြာေပါင္း ၄၀ ေလာက္က ေဒသခံ ၃,၀၀၀ ေက်ာ္ေလာက္ ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပေပးပါမယ္။
ကန႔္ဘလူၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြကို ျမန္မာစစ္တပ္က အင္အား ၃၀၀ ေက်ာ္နဲ႔ စစ္ေၾကာင္း ၃ ေၾကာင္းခြဲၿပီး နယ္ေျမရွင္းလင္းေရး လုပ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းမထိုးခင္ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ကတည္းက စစ္ေၾကာင္းထိုးမယ့္ ႐ြာေတြဖက္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ေဒသခံ တစ္ဦး ထိခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
"စစ္ေၾကာင္းက ၃ ေၾကာင္းခြဲၿပီးေတာ့ တစ္ေၾကာင္းကို အင္အား ၁၀၀ ေက်ာ္ ပါတယ္ဗ်။ ဒီ ယမား၊ ယသစ္၊ အင္းလယ္ႀကီး၊ မဲဆည္၊ သရက္သာ အရင္တခါက မီးရႈိ႕သြားတဲ့ ႐ြာေတြပဲ အဲ့ဒီ႐ြာေတြကိုပဲ ျပန္လာၿပီးေတာ့ ထိုးေနတယ္ဗ်၊ အခုေလာေလာဆယ္ေတာ့ ခမရ ၃၆၈ က အင္းလယ္ႀကီး႐ြာကို ေရာက္ေနၿပီ။ ခမရ ၃၆၉ ကေတာ့ အင္းလယ္ႀကီး႐ြာရဲ႕ ၇ မိုင္ေက်ာ္ေက်ာ္ေလာက္မွာ ရွိေနတယ္ဗ်။ ခမရ ၃၆၁ ကေတာ့ ေမာင္းတိုင္႐ြာကို ေရာက္ေနတယ္ဗ်။ ေလာေလာဆယ္ကေတာ့ သူတို႔ ပစ္တာခတ္တာေတာ့ မရွိေသးဘူးဗ်။ စစ္ေၾကာင္းမထိုးခင္ကေတာ့ One-Twenty ေခၚလက္နက္ေပါ့၊ သူတို႔ဒီ ၆၀၀၆ တပ္ရင္းကေန ႏွစ္ဘီး ပါတဲ့ အေျမာက္ေလာင္ခ်ာနဲ႔ အခု အဲ့ဒီ စစ္ေၾကာင္းထိုးမယ့္ ႐ြာဖက္ေတြကို ပစ္ထားတယ္ဗ်။ ၇ လုံးေလာက္ ပစ္ထားတယ္။ ျပည္သူတစ္ေယာက္ထိတယ္၊ ႏြားတစ္ေကာင္ေသတယ္ဗ်၊ က်န္တာေတာ့ အထိအခိုက္မရွိပါဘူး။"
စစ္ေၾကာင္းထိုးလာလို႔ ႐ြာေပါင္း ၄၀ ေလာက္က ေဒသခံ ၃၀၀၀ ေက်ာ္ဟာ ေတာေတြထဲကို ေရွာင္ေျပးေနၾကရပါတယ္။ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ကလည္း ေတာထဲက စစ္ေရွာင္တဲေတြဖက္ကို စစ္ေကာင္စီစစ္ေၾကာင္းထိုးတာေၾကာင့္ ေတာထဲက စစ္ေရွာင္ေတြ ထပ္မံ ထြက္ေျပးေနၾကရသလို၊ စစ္ေရွာင္တခ်ိဳ႕ ဖမ္းဆီးခံရတာမ်ိဳးေတြလည္း ရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
"စစ္ေရွာင္႐ြာေတြက ႐ြာေပါင္း ၄၀ ေလာက္ရွိတယ္ဗ်။ လူဦးေရ ၃၀၀၀ ေက်ာ္ေလာက္ေတာ့ရွိမယ္။ ၂ ရက္ရွိၿပီ ေရွာင္တာကေတာ့။ ေလာေလာဆယ္ေတာ့ ျပည္သူ ၁၂ ေယာက္ တဲေတြဖက္ကေတာ့ မိထားတယ္။ အဲ့ဒါ သူတို႔ ျပန္လြတ္တာလည္း မၾကားေသးဘူးဗ်ာ၊ သူတို႔ ဘာျဖစ္တယ္ ဘာျဖစ္တယ္လို႔လည္း မၾကားရေသးဘူးဗ်ာ။ ခမရ ၃၆၈ က အင္းလယ္ႀကီးထဲကို ဝင္သြားတဲ့ စစ္ေၾကာင္း အဲ့ဒီစစ္ေၾကာင္းက ျပည္သူ႔တဲေတြမွာ ထမင္းခ်က္စားၿပီးေတာ့ ခ်က္စားခဲ့တဲ့ တဲပိုင္ရွင္ေတြကို ဖမ္းလာခဲ့တယ္။ အဲ့မွာကေတာ့ အင္းလယ္ႀကီး႐ြာသားပါတယ္၊ ယမားကပါတယ္၊ ထိန္ေတာက ပါတယ္ဗ်။ အမ်ိဳးသမီးက ၃ ေယာက္ပါတယ္ဗ်။"
လက္ရွိမွာ စစ္ေဘးေရွာင္ေတြဟာ ေနထိုင္စရာ တဲေတြမရွိဘဲ ကြင္းျပင္ေတြနဲ႔ သစ္ပင္ေတြေအာက္မွာပဲ ေနၾကရပါတယ္။ သက္ႀကီး႐ြယ္အိုတခ်ိဳ႕ကေတာ့ ျမန္မာစစ္တပ္ဝင္လာခ်ိန္မွာ လန႔္ဖ်ပ္ ေၾကာက္႐ြံ႕ၿပီး သတိလစ္ေမ့ေမ်ာကုန္တာမ်ိဳးေတြ ျဖစ္ၾကတယ္လို႔ ေဒသခံေတြက ခုလိုေျပာပါတယ္။
"ေနရတာကေတာ့ အဲ့လို သူတို႔ကို လက္နက္ႀကီးေတြနဲ႔ ပစ္မွာေတြ ရမ္းပစ္မွာေတြ ေၾကာက္ေနရတာ။ သူတို႔မွာ အကာအကြယ္လည္း မရွိေတာ့ေလ၊ ဒီသက္ႀကီး႐ြယ္အိုေလးေတြကေတာ့ နည္းနည္း ထိတ္လန႔္ၿပီးေတာ့ ေမ့တာတို႔၊ အဲ့လို ေၾကာက္လန႔္ၿပီးေတာ့ ေမ့တာတို႔ေတာ့ ရွိတယ္ဗ်။ တျခားေတာ့ ဘာမွေတာ့ မျဖစ္ပါဘူး၊ လက္နက္ႀကီးနဲ႔ ရမ္းပစ္မွာကိုပဲ အတင္းစိုးရိမ္ေနၾက ေၾကာက္ေနၾကတာ။"
ေဒသခံေတြ စစ္ေဘးေရွာင္ၾကစဥ္မွာ ဆန္၊ ဆီ စတဲ့ အေျခခံစားေသာက္ကုန္ေတြကိုေတာ့ ယူေဆာင္ခ်ိန္ရခဲ့တာေၾကာင့္ စားေသာက္ေရးမွာ သိပ္အခက္အခဲ မရွိေပမယ့္ ေနထိုင္စရာ အခက္အခဲေတြကေတာ့ ျဖစ္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ကန႔္ဘလူနယ္ထဲက ႐ြာသစ္၊ ႐ြာမ၊ ဉာဏ္အင္း၊ ေညာင္ေပါက္ရင္း၊ ဇီးပင္သာ၊ ရဲေသြး၊ အင္းလယ္ႀကီး၊ ေလးလွ၊ သစ္ရက္သာ၊ အဂၤါေထာင့္၊ ေက်းပင္အပ္၊ ကိုင္း႐ိုး၊ ကြၽန္းပင္ကုန္း၊ ထိန္ေတာ၊ သစ္ေျပသာ၊ မကုန္း၊ ေပမယ္၊ ဘိုကုန္း၊ မဲဆည္၊ စူးသက္၊ ေအာင္သာယာ၊ ျမန္ကန္သာ၊ ဇီးျဖဴကုန္း၊ ဆင္နင္း၊ ရွမ္းတပ္၊ ေယာ၊ မႀကီးကုန္း၊ ေထာက္ရွာအိုင္၊ ခအုန္းသာ၊ ေမာင္းတိုင္၊ သရက္ေခါင္း၊ ေညာင္ကိုင္း၊ ၾကာဘက္ကန္၊ ဘိုတဲကုန္း၊ ဘုတ္ကုန္း စတဲ့ ေက်း႐ြာေတြက ေဒသခံေတြ ထြက္ေျပးေနၾကရတာပါ။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္ကိုင္းတိုင္းဟာ စစ္ေဘးဒုကၡသည္ အမ်ားဆုံး တိုးလာတဲ့ ေဒသျဖစ္ၿပီးေတာ့ အေရအတြက္အားျဖင့္ စစ္ေဘးေရွာင္ ဦးေရက ၈ သိန္းနီးပါး ရွိပါတယ္။ ဒီပမာဏဟာ စစ္ကိုင္းတိုင္းအတြင္းက လူဦးေရ စုစုေပါင္းရဲ႕ ၁၅ ရာခိုင္ႏႈန္း အထိ ရွိတာျဖစ္တယ္လို႔ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဳ ISP Myanmar က ေဖာ္ျပထားပါတယ္။
{Unicode}
ကန့်ဘလူနယ် စစ်ကြောင်းဝင်လို့ ဒေသခံသုံးထောင်ကျော်ထွက်ပြေး
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကို မြန်မာစစ်တပ်ဖက်က အင်အား ၁၀၀ ဝန်းကျင်စီပါတဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ကျေးရွာပေါင်း ၄၀ လောက်က ဒေသခံ ၃,၀၀၀ ကျော်လောက် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးပါမယ်။
ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို မြန်မာစစ်တပ်က အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းမထိုးခင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်းက စစ်ကြောင်းထိုးမယ့် ရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ တစ်ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်ကြောင်းက ၃ ကြောင်းခွဲပြီးတော့ တစ်ကြောင်းကို အင်အား ၁၀၀ ကျော် ပါတယ်ဗျ။ ဒီ ယမား၊ ယသစ်၊ အင်းလယ်ကြီး၊ မဲဆည်၊ သရက်သာ အရင်တခါက မီးရှို့သွားတဲ့ ရွာတွေပဲ အဲ့ဒီရွာတွေကိုပဲ ပြန်လာပြီးတော့ ထိုးနေတယ်ဗျ၊ အခုလောလောဆယ်တော့ ခမရ ၃၆၈ က အင်းလယ်ကြီးရွာကို ရောက်နေပြီ။ ခမရ ၃၆၉ ကတော့ အင်းလယ်ကြီးရွာရဲ့ ၇ မိုင်ကျော်ကျော်လောက်မှာ ရှိနေတယ်ဗျ။ ခမရ ၃၆၁ ကတော့ မောင်းတိုင်ရွာကို ရောက်နေတယ်ဗျ။ လောလောဆယ်ကတော့ သူတို့ ပစ်တာခတ်တာတော့ မရှိသေးဘူးဗျ။ စစ်ကြောင်းမထိုးခင်ကတော့ One-Twenty ခေါ်လက်နက်ပေါ့၊ သူတို့ဒီ ၆၀၀၆ တပ်ရင်းကနေ နှစ်ဘီး ပါတဲ့ အမြောက်လောင်ချာနဲ့ အခု အဲ့ဒီ စစ်ကြောင်းထိုးမယ့် ရွာဖက်တွေကို ပစ်ထားတယ်ဗျ။ ၇ လုံးလောက် ပစ်ထားတယ်။ ပြည်သူတစ်ယောက်ထိတယ်၊ နွားတစ်ကောင်သေတယ်ဗျ၊ ကျန်တာတော့ အထိအခိုက်မရှိပါဘူး။"
စစ်ကြောင်းထိုးလာလို့ ရွာပေါင်း ၄၀ လောက်က ဒေသခံ ၃၀၀၀ ကျော်ဟာ တောတွေထဲကို ရှောင်ပြေးနေကြရပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း တောထဲက စစ်ရှောင်တဲတွေဖက်ကို စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် တောထဲက စစ်ရှောင်တွေ ထပ်မံ ထွက်ပြေးနေကြရသလို၊ စစ်ရှောင်တချို့ ဖမ်းဆီးခံရတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"စစ်ရှောင်ရွာတွေက ရွာပေါင်း ၄၀ လောက်ရှိတယ်ဗျ။ လူဦးရေ ၃၀၀၀ ကျော်လောက်တော့ရှိမယ်။ ၂ ရက်ရှိပြီ ရှောင်တာကတော့။ လောလောဆယ်တော့ ပြည်သူ ၁၂ ယောက် တဲတွေဖက်ကတော့ မိထားတယ်။ အဲ့ဒါ သူတို့ ပြန်လွတ်တာလည်း မကြားသေးဘူးဗျာ၊ သူတို့ ဘာဖြစ်တယ် ဘာဖြစ်တယ်လို့လည်း မကြားရသေးဘူးဗျာ။ ခမရ ၃၆၈ က အင်းလယ်ကြီးထဲကို ဝင်သွားတဲ့ စစ်ကြောင်း အဲ့ဒီစစ်ကြောင်းက ပြည်သူ့တဲတွေမှာ ထမင်းချက်စားပြီးတော့ ချက်စားခဲ့တဲ့ တဲပိုင်ရှင်တွေကို ဖမ်းလာခဲ့တယ်။ အဲ့မှာကတော့ အင်းလယ်ကြီးရွာသားပါတယ်၊ ယမားကပါတယ်၊ ထိန်တောက ပါတယ်ဗျ။ အမျိုးသမီးက ၃ ယောက်ပါတယ်ဗျ။"
လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ နေထိုင်စရာ တဲတွေမရှိဘဲ ကွင်းပြင်တွေနဲ့ သစ်ပင်တွေအောက်မှာပဲ နေကြရပါတယ်။ သက်ကြီးရွယ်အိုတချို့ကတော့ မြန်မာစစ်တပ်ဝင်လာချိန်မှာ လန့်ဖျပ် ကြောက်ရွံ့ပြီး သတိလစ်မေ့မျောကုန်တာမျိုးတွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ခုလိုပြောပါတယ်။
"နေရတာကတော့ အဲ့လို သူတို့ကို လက်နက်ကြီးတွေနဲ့ ပစ်မှာတွေ ရမ်းပစ်မှာတွေ ကြောက်နေရတာ။ သူတို့မှာ အကာအကွယ်လည်း မရှိတော့လေ၊ ဒီသက်ကြီးရွယ်အိုလေးတွေကတော့ နည်းနည်း ထိတ်လန့်ပြီးတော့ မေ့တာတို့၊ အဲ့လို ကြောက်လန့်ပြီးတော့ မေ့တာတို့တော့ ရှိတယ်ဗျ။ တခြားတော့ ဘာမှတော့ မဖြစ်ပါဘူး၊ လက်နက်ကြီးနဲ့ ရမ်းပစ်မှာကိုပဲ အတင်းစိုးရိမ်နေကြ ကြောက်နေကြတာ။"
ဒေသခံတွေ စစ်ဘေးရှောင်ကြစဥ်မှာ ဆန်၊ ဆီ စတဲ့ အခြေခံစားသောက်ကုန်တွေကိုတော့ ယူဆောင်ချိန်ရခဲ့တာကြောင့် စားသောက်ရေးမှာ သိပ်အခက်အခဲ မရှိပေမယ့် နေထိုင်စရာ အခက်အခဲတွေကတော့ ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူနယ်ထဲက ရွာသစ်၊ ရွာမ၊ ဉာဏ်အင်း၊ ညောင်ပေါက်ရင်း၊ ဇီးပင်သာ၊ ရဲသွေး၊ အင်းလယ်ကြီး၊ လေးလှ၊ သစ်ရက်သာ၊ အင်္ဂါထောင့်၊ ကျေးပင်အပ်၊ ကိုင်းရိုး၊ ကျွန်းပင်ကုန်း၊ ထိန်တော၊ သစ်ပြေသာ၊ မကုန်း၊ ပေမယ်၊ ဘိုကုန်း၊ မဲဆည်၊ စူးသက်၊ အောင်သာယာ၊ မြန်ကန်သာ၊ ဇီးဖြူကုန်း၊ ဆင်နင်း၊ ရှမ်းတပ်၊ ယော၊ မကြီးကုန်း၊ ထောက်ရှာအိုင်၊ ခအုန်းသာ၊ မောင်းတိုင်၊ သရက်ခေါင်း၊ ညောင်ကိုင်း၊ ကြာဘက်ကန်၊ ဘိုတဲကုန်း၊ ဘုတ်ကုန်း စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ဘေးဒုက္ခသည် အများဆုံး တိုးလာတဲ့ ဒေသဖြစ်ပြီးတော့ အရေအတွက်အားဖြင့် စစ်ဘေးရှောင် ဦးရေက ၈ သိန်းနီးပါး ရှိပါတယ်။ ဒီပမာဏဟာ စစ်ကိုင်းတိုင်းအတွင်းက လူဦးရေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိတာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က ဖော်ပြထားပါတယ်။