သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းၿမိဳ႕နယ္သုံးခု စစ္အုပ္ခ်ဳပ္ေရးေၾကညာမႈ ေဒသခံေတြစိုးရိမ္


Sagaing စစ္ကိုင္း / စစ္ကိုင္းတုိင္း

စစ္ကိုင္းတိုင္းထဲက ေ႐ႊဘို၊ ဝက္လက္နဲ႔ အရာေတာ္ၿမိဳ႕နယ္ေတြကို စစ္အုပ္ခ်ဳပ္ေရးနယ္ေျမေတြအျဖစ္ စစ္ေကာင္စီက ထပ္တိုး သတ္မွတ္လိုက္တဲ့အတြက္၊ အေရာင္းအဝယ္ အသြားအလာေတြ ခက္ခဲႏိုင္တယ္လို႔ ေဒသခံေတြက စိုးရိမ္ေနပါတယ္။ ဒီလို စစ္အုပ္ခ်ဳပ္ေရး ေၾကျငာလိုက္တာေၾကာင့္ အေျခအေနေတြ ပိုဆိုးႏိုင္တယ္လို႔လည္း ေဒသခံေတြက ယူဆေနပါတယ္။ ဒီအေၾကာင္းသတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ေဖေဖာ္ဝါရီ ၂၂ ရက္ ညက စစ္ကိုင္းတိုင္းထဲက ေ႐ႊဘို၊ ဝက္လက္နဲ႔ အရာေတာ္ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ပုဒ္မ ၄၁၉ အရဆိုၿပီး စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရး ေၾကျငာလိုက္တာပါ။ အခုလို ေၾကျငာလိုက္တဲ့အတြက္ ၿမိဳ႕နယ္အတြင္းက သြားလာ လုပ္ကိုင္ေရးေတြမွာ အခက္အခဲေတြရွိလာႏိုင္တယ္လို႔ ေဒသခံေတြက စိုးရိမ္ေနပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေၾကျငာရင္ ည ၆ နာရီကေန မနက္ ၆ နာရီအထိ သြားလာခြင့္ ကန႔္သတ္လာတာေတြ ရွိလာႏိုင္တာေၾကာင့္ ေဒသခံေတြအျပင္ ခရီးသြားလာသူေတြပါ အခက္အခဲေတြ ႀကဳံေတြ႕လာႏိုင္တယ္လို႔ ေ႐ႊဘို ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ဒီက ေတာသူေတာင္သားေတြက ဟင္းသီးဟင္း႐ြက္ ကုန္စိမ္းသည္ေတြဆိုေတာ့ မနက္ ၄ နာရီထိုးကို ေဈးကို အေရာက္လာရတာဆိုေတာ့ အဆင္မေျပေတာ့ဘူးေလ။ ဥပမာ စက္မႈဇုန္ထဲကို ညေန ၇ နာရီထိုးမွ အလုပ္သိမ္းတဲ့ဟာေတြရွိတယ္။ အဲ့လိုဟာက သြားလို႔လာလို႔အဆင္ေျပတယ္။ အခုက ၆ နာရီထိုးဆိုေတာ့ လုပ္ငန္းရွင္ေတြ စက္မႈဇုန္ထဲက ဆန္စက္ေတြလည္း သိပ္မလြယ္ေတာ့ဘူး။ ေ႐ႊဘိုၿမိဳ႕ဆိုတာက ေ႐ႊဘိုျမစ္ႀကီးနား ရန္ကုန္ဆိုတာ ေ႐ႊဘိုကေန သြားလာေနရတာဆိုေတာ့ ေန႔စဥ္ကားေတြရွိတယ္ေလ။ လမ္းပန္း ဆက္သြယ္ေရးကလည္း ၆ နာရီထိုးမွ သြားရမွာဆိုေတာ့ ခရီးသြားအေနနဲ႔လည္း ၾကန႔္ၾကာသြားႏိုင္တယ္။”

အခုလို မာရွယ္ေလာ စစ္အုပ္ခ်ဳပ္ေရး အမိန႔္ေၾကျငာရတာဟာ လုံၿခဳံေရး တရားဥပေဒစိုးမိုးေရးနဲ႔ နယ္ေျမေအးခ်မ္းသာယာေရးကို ပိုၿပီးထိထိေရာက္ေရာက္ ေဆာင္႐ြက္ဖို႔အတြက္ အခုလိုလိုေၾကျငာတာ ျဖစ္တယ္လို႔ စစ္ေကာင္စီ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒီလို လုံၿခဳံေရး တရားဥပေဒစိုးမိုးေရး ရဖို႔ စစ္အုပ္ခ်ဳပ္ေရးေၾကျငာေပမယ့္ စစ္အုပ္ခ်ဳပ္ေရးေၾကာင့္ အေျခအေနေတြ ပိုၿပီးဆိုးလာႏိုင္တယ္လို႔ ေဒသခံတစ္ဦးက သူ႔အျမင္ကို အခုလိုေျပာပါတယ္။

“သူတို႔က ဒီလိုလုပ္လိုက္ရင္ တည္ၿငိမ္မယ္လို႔ သူတို႔စိတ္ထဲမွာထင္တာေပါ့။ အရင္တုန္းကထက္ အခုလိုထပ္ၿပီး လုပ္မယ္ဆိုလည္း တည္ၿငိမ္မႈက အရင္ထက္ကို ပိုၿပီးဆိုးသြားမွာပဲ။ သူတို႔ မနက္ ၆ ည ၆ ထုတ္လည္း ဒီ့ထက္မတည္ၿငိမ္ႏိုင္ဘူး။ သူတို႔ဒီလိုေတြလုပ္လိုက္ရင္ ျပည္သူေတြအေနနဲ႔က ထိန္းခ်ဳပ္လို႔ရမယ္ေပါ့ ေၾကာက္မယ္ေပါ့ သူတို႔က အဲ့လိုထင္တယ္ေပါ့။ ျပည္သူေတြဘက္ကလည္း နဂိုကတည္းမွ သူတို႔ဒီလို မတရားဖိႏွိပ္ခ်ဳပ္ခ်ယ္တာေတြကို မခံႏိုင္လို႔မို႔လို႔ေတာ္လွန္ေနတယ္။ အခုကြၽန္ေတာ္တို႔ ျပည္သူေတြကလည္း ေၾကာက္လန႔္မႈ မရွိေတာ့ဘူး သူတို႔ကို ခုခံႏိုင္တဲ့ အတိုင္းအတာေတြလည္း အမ်ားႀကီးရွိသြားၿပီ အဲ့ဒါေၾကာင့္ သူတို႔ဘယ္လိုနည္းနဲ႔မွ လုပ္လုပ္ မလုပ္လုပ္ ကြၽန္ေတာ္တို႔က ျပန္ၿပီး ခုခံမွာပဲ။”

စစ္ေကာင္စီက အာဏာသိမ္းတဲ့ ၂ ႏွစ္ျပည့္ ေဖေဖာ္ဝါရီ ၂ ရက္မွာ စစ္ကိုင္း ၊ မေကြး ၊ ခ်င္းျပည္နယ္ ၊ ကရင္ျပည္နယ္ မြန္ျပည္နယ္ ၊ တနသၤာာရီတိုင္း ပဲခူးတိုင္း ျပည္နယ္နဲ႔တိုင္း ၈ ခုက ၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရး ေၾကျငာခဲ့ပါတယ္။ ဒီ မတိုင္ခင္ကေတာ့ ခ်င္းျပည္နယ္ မင္းတပ္နဲ႔ ရန္ကုန္တိုင္းတြင္း ၆ ၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတာပါ။ ဒါေၾကာင့္ အခု စစ္ကိုင္းတိုင္းတြင္း သုံးၿမိဳ႕နယ္ထပ္တိုးတဲ့အတြက္ လက္ရွိအခ်ိန္မွာ တႏိုင္ငံလုံး စစ္အုပ္ခ်ဳပ္ေရး ေၾကျငာခံထားရတဲ့ ၿမိဳ႕နယ္ ၄၇ အထိ ရွိလာေနပါၿပီ။

ျမန္မာႏိုင္ငံမွာ ၿမိဳ႕နယ္ေပါင္း ၃၃၀ ရွိတဲ့အနက္ အျပည့္အ၀ ထိန္းခ်ဳပ္ႏိုင္တဲ့ ၿမိဳ႕နယ္ ၁၉၈ ၿမိဳ႕နယ္သာရွိၿပီး က်န္တဲ့ ၿမိဳ႕ေပါင္း ၁၃၂ ၿမိဳ႕နယ္ကို လုံၿခဳံေရးတိုးျမႇင့္လုပ္ေဆာင္ရဖို႔ရွိတယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္က အတိအလင္း ေျပာၾကားထားပါတယ္။

{Unicode}

စစ်ကိုင်းတိုင်းမြို့နယ်သုံးခု စစ်အုပ်ချုပ်ရေးကြေညာမှု ဒေသခံတွေစိုးရိမ်
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ် စစ်ကောင်စီက ထပ်တိုး သတ်မှတ်လိုက်တဲ့အတွက်၊ အရောင်းအဝယ် အသွားအလာတွေ ခက်ခဲနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေပါတယ်။ ဒီလို စစ်အုပ်ချုပ်ရေး ကြေငြာလိုက်တာကြောင့် အခြေအနေတွေ ပိုဆိုးနိုင်တယ်လို့လည်း ဒေသခံတွေက ယူဆနေပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ဖေဖော်ဝါရီ ၂၂ ရက် ညက စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ် ၃ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၄၁၉ အရဆိုပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာလိုက်တာပါ။ အခုလို ကြေငြာလိုက်တဲ့အတွက် မြို့နယ်အတွင်းက သွားလာ လုပ်ကိုင်ရေးတွေမှာ အခက်အခဲတွေရှိလာနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေပါတယ်။

စစ်အုပ်ချုပ်ရေးကြေငြာရင် ည ၆ နာရီကနေ မနက် ၆ နာရီအထိ သွားလာခွင့် ကန့်သတ်လာတာတွေ ရှိလာနိုင်တာကြောင့် ဒေသခံတွေအပြင် ခရီးသွားလာသူတွေပါ အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ ရွှေဘို မြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီက တောသူတောင်သားတွေက ဟင်းသီးဟင်းရွက် ကုန်စိမ်းသည်တွေဆိုတော့ မနက် ၄ နာရီထိုးကို ဈေးကို အရောက်လာရတာဆိုတော့ အဆင်မပြေတော့ဘူးလေ။ ဥပမာ စက်မှုဇုန်ထဲကို ညနေ ၇ နာရီထိုးမှ အလုပ်သိမ်းတဲ့ဟာတွေရှိတယ်။ အဲ့လိုဟာက သွားလို့လာလို့အဆင်ပြေတယ်။ အခုက ၆ နာရီထိုးဆိုတော့ လုပ်ငန်းရှင်တွေ စက်မှုဇုန်ထဲက ဆန်စက်တွေလည်း သိပ်မလွယ်တော့ဘူး။ ရွှေဘိုမြို့ဆိုတာက ရွှေဘိုမြစ်ကြီးနား ရန်ကုန်ဆိုတာ ရွှေဘိုကနေ သွားလာနေရတာဆိုတော့ နေ့စဉ်ကားတွေရှိတယ်လေ။ လမ်းပန်း ဆက်သွယ်ရေးကလည်း ၆ နာရီထိုးမှ သွားရမှာဆိုတော့ ခရီးသွားအနေနဲ့လည်း ကြန့်ကြာသွားနိုင်တယ်။”

အခုလို မာရှယ်လော စစ်အုပ်ချုပ်ရေး အမိန့်ကြေငြာရတာဟာ လုံခြုံရေး တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ဖို့အတွက် အခုလိုလိုကြေငြာတာ ဖြစ်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလို လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရဖို့ စစ်အုပ်ချုပ်ရေးကြေငြာပေမယ့် စစ်အုပ်ချုပ်ရေးကြောင့် အခြေအနေတွေ ပိုပြီးဆိုးလာနိုင်တယ်လို့ ဒေသခံတစ်ဦးက သူ့အမြင်ကို အခုလိုပြောပါတယ်။

“သူတို့က ဒီလိုလုပ်လိုက်ရင် တည်ငြိမ်မယ်လို့ သူတို့စိတ်ထဲမှာထင်တာပေါ့။ အရင်တုန်းကထက် အခုလိုထပ်ပြီး လုပ်မယ်ဆိုလည်း တည်ငြိမ်မှုက အရင်ထက်ကို ပိုပြီးဆိုးသွားမှာပဲ။ သူတို့ မနက် ၆ ည ၆ ထုတ်လည်း ဒီ့ထက်မတည်ငြိမ်နိုင်ဘူး။ သူတို့ဒီလိုတွေလုပ်လိုက်ရင် ပြည်သူတွေအနေနဲ့က ထိန်းချုပ်လို့ရမယ်ပေါ့ ကြောက်မယ်ပေါ့ သူတို့က အဲ့လိုထင်တယ်ပေါ့။ ပြည်သူတွေဘက်ကလည်း နဂိုကတည်းမှ သူတို့ဒီလို မတရားဖိနှိပ်ချုပ်ချယ်တာတွေကို မခံနိုင်လို့မို့လို့တော်လှန်နေတယ်။ အခုကျွန်တော်တို့ ပြည်သူတွေကလည်း ကြောက်လန့်မှု မရှိတော့ဘူး သူတို့ကို ခုခံနိုင်တဲ့ အတိုင်းအတာတွေလည်း အများကြီးရှိသွားပြီ အဲ့ဒါကြောင့် သူတို့ဘယ်လိုနည်းနဲ့မှ လုပ်လုပ် မလုပ်လုပ် ကျွန်တော်တို့က ပြန်ပြီး ခုခံမှာပဲ။”

စစ်ကောင်စီက အာဏာသိမ်းတဲ့ ၂ နှစ်ပြည့် ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကိုင်း ၊ မကွေး ၊ ချင်းပြည်နယ် ၊ ကရင်ပြည်နယ် မွန်ပြည်နယ် ၊ တနင်္သာာရီတိုင်း ပဲခူးတိုင်း ပြည်နယ်နဲ့တိုင်း ၈ ခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပါတယ်။ ဒီ မတိုင်ခင်ကတော့ ချင်းပြည်နယ် မင်းတပ်နဲ့ ရန်ကုန်တိုင်းတွင်း ၆ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။ ဒါကြောင့် အခု စစ်ကိုင်းတိုင်းတွင်း သုံးမြို့နယ်ထပ်တိုးတဲ့အတွက် လက်ရှိအချိန်မှာ တနိုင်ငံလုံး စစ်အုပ်ချုပ်ရေး ကြေငြာခံထားရတဲ့ မြို့နယ် ၄၇ အထိ ရှိလာနေပါပြီ။

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့ မြို့နယ် ၁၉၈ မြို့နယ်သာရှိပြီး ကျန်တဲ့ မြို့ပေါင်း ၁၃၂ မြို့နယ်ကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရဖို့ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က အတိအလင်း ပြောကြားထားပါတယ်။

XS
SM
MD
LG