သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူနယ္တြင္ စစ္ဆင္ေရးေၾကာင့္ ေဒသခံေသာင္းဂဏန္းထြက္ေျပးတိမ္းေရွာင္


ကန္႔ဘလူ ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ဒုကၡသည္မ်ား (ဒီဇင္ဘာ ၆၊ ၂၀၂၂/Photo: CJ) Kanbalu

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔ကတည္းက စစ္ေၾကာင္းထိုးဝင္ေရာက္ နယ္ေျမရွင္းေနတာေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ လွည့္လည္ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ စစ္ေၾကာင္းဝင္လာတဲ့ တပ္ဟာ စစ္ေျပးဒုကၡသည္ေတြရဲ႕ ရိကၡာကို သိမ္းယူသြားၾကတယ္လို႔လည္း ေျပာပါတယ္။ ဒီအေၾကာင္းသတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က တင္ျပေပးပါမယ္။

ကန႔္ဘလူၿမိဳ႕နယ္အတြင္းကို ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရးအတြက္ အနည္းဆုံး စစ္ေၾကာင္း ၃ ေၾကာင္းထက္မနည္း စစ္ေၾကာင္းေတြ ခြဲၿပီး တစ္ေၾကာင္းကို အင္အား ၁၀၀ ေက်ာ္‌ေလာက္နဲ႔ ေက်း႐ြာေတြကို ဝင္ေနတာေၾကာင့္ ေဒသခံေတြ ေသာင္းနဲ႔ခ်ီ ထြက္ေျပးေနၾကရပါတယ္။ မႏၲေလး-ျမစ္ႀကီးနား ရထားလမ္း အေရွ႕ဖက္နဲ႔ ေ႐ႊဘို-ျမစ္ႀကီးနား ကားလမ္း အေနာက္ဖက္မွာရွိတဲ့ ေက်း႐ြာေတြအားလုံး ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က ကန႔္ဘလူၿမိဳ႕နယ္ ထန္းကုန္းတိုက္နယ္အတြင္းက ကိုင္း႐ိုး႐ြာက ေဒသခံ ၂ ဦးကို စစ္ေကာင္စီက ဖမ္းဆီး ညႇင္းပန္းၿပီးေတာ့ မီးရႈိ႕သတ္ျဖတ္ခဲ့တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

"အသက္က တစ္ေယာက္ကေတာ့ ၃၅ ႏွစ္ေလာက္ဗ်ာ၊ တစ္ေယာက္ေတာ့ ၁၉ ႏွစ္ေလာက္ေပါ့ဗ်ာ။ စစ္ေရွာင္ေနတဲ့အခါက်ေတာ့ အထုပ္အပိုးေလး ေမ့ေနလို႔ ကေလးေတြက သြားျပန္ယူတာဗ်ာ၊ သြားယူေတာ့ စစ္ေၾကာင္းက တက္လာၿပီဆိုၿပီးေတာ့ ေနရာေ႐ြ႕တာေပါ့ဗ်ာ၊ ခ်မ္းတဲ့ရာသီဆိုေတာ့ဗ်ာ အထုပ္အပိုးေလးသြားျပန္ယူတာေပါ့၊ အဲ့ဒါကို သူတို႔ဖမ္းတာေပါ့ဗ်ာ၊ ဖမ္းၿပီးေတာ့ ဒီလို သတ္ျဖတ္ထားခဲ့တာေပါ့။ တစ္ေယာက္ကေတာ့ ေသနတ္နဲ႔ ပစ္သတ္ခံလိုက္ရတယ္ဗ်ာ၊ တစ္ေယာက္ကေတာ့ ေျခေထာက္ေတြဘာေတြကို (ဓားနဲ႔) ခြဲၿပီးေတာ့ လက္ေတြဘာေတြ ခြဲၿပီးေတာ့ သတ္ျဖတ္ထားခဲ့တာ‌ေပါ့၊ ၿပီးေတာ့ မီးရႈိ႕သြားလိုက္ပါတယ္။ သူတို႔က ေဒသခံေတြကို တစ္ခုခုထင္ၿပီးေတာ့ သူတို႔က PDF ဘာညာမွတ္ၿပီးေတာ့ လုပ္လိုက္တာေပါ့။"

ေဒသခံေျပာဆိုမႈနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ စစ္ေကာင္စီကလည္း ကန႔္ဘလူနယ္က စစ္ဆင္ေရးေတြနဲ႔ပတ္သက္လို႔ ထုတ္ျပန္တာလည္းမရွိေသးပါဘူး။ ထန္းကုန္းတိုက္နယ္အတြင္းက ေက်း႐ြာတခ်ိဳ႕က ေဒသခံေတြကေတာ့ စစ္ေကာင္စီ စစ္ေၾကာင္းျပန္ထြက္သြားခ်ိန္မွာ ေက်း႐ြာေတြကို ျပန္ဝင္ၾကတယ္လို႔ဆိုပါတယ္။

"အခုစစ္ေၾကာင္းေတြက ေညာင္ကိုင္းမွာ ရွိေသးတယ္ဗ်။ ျပန္မဝင္ႏိုင္ေသးတဲ့ ႐ြာေတြကေတာ တခ်ိဳ႕႐ြာေတြကေတာ့ ျပန္မဝင္ႏိုင္ေသးဘူးဗ်၊ ေမာင္းတိုင္တို႔ ဘာတို႔ဆိုရင္ ျပန္မဝင္ႏိုင္ေသးဘူးဗ်။ သူတို႔ အဲ့ဖက္မွာ စစ္ေၾကာင္းျပန္ထိုးေနလို႔ဗ်။ ေညာင္ကိုင္းတို႔ကေတာ့ ျပန္မဝင္ႏိုင္ေသးဘူး အဲ့ဖက္မွာ စစ္ေၾကာင္းထိုးေနတဲ့ခါက်ေတာ့။"

ေက်း႐ြာေတြကို နယ္ေျမရွင္းဝင္ေရာက္ရာမွာ ႐ြာလုံးကြၽတ္မီးရႈိ႕လိုက္တဲ့အတြက္ ေဒသခံေတြဟာ ႐ြာေတြကို ျပန္ဝင္မေနႏိုင္ၾကေတာ့ဘဲ ေတာထဲမွာပဲ ေနၿပီး စစ္ေဘးေရွာင္ေနၾကရတာလို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီရဲ႕ စစ္ေၾကာင္းတခ်ိဳ႕ကလည္း ေက်း႐ြာေတြကို မဝင္ဘဲ စစ္ေရွာင္ေတြ ရွိေနတဲ့ ေတာဖက္ေတြကို ဝင္လာေလ့ ရွိၿပီး ေဒသခံေတြ စစ္ေရွာင္ဖို႔အတြက္ ယူလာၾကတဲ့ ရိကၡာနဲ႔ တန္ဖိုးရွိပစၥည္းေတြကို ယူေဆာင္သြားတာမ်ိဳးေတြ ရွိလာတယ္လို႔ ကန႔္ဘလူေတာင္ျခမ္း ျပည့္သူ႔ကာကြယ္ေရးအဖြဲ႕ရဲ႕ ျပန္ၾကား‌ေရး တာဝန္ခံ ကိုရဲဝင္းက ခုလိုေျပာပါတယ္။

"ပုံမွန္ဆိုသူတို႔က ႐ြာေတြက အၿမဲဝင္တာကိုး၊ ဒီတခါလဲ ကြၽန္ေတာ္တို႔က ႐ြာေတြကို ဝင္မယ္ထင္ၿပီးေတာ့ သရက္သာ၊ ကိုင္း႐ိုး၊ ကြၽန္းပင္ကုန္း၊ ရွမ္းတပ္၊ ဒီဟာေတြက တတန္းတည္းရွိတာကိုး ေက်း႐ြာခ်င္းဆက္လမ္းမွာ တတန္းတည္း ရွိတာဆိုေတာ့ သရက္သာနားေလးလည္းေရာက္ေရာ ႐ြာေတြက ထြက္ေတာ့တာေပါ့၊ ႐ြာရဲ႕ အေရွ႕ဖက္ေတြ ထြက္ေတာ့ သူတို႔က ႐ြာေတြကို မဝင္ပဲနဲ႔ ႐ြာအေရွ႕ဖက္ေတြကေန အေလ်ာက္လိုက္ ႐ြာေတြနဲ႔ ၿပိဳငိၿပီး သြားတာဆိုေတာ့ အဲ့မွာအကုန္လုံး စစ္ေရွာင္ေတြနဲ႔ ထိပ္တိုက္ေတြ တိုးၿပီးေတာ့ ေျပးၾကလႊားၾကေတြ အကုန္ျဖစ္ကုန္တာေပါ့။ အဲ့ဒါေတြက ကြၽန္ေတာ္တို႔သိသေလာက္ေတာ့ လွည္းေပၚပါတဲ့ တန္ဘိုးရွိတဲ့ သူတို႔ရခ်င္တာေတြကိုေတာ့ ယူသြားတယ္လို႔ ၾကားတယ္၊ လွည္းေတြေပါကေပါ့။ ေတာဖက္ေတြ ကုန္းေတြ လယ္ယာေတြဆိုေတာ့ လွည္းေတြနဲ႔ ေရွာင္ၾကတာကိုး။"

မႏၲေလး-ျမစ္ႀကီးနား ရထားလမ္း အေရွ႕ဖက္နဲ႔ ေ႐ႊဘို-ျမစ္ႀကီးနား ကားလမ္း အေနာက္ဖက္မွာရွိတဲ့ ေက်း႐ြာေတြအားလုံးကို ဝင္တဲ့ စစ္ေၾကာင္းက ေဖေဖာ္ဝါရီ ၁၈ ရက္ေလာက္မွာ ေက်း႐ြာတခ်ိဳ႕ကေန ျပန္ထြက္သြားတာေၾကာင့္ အဲ့ဒီ ႐ြာတခ်ိဳ႕က ေဒသခံေတြ ႐ြာကို ျပန္ဝင္ခဲ့ၾကေပမယ့္ ဒီကေန႔ မနက္မွာပဲ ေနာက္ထပ္ စစ္ေၾကာင္းက ထပ္ၿပီး တက္လာေနၿပီျဖစ္တဲ့အတြက္ ေဒသခံေတြ စစ္ေရွာင္ဖို႔ ထပ္ၿပီး ျပင္ဆင္ေနၾကရျပန္တယ္လို႔ ကိုရဲဝင္းက ခုလိုေျပာပါတယ္။

"ျမစ္ႀကီးနား-မႏၲေလး သံလမ္း ရထားလမ္းရဲ႕ အေရွ႕ဖက္ ေနာက္ၿပီး ေ႐ႊဘို-ျမစ္ႀကိးနား ကားလမ္းရဲ႕ အေနာက္ဖက္ေပါ့ေနာ၊ အဲ့ကြင္းထဲက ႐ြာေတြ အကုန္ေရွာင္ရတာပါဗ်။ ဒီေန႔ စစ္ေၾကာင္းတစ္ေၾကာင္းက ထပ္ထြက္လာတာဗ်။ ဇီးကုန္းဖက္ကေန ထြက္ခဲ့တယ္။ ဇီးကုန္းသၾကားစက္ကေန ဇီးကုန္းဖက္က ဝိုက္ၿပီးေတာ့ သရက္ကန္ႀကီးဖက္ေပါေနာ အဲ့ဖက္ေတြ ေရာက္ေနၿပီ။ သရက္ကန္ႀကီးမွာ အင္အား ၁၅၀ ေလာက္ေရာက္ေနၿပီ၊ အဲ့ေကာင္ကလဲ ေျမာက္ဖက္ကိုပဲ ဦးတည္တယ္ဆိုေတာ့ ဒီကြင္းကိုပဲ ျပန္ထိုးမယ္လို ခန႔္မွန္းရတာေပါ့ေနာ။ အခု မေန႔ကမွ ႐ြာကို ျပန္ေရာက္ၾကတဲ့ ေက်း႐ြာေတြက ဒီေန႔ျပန္ၿပီးေတာ့ ေရွာင္ဖို႔ျပဳဖို႔ ျပင္ဆင္ေနၾကတဲ့ အေနအထားေတာ့ ရွိတယ္ေပါ့ေနာ။"

လက္ရွိမွာေတာ့ စစ္ေဘးေရွာင္ေတြရဲ႕ စားေသာက္ေရးအတြက္ ရိကၡာလိုအပ္မႈေတြ ရွိေနၾကတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္ေတြက တစ္ေန႔ထက္တစ္ေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ စစ္ကိုင္းတိုင္းအတြင္း အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့ေက်း႐ြာေတြရွိသလို၊ စစ္ေကာင္စီကိုလိုလားတဲ့ ေက်း႐ြာတခ်ိဳ႕လည္းရွိေနၿပီး အဲဒီေက်း႐ြာေတြကို စစ္ေကာင္စီက ျပည္သူ႔စစ္အျဖစ္ လက္နက္တပ္ဆင္ေပးတာေတြလည္းရွိခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္ကိုင္းတိုင္းဟာ စစ္ေဘးဒုကၡသည္ အမ်ားဆုံး တိုးလာတဲ့ ေဒသျဖစ္ၿပီးေတာ့ အေရအတြက္အားျဖင့္ စစ္ေဘးေရွာင္ ဦးေရက ၈ သိန္းနီးပါး ရွိပါတယ္။ဒီပမာဏဟာ စစ္ကိုင္းတိုင္းအတြင္းက လူဦးေရ စုစုေပါင္းရဲ႕ ၁၅ ရာခိုင္ႏႈန္း အထိ ရွိတာျဖစ္တယ္လို႔ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဳ ISP Myanmar က ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ကန့်ဘလူနယ်တွင် စစ်ဆင်ရေးကြောင့် ဒေသခံသောင်းဂဏန်းထွက်ပြေးတိမ်းရှောင်
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက် နယ်မြေရှင်းနေတာကြောင့် စစ်ပြေးဒုက္ခသည်တွေ လှည့်လည်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကြောင်းဝင်လာတဲ့ တပ်ဟာ စစ်ပြေးဒုက္ခသည်တွေရဲ့ ရိက္ခာကို သိမ်းယူသွားကြတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

ကန့်ဘလူမြို့နယ်အတွင်းကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးအတွက် အနည်းဆုံး စစ်ကြောင်း ၃ ကြောင်းထက်မနည်း စစ်ကြောင်းတွေ ခွဲပြီး တစ်ကြောင်းကို အင်အား ၁၀၀ ကျော်‌လောက်နဲ့ ကျေးရွာတွေကို ဝင်နေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေကြရပါတယ်။ မန္တလေး-မြစ်ကြီးနား ရထားလမ်း အရှေ့ဖက်နဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်း အနောက်ဖက်မှာရှိတဲ့ ကျေးရွာတွေအားလုံး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းက ကိုင်းရိုးရွာက ဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး ညှင်းပန်းပြီးတော့ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အသက်က တစ်ယောက်ကတော့ ၃၅ နှစ်လောက်ဗျာ၊ တစ်ယောက်တော့ ၁၉ နှစ်လောက်ပေါ့ဗျာ။ စစ်ရှောင်နေတဲ့အခါကျတော့ အထုပ်အပိုးလေး မေ့နေလို့ ကလေးတွေက သွားပြန်ယူတာဗျာ၊ သွားယူတော့ စစ်ကြောင်းက တက်လာပြီဆိုပြီးတော့ နေရာရွေ့တာပေါ့ဗျာ၊ ချမ်းတဲ့ရာသီဆိုတော့ဗျာ အထုပ်အပိုးလေးသွားပြန်ယူတာပေါ့၊ အဲ့ဒါကို သူတို့ဖမ်းတာပေါ့ဗျာ၊ ဖမ်းပြီးတော့ ဒီလို သတ်ဖြတ်ထားခဲ့တာပေါ့။ တစ်ယောက်ကတော့ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်ဗျာ၊ တစ်ယောက်ကတော့ ခြေထောက်တွေဘာတွေကို (ဓားနဲ့) ခွဲပြီးတော့ လက်တွေဘာတွေ ခွဲပြီးတော့ သတ်ဖြတ်ထားခဲ့တာ‌ပေါ့၊ ပြီးတော့ မီးရှို့သွားလိုက်ပါတယ်။ သူတို့က ဒေသခံတွေကို တစ်ခုခုထင်ပြီးတော့ သူတို့က PDF ဘာညာမှတ်ပြီးတော့ လုပ်လိုက်တာပေါ့။"

ဒေသခံပြောဆိုမှုနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီကလည်း ကန့်ဘလူနယ်က စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ ထုတ်ပြန်တာလည်းမရှိသေးပါဘူး။ ထန်းကုန်းတိုက်နယ်အတွင်းက ကျေးရွာတချို့က ဒေသခံတွေကတော့ စစ်ကောင်စီ စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ကျေးရွာတွေကို ပြန်ဝင်ကြတယ်လို့ဆိုပါတယ်။

"အခုစစ်ကြောင်းတွေက ညောင်ကိုင်းမှာ ရှိသေးတယ်ဗျ။ ပြန်မဝင်နိုင်သေးတဲ့ ရွာတွေကတော တချို့ရွာတွေကတော့ ပြန်မဝင်နိုင်သေးဘူးဗျ၊ မောင်းတိုင်တို့ ဘာတို့ဆိုရင် ပြန်မဝင်နိုင်သေးဘူးဗျ။ သူတို့ အဲ့ဖက်မှာ စစ်ကြောင်းပြန်ထိုးနေလို့ဗျ။ ညောင်ကိုင်းတို့ကတော့ ပြန်မဝင်နိုင်သေးဘူး အဲ့ဖက်မှာ စစ်ကြောင်းထိုးနေတဲ့ခါကျတော့။"

ကျေးရွာတွေကို နယ်မြေရှင်းဝင်ရောက်ရာမှာ ရွာလုံးကျွတ်မီးရှို့လိုက်တဲ့အတွက် ဒေသခံတွေဟာ ရွာတွေကို ပြန်ဝင်မနေနိုင်ကြတော့ဘဲ တောထဲမှာပဲ နေပြီး စစ်ဘေးရှောင်နေကြရတာလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းတချို့ကလည်း ကျေးရွာတွေကို မဝင်ဘဲ စစ်ရှောင်တွေ ရှိနေတဲ့ တောဖက်တွေကို ဝင်လာလေ့ ရှိပြီး ဒေသခံတွေ စစ်ရှောင်ဖို့အတွက် ယူလာကြတဲ့ ရိက္ခာနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတာမျိုးတွေ ရှိလာတယ်လို့ ကန့်ဘလူတောင်ခြမ်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြား‌ရေး တာဝန်ခံ ကိုရဲဝင်းက ခုလိုပြောပါတယ်။

"ပုံမှန်ဆိုသူတို့က ရွာတွေက အမြဲဝင်တာကိုး၊ ဒီတခါလဲ ကျွန်တော်တို့က ရွာတွေကို ဝင်မယ်ထင်ပြီးတော့ သရက်သာ၊ ကိုင်းရိုး၊ ကျွန်းပင်ကုန်း၊ ရှမ်းတပ်၊ ဒီဟာတွေက တတန်းတည်းရှိတာကိုး ကျေးရွာချင်းဆက်လမ်းမှာ တတန်းတည်း ရှိတာဆိုတော့ သရက်သာနားလေးလည်းရောက်ရော ရွာတွေက ထွက်တော့တာပေါ့၊ ရွာရဲ့ အရှေ့ဖက်တွေ ထွက်တော့ သူတို့က ရွာတေွကို မဝင်ပဲနဲ့ ရွာအရှေ့ဖက်တွေကနေ အလျောက်လိုက် ရွာတွေနဲ့ ပြိုငိပြီး သွားတာဆိုတော့ အဲ့မှာအကုန်လုံး စစ်ရှောင်တွေနဲ့ ထိပ်တိုက်တွေ တိုးပြီးတော့ ပြေးကြလွှားကြတွေ အကုန်ဖြစ်ကုန်တာပေါ့။ အဲ့ဒါတွေက ကျွန်တော်တို့သိသလောက်တော့ လှည်းပေါ်ပါတဲ့ တန်ဘိုးရှိတဲ့ သူတို့ရချင်တာတွေကိုတော့ ယူသွားတယ်လို့ ကြားတယ်၊ လှည်းတွေပေါကပေါ့။ တောဖက်တွေ ကုန်းတွေ လယ်ယာတွေဆိုတော့ လှည်းတွေနဲ့ ရှောင်ကြတာကိုး။"

မန္တလေး-မြစ်ကြီးနား ရထားလမ်း အရှေ့ဖက်နဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်း အနောက်ဖက်မှာရှိတဲ့ ကျေးရွာတွေအားလုံးကို ဝင်တဲ့ စစ်ကြောင်းက ဖေဖော်ဝါရီ ၁၈ ရက်လောက်မှာ ကျေးရွာတချို့ကနေ ပြန်ထွက်သွားတာကြောင့် အဲ့ဒီ ရွာတချို့က ဒေသခံတွေ ရွာကို ပြန်ဝင်ခဲ့ကြပေမယ့် ဒီကနေ့ မနက်မှာပဲ နောက်ထပ် စစ်ကြောင်းက ထပ်ပြီး တက်လာနေပြီဖြစ်တဲ့အတွက် ဒေသခံတွေ စစ်ရှောင်ဖို့ ထပ်ပြီး ပြင်ဆင်နေကြရပြန်တယ်လို့ ကိုရဲဝင်းက ခုလိုပြောပါတယ်။

"မြစ်ကြီးနား-မန္တလေး သံလမ်း ရထားလမ်းရဲ့ အရှေ့ဖက် နောက်ပြီး ရွှေဘို-မြစ်ကြိးနား ကားလမ်းရဲ့ အနောက်ဖက်ပေါ့နော၊ အဲ့ကွင်းထဲက ရွာတွေ အကုန်ရှောင်ရတာပါဗျ။ ဒီနေ့ စစ်ကြောင်းတစ်ကြောင်းက ထပ်ထွက်လာတာဗျ။ ဇီးကုန်းဖက်ကနေ ထွက်ခဲ့တယ်။ ဇီးကုန်းသကြားစက်ကနေ ဇီးကုန်းဖက်က ဝိုက်ပြီးတော့ သရက်ကန်ကြီးဖက်ပေါနော အဲ့ဖက်တွေ ရောက်နေပြီ။ သရက်ကန်ကြီးမှာ အင်အား ၁၅၀ လောက်ရောက်နေပြီ၊ အဲ့ကောင်ကလဲ မြောက်ဖက်ကိုပဲ ဦးတည်တယ်ဆိုတော့ ဒီကွင်းကိုပဲ ပြန်ထိုးမယ်လို ခန့်မှန်းရတာပေါ့နော။ အခု မနေ့ကမှ ရွာကို ပြန်ရောက်ကြတဲ့ ကျေးရွာတွေက ဒီနေ့ပြန်ပြီးတော့ ရှောင်ဖို့ပြုဖို့ ပြင်ဆင်နေကြတဲ့ အနေအထားတော့ ရှိတယ်ပေါ့နော။"

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေရဲ့ စားသောက်ရေးအတွက် ရိက္ခာလိုအပ်မှုတွေ ရှိနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ဘေးဒုက္ခသည် အများဆုံး တိုးလာတဲ့ ဒေသဖြစ်ပြီးတော့ အရေအတွက်အားဖြင့် စစ်ဘေးရှောင် ဦးရေက ၈ သိန်းနီးပါး ရှိပါတယ်။ဒီပမာဏဟာ စစ်ကိုင်းတိုင်းအတွင်းက လူဦးရေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိတာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က ဖော်ပြထားပါတယ်။

XS
SM
MD
LG