သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူနယ္တြင္း ေျမျမႇဳပ္မိုင္းမ်ား PDF ရွင္းလင္း


Myanmar landmine- Karen News

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္အတြင္းကို ျမန္မာစစ္တပ္က စစ္ေၾကာင္းေတြခြဲၿပီး လွည့္ပတ္နယ္ေျမရွင္းေနၿပီးေနာက္၊ ျပန္ထြက္ခ်ိန္မွာ ေနအိမ္ေတြမွာ ေျမျမဳပ္မိုင္းေတြေထာင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီေျမျမႇဳပ္မိုင္းေတြကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြက ျပန္လည္ရွင္းလင္းေနရတယ္ဆိုတဲ့ သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးပါမယ္။

ကန႔္ဘလူၿမိဳ႕နယ္ အင္းလယ္ႀကီးေက်း႐ြာကို ဝင္ခဲ့တဲ့ ျမန္မာစစ္တပ္ဟာ ေက်း႐ြာက ျပန္ထြက္ခ်ိန္မွာ လူေနအိမ္ေတြမွာ ေျမျမႇဳပ္မိုင္းေတြ ေထာင္ထားခဲ့တာေၾကာင့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕က မိုင္းေတြကို ရွင္းလင္းေနရတယ္လို႔ ကာကြယ္ေရး တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြ ျပန္ထြက္သြားၿပီး ေက်း႐ြာနဲ႔ ေဝးသြားၿပီျဖစ္တဲ့အတြက္ ေဒသခံေတြ ႐ြာကို ျပန္ဝင္ႏိုင္ဖို႔ မိုင္းေတြကို ရွင္းလင္းေနရတာျဖစ္တယ္လို႔ ဆိုပါတယ္။

"သူတို႔ေထာင္ခဲ့တဲ့ မိုင္းေတြဘာေတြကို ရွင္းၿပီးေတာ့ ကြၽန္ေတာ္တို႔ ဝင္ခိုင္းေနတယ္ဗ်၊ အင္းလယ္ႀကီး႐ြာပါဗ် သူတို႔ ပထမဦးဆုံး ဝင္တဲ့႐ြာ။ အိမ္အဝင္စေလးေတြ ခုံစီတန္းလ်ားေလးေတြေပါ့ လူထိုင္တဲ့ ခုံစီတန္းလ်ား ေနရာမ်ိဳးေတြမွာေပါ့။ ေလာေလာဆယ္ေတာ့ ၃ လုံးပဲ ရေသးတယ္ဗ်။ စစ္ေၾကာင္းဝင္တဲ့႐ြာေတြဆိုရင္ သူတို႔ ဝင္တဲ့ေနရာေတြ ထြက္တဲ့ေနရာေတြဆိုရင္ ေထာင္တယ္ဗ်၊ ကြၽန္ေတာ္တို႔ဒီ ကန႔္ဘလူနယ္၊ တည္ပင္ ပင့္သာဆိုရင္လည္း ကြၽန္ေတာ္တို႔ ျပည္သူေတြေျခေထာက္ျပတ္တာေတြရွိတယ္ဗ်၊ သူတို႔ မိုင္းေတြေၾကာင့္။"

ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က မလည္တိုက္နယ္အတြင္းက အိမ္ေျခ ၅၅၀ ဝန္းက်င္ရွိတဲ့ ေျမမြန္႐ြာကို စစ္‌ေကာင္စီတပ္ေတြက ၂ ႀကိမ္မီးရႈိ႕ခဲ့တာေၾကာင့္ အိမ္ေျခ ၂၀၀ နီးပါး မီးေလာင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ပထမ တစ္ႀကိမ္မီးရႈိ႕စဥ္က ေနအိမ္ ၃၀ ေက်ာ္ေလာင္ခဲ့ၿပီး တစ္ေန႔တည္းမွာပဲ ေနာက္ထပ္တစ္ႀကိမ္ ထပ္ရႈိ႕ခဲ့တာလို႔ ဆိုပါတယ္။

"၁၉ ရက္ေန႔ေလာက္က က်မလားမသိဘူးဗ်၊ ေျမမြန္႐ြာက အလုံး ၃၀ ေက်ာ္ေလာက္ရႈိ႕သြားတယ္ဗ်။ အဲ့ဒါက ခမရ ၃၆၉။ ေနာက္ထပ္ထပ္ရႈိ႕တာေတြေတာ့ ပါအုံးမယ္ (စာရင္းအတိအက်မသိရေသး)။ တေရာ္ကိုင္းကို ေရာက္သြားတယ္ ၂၀ ရက္ေန႔က အဲ့မွာ တေရာ္ကိုင္းကို ထပ္ရႈိ႕၊ တေရာ္ကိုင္းကေတာ့ ဘယ္ေလာက္ရႈိ႕သလဲေတာ့ မသိရေသးဘူးဗ် ။ စစ္ေၾကာင္းက မစဲဘူး၊ စစ္ေၾကာင္းက အၿမဲတမ္း လႈပ္ရွားတပ္အေနနဲ႔ မရပ္မနားတပ္အေနနဲ႔ကို ခ်ထားေတာ့တာ ဒီဖက္မွာကေတာ့ ဒီကန႔္ဘလူနယ္မွာကေတာ့ သူတို႔ ဒီဖက္ ထိုးၿပီးၿပီဆိုရင္ ဟိုဖက္ ဆက္ထိုးတယ္၊ ဟိုဖက္ ထိုးၿပီးၿပီဆိုရင္ ဒီဖက္ ျပန္လာထိုးတယ္။"

ျမန္မာစစ္တပ္ ခမရ ၃၆၉ ရဲ႕ နယ္ေျမရွင္းစစ္‌ေၾကာင္းက ေျမမြန္႐ြာကို မီးရႈိ႕ဖ်က္ဆီးေနတာေၾကာင့္ အနီးဝန္းက်င္ေက်း႐ြာေတြျဖစ္တဲ့ သီရိမြန္၊ စက်င္၊ တေရာ္ကိုင္း စတဲ့ ေက်း႐ြာေတြက ေဒသခံေတြလည္း ထြက္ေျပးေနၾကရပါတယ္။
စစ္ေၾကာင္းနဲ႔ ေဝးသြားၿပီျဖစ္တဲ့ ေက်း႐ြာေတြကိုေတာ့ ေဒသခံေတြ ျပန္ဝင္ႏိုင္ဖို႔ စစ္ေရွာင္ကူညီသူေတြက ေဆာင္႐ြက္ေပးေနၾကတယ္လို႔ ဆိုပါတယ္။ စစ္ေၾကာင္းနဲ႔ နီးေနေသးတဲ့ ေက်း႐ြာတခ်ိဳ႕ကေတာ့ ႐ြာကို ျပန္မဝင္ႏိုင္ၾကေသးပါဘူး။ ဒီစစ္ေရွာင္ေတြဟာ လက္ရွိမွာ ကြင္းျပင္ေတြမွာပဲ စစ္ေရွာင္ေနရတာျဖစ္တာေၾကာင့္ ေနထိုင္ဖို႔ အခက္အခဲျဖစ္ေနၾကရတာေၾကာင့္ စစ္ေကာင္စီစစ္ေၾကာင္းေတြ အေဝးကို ေရာက္တာနဲ႔ ႐ြာကို ျပန္ဝင္ႏိုင္ဖို႔ ႀကိဳးစားၾကရတာျဖစ္တယ္လို႔ ဆိုပါတယ္။

"ကြၽန္ေတာ္တို႔ ဒီ ၄၀ ေလာက္႐ြာေတြကေတာ့ အကုန္လုံးကို စစ္ေၾကာင္းက အေနာက္ဖက္ကိုလည္း ေရာက္သြားၿပီ၊ အခု ခမရ ၃၆၉ ကလည္း ေျမမြန္ဖက္ေတြ ေရာက္သြားၿပီး မီးရႈိ႕ၿပီးလုပ္ေနတာဆိုေတာ့ ကြၽန္ေတာ္တို႔ ဒီဖက္က နည္းနည္း လွမ္းသြားၿပီဆိုေတာ့ အခု ေလာေလာဆယ္ကေတာ့ အကုန္လုံးဒီေရွာင္တဲ့ ႐ြာ ၄၀ အကုန္လုံးကို ျပန္ဝင္ႏိုင္ဖို႔ လုပ္ေနၾကပါၿပီဗ်။ တဝတ္တျပတ္ေတြေတာ့ ရွိေသးတာေပါ့ဗ်၊ မဝင္ႏိုင္ေသးတာေတြ သူတို႔နဲ႔ နည္းနည္း နီးတဲ့ ႐ြာေလးေတြေတာ့ မဝင္ႏိုင္ေသးဘူးဗ်။"

ဒီကေန႔ ေဖေဖာ္ဝါရီ ၂၁ ရက္ မနက္ပိုင္းက ပင့္သာတိုက္နယ္အတြင္းက ေခ်ာင္းၾကား႐ြာကို စစ္ေကာင္စီ အင္အား ၁၂၀ ေလာက္က ဝင္ေရာက္ၿပီး ေနအိမ္ေတြကို မီးရႈိ႕တာေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေခ်ာင္းၾကား႐ြာဟာ အခုတေခါက္နဲ႔ဆိုရင္ ၃ ႀကိမ္ေျမာက္ မီးရႈိ႕ခံရတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီစစ္ေၾကာင္းဝင္လာတာေၾကာင့္ ေခ်ာင္းၾကား႐ြာ အနီးတဝိုက္မွာရွိတဲ့ မန္းက်ည္းကုန္း၊ ဖလားရ၊ ပင့္သာ၊ ရွမ္းကုန္း၊ အင္းမ စတဲ့ ႐ြာေတြက ေဒသခံေထာင္ခ်ီ ထြက္ေျပးေနၾကရပါတယ္။

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ကန့်ဘလူနယ်တွင်း မြေမြှုပ်မိုင်းများ PDF ရှင်းလင်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းကို မြန်မာစစ်တပ်က စစ်ကြောင်းတွေခွဲပြီး လှည့်ပတ်နယ်မြေရှင်းနေပြီးနောက်၊ ပြန်ထွက်ချိန်မှာ နေအိမ်တွေမှာ မြေမြုပ်မိုင်းတွေထောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမြေမြှုပ်မိုင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ရှင်းလင်းနေရတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာကို ဝင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ကျေးရွာက ပြန်ထွက်ချိန်မှာ လူနေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းတွေကို ရှင်းလင်းနေရတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားပြီး ကျေးရွာနဲ့ ဝေးသွားပြီဖြစ်တဲ့အတွက် ဒေသခံတွေ ရွာကို ပြန်ဝင်နိုင်ဖို့ မိုင်းတွေကို ရှင်းလင်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ထောင်ခဲ့တဲ့ မိုင်းတွေဘာတွေကို ရှင်းပြီးတော့ ကျွန်တော်တို့ ဝင်ခိုင်းနေတယ်ဗျ၊ အင်းလယ်ကြီးရွာပါဗျ သူတို့ ပထမဦးဆုံး ဝင်တဲ့ရွာ။ အိမ်အဝင်စလေးတွေ ခုံစီတန်းလျားလေးတွေပေါ့ လူထိုင်တဲ့ ခုံစီတန်းလျား နေရာမျိုးတွေမှာပေါ့။ လောလောဆယ်တော့ ၃ လုံးပဲ ရသေးတယ်ဗျ။ စစ်ကြောင်းဝင်တဲ့ရွာတွေဆိုရင် သူတို့ ဝင်တဲ့နေရာတွေ ထွက်တဲ့နေရာတွေဆိုရင် ထောင်တယ်ဗျ၊ ကျွန်တော်တို့ဒီ ကန့်ဘလူနယ်၊ တည်ပင် ပင့်သာဆိုရင်လည်း ကျွန်တော်တို့ ပြည်သူတွေခြေထောက်ပြတ်တာတွေရှိတယ်ဗျ၊ သူတို့ မိုင်းတွေကြောင့်။"

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မလည်တိုက်နယ်အတွင်းက အိမ်ခြေ ၅၅၀ ဝန်းကျင်ရှိတဲ့ မြေမွန်ရွာကို စစ်‌ကောင်စီတပ်တွေက ၂ ကြိမ်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပထမ တစ်ကြိမ်မီးရှို့စဥ်က နေအိမ် ၃၀ ကျော်လောင်ခဲ့ပြီး တစ်နေ့တည်းမှာပဲ နောက်ထပ်တစ်ကြိမ် ထပ်ရှို့ခဲ့တာလို့ ဆိုပါတယ်။

"၁၉ ရက်နေ့လောက်က ကျမလားမသိဘူးဗျ၊ မြေမွန်ရွာက အလုံး ၃၀ ကျော်လောက်ရှို့သွားတယ်ဗျ။ အဲ့ဒါက ခမရ ၃၆၉။ နောက်ထပ်ထပ်ရှို့တာတွေတော့ ပါအုံးမယ် (စာရင်းအတိအကျမသိရသေး)။ တရော်ကိုင်းကို ရောက်သွားတယ် ၂၀ ရက်နေ့က အဲ့မှာ တရော်ကိုင်းကို ထပ်ရှို့၊ တရော်ကိုင်းကတော့ ဘယ်လောက်ရှို့သလဲတော့ မသိရသေးဘူးဗျ ။ စစ်ကြောင်းက မစဲဘူး၊ စစ်ကြောင်းက အမြဲတမ်း လှုပ်ရှားတပ်အနေနဲ့ မရပ်မနားတပ်အနေနဲ့ကို ချထားတော့တာ ဒီဖက်မှာကတော့ ဒီကန့်ဘလူနယ်မှာကတော့ သူတို့ ဒီဖက် ထိုးပြီးပြီဆိုရင် ဟိုဖက် ဆက်ထိုးတယ်၊ ဟိုဖက် ထိုးပြီးပြီဆိုရင် ဒီဖက် ပြန်လာထိုးတယ်။"

မြန်မာစစ်တပ် ခမရ ၃၆၉ ရဲ့ နယ်မြေရှင်းစစ်‌ကြောင်းက မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ သီရိမွန်၊ စကျင်၊ တရော်ကိုင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။
စစ်ကြောင်းနဲ့ ဝေးသွားပြီဖြစ်တဲ့ ကျေးရွာတွေကိုတော့ ဒေသခံတွေ ပြန်ဝင်နိုင်ဖို့ စစ်ရှောင်ကူညီသူတွေက ဆောင်ရွက်ပေးနေကြတယ်လို့ ဆိုပါတယ်။ စစ်ကြောင်းနဲ့ နီးနေသေးတဲ့ ကျေးရွာတချို့ကတော့ ရွာကို ပြန်မဝင်နိုင်ကြသေးပါဘူး။ ဒီစစ်ရှောင်တွေဟာ လက်ရှိမှာ ကွင်းပြင်တွေမှာပဲ စစ်ရှောင်နေရတာဖြစ်တာကြောင့် နေထိုင်ဖို့ အခက်အခဲဖြစ်နေကြရတာကြောင့် စစ်ကောင်စီစစ်ကြောင်းတွေ အဝေးကို ရောက်တာနဲ့ ရွာကို ပြန်ဝင်နိုင်ဖို့ ကြိုးစားကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဒီ ၄၀ လောက်ရွာတွေကတော့ အကုန်လုံးကို စစ်ကြောင်းက အနောက်ဖက်ကိုလည်း ရောက်သွားပြီ၊ အခု ခမရ ၃၆၉ ကလည်း မြေမွန်ဖက်တွေ ရောက်သွားပြီး မီးရှို့ပြီးလုပ်နေတာဆိုတော့ ကျွန်တော်တို့ ဒီဖက်က နည်းနည်း လှမ်းသွားပြီဆိုတော့ အခု လောလောဆယ်ကတော့ အကုန်လုံးဒီရှောင်တဲ့ ရွာ ၄၀ အကုန်လုံးကို ပြန်ဝင်နိုင်ဖို့ လုပ်နေကြပါပြီဗျ။ တဝတ်တပြတ်တွေတော့ ရှိသေးတာပေါ့ဗျ၊ မဝင်နိုင်သေးတာတွေ သူတို့နဲ့ နည်းနည်း နီးတဲ့ ရွာလေးတွေတော့ မဝင်နိုင်သေးဘူးဗျ။"

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ပင့်သာတိုက်နယ်အတွင်းက ချောင်းကြားရွာကို စစ်ကောင်စီ အင်အား ၁၂၀ လောက်က ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းကြားရွာဟာ အခုတခေါက်နဲ့ဆိုရင် ၃ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစစ်ကြောင်းဝင်လာတာကြောင့် ချောင်းကြားရွာ အနီးတဝိုက်မှာရှိတဲ့ မန်းကျည်းကုန်း၊ ဖလားရ၊ ပင့်သာ၊ ရှမ်းကုန်း၊ အင်းမ စတဲ့ ရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးနေကြရပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

XS
SM
MD
LG