သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာဆိုၿမိဳ႕နယ္တြင္း ခရီးသည္ေမာ္ေတာ္ယာဥ္မိုင္းနင္း လူေလးဦးေသဆုံး


ဒီေမာ့ဆိုၿမိဳ႕အနီး ကားတစ္စီးမိုင္းနင္းမိၿပီး လူ ၄ ဦးေသဆုံးခဲ့ (ေဖေဖာ္ဝါရီလ ၆ ရက္ ၂၀၂၃) ဓာတ္ပုံ - ေ႐ႊလြိဳင္ေကာ္(ကယား)ပရဟိတအသင္း

ကယားျပည္နယ္ ေဒသအေခၚ ကရင္နီေဒသ ဒီးေမာ့ဆိုၿမိဳ႕နယ္ ဇရပ္ျဖဴ႐ြာနားမွာ အရပ္သားခရီးသည္ေတြ တင္ေဆာင္လာတဲ့ ကားတစီး မိုင္းနင္းမိၿပီး ေပါက္ကြဲပ်က္စီးမႈမွာ၊ လူ ေလးဦး ေသဆုံးၿပီး ႏွစ္ဦးျပင္းျပင္းထန္ထန္ဒဏ္ရာရရွိထားတယ္လို႔ ေဒသခံ ပရဟိတအသင္းက ေျပာပါတယ္။ ကယားျပည္နယ္အတြင္း အခုလို မိုင္းနင္းလို႔ ထိခိုက္ေသဆုံးမႈေတြ မၾကာခဏျဖစ္ပြားေနတာမို႔လည္း အသြားအလာသတိထားၾကဖို႔ ပရဟိတအသင္းနဲ႔ ကာကြယ္ေရးအဖြဲ႕ေတြက သတိေပးေနပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ေဖေဖာ္ဝါရီလ ၆ ရက္ မေန႔ မြန္းလြဲပိုင္း ၂ နာရီေလာက္က ဒီးေမာ့ဆိုၿမိဳ႕နယ္ ဇရပ္ျဖဴ႐ြာနားမွာ ခရီးသည္တင္ ကားတစ္စီး မိုင္းနင္းမိေပါက္ကြဲတာေၾကာင့္ လူေလးဦး ပြဲခ်င္းၿပီးေသဆုံး၊ က်န္ ႏွစ္ဦးက ျပင္းျပင္းထန္ထန္ ဒဏ္ရာရရွိတယ္လို႔ ေ႐ႊလြိဳင္ေကာ္ပရဟိတအသင္း ဒုဥကၠ႒ ဦးေအာင္မိုးျမင့္က VOA ကို ေျပာပါတယ္။

“သြားတာ ႏွစ္စီးေပါ့ အေရွ႕တစ္စီးက ဘာမွမျဖစ္ဘူး အေနာက္တစ္စီးက်မွေပါက္သြားတာေပါ့။ ဒဏ္ရာရတာက ေယာက်ာ္းေလး ၆ေယာက္ဗ်၊ ၆ ေယာက္မွာ ၄ ဦးေသတယ္ ၂ ဦးဒဏ္ရာရတယ္ေပါ့ ဒဏ္ရာရတဲ့ ႏွစ္ဦးကလည္း ေလာေလာဆယ္ေတာ့ ေဆး႐ုံမွာ အေျခအေနေတာ့ မေကာင္းေတာ့ဘူးသိရတယ္ဗ်။”

လြိဳင္ေကာ္ကေန ေမာ္ခ်ီးဘက္သို႔ အလုပ္သြားလုပ္မယ့္ ခရီးသည္ေတြကို တင္ေဆာင္လာတဲ့ အဲဒီေမာ္ေတာ္ယာဥ္ဟာ ဒီးေမာ့ဆိုၿမိဳ႕နယ္ ဇရပ္ျဖဴ႐ြာနားမွာ မိုင္းနင္းမိေပါက္ကြဲခဲ့တာပါ။ ထိခိုက္ေသဆုံးသူေတြကို အေတာ္ေလးဆိုးဆိုးဝါးဝါး ေတြ႕ရတယ္လို႔ ပရဟိတအသင္း ဒုဥကၠ႒ ဦးေအာင္မိုးျမင့္က ေျပာပါတယ္။

“အခုေဆး႐ုံတက္ေနတဲ့ လူေတြကေတာ့ အတြင္းပိုင္းမွာေပါ့ အေနာက္ေက်ာတို႔ ေဘာင္းတို႔ ေျခလက္တို႔ အဲ့လိုပဲထိထားတယ္ အရမ္းမားႀကီးထိမ်ိဳး ျပတ္ထြက္သြားတာမ်ိဳးေတာ့ မရွိဘူးေပါ့ သူတို႔ခါက်ေတာ့ မ်ားမ်ားေတာ့မ်ားတယ္ ယမ္းစထိထားတာ ဆင္ထားတဲ့ေနရာေတြမ်ားတယ္ေပါ့။ က်န္တဲ့ ေသသြားတဲ့ လူေတြခါက်ေတာ့ ေတာ္ေတာ္ေတာ့ဆိုးတယ္ ေျချပတ္ လက္ျပတ္ေတြ ေခါင္းျပတ္ေတြေပါ့ က်ေနာ္တို႔ ယာဥ္ေမာင္းဆိုရင္ေတာ့ ေခါင္းေတာင္ တစ္ျခမ္းပဲပါေတာ့တယ္ ေျခမရွိေတာ့ လက္မရွိေတာ့ ခႏၶာကိုယ္ပဲ က်န္တာေပါ့။ ကားေတာ့ ေတာ္ေတာ္ေလ ပုံျပန္ယူရတယ္ တစ္စစီျဖစ္သြားတယ္ေပါ့ အေဝးႀကီးကို လႊင့္သြားတယ္ ေခါင္းေရာ ခႏၶာကိုယ္ေတြေရာ။”

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းကလည္း အဲဒီ လမ္းပိုင္းမွာ ကားတစ္စီး မိုင္းနင္းမိေပါက္ကြဲတဲ့ျဖစ္စဥ္ရွိခဲ့ပါတယ္။ ဒါေပမယ့္ လူအေသအေပ်ာက္မရွိဘူးလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နာဝါရီလထဲက ဇရပ္ျဖဴ႐ြာအနီးအနားတဝိုက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ယာဥ္ အသြားအလာေတြ နည္းသြားပါတယ္။ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေနရာေတြဟာ စစ္လက္က်န္ပစၥည္းေတြ ေျမျမႇဳပ္မိုင္းေတြ ရွိႏိုင္တာေၾကာင့္ အရပ္သားျပည္သူအေနနဲ႔ အသြားအလာ ေသခ်ာဂ႐ုစိုက္ဖို႔လည္း ပရဟိတအသင္းက တိုက္တြန္းထားပါတယ္။ အခု ထိခိုက္တဲ့ ေျမျမဳပ္မိုင္းကို ဘယ္အဖြဲ႕က ေထာင္ထားလဲဆိုတာ ဗြီအိုေအက တိတိက်က် စုံစမ္းလို႔မရေသးပါဘူး။

စစ္ေကာင္စီတပ္ေတြဟာ ကယားနယ္တခြင္မွာ စစ္ေၾကာင္းထိုး သြားလာလႈပ္ရွားေနၿပီး သူတို႔ စစ္ေၾကာင္းဆင္ တပ္စြဲေနထိုင္ခဲ့တဲ့ေနရာတိုင္းမွာ မိုင္းေတြ ေထာင္ထားခဲ့တာလို႔ ေဒသခံေတြနဲ႔ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္(KNDF) ကေတာ့ VOA ကို ေျပာဆိုထားပါတယ္။ အခုျဖစ္စဥ္အေပၚ စစ္ေကာင္စီဘက္ကလည္း တစုံတရာ ထုတ္ျပန္တာမရွိေသးပါဘူး။

ေျမျမႇဳပ္မိုင္းေတြ အေသအခ်ာ မရွင္းႏိုင္ေသးတာေၾကာင့္ တိုက္ပြဲဇုန္ ဧရိယာဖက္ ေဒသခံေတြအသြားအလာ သတိရွိဖို႔ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္(KNDF) တာဝန္ခံတစ္ဦးက VOA ကို ေျပာပါတယ္။

“မိုင္းေတြက အမ်ားႀကီးေတြေနာ္ က်ေနာ္တို႔လည္း သီးသန႔္ေလ မိုင္းလိုက္ေဖာ္တာမ်ိဳးလည္း မရွိဘူးေပါ့ေလ ဒီအေနအထားမ်ိဳးမွာ အခ်ိန္မေ႐ြး အႏၲရာယ္ျဖစ္ႏိုင္တာ သူတို႔လည္း သိတယ္ က်ေနာ္တို႔ကလည္း အၿမဲတမ္း သတိေပးေနတာေပါ့ေနာ္၊ အဲ့လို စစ္ေကာင္စီက တပ္စြဲသြားတာ ေနရာမ်ိဳးေတြ ေနာက္ ဒီတိုက္ပြဲဇုန္ေတြေပါ့ေနာ္ တိုက္ပြဲနဲ႔ နီးတဲ့ ေနရာမ်ိဳးေတြမွာ မသြားလာၾကဖို႔ကို အၿမဲတမ္းေျပာတာမ်ိဳးေတြ ရွိတယ္။”

တိုက္ပြဲျပင္းထန္ခဲ့တဲ့ လြိဳင္ေကာ္၊ ဒီးေမာ့ဆို၊ ဖ႐ူဆိုေဒသေတြဟာ ေျမျမဳပ္မိုင္းအႏၲရာယ္အမ်ားဆုံးေနရာေတြျဖစ္တယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ဒီးမောဆိုမြို့နယ်တွင်း ခရီးသည်မော်တော်ယာဉ်မိုင်းနင်း လူလေးဦးသေဆုံး
ဖေဖော်ဝါရီ ၇၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ကယားပြည်နယ် ဒေသအခေါ် ကရင်နီဒေသ ဒီးမော့ဆိုမြို့နယ် ဇရပ်ဖြူရွာနားမှာ အရပ်သားခရီးသည်တွေ တင်ဆောင်လာတဲ့ ကားတစီး မိုင်းနင်းမိပြီး ပေါက်ကွဲပျက်စီးမှုမှာ၊ လူ လေးဦး သေဆုံးပြီး နှစ်ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံ ပရဟိတအသင်းက ပြောပါတယ်။ ကယားပြည်နယ်အတွင်း အခုလို မိုင်းနင်းလို့ ထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပွားနေတာမို့လည်း အသွားအလာသတိထားကြဖို့ ပရဟိတအသင်းနဲ့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ဖေဖော်ဝါရီလ ၆ ရက် မနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က ဒီးမော့ဆိုမြို့နယ် ဇရပ်ဖြူရွာနားမှာ ခရီးသည်တင် ကားတစ်စီး မိုင်းနင်းမိပေါက်ကွဲတာကြောင့် လူလေးဦး ပွဲချင်းပြီးသေဆုံး၊ ကျန် နှစ်ဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မိုးမြင့်က VOA ကို ပြောပါတယ်။

“သွားတာ နှစ်စီးပေါ့ အရှေ့တစ်စီးက ဘာမှမဖြစ်ဘူး အနောက်တစ်စီးကျမှပေါက်သွားတာပေါ့။ ဒဏ်ရာရတာက ယောကျာ်းလေး ၆ယောက်ဗျ၊ ၆ ယောက်မှာ ၄ ဦးသေတယ် ၂ ဦးဒဏ်ရာရတယ်ပေါ့ ဒဏ်ရာရတဲ့ နှစ်ဦးကလည်း လောလောဆယ်တော့ ဆေးရုံမှာ အခြေအနေတော့ မကောင်းတော့ဘူးသိရတယ်ဗျ။”

လွိုင်ကော်ကနေ မော်ချီးဘက်သို့ အလုပ်သွားလုပ်မယ့် ခရီးသည်တွေကို တင်ဆောင်လာတဲ့ အဲဒီမော်တော်ယာဉ်ဟာ ဒီးမော့ဆိုမြို့နယ် ဇရပ်ဖြူရွာနားမှာ မိုင်းနင်းမိပေါက်ကွဲခဲ့တာပါ။ ထိခိုက်သေဆုံးသူတွေကို အတော်လေးဆိုးဆိုးဝါးဝါး တွေ့ရတယ်လို့ ပရဟိတအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မိုးမြင့်က ပြောပါတယ်။

“အခုဆေးရုံတက်နေတဲ့ လူတွေကတော့ အတွင်းပိုင်းမှာပေါ့ အနောက်ကျောတို့ ဘောင်းတို့ ခြေလက်တို့ အဲ့လိုပဲထိထားတယ် အရမ်းမားကြီးထိမျိုး ပြတ်ထွက်သွားတာမျိုးတော့ မရှိဘူးပေါ့ သူတို့ခါကျတော့ များများတော့များတယ် ယမ်းစထိထားတာ ဆင်ထားတဲ့နေရာတွေများတယ်ပေါ့။ ကျန်တဲ့ သေသွားတဲ့ လူတွေခါကျတော့ တော်တော်တော့ဆိုးတယ် ခြေပြတ် လက်ပြတ်တွေ ခေါင်းပြတ်တွေပေါ့ ကျနော်တို့ ယာဉ်မောင်းဆိုရင်တော့ ခေါင်းတောင် တစ်ခြမ်းပဲပါတော့တယ် ခြေမရှိတော့ လက်မရှိတော့ ခန္ဓာကိုယ်ပဲ ကျန်တာပေါ့။ ကားတော့ တော်တော်လေ ပုံပြန်ယူရတယ် တစ်စစီဖြစ်သွားတယ်ပေါ့ အဝေးကြီးကို လွှင့်သွားတယ် ခေါင်းရော ခန္ဓာကိုယ်တွေရော။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အဲဒီ လမ်းပိုင်းမှာ ကားတစ်စီး မိုင်းနင်းမိပေါက်ကွဲတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် လူအသေအပျောက်မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နာဝါရီလထဲက ဇရပ်ဖြူရွာအနီးအနားတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယာဉ် အသွားအလာတွေ နည်းသွားပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေဟာ စစ်လက်ကျန်ပစ္စည်းတွေ မြေမြှုပ်မိုင်းတွေ ရှိနိုင်တာကြောင့် အရပ်သားပြည်သူအနေနဲ့ အသွားအလာ သေချာဂရုစိုက်ဖို့လည်း ပရဟိတအသင်းက တိုက်တွန်းထားပါတယ်။ အခု ထိခိုက်တဲ့ မြေမြုပ်မိုင်းကို ဘယ်အဖွဲ့က ထောင်ထားလဲဆိုတာ ဗွီအိုအေက တိတိကျကျ စုံစမ်းလို့မရသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ ကယားနယ်တခွင်မှာ စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေပြီး သူတို့ စစ်ကြောင်းဆင် တပ်စွဲနေထိုင်ခဲ့တဲ့နေရာတိုင်းမှာ မိုင်းတွေ ထောင်ထားခဲ့တာလို့ ဒေသခံတွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကတော့ VOA ကို ပြောဆိုထားပါတယ်။ အခုဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

မြေမြှုပ်မိုင်းတွေ အသေအချာ မရှင်းနိုင်သေးတာကြောင့် တိုက်ပွဲဇုန် ဧရိယာဖက် ဒေသခံတွေအသွားအလာ သတိရှိဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ခံတစ်ဦးက VOA ကို ပြောပါတယ်။

“မိုင်းတွေက အများကြီးတွေနော် ကျနော်တို့လည်း သီးသန့်လေ မိုင်းလိုက်ဖော်တာမျိုးလည်း မရှိဘူးပေါ့လေ ဒီအနေအထားမျိုးမှာ အချိန်မရွေး အန္တရာယ်ဖြစ်နိုင်တာ သူတို့လည်း သိတယ် ကျနော်တို့ကလည်း အမြဲတမ်း သတိပေးနေတာပေါ့နော်၊ အဲ့လို စစ်ကောင်စီက တပ်စွဲသွားတာ နေရာမျိုးတွေ နောက် ဒီတိုက်ပွဲဇုန်တွေပေါ့နော် တိုက်ပွဲနဲ့ နီးတဲ့ နေရာမျိုးတွေမှာ မသွားလာကြဖို့ကို အမြဲတမ်းပြောတာမျိုးတွေ ရှိတယ်။”

တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုဒေသတွေဟာ မြေမြုပ်မိုင်းအန္တရာယ်အများဆုံးနေရာတွေဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG