သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္အနီး စစ္ေရးတင္းမာမႈ ေက်း႐ြာသားသုံးေထာင္တိမ္းေရွာင္


Loikaw လြိဳင္ေကာ္

ကယားျပည္နယ္ ေဒသအေခၚ ကရင္နီျပည္ လြိဳင္ေကာ္ၿမိဳ႕နယ္ ဝါရီေကာခူ႐ြာကို စစ္တပ္ဖက္က စစ္ေၾကာင္းထိုးလာမယ္ သတင္းေၾကာင့္ ႐ြာသူ႐ြာသား သုံးေထာင္ေလာက္ အိုးအိမ္စြန္႔ခြာ ေဘးလြတ္ရာကို ထပ္မံေျပးေရွာင္ေနၾကပါတယ္။ ခုခ်ိန္ထိ စစ္တပ္ေတြ ႐ြာထဲ မေရာက္လာေသးေပမယ့္ လက္နက္ႀကီးေတြ ေတာက္ေလွ်ာက္ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ လက္နက္ႀကီးေၾကာင့္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၄ရက္ေန႔ကလည္း ဝါရီေကာခူ႐ြာက ေနအိမ္ အလုံး ၂၀ ၊ ဘုရားေက်ာင္းတစ္ေက်ာင္း ထိခိုက္ပ်က္စီးတယ္လို႔ ေဒသခံက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

စစ္ေကာင္စီ တပ္ဖြဲ႕စစ္ေၾကာင္းေတြ ဝင္ေရာက္လာတယ္ဆိုတဲ့သတင္းစကားေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕နယ္ ဝါရီေကာခူေက်း႐ြာ နဲ႔ ပီကင္းေကာခူေက်း႐ြာက ႐ြာသူ႐ြာသား သုံးေထာင္ေလာက္ဟာ မေန႔ညပိုင္းက အိုးအိမ္စြန္႔ခြာ ေဘးလႊတ္ရာကို ထြက္ေျပးတိမ္းေရွာင္ၾကရတယ္လို႔ ကရင္နီလူ႔အခြင့္အေရးအဖြဲ႕ ဒါ႐ိုက္တာ ကိုဗညားက VOA ကို ေျပာပါတယ္။

“မေန႔က ညေနညပိုင္းေပါ့ေနာ္ ၈နာရီနာရီဝန္းက်င္မွာ စၿပီးေတာ့မွ ေရွာင္ၾကတယ္လို႔ေတာ့ ေျပာတယ္၊ လူဦးေရက သုံးေထာင္နီးပါးေတာ့ ေျပာတာပဲ အဲ့ေလာက္ဝန္းက်င္နဲ႔ျဖစ္ႏိုင္ေျခရွိပါတယ္။ ေနာက္ၿပီး မေန႔ကလည္း မိုးၿဗဲဖက္မွာလည္း လက္နက္ႀကီးေတြက်တယ္လို႔ေတာ့ အသံေတာ့ၾကားတယ္ ဒါေပမယ့္ အတိအက်ေနရာမသိႏိုင္ေသးဘူးေပါ့။”

ေဒသခံေတြဟာ အနီးအနားမွာရွိတဲ့ နယ္ခ်င္းစပ္ ရွမ္းျပည္ေတာင္ပိုင္းဘက္သို႔ တိမ္းေရွာင္သြားၾကတာလို႔ ဆိုပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္နဲ႔ လြိဳင္ေကာ္ၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီတပ္ေတြ လႈပ္ရွားေနၾကတယ္လို႔ ဒါ႐ိုက္တာ ကိုဗညားက ေျပာပါတယ္။

“အဓိကေတာ့ ဝါရီေကာခူးေပါ့ အဲ့ဒါ ႐ြာထဲကို စစ္တပ္ေတြ ဘယ္လိုေျပာမလဲ ဝင္ဖို႔ရွိတယ္ မဟုတ္ရင္ စစ္ေၾကာင္းထိုးဖို႔ရွိတယ္ဆိုတဲ့ အသံက ညေနေလာက္မွပဲ သူတို႔ၾကားတယ္လို႔ ေျပာတယ္၊ ၾကားၾကားခ်င္းေ႐ႊ႕ၾကတဲ့ ပုံစံေပါ့။ ဒါေပမယ့္ အခုခ်ိန္ထိကေတာ့ အဲ့ဒီဧရိယာထဲကို စစ္တပ္ဝင္တယ္ဆိုတဲ့ အသံေတာ့ က်ေနာ္တို႔ ထပ္ၿပီး အတည္ျပဳလို႔မရဘဲ သြားျဖစ္ေနပါတယ္ဟုတ္။ အခုေလာေလာဆယ္ကေတာ့ တပ္ကေတာ့ ဒီးေမာ့ဆိုအေရွ႕ဖက္ျခမ္းတို႔ ေနာက္ၿပီးေတာ့ လြိဳင္ေကာ္အနီးအနားပတ္ဝန္းက်င္ကိုေတာ့ သူတို႔ ေတာ္ေတာ္ေလးေတာ့ လႈပ္ရွားတာ ေတြ႕ရတာေပါ့။”

တခ်ိန္တည္းမွာပဲ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြ အသုံးျပဳၿပီး ေန႔ေန႔ညည ေတာက္ေလွ်ာက္ပစ္ခတ္ေနတယ္လို႔လည္း ကုန္းသာ႐ြာခံ တစ္ဦး က ေျပာပါတယ္။

“လက္နက္ႀကီးေတြက သူတို႔ဖက္လည္း လက္နက္ႀကီး အမ်ားႀကီးပစ္လာတယ္ေပါ့ေနာ္ ဟိုဖယ္ခုံကဟာနဲ႔လည္း ထုတယ္ ၿပီးရင္ လြိဳင္ေကာ္ဟာလည္း ထုတယ္ေပါ့ေနာ္ လက္နက္ႀကီးနဲ႔ အိမ္ထဲမွာ အလုံး ၂၀ ေလာက္ေတာ့ ပ်က္စီးတယ္ ဘုရားေက်ာင္းလည္း ပ်က္စီးတယ္လို႔ေျပာတယ္။ အဲ့မွာက်မတို႔ ၾကားေတာ့ၾကားေနရတယ္ ဒါေပမယ့္ ဒီဖက္ေတာ့ မေရာက္လာဘူးထင္လို႔ အဲ့ေၾကာင့္ က်မတို႔ မေရွာင္ၾကဘူးေပါ့ေနာ္ က်မတို႔နဲ႔ နီးတယ္ တစ္႐ြာပဲျခားတယ္ေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ စစ္ေၾကာင္းထိုးတာေတာ့ မၾကားရေသးဘူး ဒါမယ့္ လက္နက္ခါက်ေတာ့ ခုနလည္း သူတို႔ေဖာက္တယ္ေပါ့ေနာ္ လက္နက္ႀကီးဆိုလည္း သူတို႔ထုတယ္ ဒါမယ့္ ဘယ္ဖက္ထုသြားလဲ မသိဘူး က်မတို႔ ဒုန္း…ဒုန္း…ဒုန္း…ဆိုေတာ့ ၾကားရတယ္။”

လြိဳင္ေကာ္ၿမိဳ႕နယ္နဲ႔ ဖယ္ခုံၿမိဳ႕နယ္ စစ္ေကာင္စီအေျခစိုက္ တပ္စခန္းကေန ေဒသတြင္း ေက်း႐ြာေတြဖက္ကို လွမ္းပစ္ခတ္ေနတာလို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ကလည္း ကရင္နီေဒသကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စီအၾကား ဝါရီေကာခူ႐ြာတစ္ဝိုက္မွာ ႏွစ္ဖက္ တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။

ဝါရီေကာခူ႐ြာမွာ လက္နက္ႀကီးက်လို႔ ေနအိမ္ အလုံး ၂၀ နဲ႔ ဘုရားေက်ာင္းတစ္ေက်ာင္း ထိခိုက္ပ်က္စီးတယ္လို႔ ပတ္ဝန္းက်င္႐ြာျဖစ္တဲ့ ကုန္းသာ႐ြာခံ တစ္ဦးက VOA ကို ေျပာပါတယ္။ တိုက္ပြဲရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြ ပစ္ခတ္လို႔ အၿမဲတမ္း စိုးရိမ္ေနရတဲ့အေၾကာင္း ေျပာဆိုပါတယ္။ ျမန္မာႏိုင္ငံတြင္း စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္၊ ခ်င္းျပည္နယ္နဲ႔ ကယားျပည္နယ္အတြင္း ခရစ္ယာန္ဘုရားေက်ာင္းတခ်ိဳ႕ ခုလိုထိခိုက္ဖ်က္ဆီးေနတဲ့အေပၚ ကတ္သလစ္ဘုရားေက်ာင္းအသင္းေတြကလည္း စိုးရိမ္မကင္းေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ စစ္ေကာင္စီ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ကယားျပည္နယ္တြင္း KNPP နဲ႔ KNDP တပ္ဖြဲ႕ေတြက အုပ္ခ်ဳပ္ေရးအေဆာက္အဦးေတြ ဘာသာေရးအေဆာက္အအုံေတြ ေဆး႐ုံ၊ ေက်ာင္းနဲ႔ လူေနအိမ္ေတြအေပၚ လက္နက္ႀကီး လက္နက္ငယ္ Drop Bomb ေတြနဲ႔ တိုက္ခိုက္ပစ္ခတ္ခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။ ေဒသခံသတင္းေတြအရ KNDP အေျချပဳစခန္းေတြကို ေလေၾကာင္းပစ္ကူ အေျမႇာက္ပစ္ကူေတြနဲ႔ တန္ျပန္တိုက္ခိုက္ခဲ့တာကို ဝါဒျဖန႔္သတင္းမွားေတြေရးသားတယ္လို႔ မီဒီယာေတြကို ျပန္အျပစ္တင္ထားပါတယ္။ ဒါေပမယ့္ အခု လြိဳင္ေကာ္ၿမိဳ႕ ဝါရီေကာခူ႐ြာမွာ ဘုရားေက်ာင္းနဲ႔ ေနအိမ္ထိခိုက္မႈေတြနဲ႔ပတ္သက္လို႔ေတာ့ တစုံတရာထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

{Unicode}

လွိုင်ကော်အနီး စစ်ရေးတင်းမာမှု ကျေးရွာသားသုံးထောင်တိမ်းရှောင်
ဖေဖော်ဝါရီ ၆၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် လွိုင်ကော်မြို့နယ် ဝါရီကောခူရွာကို စစ်တပ်ဖက်က စစ်ကြောင်းထိုးလာမယ် သတင်းကြောင့် ရွာသူရွာသား သုံးထောင်လောက် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထပ်မံပြေးရှောင်နေကြပါတယ်။ ခုချိန်ထိ စစ်တပ်တွေ ရွာထဲ မရောက်လာသေးပေမယ့် လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ရက်နေ့ကလည်း ဝါရီကောခူရွာက နေအိမ် အလုံး ၂၀ ၊ ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

စစ်ကောင်စီ တပ်ဖွဲ့စစ်ကြောင်းတွေ ဝင်ရောက်လာတယ်ဆိုတဲ့သတင်းစကားကြောင့် လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာ နဲ့ ပီကင်းကောခူကျေးရွာက ရွာသူရွာသား သုံးထောင်လောက်ဟာ မနေ့ညပိုင်းက အိုးအိမ်စွန့်ခွာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက VOA ကို ပြောပါတယ်။

“မနေ့က ညနေညပိုင်းပေါ့နော် ၈နာရီနာရီဝန်းကျင်မှာ စပြီးတော့မှ ရှောင်ကြတယ်လို့တော့ ပြောတယ်၊ လူဦးရေက သုံးထောင်နီးပါးတော့ ပြောတာပဲ အဲ့လောက်ဝန်းကျင်နဲ့ဖြစ်နိုင်ခြေရှိပါတယ်။ နောက်ပြီး မနေ့ကလည်း မိုးဗြဲဖက်မှာလည်း လက်နက်ကြီးတွေကျတယ်လို့တော့ အသံတော့ကြားတယ် ဒါပေမယ့် အတိအကျနေရာမသိနိုင်သေးဘူးပေါ့။”

ဒေသခံတွေဟာ အနီးအနားမှာရှိတဲ့ နယ်ချင်းစပ် ရှမ်းပြည်တောင်ပိုင်းဘက်သို့ တိမ်းရှောင်သွားကြတာလို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ လှုပ်ရှားနေကြတယ်လို့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

“အဓိကတော့ ဝါရီကောခူးပေါ့ အဲ့ဒါ ရွာထဲကို စစ်တပ်တွေ ဘယ်လိုပြောမလဲ ဝင်ဖို့ရှိတယ် မဟုတ်ရင် စစ်ကြောင်းထိုးဖို့ရှိတယ်ဆိုတဲ့ အသံက ညနေလောက်မှပဲ သူတို့ကြားတယ်လို့ ပြောတယ်၊ ကြားကြားချင်းရွှေ့ကြတဲ့ ပုံစံပေါ့။ ဒါပေမယ့် အခုချိန်ထိကတော့ အဲ့ဒီဧရိယာထဲကို စစ်တပ်ဝင်တယ်ဆိုတဲ့ အသံတော့ ကျနော်တို့ ထပ်ပြီး အတည်ပြုလို့မရဘဲ သွားဖြစ်နေပါတယ်ဟုတ်။ အခုလောလောဆယ်ကတော့ တပ်ကတော့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတို့ နောက်ပြီးတော့ လွိုင်ကော်အနီးအနားပတ်ဝန်းကျင်ကိုတော့ သူတို့ တော်တော်လေးတော့ လှုပ်ရှားတာ တွေ့ရတာပေါ့။”

တချိန်တည်းမှာပဲ စစ်ကောင်စီဖက်က လက်နက်ကြီးတွေ အသုံးပြုပြီး နေ့နေ့ညည တောက်လျှောက်ပစ်ခတ်နေတယ်လို့လည်း ကုန်းသာရွာခံ တစ်ဦး က ပြောပါတယ်။

“လက်နက်ကြီးတွေက သူတို့ဖက်လည်း လက်နက်ကြီး အများကြီးပစ်လာတယ်ပေါ့နော် ဟိုဖယ်ခုံကဟာနဲ့လည်း ထုတယ် ပြီးရင် လွိုင်ကော်ဟာလည်း ထုတယ်ပေါ့နော် လက်နက်ကြီးနဲ့ အိမ်ထဲမှာ အလုံး ၂၀ လောက်တော့ ပျက်စီးတယ် ဘုရားကျောင်းလည်း ပျက်စီးတယ်လို့ပြောတယ်။ အဲ့မှာကျမတို့ ကြားတော့ကြားနေရတယ် ဒါပေမယ့် ဒီဖက်တော့ မရောက်လာဘူးထင်လို့ အဲ့ကြောင့် ကျမတို့ မရှောင်ကြဘူးပေါ့နော် ကျမတို့နဲ့ နီးတယ် တစ်ရွာပဲခြားတယ်ပေါ့နော်။ လောလောဆယ်တော့ စစ်ကြောင်းထိုးတာတော့ မကြားရသေးဘူး ဒါမယ့် လက်နက်ခါကျတော့ ခုနလည်း သူတို့ဖောက်တယ်ပေါ့နော် လက်နက်ကြီးဆိုလည်း သူတို့ထုတယ် ဒါမယ့် ဘယ်ဖက်ထုသွားလဲ မသိဘူး ကျမတို့ ဒုန်း…ဒုန်း…ဒုန်း…ဆိုတော့ ကြားရတယ်။”

လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ် စစ်ကောင်စီအခြေစိုက် တပ်စခန်းကနေ ဒေသတွင်း ကျေးရွာတွေဖက်ကို လှမ်းပစ်ခတ်နေတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ကရင်နီဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား ဝါရီကောခူရွာတစ်ဝိုက်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဝါရီကောခူရွာမှာ လက်နက်ကြီးကျလို့ နေအိမ် အလုံး ၂၀ နဲ့ ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးတယ်လို့ ပတ်ဝန်းကျင်ရွာဖြစ်တဲ့ ကုန်းသာရွာခံ တစ်ဦးက VOA ကို ပြောပါတယ်။ တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စစ်ကောင်စီဖက်က လက်နက်ကြီးတွေ ပစ်ခတ်လို့ အမြဲတမ်း စိုးရိမ်နေရတဲ့အကြောင်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းတချို့ ခုလိုထိခိုက်ဖျက်ဆီးနေတဲ့အပေါ် ကတ်သလစ်ဘုရားကျောင်းအသင်းတွေကလည်း စိုးရိမ်မကင်းကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာတော့ ကယားပြည်နယ်တွင်း KNPP နဲ့ KNDP တပ်ဖွဲ့တွေက အုပ်ချုပ်ရေးအဆောက်အဦးတွေ ဘာသာရေးအဆောက်အအုံတွေ ဆေးရုံ၊ ကျောင်းနဲ့ လူနေအိမ်တွေအပေါ် လက်နက်ကြီး လက်နက်ငယ် Drop Bomb တွေနဲ့ တိုက်ခိုက်ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒေသခံသတင်းတွေအရ KNDP အခြေပြုစခန်းတွေကို လေကြောင်းပစ်ကူ အမြှောက်ပစ်ကူတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကို ဝါဒဖြန့်သတင်းမှားတွေရေးသားတယ်လို့ မီဒီယာတွေကို ပြန်အပြစ်တင်ထားပါတယ်။ ဒါပေမယ့် အခု လွိုင်ကော်မြို့ ဝါရီကောခူရွာမှာ ဘုရားကျောင်းနဲ့ နေအိမ်ထိခိုက်မှုတွေနဲ့ပတ်သက်လို့တော့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

XS
SM
MD
LG