သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖယ္ခုံ ဆီးမီးေလာေက်း႐ြာမွာ တိုက္ပြဲျဖစ္ပြား


ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕ (Crd: Wikipia)

ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ ဆီးမီးေလာေက်း႐ြာကို စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြအၾကား မေန႔ညပိုင္းက တိုက္ပြဲျဖစ္ပြားတယ္လို႔ ႐ြာခံတစ္ဦးက ေျပာပါတယ္။ စစ္ေကာင္စီတပ္ဟာ အရင္ရက္ေတြကတည္းက ဆီးမီးေလာေက်း႐ြာကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

ဇန္နဝါရီလ ၂၄ ရက္ ညပိုင္း ၉ နာရီေလာက္မွာ ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္း ဆီးမီးေလာေက်း႐ြာကို စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြအၾကား တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲက ညပိုင္းျဖစ္တာေၾကာင့္ ေက်း႐ြာသားေတြမွာ ေျပးရလႊားရ အေတာ္ေလး ခက္ခဲခဲ့တယ္လို႔ ေက်း႐ြာသားတဦးက ေျပာပါတယ္။

“ဆီးမီးေလာ႐ြာအဝင္မွာ စစ္ေကာင္စီတပ္က စစ္ေၾကာင္းထိုးတာ အဲ့ဒါ ကေလးေတြနဲ႔ ထိပ္တိုက္ေတြ႕ၿပီးေတာ့ တိုက္ပြဲျဖစ္ပြားတာေပါ့ေနာ္။ အမ်ားႀကီးဘဲ လက္နက္ႀကီးေတြ အမ်ားႀကီး အသံၾကားရတယ္။ ခုေလာေလာဆယ္ ဒီေန႔ မနက္ပိုင္းေတာ့ ၿငိမ္ေနေသးတယ္၊ ညေန ဘယ္ေတာ့ ထပ္ျဖစ္လာမလဲဆိုေတာ့ မသိေတာ့ပါဘူး။ ခက္ခဲတာေတာ့ ဒီေျပးတာတို႔ လႊားတာတို႔ ဒီကေလးေတြအတြက္ေပါ့ေနာ္ ဒါ…ညသန္းေခါင္းဆိုရင္ ေျပးရတယ္ဆို အေတာ့္ကိုဒုကၡေရာက္တယ္။”

ဆီးမီးေလာ့႐ြာမွာ ယခင္က တိုက္ပြဲေတြျဖစ္ခဲ့ေပမယ့္ ျပန္လည္တည္ၿငိမ္စျပဳလာလို႔ တခ်ိဳ႕ ေဒသခံေတြက ေနရပ္ျပန္လာေနၾကပါတယ္။ ခုလို ႐ြာထဲျပန္ေနတဲ့အခ်ိန္မွာ စစ္ေကာင္စီရဲ႕ စစ္ဆင္ေရးေၾကာင့္ မေန႔ညက ညတြင္းခ်င္း ထပ္မံေျပးလႊားၾကရတာလို႔ ဆိုပါတယ္။ ဒီမတိုင္ခင္ ရက္ကတည္းကလည္း စစ္ေကာင္စီဖက္က ေက်း႐ြာဖက္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေျပာပါတယ္။

“ဒီလက္နက္ႀကီးလွမ္းေလွ်ာက္ထုတဲ့ဟာ အရမ္းေလွ်ာက္ပစ္တဲ့ဟာေပါ့ေနာ္ ဒါေၾကာက္ေနေသးတယ္၊ ဒါတခ်ိဳ႕ဆို အိုးအိမ္ေတာင္မွ ပ်က္စီးေတာ့ ျပန္မလာႏိုင္တဲ့ လူလည္းရွိတာေပါ့။ စစ္ေရွာင္စခန္းထဲမွာေတာ့ လွမ္းေတာ့ မပစ္ဘူး ဒါေပမယ့္ သူတို႔ ဒီေက်း႐ြာ ႐ြာလယ္ထဲမွာ သူလွမ္းၿပီးေတာ့ ပစ္တယ္ေပ့ါေနာ္ မၾကာမၾကာပစ္တာေၾကာင့္ သူတို႔ အိုးအိမ္ပ်က္စီးတဲ့ ဟာကို ျပန္မလာႏိုင္ၾကဘူး။ တိုက္ပြဲမရွိဘဲနဲ႔ ပစ္တာ သူတို႔က ႐ြာလယ္မွာ ကေလးရွိတယ္ဆိုတဲ့မ်ိဳး သူတို႔ထင္ေယာင္ထင္မွားၿပီးေတာ့ သူတို႔လွမ္းပစ္ေနတယ္လို႔ေနမွာပါ။”

တိုက္ပြဲျပင္းထန္ျဖစ္ပြားခဲ့တဲ့ ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္း ေဆာင္နန္းခဲေက်း႐ြာ လြယ္ေပၚေက်း႐ြာ စတဲ့ ပတ္ဝန္းက်င္ေက်း႐ြာက ေဒသခံေတြဟာလည္း အရင္တည္းက ေျပးေရွာင္ေနၾကသူေတြရွိသလို အခုတခါ ထပ္မံတိမ္းေရွာင္ရသူေတြလည္း ရွိေနပါတယ္။

အလားတူူ မိုးၿဗဲၿမိဳ႕ထဲနဲ႔ စက္ေတာ္ရာေတာင္ေပၚဘက္မွာ စစ္ေကာင္စီတပ္ တပ္စြဲေနရာယူဆဲျဖစ္တာေၾကာင့္ အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္လာမွာကို စိုးရိမ္ရတယ္လို႔ ကယ္ဆယ္ေရး ပရဟိသမားတစ္ဦးက ေျပာပါတယ္။ ေဒသမတည္ၿငိမ္ေသးတာေၾကာင့္လည္း ေဒသခံေတြအဖို႔ ေန႔ခင္းပိုင္း ေနအိမ္ကို ျပန္ၾကည့္တာေလာက္ပဲ လုပ္ႏိုင္တယ္လို႔ ေျပာပါတယ္။

“ဒီစက္ေတာ္ရာေတာင္ေပၚမွာလည္း ရွိေနဆဲပဲ ေနာက္ ၿမိဳ႕ထဲမွာ ေညာင္ဝိုင္းရပ္ကြက္မွာလည္း ရွိေနဆဲပဲဆိုေတာ့ အခ်ိန္မေ႐ြး တိုက္ပြဲျပန္ျဖစ္ပြားႏိုင္တဲ့အေျခအေနရွိေနတယ္ေလးေနာ္၊ ဆိုေတာ့ တိုက္ပြဲဧရိယာရွိခဲ့တဲ့ေနရာေတြ ျဖစ္ေနတယ္ဆိုေတာ့ သူတို႔လည္း အခ်ိန္မေ႐ြ႕ျပန္ျဖစ္မွာလည္း ေၾကာက္ေတာ့ (ေဒသခံေတြ)အျပင္မွာပဲ ေနေနၾကတယ္ဗ် ျပန္ေတာ့မျပန္ၾကဘူးေပါ့ေနာ္။ ျပန္ၿပီးမွ အိမ္ကိုျပန္ၾကည့္သေလာက္ပဲရွိတယ္ဗ် အိမ္ျပန္ေနေတာ့ သိပ္အဆင္မေျပေသးဘူးဗ်ဟုတ္။”

မိုးၿဗဲမွာေတာ့ ညတိုင္းလိုလို လက္နက္ငယ္ ပစ္ခတ္သံေတြ ႀကိဳၾကားႀကိဳၾကား ၾကားေနရတယ္လို႔ ေျပာဆိုပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက ကယားျပည္နယ္ ေဒသအေခၚ ကရင္နီနယ္နဲ႔ ၊ နယ္ခ်င္းစပ္ ရွမ္းျပည္ေတာင္ပိုင္းေဒသေတြမွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲေတြျဖစ္ပြားေနတာ အခုဆို ႏွစ္ႏွစ္ထဲ ဝင္ေရာက္လာၿပီျဖစ္ပါတယ္။ အခု ဖယ္ခုံၿမိဳ႕နယ္တြင္း တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီက တစုံတရာထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ဖယ်ခုံ ဆီးမီးလောကျေးရွာမှာ တိုက်ပွဲဖြစ်ပွား
ဇန်နဝါရီ ၂၅၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးမီးလောကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား မနေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အရင်ရက်တွေကတည်းက ဆီးမီးလောကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဇန်နဝါရီလ ၂၄ ရက် ညပိုင်း ၉ နာရီလောက်မှာ ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ဆီးမီးလောကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲက ညပိုင်းဖြစ်တာကြောင့် ကျေးရွာသားတွေမှာ ပြေးရလွှားရ အတော်လေး ခက်ခဲခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

“ဆီးမီးလောရွာအဝင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ အဲ့ဒါ ကလေးတွေနဲ့ ထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲဖြစ်ပွားတာပေါ့နော်။ အများကြီးဘဲ လက်နက်ကြီးတွေ အများကြီး အသံကြားရတယ်။ ခုလောလောဆယ် ဒီနေ့ မနက်ပိုင်းတော့ ငြိမ်နေသေးတယ်၊ ညနေ ဘယ်တော့ ထပ်ဖြစ်လာမလဲဆိုတော့ မသိတော့ပါဘူး။ ခက်ခဲတာတော့ ဒီပြေးတာတို့ လွှားတာတို့ ဒီကလေးတွေအတွက်ပေါ့နော် ဒါ…ညသန်းခေါင်းဆိုရင် ပြေးရတယ်ဆို အတော့်ကိုဒုက္ခရောက်တယ်။”

ဆီးမီးလော့ရွာမှာ ယခင်က တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် ပြန်လည်တည်ငြိမ်စပြုလာလို့ တချို့ ဒေသခံတွေက နေရပ်ပြန်လာနေကြပါတယ်။ ခုလို ရွာထဲပြန်နေတဲ့အချိန်မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကြောင့် မနေ့ညက ညတွင်းချင်း ထပ်မံပြေးလွှားကြရတာလို့ ဆိုပါတယ်။ ဒီမတိုင်ခင် ရက်ကတည်းကလည်း စစ်ကောင်စီဖက်က ကျေးရွာဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

“ဒီလက်နက်ကြီးလှမ်းလျှောက်ထုတဲ့ဟာ အရမ်းလျှောက်ပစ်တဲ့ဟာပေါ့နော် ဒါကြောက်နေသေးတယ်၊ ဒါတချို့ဆို အိုးအိမ်တောင်မှ ပျက်စီးတော့ ပြန်မလာနိုင်တဲ့ လူလည်းရှိတာပေါ့။ စစ်ရှောင်စခန်းထဲမှာတော့ လှမ်းတော့ မပစ်ဘူး ဒါပေမယ့် သူတို့ ဒီကျေးရွာ ရွာလယ်ထဲမှာ သူလှမ်းပြီးတော့ ပစ်တယ်ပေ့ါနော် မကြာမကြာပစ်တာကြောင့် သူတို့ အိုးအိမ်ပျက်စီးတဲ့ ဟာကို ပြန်မလာနိုင်ကြဘူး။ တိုက်ပွဲမရှိဘဲနဲ့ ပစ်တာ သူတို့က ရွာလယ်မှာ ကလေးရှိတယ်ဆိုတဲ့မျိုး သူတို့ထင်ယောင်ထင်မှားပြီးတော့ သူတို့လှမ်းပစ်နေတယ်လို့နေမှာပါ။”

တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့ ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာ လွယ်ပေါ်ကျေးရွာ စတဲ့ ပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေဟာလည်း အရင်တည်းက ပြေးရှောင်နေကြသူတွေရှိသလို အခုတခါ ထပ်မံတိမ်းရှောင်ရသူတွေလည်း ရှိနေပါတယ်။

အလားတူူ မိုးဗြဲမြို့ထဲနဲ့ စက်တော်ရာတောင်ပေါ်ဘက်မှာ စစ်ကောင်စီတပ် တပ်စွဲနေရာယူဆဲဖြစ်တာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေး ပရဟိသမားတစ်ဦးက ပြောပါတယ်။ ဒေသမတည်ငြိမ်သေးတာကြောင့်လည်း ဒေသခံတွေအဖို့ နေ့ခင်းပိုင်း နေအိမ်ကို ပြန်ကြည့်တာလောက်ပဲ လုပ်နိုင်တယ်လို့ ပြောပါတယ်။

“ဒီစက်တော်ရာတောင်ပေါ်မှာလည်း ရှိနေဆဲပဲ နောက် မြို့ထဲမှာ ညောင်ဝိုင်းရပ်ကွက်မှာလည်း ရှိနေဆဲပဲဆိုတော့ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်ပွားနိုင်တဲ့အခြေအနေရှိနေတယ်လေးနော်၊ ဆိုတော့ တိုက်ပွဲဧရိယာရှိခဲ့တဲ့နေရာတွေ ဖြစ်နေတယ်ဆိုတော့ သူတို့လည်း အချိန်မရွေ့ပြန်ဖြစ်မှာလည်း ကြောက်တော့ (ဒေသခံတွေ)အပြင်မှာပဲ နေနေကြတယ်ဗျ ပြန်တော့မပြန်ကြဘူးပေါ့နော်။ ပြန်ပြီးမှ အိမ်ကိုပြန်ကြည့်သလောက်ပဲရှိတယ်ဗျ အိမ်ပြန်နေတော့ သိပ်အဆင်မပြေသေးဘူးဗျဟုတ်။”

မိုးဗြဲမှာတော့ ညတိုင်းလိုလို လက်နက်ငယ် ပစ်ခတ်သံတွေ ကြိုကြားကြိုကြား ကြားနေရတယ်လို့ ပြောဆိုပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်နဲ့ ၊ နယ်ချင်းစပ် ရှမ်းပြည်တောင်ပိုင်းဒေသတွေမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ပွားနေတာ အခုဆို နှစ်နှစ်ထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။ အခု ဖယ်ခုံမြို့နယ်တွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီက တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

XS
SM
MD
LG