သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူမြို့က စစ်ကောင်စီရုံးတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်


ဘုရားသုံးဆူမြို့မှာရှိတဲ့ စစ်ကောင်စီရုံးတွေကို ဘုရားသုံးဆူမြို့ပြ ပျောက်ကြားတပ်ဖွဲ့တွေကဝင်ရောက်မီးရှို့. (ဇန်နဝါရီလ ၂၃ ရက်)
ဘုရားသုံးဆူမြို့မှာရှိတဲ့ စစ်ကောင်စီရုံးတွေကို ဘုရားသုံးဆူမြို့ပြ ပျောက်ကြားတပ်ဖွဲ့တွေကဝင်ရောက်မီးရှို့. (ဇန်နဝါရီလ ၂၃ ရက်)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ ဇန်နဝါရီလ ၂၃ ရက်၊ မနေ့ည ၁၀ နာရီကျော်အချိန်ကစပြီး စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးရုံး၊အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်ရုံးစတဲ့ ရုံးတွေကို မြို့ပြပျောက်ကျား တပ်ပေါင်းစုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးမူ့တွေလုပ်ခဲ့ပြီး ပစ်ခတ်မူတွေလည်း လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဘုရားသုံးဆူမြို့မှာရှိတဲ့ စစ်ကောင်စီရုံးတွေကို ဘုရားသုံးဆူမြို့ပြ ပျောက်ကြားတပ်ဖွဲ့တွေကဝင်ရောက်မီးရှို့တာတွေလုပ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

"ညက ဆယ်နာရီလောက်က လဝကရုံးရယ်၊ စည်ပင်ရုံးရယ်၊ နောက်ထွေအုပ်ရုံးရယ်ကို သူတို့မီးဝင်ရှို့တာ ပြာပုံပဲကျန်တယ်။ အကုန်လုံးမီးလောင်ကုန်တယ်။ ဝင်ပစ်တဲ့အဖွဲကတော့ သေနတ်တွေလည်း ပစ်ခတ်မူတွေလည်း လုပ်နေတယ်။ စစ်တပ်က မဆင်းလာဘူး။ ဝင်ပစ်တဲ့အချိန်သူတို့က ကုန်းကနေမဆင်းလာဘူး၊ ဝင်ပစ်တဲ့အဖွဲ့ဆုတ်ခွာချိန်မှာတော့ သူတို့လက်နက်ကြီးတွေနဲ့ပစ်တယ်။ သူတို့ကထွက်မလာကြဘူး။ ဘုရားသုံးဆူတစ်မြို့လုံးက လက်နက်ကိုင်တွေနဲ့ပြည့်နေတော့ ဘယ်သူမှ မထွက်လာရဲကြဘူး။"

မနေ့ညတုန်းကတော့ ဘုရားသုံးဆူက စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရုံးတွေ မီးရှို့တာတွေရှိပေမယ့် စစ်တပ်က မနက်ကျမှ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ဆိုပါတယ်။ ဘုရားသုံးဆူဒေသမှာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ပစ်ခတ်မှုတွေ၊ ဗုံးကွဲမှုတွေဆက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

"လောလောဆယ်ကတော့ စစ်တပ်က ရှင်းလင်းရေးတွေလုပ်နေတယ်။ ဒီမနက်ကျမှာပေါ့။ ဆက်တိုက်လိုဖြစ်နေတယ်။ ဒီကေဘီအေက ဗိုလ်အေးဝမ်းအိမ်ကို ဗုံးကြဲတာနဲ့ တနေ့ကလည်း ဥဒေါင်းကန်ဘုရားတောင်ကို လေယာဉ်နဲ့ဗုံးလာကျဲတယ်လေ။ သူတို့ထင်တာတော့ လက်နက်ကိုင်အဖွဲ့တွေရှိမယ်ထင်ပြီး ဗုံးလာကျဲတာလေ။ တကယ်တော့ ဘာမှ မရှိပါဘူး။"

ဘုရားသုံးဆူ မြို့ပြပျောက်ကြားတပ်ပေါင်းစုအဖွဲ့ကတော့ စစ်ကောင်စီရုံးတွေမှာ အမှုမထမ်းကြဖို့၊ Non-CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့လက်တွဲဖို့အတွက် တိုက်တွန်းနေပါတယ်။ မနေ့ညက စစ်ဆင်ရေးအတွင်း အုပ်ချုပ်ရေးအဖွဲ့က ဝန်ထမ်းတွေ ဖမ်းဆီးမူတွေလုပ်ဖို့ပျောက်ကြားတပ်ဖွဲတွေက ရည်ရွယ်ထားပေမယ့် အုပ်ချုပ်ရေးမူးက စစ်တပ်ထဲကို ထွက်ပြေးတာကြောင့် ဖမ်းဆီးရမိတာတွေတော့ မရှိခဲ့ဘူးလို့ဒေသခံတွေက ဆိုပါတယ်။

အခုလို မြို့ပြပျောက်ကြားတွေဘက်က စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရုံးတွေကိုမီရှို့ဖျက်ဆီးလိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဘုရားသုံးဆူ အုပ်ချုပ်ရေးမူးကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ ဒီသတင်းနဲ့ပတ်သက်လို့လည်းစစ်ကောင်စီဘက်က တုန့်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG