သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္စြန္းေဒသ စစ္ေျပးဒုကၡသည္မ်ား ေနရပ္မျပန္ႏိုင္


မြန္ျပည္နယ္အတြင္း စစ္ေရွာင္ေနရတဲ့ ေဒသခံေတြ

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ေတာင္စြန္းေက်း႐ြာတဝိုက္က ေထာင္နဲ႔ခ်ီတဲ့စစ္ေျပးဒုကၡသည္ေတြဟာ ခုခ်ိန္ထိ ေနရပ္မျပန္ႏိုင္ၾကေသးပဲ စားေရးေသာက္ေရးလည္း ခက္ခဲေနၾကပါတယ္။ ေဒသတြင္းမွာေတာ့ စစ္ေကာင္စီ စစ္ေၾကာင္းေတြ သြားလာေနသလို၊ စစ္ေလယာဥ္နဲ႔လည္း ကင္းေထာက္ပ်ဲဝဲေနပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္း တိုက္ပြဲေၾကာင့္ ေတာင္စြန္း႐ြာ အနန္းကြင္း႐ြာတဝိုက္မွာ စစ္ေျပးဒုကၡသည္ ၃,၀၀၀ ေက်ာ္ရွိၿပီး၊ အကူအညီေတြ အထူးလိုအပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေဒသတြင္း စစ္ေရးလႈပ္ရွားမႈေတြ ရွိေနေသးတာေၾကာင့္ ဒီ ဒုကၡသည္ေတြဟာ ေနရပ္မျပန္ရဲၾကဘူးလို႔ ဝင္ေရာ္ေဒသ ေႏြဦးေတာ္လွန္ေရးလႈပ္ရွားလူငယ္အဖြဲ႕ဝင္ တဦးက VOA ကို ေျပာပါတယ္။

“ေရွာင္ေနရတုန္းပဲ သူတို႔က အိမ္ျပန္မရဲၾကေသးဘူး။ ခန႔္မွန္းေခ်ေတာ့ လူဦးေရက ၃,၀၀၀ ေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိေနၿပီး၊ ၾကာအင္းဆိပ္ႀကီးဘက္မွာလည္းရွိတယ္၊ အဲ့ဒီလူဦးေရထဲမပါဘူး၊ က်ေနာ္ေျပာတဲ့ အဲ့ဒီ ၃,၀၀၀ ေက်ာ္ အဲ့ဒီေတာင္စြန္းတစ္ခုပဲ ေတာင္စြန္း႐ြာရယ္ ေတာင္စြန္းနားတဝိုက္ ႐ြာရယ္ေပါ့ေနာ္။ စားေရးေသာက္ေရးေတာ့ အခက္အခဲရွိတာေပါ့ ဒါေပမယ့္ က်ေနာ္တို႔လည္း အခုဒီစားစရာေတြ စုေဆာင္းေပးေနၿပီးေလ သြားပို႔ေပးဖို႔ ဒီရက္သြားပို႔ေပးမယ္။”

ေတာင္စြန္း႐ြာနဲ႔ ဆင္ေျပး႐ြာအနီးရွိတဲ့ စစ္ေကာင္စီတပ္စခန္း ျပန္လည္ျပဳျပင္ဖို႔ စစ္ေကာင္စီတပ္က ႐ြာသားေတြကို အတင္းအဓမၼေခၚယူေနတယ္လို႔လည္း စစ္ေရွာင္ကူညီေပးသူနဲ႔ ႐ြာခံတဦးက VOA ကို ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ VOA က သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁ ေန႔ကစၿပီး ေတာင္စြန္း႐ြာတဝိုက္ ၄ ရက္ ဆက္တိုက္ တိုက္ပြဲျပင္းထန္ေနတာပါ။ တိုက္ပြဲအတြင္း စစ္ေကာင္စီဖက္က ေလေၾကာင္းအသုံးျပဳခဲ့သလို၊ စစ္ေျပးဒုကၡသည္ေတြ ပုန္းေရွာင္ရာေနရာေတြကို ဗုံးႀကဲပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ေဒသခံေတြဟာ အသက္ေဘးလြတ္ေအာင္ ေျပးေရွာင္ေနခဲ့ရသလို၊ အခု ၁၀ ရက္ေက်ာ္ၾကာတဲ့အထိ ႐ြာကို ျပန္မကပ္ႏိုင္ၾကေသးပါဘူး။

႐ြာကို ျပန္မလာရင္ ေနအိမ္ေတြ မီးရႈိ႕ဖ်က္စီးပစ္မယ့္အေၾကာင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ၿခိမ္းေျခာက္ေနတယ္လို႔လည္း ေဒသခံတဦးက VOA ကို ခုလို ေျပာပါတယ္။

“အေျခအေနက သိပ္ၿပီးေတာ့ မေအးခ်မ္းေနလို႔ေလ။ တိုက္ပြဲကေတာ့ မျဖစ္ဘူး။ ဒါမယ့္ ႐ြာသားေတြက ျပန္လို႔မရဲေသးဘူးေပါ့ေနာ္ ဘာလို႔ဆို သူတို႔က သစ္ခုတ္ ဝါးခုတ္ဖို႔ သူတို႔ စခန္းေတြ ျပန္ျပင္ဖို႔ဆိုၿပီးေတာ့ ႐ြာသားေတြကို ေခၚတယ္ ႐ြာသားေတြေခၚေတာ့ ႐ြာသားေတြကလည္း မသြားရဲဘူးေလ၊ ႐ြာမွာမေနရင္လည္း ႐ြာကိုမီးရႈိ႕မယ္တို႔ ဘာတို႔ အဲ့လို ၿခိမ္းေျခာက္တယ္၊ ႐ြာသားေတြက ျပန္သြားျပန္ေတာ့လည္း သူတို႔က သစ္ခုတ္ ဝါခုတ္ဖို႔ ေခၚတယ္ အဲ့ေၾကာင့္ ႐ြာသားေတြက ျပန္မရဲေသးဘူး။”

လက္ရွိ တိုက္ပြဲတည္ၿငိမ္ေနတဲ့ ေတာင္စြန္း႐ြာေတြဖက္မွာေတာ့ စစ္ေကာင္စီ စစ္ေၾကာင္းတိုးခ်ထားသလို၊ ေလယာဥ္နဲ႔ ေန႔စဥ္ ကင္းေထာက္တဲ့အျပင္ လက္နက္ႀကီးေတြနဲ႔ မၾကာမၾကာ ပစ္ခတ္ေနတယ္လို႔ ေျပာပါတယ္။

“စစ္ေၾကာင္းထပ္ထိုးလာတာလည္းရွိတယ္။ ၿပီးေတာ့ ေလယာဥ္ေတြနဲ႔ သူတို႔ ရိကၡာေတြ သူတို႔ လက္နက္ႀကီးခဲယမ္းေတြ လာပို႔တာေတြရွိတယ္။ ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္ကဆိုလို႔ရွိရင္ ေလယာဥ္ေတြက ဒီဘက္ျခမ္းကို ၃ စီးဆင္းလာတယ္၊ ရိကၡာေတြပါမယ္ ၿပီးေတာ့ ဒီလက္နက္ခဲယမ္းေတြပါမယ္ ေနာက္ တျခားလူေတြလည္း ပါရင္လည္း ပါႏိုင္တယ္ေပါ့။ ႐ြာသားေတြကက်ေတာ့ ေလယာဥ္သံၾကားတာနဲ႔က ပုန္းတဲ့လူကပုန္း ေျပးတဲ့လူကပုန္းတယ္ဆိုေတာ့ မေတြ႕ရဘူးေလ မျမင္ရဘူး။”

႐ြာနီးခ်ဳပ္စပ္ ခိုလႈံေနသူေတြက စားနပ္ရိကၡာ ေဆးဝါး ေစာင္း အဝတ္အထည္စတဲ့ အကူအညီေတြ ရရွိေပမယ့္၊ ဖုန္းလိုင္းမရွိဘဲ ေတာေတာင္ထဲမွာ တိမ္းေရွာင္ေနသူေတြအတြက္ကေတာ့ စားေရးေသာက္ေရးအေျခအေန ပိုခက္ခဲေနတယ္လို႔ ေျပာပါတယ္။

“အခက္အခဲကေတာ့ ရွိတာေပါ့။ ဘာလို႔ဆိုေတာ့ တခ်ိဳ႕ေနရာေတြက်ေတာ့လည္း ဆက္သြယ္လို႔ရတဲ့ ေနရာေတြက်ေတာ့ ကူညီေပးမယ့္လူေတြ ဆက္သြယ္လို႔ေရာက္တာေပါ့ေနာ္။ တခ်ိဳ႕ အဆက္အသြယ္မရွိတဲ့ေနရာေတြက်ေတာ့ ကူညီေပးမယ့္လူေတြက မေရာက္ဘူး အဲ့လိုေတြရွိတယ္။ ေတာေတာင္ထဲကို ေရာက္တယ္ အဲ့ေနရာေတြမွာက်ေတာ့ ဖုန္းလိုင္းေတြက ဆက္သြယ္မရွိဘူး အဆက္အသြယ္မရွိေတာ့ ဘယ္ေနရာမွာ ဘယ္ေလာက္ရွိေနလဲဆိုတာကိုေတာ့ မသိရဘူးေပါ့ အဲ့လိုေနရာမွာရွိေနတဲ့ လူေတြက်ေတာ့ အခက္အခဲေတြ ရွိတာေပါ့ေနာ္။”

တိုက္ပြဲျပင္းထန္ခဲ့တဲ့ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တခြင္မွာေတာ့ အၿမဲလိုလို စစ္ေလယာဥ္ေတြ ပ်ံဝဲေနတာမို႔ တိုက္ပြဲျပန္ျပင္းထန္လာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကတာလို႔လည္း ေဒသခံေတြက ေျပာပါတယ္။

{Unicode}

တောင်စွန်းဒေသ စစ်ပြေးဒုက္ခသည်များ နေရပ်မပြန်နိုင်
ဇန်နဝါရီ ၁၀၊ ၂၀၂၃။ (ဗွီအိုအေ၊ မြန်မာ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာတဝိုက်က ထောင်နဲ့ချီတဲ့စစ်ပြေးဒုက္ခသည်တွေဟာ ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပဲ စားရေးသောက်ရေးလည်း ခက်ခဲနေကြပါတယ်။ ဒေသတွင်းမှာတော့ စစ်ကောင်စီ စစ်ကြောင်းတွေ သွားလာနေသလို၊ စစ်လေယာဉ်နဲ့လည်း ကင်းထောက်ပျဲဝဲနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း တိုက်ပွဲကြောင့် တောင်စွန်းရွာ အနန်းကွင်းရွာတဝိုက်မှာ စစ်ပြေးဒုက္ခသည် ၃,၀၀၀ ကျော်ရှိပြီး၊ အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေသေးတာကြောင့် ဒီ ဒုက္ခသည်တွေဟာ နေရပ်မပြန်ရဲကြဘူးလို့ ဝင်ရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်အဖွဲ့ဝင် တဦးက VOA ကို ပြောပါတယ်။

“ရှောင်နေရတုန်းပဲ သူတို့က အိမ်ပြန်မရဲကြသေးဘူး။ ခန့်မှန်းချေတော့ လူဦးရေက ၃,၀၀၀ ကျော်ကျော်လောက်တော့ ရှိနေပြီး၊ ကြာအင်းဆိပ်ကြီးဘက်မှာလည်းရှိတယ်၊ အဲ့ဒီလူဦးရေထဲမပါဘူး၊ ကျနော်ပြောတဲ့ အဲ့ဒီ ၃,၀၀၀ ကျော် အဲ့ဒီတောင်စွန်းတစ်ခုပဲ တောင်စွန်းရွာရယ် တောင်စွန်းနားတဝိုက် ရွာရယ်ပေါ့နော်။ စားရေးသောက်ရေးတော့ အခက်အခဲရှိတာပေါ့ ဒါပေမယ့် ကျနော်တို့လည်း အခုဒီစားစရာတွေ စုဆောင်းပေးနေပြီးလေ သွားပို့ပေးဖို့ ဒီရက်သွားပို့ပေးမယ်။”

တောင်စွန်းရွာနဲ့ ဆင်ပြေးရွာအနီးရှိတဲ့ စစ်ကောင်စီတပ်စခန်း ပြန်လည်ပြုပြင်ဖို့ စစ်ကောင်စီတပ်က ရွာသားတွေကို အတင်းအဓမ္မခေါ်ယူနေတယ်လို့လည်း စစ်ရှောင်ကူညီပေးသူနဲ့ ရွာခံတဦးက VOA ကို ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ နေ့ကစပြီး တောင်စွန်းရွာတဝိုက် ၄ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က လေကြောင်းအသုံးပြုခဲ့သလို၊ စစ်ပြေးဒုက္ခသည်တွေ ပုန်းရှောင်ရာနေရာတွေကို ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် ဒေသခံတွေဟာ အသက်ဘေးလွတ်အောင် ပြေးရှောင်နေခဲ့ရသလို၊ အခု ၁၀ ရက်ကျော်ကြာတဲ့အထိ ရွာကို ပြန်မကပ်နိုင်ကြသေးပါဘူး။

ရွာကို ပြန်မလာရင် နေအိမ်တွေ မီးရှို့ဖျက်စီးပစ်မယ့်အကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြိမ်းခြောက်နေတယ်လို့လည်း ဒေသခံတဦးက VOA ကို ခုလို ပြောပါတယ်။

“အခြေအနေက သိပ်ပြီးတော့ မအေးချမ်းနေလို့လေ။ တိုက်ပွဲကတော့ မဖြစ်ဘူး။ ဒါမယ့် ရွာသားတွေက ပြန်လို့မရဲသေးဘူးပေါ့နော် ဘာလို့ဆို သူတို့က သစ်ခုတ် ဝါးခုတ်ဖို့ သူတို့ စခန်းတွေ ပြန်ပြင်ဖို့ဆိုပြီးတော့ ရွာသားတွေကို ခေါ်တယ် ရွာသားတွေခေါ်တော့ ရွာသားတွေကလည်း မသွားရဲဘူးလေ၊ ရွာမှာမနေရင်လည်း ရွာကိုမီးရှို့မယ်တို့ ဘာတို့ အဲ့လို ခြိမ်းခြောက်တယ်၊ ရွာသားတွေက ပြန်သွားပြန်တော့လည်း သူတို့က သစ်ခုတ် ဝါခုတ်ဖို့ ခေါ်တယ် အဲ့ကြောင့် ရွာသားတွေက ပြန်မရဲသေးဘူး။”

လက်ရှိ တိုက်ပွဲတည်ငြိမ်နေတဲ့ တောင်စွန်းရွာတွေဖက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းတိုးချထားသလို၊ လေယာဉ်နဲ့ နေ့စဉ် ကင်းထောက်တဲ့အပြင် လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

“စစ်ကြောင်းထပ်ထိုးလာတာလည်းရှိတယ်။ ပြီးတော့ လေယာဉ်တွေနဲ့ သူတို့ ရိက္ခာတွေ သူတို့ လက်နက်ကြီးခဲယမ်းတွေ လာပို့တာတွေရှိတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကဆိုလို့ရှိရင် လေယာဉ်တွေက ဒီဘက်ခြမ်းကို ၃ စီးဆင်းလာတယ်၊ ရိက္ခာတွေပါမယ် ပြီးတော့ ဒီလက်နက်ခဲယမ်းတွေပါမယ် နောက် တခြားလူတွေလည်း ပါရင်လည်း ပါနိုင်တယ်ပေါ့။ ရွာသားတွေကကျတော့ လေယာဉ်သံကြားတာနဲ့က ပုန်းတဲ့လူကပုန်း ပြေးတဲ့လူကပုန်းတယ်ဆိုတော့ မတွေ့ရဘူးလေ မမြင်ရဘူး။”

ရွာနီးချုပ်စပ် ခိုလှုံနေသူတွေက စားနပ်ရိက္ခာ ဆေးဝါး စောင်း အဝတ်အထည်စတဲ့ အကူအညီတွေ ရရှိပေမယ့်၊ ဖုန်းလိုင်းမရှိဘဲ တောတောင်ထဲမှာ တိမ်းရှောင်နေသူတွေအတွက်ကတော့ စားရေးသောက်ရေးအခြေအနေ ပိုခက်ခဲနေတယ်လို့ ပြောပါတယ်။

“အခက်အခဲကတော့ ရှိတာပေါ့။ ဘာလို့ဆိုတော့ တချို့နေရာတွေကျတော့လည်း ဆက်သွယ်လို့ရတဲ့ နေရာတွေကျတော့ ကူညီပေးမယ့်လူတွေ ဆက်သွယ်လို့ရောက်တာပေါ့နော်။ တချို့ အဆက်အသွယ်မရှိတဲ့နေရာတွေကျတော့ ကူညီပေးမယ့်လူတွေက မရောက်ဘူး အဲ့လိုတွေရှိတယ်။ တောတောင်ထဲကို ရောက်တယ် အဲ့နေရာတွေမှာကျတော့ ဖုန်းလိုင်းတွေက ဆက်သွယ်မရှိဘူး အဆက်အသွယ်မရှိတော့ ဘယ်နေရာမှာ ဘယ်လောက်ရှိနေလဲဆိုတာကိုတော့ မသိရဘူးပေါ့ အဲ့လိုနေရာမှာရှိနေတဲ့ လူတွေကျတော့ အခက်အခဲတွေ ရှိတာပေါ့နော်။”

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တခွင်မှာတော့ အမြဲလိုလို စစ်လေယာဉ်တွေ ပျံဝဲနေတာမို့ တိုက်ပွဲပြန်ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG