သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္၊ ျမ၀တီလမ္း ယာဥ္တုိက္မႈေၾကာင့္ လူတခ်ဳိ႕ထိခုိက္ဒဏ္ရာရ


ေကာ့ကရိတ္၊ ျမဝတီလမ္း ယာဥ္တိုက္မႈေၾကာင့္ လူတခ်ိဳ႕ထိခိုက္ဒဏ္ရာရ

ကရင္ျပည္နယ္၊ ေကာ့ကရိတ္၊ ျမဝတီ အာရွကားလမ္းတေလွ်ာက္မွာ ဇန္နဝါရီလ ၁၉ရက္ေန႔က ျမဝတီကေန ဆင္းလာတဲ့ ၆ဘီးကားတစီးကေန အရွိန္မထိမ္းႏိုင္ရာက ယာဥ္၆စီး ဆက္တိုက္ မူျဖစ္ၿပီး လူ၃ဦးကေတာ့ ထိခိုက္ဒဏ္ရာေတြရသြားခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

ေကာ့ကရိတ္၊ ျမဝတီလမ္း ယာဥ္တိုက္မႈေၾကာင့္ လူတခ်ိဳ႕ထိခိုက္ဒဏ္ရာရ

{{Zawgyi/Unicode}}
ကရင္ျပည္နယ္၊ ေကာ့ကရိတ္၊ ျမဝတီ အာရွကားလမ္းတေလွ်ာက္မွာ ဇန္နဝါရီလ ၁၉ရက္ေန႔က ျမဝတီကေန ဆင္းလာတဲ့ ၆ဘီးကားတစီးကေန အရွိန္မထိမ္းႏိုင္ရာက ယာဥ္၆စီး ဆက္တိုက္ မူျဖစ္ၿပီး လူ၃ဦးကေတာ့ ထိခိုက္ဒဏ္ရာေတြရသြားခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

ကရင္ျပည္နယ္ ၊ ေကာ့ကရိတ္၊ ျမဝတီ အာရွလမ္းမႀကီးမွာ ဇန္နဝါရီ ၁၉ရက္ေန႔ ေန႔လည္က ယာဥ္တစီး တိမ္းေမွာက္ခဲ့ၿပီး ေနလည္ ၃ နာရီ ဝန္းက်င္ေလာက္မွာေတာ့ ၆ဘီးကားတစီး အရွိန္မထိန္းႏိုင္ပဲ တိမ္းေမွာက္တာေၾကာင့္ အနီးနားက ကား၅စီးကို ဆက္တိုက္ ဝင္တိုက္မူ ျဖစ္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ေကာ့ကရိတ္ နဲ႔ ျမဝတီ သကၤန္းညီေနာင္က လူမူ႔ကယ္ဆယ္ေရးအဖြဲ႕ေတြ သြားေရာက္ ကယ္ဆယ္မူ႔ေတြ လုပ္ခဲ့ရတယ္လို႔ဆိုပါတယ္။ ေကာ့ကရိတ္ၿမိဳ႕ အေျခစိုက္ ပုလဲျဖဴလူမူ႔ကယ္ဆယ္ေရးအဖြဲက အတြင္းေရးမႉး ဦးျမတ္ထိုက္ေဆြ ကေတာ့ တေန႔လုံးမွာ အာရွလမ္းေပၚ ျမဝတီ ဘက္ကလာတဲ့ကား၇စီးတိုက္မူ ျဖစ္ခဲ့ေၾကာင္း အခုလိုေျပာပါတယ္။

" ျဖစ္ပြားတဲ့ေနရာက နတ္စင္ေကြ႕ရဲ႕ အထက္မွာျဖစ္တယ္ ။ အဲဒီမွာ အဆင္းရွိတယ္။ ျမဝတီဆင္းလာတဲ့ သစ္သီးအစုံ တင္လာတဲ့၆ဘီးကား က ပထမဆုံး အန္စာတုံးယာဥ္ ရဲ႕ ကားေနာက္ပိုင္းကိုတိုက္တယ္။ အဲ့ေနရာကေန တိုက္ၿပီး အရွိန္နဲ႔ထပ္ဆင္းလာတယ္။ ကိုက္ ၁၀၀ေလာက္ အကြာမွာ ေနာက္ထပ္ ၆ဘီးယာဥ္ကို ထပ္တိုက္တယ္ ။ ဘယ္ဘက္ျခမ္း မ်က္ႏွာကို ထပ္ခ်ိတ္တယ္ ၿပီးေတာ့ နတ္စင္ေကြ႕ မေရာက္ခင္မွာ probox ကို ထပ္တိုက္တယ္ ။ အဲဒီကားကလည္း ေနလည္၁၂နာရီေလာက္က လမ္းေဘးကို တိမ္းေမွာက္ထားတဲ့ တိုက္ထားတဲ့ မွန္လုံယာဥ္ငယ္ ေအာက္ထဲ probox ကဝင္သြားတယ္။ ၿပီးေတာ့ အတက္ယာဥ္ေၾကာကလာတဲ့ GI မွန္လုံယာဥ္ႀကီး နဲ႔ Lexus ကို ဝင္တိုက္ၿပီး ထပ္လဲသြားတယ္။ မွန္လုံကိုတိုက္ၿပီးမွာ Lexus ကို ထပ္ဖိသြားတာေပါ့။ စုစုေပါင္းက ကား၆စီးျဖစ္တယ္ ။ မနက္က ေမွာက္တဲ့ကားပါ ပါရင္ ယာဥ္အားလုံး ၇စီး ျဖစ္သြားတာေပါ့ "

ကားတိမ္းေမွာက္မူ႔ေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြကိုေတာ့ ေကာ့ကရိတ္ ေဆး႐ုံႀကီးကို ပို႔ၿပီး ကုသေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

" လူက Probox က လူကနာတယ္၊ သေဘၤာေဆးေတြတင္လာတဲ့ကားက လူနာ၂ေယာက္ကေတာ့ ဒဏ္ရာေတြရထားတယ္။ ေနာက္တေယာက္က ဘယ္ကားက ထြက္လာတဲ့ လူနာတေယာက္လဲမသိဘူး၊ အားလုံး ၃ေယာက္ က ဒဏ္ရာေတြရထားတယ္။ သူတို႔ကိုေတာ့ ေကာ့ကရိတ္ေဆး႐ုံႀကီးကို ပို႔ေပးထားပါတယ္ "

ျမဝတီ ေကာ့ကရိတ္ အာရွလမ္းမွာ ယာဥ္ေတြက အရွိန္ျပင္းစြ ာ ေမာင္းတာ၊ ဘရိပ္ေပါက္တာ စတာေတြေၾကာင့္ မေတာ္တဆ တိမ္းေမွာက္မူေတြ မၾကာခန ျဖစ္ၿပီး ၿပီးခဲ့တဲႏွစ္ေတြ ခရီသည္ေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးတာေတြ ဒဏ္ရာရတာေတြလည္းျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ကော့ကရိတ်၊ မြဝတီလမ်း ယာဉ်တိုက်မှုကြောင့် လူတချို့ထိခိုက်ဒဏ်ရာရ

{{Zawgyi/Unicode}}
ကရင်ပြည်နယ်၊ ကော့ကရိတ်၊ မြဝတီ အာရှကားလမ်းတလျှောက်မှာ ဇန်နဝါရီလ ၁၉ရက်နေ့က မြဝတီကနေ ဆင်းလာတဲ့ ၆ဘီးကားတစီးကနေ အရှိန်မထိမ်းနိုင်ရာက ယာဉ်၆စီး ဆက်တိုက် မူဖြစ်ပြီး လူ၃ဦးကတော့ ထိခိုက်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် ၊ ကော့ကရိတ်၊ မြဝတီ အာရှလမ်းမကြီးမှာ ဇန်နဝါရီ ၁၉ရက်နေ့ နေ့လည်က ယာဉ်တစီး တိမ်းမှောက်ခဲ့ပြီး နေလည် ၃ နာရီ ဝန်းကျင်လောက်မှာတော့ ၆ဘီးကားတစီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်တာကြောင့် အနီးနားက ကား၅စီးကို ဆက်တိုက် ဝင်တိုက်မူ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကော့ကရိတ် နဲ့ မြဝတီ သင်္ကန်းညီနောင်က လူမူ့ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက် ကယ်ဆယ်မူ့တွေ လုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ ကော့ကရိတ်မြို့ အခြေစိုက် ပုလဲဖြူလူမူ့ကယ်ဆယ်ရေးအဖွဲက အတွင်းရေးမှူး ဦးမြတ်ထိုက်ဆွေ ကတော့ တနေ့လုံးမှာ အာရှလမ်းပေါ် မြဝတီ ဘက်ကလာတဲ့ကား၇စီးတိုက်မူ ဖြစ်ခဲ့ကြောင်း အခုလိုပြောပါတယ်။

" ဖြစ်ပွားတဲ့နေရာက နတ်စင်ကွေ့ရဲ့ အထက်မှာဖြစ်တယ် ။ အဲဒီမှာ အဆင်းရှိတယ်။ မြဝတီဆင်းလာတဲ့ သစ်သီးအစုံ တင်လာတဲ့၆ဘီးကား က ပထမဆုံး အန်စာတုံးယာဉ် ရဲ့ ကားနောက်ပိုင်းကိုတိုက်တယ်။ အဲ့နေရာကနေ တိုက်ပြီး အရှိန်နဲ့ထပ်ဆင်းလာတယ်။ ကိုက် ၁၀၀လောက် အကွာမှာ နောက်ထပ် ၆ဘီးယာဉ်ကို ထပ်တိုက်တယ် ။ ဘယ်ဘက်ခြမ်း မျက်နှာကို ထပ်ချိတ်တယ် ပြီးတော့ နတ်စင်ကွေ့ မရောက်ခင်မှာ probox ကို ထပ်တိုက်တယ် ။ အဲဒီကားကလည်း နေလည်၁၂နာရီလောက်က လမ်းဘေးကို တိမ်းမှောက်ထားတဲ့ တိုက်ထားတဲ့ မှန်လုံယာဉ်ငယ် အောက်ထဲ probox ကဝင်သွားတယ်။ ပြီးတော့ အတက်ယာဉ်ကြောကလာတဲ့ GI မှန်လုံယာဉ်ကြီး နဲ့ Lexus ကို ဝင်တိုက်ပြီး ထပ်လဲသွားတယ်။ မှန်လုံကိုတိုက်ပြီးမှာ Lexus ကို ထပ်ဖိသွားတာပေါ့။ စုစုပေါင်းက ကား၆စီးဖြစ်တယ် ။ မနက်က မှောက်တဲ့ကားပါ ပါရင် ယာဉ်အားလုံး ၇စီး ဖြစ်သွားတာပေါ့ "

ကားတိမ်းမှောက်မူ့ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ကော့ကရိတ် ဆေးရုံကြီးကို ပို့ပြီး ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

" လူက Probox က လူကနာတယ်၊ သင်္ဘောဆေးတွေတင်လာတဲ့ကားက လူနာ၂ယောက်ကတော့ ဒဏ်ရာတွေရထားတယ်။ နောက်တယောက်က ဘယ်ကားက ထွက်လာတဲ့ လူနာတယောက်လဲမသိဘူး၊ အားလုံး ၃ယောက် က ဒဏ်ရာတွေရထားတယ်။ သူတို့ကိုတော့ ကော့ကရိတ်ဆေးရုံကြီးကို ပို့ပေးထားပါတယ် "

မြဝတီ ကော့ကရိတ် အာရှလမ်းမှာ ယာဉ်တွေက အရှိန်ပြင်းစွ ာ မောင်းတာ၊ ဘရိပ်ပေါက်တာ စတာတွေကြောင့် မတော်တဆ တိမ်းမှောက်မူတွေ မကြာခန ဖြစ်ပြီး ပြီးခဲ့တဲနှစ်တွေ ခရီသည်တွေ အစုလိုက် အပြုံလိုက် သေဆုံးတာတွေ ဒဏ်ရာရတာတွေလည်းဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG