သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ ယာဥ္တိုက္မႈေၾကာင့္ ျမန္မာ ၃ ဦးေသဆုံး


ျမန္မာ ၃ ဦးေသဆုံးခဲ့တဲ့ ကားမေတာ္တဆမႈ

ထိုင္းႏိုင္ငံ Phetchaburi ျပည္နယ္၊ ဖက္ကဆန္လမ္းမမွာ ျမန္မာတဦးေမာင္းလာတဲ့ ကားတစီး မေတာ္တဆတိုက္မိရာက ယာဥ္ေမာင္း အပါအ၀င္ ျမန္မာ ၃ ဦး ေသဆုံးသြားပါတယ္။ ထိုင္းႏိုင္ငံက ယာဥ္မေတာ္တဆမႈေတြမွာ မၾကာခဏ ျမန္မာႏိုင္ငံသားေတြ ေသေက်ထိခိုက္ေနတဲ့ အေျခအေနကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္း ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။
..
ထိုင္းႏိုင္ငံ၊ ေဖ့ခ္်ဘူရီျပည္နယ္အတြင္း ျမန္မာႏိုင္ငံသားေမာင္းႏွင္လာတဲ့ ကိုယ္ပိုင္ကားတစ္စီးဟာ အရိွန္လြန္ျပီး လမ္းအလည္မွာရွိတဲ့ဓါတ္တုိင္ကို၀င္ေရာက္တိုက္ခဲ့တာေႀကာင့္ ကားေပၚမွာပါလာသူ၃ဦးစလံုးေသဆံုးသြားခဲ့ပါတယ္ ၊ကားေမာင္းသူကေတာ့ေဆးရံုေရာက္မွေသဆံုးသြားတာျဖစ္ျပီး ကားေပၚမွာပါလာတဲ့ အမ်ိဳးသမီး၂ဦးကေတာ့ ေနရာမွာပဲပဲြခ်င္းျပီးေသဆံုးသြားခဲ့တယ္လို႔ AAC အလုပ္သမားကူညီေရးအဖဲြ ႔က အလုပ္သမားေရးလွဳပ္ရွားသူကုိရဲမင္းကအခုလိုေျပာပါတယ္။


" ျဖစ္တာကေတာ့ဖစ္ဘူရီမွာပါ။ ကားတိုက္မႈ ကျပင္းထန္တဲ့အတြက္ ဓါတ္တိုင္ကို၀င္တုိက္တဲ့အတြက္ ကားလည္းလံုး၀ ေၾကမြပ်က္စီးသြားသလို ကားေပၚမွာပါလာတ့ဲသံုးဦးစလံုးလည္းေသဆံုးသြားတာပါ။ အဲဒီထဲမွာေယာက္က်ားတဦ၊း အမ်ိဳးသမီးႏွစ္ဦးပါျပီး ကားေမာင္းတဲ့သူကေတာ့ေဆးရံု အေရာက္မွာေသဆံုးသြားတာပါ၊မိန္းကေလးႏွစ္ဦးကေတာ့ယာဥ္တုိက္မႈ ျဖစ္ျပီးခ်ိန္ကတည္းက ကားေပၚကေန လႊင့္ထြက္ျပီးေသဆံုးသြားတယ္လို႔သိရပါတယ္"

ထုိင္းႏို္င္ငံထဲမွာ ျမန္မာႏိုင္ငံသားေတြ ယဥ္တိမ္းေမွာက္တာေတြ မႀကာခနျဖစ္ျပီး တရားမ၀င္ျမန္မာႏုိင္ငံသားေတြသယ္ေဆာင္လာတဲ့ကားေတြကစစ္ေဆးေရးဂိတ္ေတြကိုေရွာင္ေမာင္းရင္း ယာဥ္တိမ္းေမွာက္မႈေတြ၊ ယာဥ္တိုက္မႈေတြျဖစ္ေပၚေနတာေၾကာင့္ နစ္နာေၾကးရေအာင္ေဆာင္ရြက္ေပးရတာေတြလည္းရွိတယ္လို႔ကိုရဲမင္းကေျပာပါတယ္။

" တရားမ၀င္ခိုး၀င္လမ္းေၾကာင္းေတြကေနသြားရင္လည္း ကားတိမ္းေမွာက္မႈေတြ၊ ကားတိုက္မႈေတြ မၾကာခနျဖစ္တယ္။ ျမန္မာျပည္သားေတြလမ္းခရီးေတြသြားရင္လည္း ျဖစ္ႀကတယ္။ အခုဆိုရင္ ႏွစ္သစ္ကူး ပီမုိင္လို ့ေခၚတဲ့အခ်ိန္မွာလည္း သႀကၤန္တို႔ လိုပိတ္ရက္ေတြမွာလည္း သတိထားရမွာပါ။ ဟုိေလာကတရားမ၀င္ျမန္မာႏိုင္ငံသားေတြ ကားတိမ္းေမွာက္မႈျဖစ္ျပီး ေသဆံုးတာေတြရွိတဲ့အတြက္ က်ေနာ္တို့AAC အဖဲြ ့ နဲ့ NUG အလုပ္သမား၀န္ႀကီးဌာနတို႔ပူးေပါင္းလုပ္ေဆာင္ေပးတာ တဦးကိုဘတ္တသန္းေက်ာ္ေလာက္ေလ်ွာ္ေၾကးေတြရၾကပါတယ္"

စံခရဘူရီ ျပည္နယ္ထဲက အေ၀းေျပးလမ္းမႀကီးမွာအေထာက္အထားမဲ့ျမန္မာေတြသယ္ေဆာင္လာတဲ့ကားတစီး ဟာႀသဂုတ္လ၂၈ ရက္ေန့ ၊ မနက္၄နာရီေက်ာ္အခ်ိန္မွာ တိမ္းေမွာက္ခဲ့တာေၾကာင့္ တရားမ၀င္ျမန္မာအလုပ္သမား၄ဦးေသဆံုးျပီး ၉ဦးျပင္းထန္တဲ့ဒဏ္ရာရခဲ့ပါတယ္။ ထိုင္းႏုိင္ငံ နကြန္စီဌာမရတ္ျပည္နယ္ထဲမွာလည္း ႀသဂုတ္လ ၁၇ရက္ေန့က တရားမ၀င္ျမန္မာ ၃၀ေက်ာ္ကိုတင္လာတဲ့ကားတိမ္းေမွာက္ခဲ့ တာေႀကာင့္ ျမန္မာ ၃ဦးပဲြခ်င္းျပီးေသဆံုးျပီး ၄ဦးက ျပင္းထန္တဲ့ဒဏ္ရာေတြရခဲ့ပါတယ္။

ထိုင္းႏိုင္ငံထဲမွာ လူေမွာင္ခိုသမားေတြသယ္ေဆာင္လာတဲ့ကားေတြက ရဲစစ္ေဆးေရးဂိတ္ေတြကိုေရွာင္ကြင္းေမာင္းႏွင္ရာကေန ယာဥ္တုိက္မူေတြျဖစ္ျပီး မႀကာခန ေသဆံုးဒဏ္ရာရမူေတြလည္းျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ထိုင်းနိုင်ငံ Phetchaburi ပြည်နယ်၊ ဖက်ကဆန်လမ်းမမှာ မြန်မာတဦးမောင်းလာတဲ့ ကားတစီး မတော်တဆတိုက်မိရာက ယာဉ်မောင်း အပါအဝင် မြန်မာ ၃ ဦး သေဆုံးသွားပါတယ်။ ထိုင်းနိုင်ငံက ယာဉ်မတော်တဆမှုတွေမှာ မကြာခဏ မြန်မာနိုင်ငံသားတွေ သေကျေထိခိုက်နေတဲ့ အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
..
ထိုင်းနိုင်ငံ၊ ဖေ့ခ်ျဘူရီပြည်နယ်အတွင်း မြန်မာနိုင်ငံသားမောင်းနှင်လာတဲ့ ကိုယ်ပိုင်ကားတစ်စီးဟာ အရှိန်လွန်ပြီး လမ်းအလည်မှာရှိတဲ့ဓါတ်တိုင်ကိုဝင်ရောက်တိုက်ခဲ့တာကြောင့် ကားပေါ်မှာပါလာသူ၃ဦးစလုံးသေဆုံးသွားခဲ့ပါတယ် ၊ကားမောင်းသူကတော့ဆေးရုံရောက်မှသေဆုံးသွားတာဖြစ်ပြီး ကားပေါ်မှာပါလာတဲ့ အမျိုးသမီး၂ဦးကတော့ နေရာမှာပဲပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူကိုရဲမင်းကအခုလိုပြောပါတယ်။


" ဖြစ်တာကတော့ဖစ်ဘူရီမှာပါ။ ကားတိုက်မှု ကပြင်းထန်တဲ့အတွက် ဓါတ်တိုင်ကိုဝင်တိုက်တဲ့အတွက် ကားလည်းလုံး၀ ကြေမွပျက်စီးသွားသလို ကားပေါ်မှာပါလာတဲ့သုံးဦးစလုံးလည်းသေဆုံးသွားတာပါ။ အဲဒီထဲမှာယောက်ကျားတဦ၊း အမျိုးသမီးနှစ်ဦးပါပြီး ကားမောင်းတဲ့သူကတော့ဆေးရုံ အရောက်မှာသေဆုံးသွားတာပါ၊မိန်းကလေးနှစ်ဦးကတော့ယာဉ်တိုက်မှု ဖြစ်ပြီးချိန်ကတည်းက ကားပေါ်ကနေ လွှင့်ထွက်ပြီးသေဆုံးသွားတယ်လို့သိရပါတယ်"

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ ယဉ်တိမ်းမှောက်တာတွေ မကြာခနဖြစ်ပြီး တရားမဝင်မြန်မာနိုင်ငံသားတွေသယ်ဆောင်လာတဲ့ကားတွေကစစ်ဆေးရေးဂိတ်တွေကိုရှောင်မောင်းရင်း ယာဉ်တိမ်းမှောက်မှုတွေ၊ ယာဉ်တိုက်မှုတွေဖြစ်ပေါ်နေတာကြောင့် နစ်နာကြေးရအောင်ဆောင်ရွက်ပေးရတာတွေလည်းရှိတယ်လို့ကိုရဲမင်းကပြောပါတယ်။

" တရားမဝင်ခိုးဝင်လမ်းကြောင်းတွေကနေသွားရင်လည်း ကားတိမ်းမှောက်မှုတွေ၊ ကားတိုက်မှုတွေ မကြာခနဖြစ်တယ်။ မြန်မာပြည်သားတွေလမ်းခရီးတွေသွားရင်လည်း ဖြစ်ကြတယ်။ အခုဆိုရင် နှစ်သစ်ကူး ပီမိုင်လို့ခေါ်တဲ့အချိန်မှာလည်း သင်္ကြန်တို့ လိုပိတ်ရက်တွေမှာလည်း သတိထားရမှာပါ။ ဟိုလောကတရားမဝင်မြန်မာနိုင်ငံသားတွေ ကားတိမ်းမှောက်မှုဖြစ်ပြီး သေဆုံးတာတွေရှိတဲ့အတွက် ကျနော်တို့AAC အဖွဲ့ နဲ့ NUG အလုပ်သမားဝန်ကြီးဌာနတို့ပူးပေါင်းလုပ်ဆောင်ပေးတာ တဦးကိုဘတ်တသန်းကျော်လောက်လျှော်ကြေးတွေရကြပါတယ်"

စံခရဘူရီ ပြည်နယ်ထဲက အဝေးပြေးလမ်းမကြီးမှာအထောက်အထားမဲ့မြန်မာတွေသယ်ဆောင်လာတဲ့ကားတစီး ဟာသြဂုတ်လ၂၈ ရက်နေ့ ၊ မနက်၄နာရီကျော်အချိန်မှာ တိမ်းမှောက်ခဲ့တာကြောင့် တရားမဝင်မြန်မာအလုပ်သမား၄ဦးသေဆုံးပြီး ၉ဦးပြင်းထန်တဲ့ဒဏ်ရာရခဲ့ပါတယ်။ ထိုင်းနိုင်ငံ နကွန်စီဌာမရတ်ပြည်နယ်ထဲမှာလည်း သြဂုတ်လ ၁၇ရက်နေ့က တရားမဝင်မြန်မာ ၃၀ကျော်ကိုတင်လာတဲ့ကားတိမ်းမှောက်ခဲ့ တာကြောင့် မြန်မာ ၃ဦးပွဲချင်းပြီးသေဆုံးပြီး ၄ဦးက ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ လူမှောင်ခိုသမားတွေသယ်ဆောင်လာတဲ့ကားတွေက ရဲစစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမောင်းနှင်ရာကနေ ယာဉ်တိုက်မူတွေဖြစ်ပြီး မကြာခန သေဆုံးဒဏ်ရာရမူတွေလည်းဖြစ်ပွားနေပါတယ်ရှင်။

XS
SM
MD
LG