သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကားမေတာ္တဆမႈေၾကာင့္ ထိုင္းေရာက္ျမန္မာတခ်ဳိ႕ ဒဏ္ရာရ


Photo Credit- CJ

(Zawgyi / Unicode)

နယ္စပ္ကေန တရားမ၀င္ ၀င္လာၾကတဲ့ ျမန္မာေတြ လိုက္ပါလာတဲ့ ကားတစင္း ထိုင္းႏိုင္ငံ အယုဒၵယမွာ မေတာ္တဆ တိမ္းေမွာက္ရာက အမ်ားအျပား ဒဏ္ရာရခဲ့ေၾကာင္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အေထာက္အထားမဲ့ ျမန္မာ ၁၀ ေယာက္ေက်ာ္ အျပင္ အနီးအနားက ထိုင္းသက္ႀကီးရြယ္အို ၂ ဦးကိုပါ တိုက္မိခဲ့တာပါ။ အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ တာခ္႔ ျပည္နယ္ မဲေဆာက္ၿမိဳ႕နယ္ကေန လူေမွာင္ခိုသမားေတြ ေခၚလာတဲ့ ျမန္မာ၂၀ ေက်ာ္ပါတဲ့ ပစ္ကပ္ကား တစီးဟာ ဒီဇင္ဘာလ ၆ ရက္ေန႔ မနက္မွာေတာ့ အယုဒၵယ ျပည္နယ္အေရာက္မွာ မေတာ္တဆ တိမ္းေမွာက္ခဲ့တာေၾကာင့္ ကားေပၚမွာ ပါလာတဲ့ ျမန္မာ၂၄ ဦးထဲက ၁၀ ဦးေက်ာ္ ဒဏ္ရခဲ့ပါတယ္။ ဒီထဲမွာ ဒဏ္ရာျပင္းထန္သူေတြလည္း ရွိတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူ ဦးမုိးႀကိဳးက အခုလိုေျပာပါတယ္။

“ ဘန္ေကာက္ၿမိဳ႕နယ္ နယ္နိမိတ္ ထဲက ျပည္နယ္တခုျဖစ္တဲ့ အယုဒၵယမွာ ကားအရွိန္ျမင့္တဲ့ အတြက္ လမ္းေဘးကို တိမ္းေမွာက္သြားပါတယ္။ ပစ္ကပ္ကားပါ။ ပစ္ကပ္ကားမွာ ျမန္မာ၂၄ ဦး ေရွ႕မွာေရာ ေနာက္မွာေရာ ၾကပ္ၾကပ္ညပ္ညပ္ လိုက္ပါတယ္။ လမ္းေဘးကုိ ထုိးက်သြားတဲ့အတြက္ လမ္းေဘးမွာ မနက္ေစာေစာ သံဃာေတြ ဆြမ္းေလာင္းဖို႔ ေစာင့္ေနတဲ့ ထုိင္းႏိုင္ငံသား၂ ဦးလည္း ဒဏ္ရာရသြားတယ္။ ျမန္မာ ၁၀ ေယာက္၊ ထိုင္း၂ ေယာက္ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ဒဏ္ရာရတယ္။ သူတို႔ေတြကိုေတာ့ အယုဒၵယ အေထြေထြကု ေဆးရံုႀကီးကို ပုိ႔ၿပီး ကုသေနရတယ္။ ၿပီးရင္ေတာ့ ထုိင္းႏိုင္ငံထဲကို တရားမ၀င္ ၀င္ေရာက္မႈနဲ႔ ဖမ္းဆီးခံရမွာ ျဖစ္ပါတယ္။”

အခုဆိုရင္ ထိုင္းအစုိးရက လူကုန္ကူးမႈ တိုက္ဖ်က္ေရး လုပ္ငန္းေတြကို ျပင္းျပင္းထန္ထန္ ေဆာင္ရြက္ေနတာေၾကာင့္ လူကုန္ကူးမႈ၊ မူးယစ္မႈ၊ ရာဇ၀တ္မႈနဲ႔ ပတ္သက္ေနတဲ႔ ရဲ၀န္ထမ္းေတြကိုလည္း အေရးယူ ေဆာင္ရြက္ရာမွာ ဒီ ၃ လအတြင္းမွာ ရဲအေတာ္မ်ားမ်ားကို စံုစမ္းစစ္ေဆးမႈေတြ လုပ္ခဲ့တယ္လို႔လည္း ဦးမုိးႀကိဳးက ေျပာပါတယ္။

“ ထိုင္းအစိုးရက စက္တင္ဘာလမွာ ရဲ ၃၂ေယာက္၊ ေအာက္တိုဘာလမွာ ၂၅ ေယာက္၊ ၿပီးခဲ့တဲ့ ႏို၀င္ဘာလမွာ ၁၅ ေယာက္ကို ထုိင္းရဲခ်ဳပ္အမိန္႔နဲ႔ ခံုရံုးဖဲြ ့စစ္ေဆးတာ။ တလဲြအာဏာသံုးတာ၊ လူကုန္ကူးမႈေတြမွာ ပါ၀င္ပတ္သက္တာ၊ မူးယစ္ေဆး၀ါး ေရာင္း၀ယ္ေဖာက္ကားမႈေတြမွာ ပါ၀င္ပတ္သက္တဲ့ ရဲေတြ အေရးယူခံရပါတယ္။ ”

ကမ ၻာတ၀ွမ္းမွာ လက္ရွိ လူကုန္ကူးမႈရဲ႕ သားေကာင္ျဖစ္ရသူ လူေပါင္း ၂၅ သန္း နီးပါး ရွိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး ဌာနက ၂၀၂၂ ခုႏွစ္ထဲမွာ ထုတ္ျပန္တဲ့ စာရင္းထဲမွာ ပါရွိပါတယ္။
စစ္အာဏာသိမ္းမႈေၾကာင့္ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖဲြ႔ေတြ၊ တိုင္ရင္းသား လက္နက္ကို္္င္ေတြၾကား လက္နက္ကိုင္ ပဋိပကၡေတြ ပုိၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာသလို စစ္ေဘးေၾကာင့္ သိန္းနဲ႔ ခ်ီရွိတဲ့ လူထုေတြ အိုးအိမ္စြန္႔ခြါ ထြက္ေျပးခဲ့ရတယ္လို႔ အစီရင္ခံစာမွာ ပါရွိပါတယ္။

ဒီ ထြက္ေျပးရသူေတြထဲက အမ်ားအျပားဟာ လူကုန္ကူးခံရမယ့္ အႏၲရာယ္ ရွိေၾကာင္းလည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တုိက္ဖ်က္ေရးနဲ႔ ပတ္သက္လို႔ အနိမ့္ဆံုးအဆင့္ သတ္မွတ္္ခ်က္ ျပည့္မီေအာင္ ေဆာင္ရြက္နို္င္တာ မရွိတဲ့အတြက္ လူကုန္ကူးမႈနဲ႔ ပတ္သက္လုိ႔ အဆိုးရြားဆံုး အဆင့္ Tier 3 အျဖစ္ သတ္မွတ္ခံထားရတာ အခုဆိုရင္ ၅ႏွစ္ဆက္တုိက္ ရွိသြားၿပီျဖစ္ပါတယ္။

အိမ္နီးနားခ်င္း ႏုိင္ငံေတြျဖစ္တဲ့ ျမန္မာနဲ႔ မေလးရွားႏုိင္ငံနဲ႔ ဆက္စပ္ၿပီး လူကုန္ကူးမႈေတြ အျဖစ္မ်ားေနတဲ့ ထုိင္းနုိင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးေတြကို ပုိမိုလုပ္ေဆာင္ဖုိ႔အတြက္ ႏိုင္ငံတြင္းက အေရးႀကီးတဲ့ ဌာနဆိုင္ရာေတြကို ထပ္မံတိုးခ်ဲ႕ ပူးေပါင္းခဲ့ပါတယ္။ အခ်က္အလက္ စုေဆာင္းေရးဌာန၊ တရားေရးဌာနေတြ အပါအအ၀င္ ဌာနဆိုင္ရာ ၁၀ခု အထိတုိးခ်ဲ႕ တာေတြကို လုပ္ခဲ့တာပါ။ ဒီအတြက္ အေမရိကန္ ႏိုင္ငံျခားေရးဌာနက Tire 2 ေစာင့္ၾကည့္အဆင့္ ကေန ပယ္ဖ်က္ၿပီး လူကုန္ကူးမႈ တုိက္ဖ်က္ေရးကို ေကာင္မြန္စြာ လုပ္ႏိုင္ခဲ့တဲ့ အတြက္ Tire 2 အဆင့္ကုိ သတ္မွတ္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကားမတော်တဆမှုကြောင့် ထိုင်းရောက်မြန်မာတချို့ ဒဏ်ရာရ

နယ်စပ်ကနေ တရားမဝင် ဝင်လာကြတဲ့ မြန်မာတွေ လိုက်ပါလာတဲ့ ကားတစင်း ထိုင်းနိုင်ငံ အယုဒ္ဒယမှာ မတော်တဆ တိမ်းမှောက်ရာက အများအပြား ဒဏ်ရာရခဲ့ကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အထောက်အထားမဲ့ မြန်မာ ၁၀ ယောက်ကျော် အပြင် အနီးအနားက ထိုင်းသက်ကြီးရွယ်အို ၂ ဦးကိုပါ တိုက်မိခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာခ့် ပြည်နယ် မဲဆောက်မြို့နယ်ကနေ လူမှောင်ခိုသမားတွေ ခေါ်လာတဲ့ မြန်မာ၂၀ ကျော်ပါတဲ့ ပစ်ကပ်ကား တစီးဟာ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်မှာတော့ အယုဒ္ဒယ ပြည်နယ်အရောက်မှာ မတော်တဆ တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာ ပါလာတဲ့ မြန်မာ၂၄ ဦးထဲက ၁၀ ဦးကျော် ဒဏ်ရခဲ့ပါတယ်။ ဒီထဲမှာ ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ ဘန်ကောက်မြို့နယ် နယ်နိမိတ် ထဲက ပြည်နယ်တခုဖြစ်တဲ့ အယုဒ္ဒယမှာ ကားအရှိန်မြင့်တဲ့ အတွက် လမ်းဘေးကို တိမ်းမှောက်သွားပါတယ်။ ပစ်ကပ်ကားပါ။ ပစ်ကပ်ကားမှာ မြန်မာ၂၄ ဦး ရှေ့မှာရော နောက်မှာရော ကြပ်ကြပ်ညပ်ညပ် လိုက်ပါတယ်။ လမ်းဘေးကို ထိုးကျသွားတဲ့အတွက် လမ်းဘေးမှာ မနက်စောစော သံဃာတွေ ဆွမ်းလောင်းဖို့ စောင့်နေတဲ့ ထိုင်းနိုင်ငံသား၂ ဦးလည်း ဒဏ်ရာရသွားတယ်။ မြန်မာ ၁၀ ယောက်၊ ထိုင်း၂ ယောက် ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရတယ်။ သူတို့တွေကိုတော့ အယုဒ္ဒယ အထွေထွေကု ဆေးရုံကြီးကို ပို့ပြီး ကုသနေရတယ်။ ပြီးရင်တော့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရမှာ ဖြစ်ပါတယ်။”

အခုဆိုရင် ထိုင်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် ဆောင်ရွက်နေတာကြောင့် လူကုန်ကူးမှု၊ မူးယစ်မှု၊ ရာဇဝတ်မှုနဲ့ ပတ်သက်နေတဲ့ ရဲဝန်ထမ်းတွေကိုလည်း အရေးယူ ဆောင်ရွက်ရာမှာ ဒီ ၃ လအတွင်းမှာ ရဲအတော်များများကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

“ ထိုင်းအစိုးရက စက်တင်ဘာလမှာ ရဲ ၃၂ယောက်၊ အောက်တိုဘာလမှာ ၂၅ ယောက်၊ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ၁၅ ယောက်ကို ထိုင်းရဲချုပ်အမိန့်နဲ့ ခုံရုံးဖွဲ့စစ်ဆေးတာ။ တလွဲအာဏာသုံးတာ၊ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်တာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်ပတ်သက်တဲ့ ရဲတွေ အရေးယူခံရပါတယ်။ ”

ကမ ္ဘာတဝှမ်းမှာ လက်ရှိ လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ရသူ လူပေါင်း ၂၅ သန်း နီးပါး ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ၂၀၂၂ ခုနှစ်ထဲမှာ ထုတ်ပြန်တဲ့ စာရင်းထဲမှာ ပါရှိပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ တိုင်ရင်းသား လက်နက်ကို်င်တွေကြား လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသလို စစ်ဘေးကြောင့် သိန်းနဲ့ ချီရှိတဲ့ လူထုတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒီ ထွက်ပြေးရသူတွေထဲက အများအပြားဟာ လူကုန်ကူးခံရမယ့် အန္တရာယ် ရှိကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အနိမ့်ဆုံးအဆင့် သတ်မှတ်ချက် ပြည့်မီအောင် ဆောင်ရွက်နိုင်တာ မရှိတဲ့အတွက် လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး အဆင့် Tier 3 အဖြစ် သတ်မှတ်ခံထားရတာ အခုဆိုရင် ၅နှစ်ဆက်တိုက် ရှိသွားပြီဖြစ်ပါတယ်။

အိမ်နီးနားချင်း နိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့ မလေးရှားနိုင်ငံနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှုတွေ အဖြစ်များနေတဲ့ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေကို ပိုမိုလုပ်ဆောင်ဖို့အတွက် နိုင်ငံတွင်းက အရေးကြီးတဲ့ ဌာနဆိုင်ရာတွေကို ထပ်မံတိုးချဲ့ ပူးပေါင်းခဲ့ပါတယ်။ အချက်အလက် စုဆောင်းရေးဌာန၊ တရားရေးဌာနတွေ အပါအအဝင် ဌာနဆိုင်ရာ ၁၀ခု အထိတိုးချဲ့ တာတွေကို လုပ်ခဲ့တာပါ။ ဒီအတွက် အမေရိကန် နိုင်ငံခြားရေးဌာနက Tire 2 စောင့်ကြည့်အဆင့် ကနေ ပယ်ဖျက်ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကို ကောင်မွန်စွာ လုပ်နိုင်ခဲ့တဲ့ အတွက် Tire 2 အဆင့်ကို သတ်မှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG