သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာတွေနဲ့ လူမှောင်ခိုတဦး ထိုင်းရဲဖမ်းဆီး


အထောက်အထားမဲ့ မြန်မာတွေနဲ့ လူမှောင်ခိုတဦး ထိုင်းရဲဖမ်းဆီး
အထောက်အထားမဲ့ မြန်မာတွေနဲ့ လူမှောင်ခိုတဦး ထိုင်းရဲဖမ်းဆီး

ထိုင်း မြန်မာနယ်စပ် ကမ်ချနဘူရီ ပြည်နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတဲ့ မြန်မာ ၁၇ ဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့ညက ထိုင်း အာဏာပိုင်တွေ က ဖမ်းမိ့ခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

အထောက်အထားမဲ့ မြန်မာတွေနဲ့ လူမှောင်ခိုတဦး ထိုင်းရဲဖမ်းဆီး

{{Zawgyi/Unicode}}

ထိုင်း မြန်မာနယ်စပ် ကမ်ချနဘူရီ ပြည်နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတဲ့ မြန်မာ ၁၇ ဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့ညက ထိုင်း အာဏာပိုင်တွေ က ဖမ်းမိ့ခဲ့ပါတယ် ။ ဒါအပြင် တရားမဝင် လူတွေကို ပို့ဆောင်နေတဲ့ အကြီးစား လူပွဲစားတဦးကိုလည်း ဖမ်းမိခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်း မြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ် ထဲ မှာ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၁၇ ဦး ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၂၃ ရက်နေ့ညက ဖမ်းမိခဲ့ပြီး ဒီထဲမှာ ကလေးတဦးလည်း ပါဝင်ပါတယ် ။ အလာတူ ထိုင်းမြန်မာနယ်စပ်မှာလည်း တရားမဝင် မြန်မာတွေ ဖမ်းမိတာကြောင့် အခုဆိုရင် မြန်မာနိုင်ငံသား၂၃ဦး ဖမ်းမိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပါတယ် ။

" ထိုင်းနဲ့ မွန်ပြည်နယ် နယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် မြန်မာ၁၇ဦးကို ကမ်ချနဘူရီပြည်နယ် စံခရဘူးရီမြို့နယ်ထဲမှာ နိုဝင်ဘာလ ၂၃ ရက်နေ့ည ၁၁နာရီကျော် အချိန်မှာဖမ်းမိပါတယ် ။ တဆက်တည်းမှာပဲ နိုဝင်ဘာလ၂၂ရက်နေ့ မှာပဲ မဲဆောက်ဘက်မှာပဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၆ဦးကို ဖမ်းမိခဲ့ပါတယ်"

ဒီရက်ပိုင်းမှာပဲ ထိုင်းတောင်ပိုင်းက လူကုန်ကူးသူ အကြီးစား ပွဲစားတဦးကိုလည်း ဖမ်းမိခဲ့ကြောင်းကိုလည်း ပြောပြပါတယ် ။

" တရားမဝင် အလုပ်သမားတွေကို တင်ပို့နေတဲ့ အကြီးစား ပွဲစားတဦးကိုလည်း ဆူဖန်ဘူရီပြည်နယ်ထဲက အိမ်တအိမ်မှာ ဖမ်းမိပါတယ် ။ သူက မောင်အပ် ဆိုတဲ့နံမည်နဲ့ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာဘက်က မြန်မာပွဲစားတွေနဲ့ အလုပ်လုပ်နေသူတဦးဖြစ်တယ်။ သူ့ဘဏ်အကောင့်ကို ထိုင်းအစိုးရက စစ်ဆေးတဲ့အခါမှာ ဘတ်ငွေ သန်း၁၆ထိ လည်ပတ်နေတာ တွေ့ရပါတယ် ။ သူတာဝန်ကတော့ မြန်မာဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို ထိုင်းနိုင်ငံ ပရာကျွန်ခီရီကန် ကနေ ထိုင်းတောင်ပိုင်း မလေးနယ်စပ်၊ ဆုံခလာကို ပို့ဆောင်ဖို့ ယာဉ်စီစဉ်ပေးရသူလို့ဆိုပါတယ်"

နိုဝင်ဘာလ ၁၈ရက်နေ့တုန်းကလည်း ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ဖမ်းဆီးခံရပါတယ် ။နိုဝင်ဘာလ၂၁ရက်နေ့ကလည်း တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ၅၀ ဝန်းကျင် ဖမ်းဆီးခံရပါတယ်။

အောက်တိုဘာလ အတွင်းမှာတော့ မြန်မာ၂၀၀၀ကျော် ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလထဲမှာပဲ ထောင်ဂဏန်းရှိတဲ့ မြန်မာတွေ အစုလိုက် အပြုံလိုက် အဖမ်းဆီးခံ နေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................................


{{Zawgyi/Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG