သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္ထားမဲ့ ျမန္မာ ၅၀ ေက်ာ္ ထိုင္းမွာ ဖမ္းဆီးခံရ 


အေထာက္ထားမဲ့ျမန္မာ ၅၀ ေက်ာ္ ထိုင္းမွာ ဖမ္းဆီးခံရ

ျမန္မာႏိုင္ငံက အေထာက္အထားမဲ့ ၀င္လာသူ ၅၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြ ကန္ခ်နဘူရီျပည္နယ္ထဲမွာ ဖမ္းဆီးလိုက္ပါတယ္။ မေလးရွားႏိုင္ငံကို သြားေရာက္ဖို႔ ႀကိဳးပမ္းရင္း ဖမ္းဆီးခံခဲ့ရတာလို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အျပည္႔အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။ 

အေထာက္ထားမဲ့ျမန္မာ ၅၀ ေက်ာ္ ထိုင္းမွာ ဖမ္းဆီးခံရ

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံက အေထာက္အထားမဲ့ ၀င္လာသူ ၅၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြ ကန္ခ်နဘူရီျပည္နယ္ထဲမွာ ဖမ္းဆီးလိုက္ပါတယ္။ မေလးရွားႏိုင္ငံကို သြားေရာက္ဖို႔ ႀကိဳးပမ္းရင္း ဖမ္းဆီးခံခဲ့ရတာလို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အျပည္႔အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

မေလးရွားႏိုင္ငံမွာ အလုပ္သြားလုပ္ဖို႔အတြက္ ထိုင္းႏိုင္ငံကို တရားမ၀င္ လမ္းေႀကာင္းေတြကေန ၀င္ေရာက္လာတဲ့ ျမန္မာ ႏိုင္ငံသား ၅၃ ဦးကို ကန္ခ်နဘူရီျပည္နယ္ထဲမွာ ဖမ္ဆီးခဲ့ပါတယ္။ အမ်ားစုက ဟိႏၵဴဘာသာ၀င္ေတြ ျဖစ္ႀကတယ္လို႔ ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ကမ္ခ်နဘူရီျပည္နယ္ စိုင္ရို႔ ျမိဳ႔နယ္ကေနတဆင့္ မေလးရွားႏိုင္ငံကို တရားမ၀င္နည္းနဲ႔ သြားေရာက္ႀကမယ့္ ျမန္မာႏိုင္ငံသား ၅၀ ေက်ာ္ကုိ ဒီဇင္ဘာလ ၄ ရက္ေန႔က ထုိင္းအာဏာပိုင္ေတြက ဖမ္းမိခဲ့တာပါ ။ သူတို့ေတြဟာ ကား၃စီးနဲ႔ လာႀကတာျဖစ္ျပီး ႀကိဳတင္သတင္းရတဲ့အတြက္ အာဏာပိုင္ေတြက ဖမ္းဆီးခဲ့တာျဖစ္ေႀကာင္း ထုိင္းေတာင္ပိုင္း အေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ျဖိဳးတုိးတက္ေရး ေဖာင္ေဒးရွင္း က အမူေဆာင္ ဒါရိုက္တာ ဦးထူးခ်စ္ က ေျပာပါတယ္ ။

" အဓိက ကေတာ့ ကမ္ခ်နဘူရီျပည္နယ္ ထုိင္း ျမန္မာနယ္စပ္ စိုင္ရို႔ျမိဳနယ္ထဲ မွာ ဖမ္းမိတာပါ။ အကုန္လံုးကေတာ့ အမ်ိဳးသမီး ၁၀ေယာက္ အမ်ိဳးသား ၄၃ ေယာက္၊ အားလံုးေပါင္း ၅၃ေယာက္ပါ ၊ ဟိႏၵူဘာသာ၀င္ေတြလို႔ သိရပါတယ္ ။ သူတို႔က ထုိင္းမွာအလုပ္လုပ္ဖို႔ မဟုတ္ဘူး ။ မေလးရွားကိုသြားျပီး အလုပ္လုပ္မယ့္သူေတြပါ "

အခုလိုမ်ိဳး ျမန္မာႏို္င္ငံကေန ထုိင္းကိုျဖတ္ျပီး မေလးရွားကို တရားမ၀င္နည္းနဲ႔ ၀င္ေရာက္ႀကတဲ့သူေတြမ်ားတဲ့အတြက္ ထိုင္း ၊ မေလးနယ္စပ္မွာ အဖမ္းအဆီးေတြ ေန႔စဥ္နီးပါး ရွိေနတယ္လို႔လည္း ဦးထူးခ်စ္ က ေျပာပါတယ္။

" က်ေနာ္တို ့သိတာက ရံဖန္ရံခါ အဲဒီဘက္ထက္ ေတာင္ပိုင္းတခုလံုးကေကာ ပင္လယ္ဘက္ကေကာ နယ္စပ္ေတြကေကာ ျဖတ္ျပီးသြားႀကတယ္ ။ မေလးရွား ကို သြားတဲ့သူေတြ အေတာ္မ်ားမ်ား ေတြ႔ေနရတယ္ ။ တခ်ဳိ႔လည္း ဖမ္းမိတာရွိသလို အရင္တုန္းက ပံုစံေတြနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ အခုဟာက ပိုၿပီး အဖမ္းအဆီးေတြ စိပ္လာတာေတြ႔ရတယ္။ တရားမ၀င္ လမ္းက၀င္လာတာေတြမ်ားလို႔ အခုလို ဖမ္းဆီးတာေတြ ျဖစ္ေနတာပါ ။ အခုသြားမယ့္ သူေတြကေတာ့ မေလးရွား ကို သြားမယ္သူေတြပါ"

အခုဖမ္းမိတဲ့လူ ၅၀ ေက်ာ္ဟာ ဒီဇင္ဘာလ ၄ ရက္ေန႔ မနက္ပိုင္းက ကန္ခ်ဘူရီ စိုင္ရို႔ နယ္စပ္မွာ အမွတ္ ၁၃၆ နယ္ျခားေစာင့္တပ္ဖြဲ႔ က ဖမ္းဆီးခဲ့တာပါ။

သူတို႔ေတြဟာ မေလးရွား ကုိ သြားဖို႔အတြက္ လူကုန္ကူးတဲ့ ပဲြစားေတြကို ဘတ္ေငြ ၃ေသာင္းခဲြကေန ၄ေ သာင္းအထိ ေပးခဲ့ႀကရတယ္လို႔ဆုိပါတယ္။

အလားတူ ဒီဇင္ဘာလ ၃ရက္ေန႔ကလည္း စူရတ္ဌာနီခ႐ိုင္ မွာလည္း ကားႏွစ္စီးနဲ႔ အေထာက္အထားမဲ့ ျမန္မာအလုပ္သမား ၂၆ ဦးကို ဖမ္းဆီးရမိေၾကာင္း ခရိုင္လူဝင္မႈ ႀကီးၾကပ္ေရး႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

အထောက်ထားမဲ့မြန်မာ ၅၀ ကျော် ထိုင်းမှာ ဖမ်းဆီးခံရ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံက အထောက်အထားမဲ့ ဝင်လာသူ ၅၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်းဆီးလိုက်ပါတယ်။ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးပမ်းရင်း ဖမ်းဆီးခံခဲ့ရတာလို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား ၅၃ ဦးကို ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်ဆီးခဲ့ပါတယ်။ အများစုက ဟိန္ဒူဘာသာဝင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ် စိုင်ရို့ မြို့နယ်ကနေတဆင့် မလေးရှားနိုင်ငံကို တရားမဝင်နည်းနဲ့ သွားရောက်ကြမယ့် မြန်မာနိုင်ငံသား ၅၀ ကျော်ကို ဒီဇင်ဘာလ ၄ ရက်နေ့က ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့တာပါ ။ သူတို့တွေဟာ ကား၃စီးနဲ့ လာကြတာဖြစ်ပြီး ကြိုတင်သတင်းရတဲ့အတွက် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း က အမူဆောင် ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ် ။

" အဓိက ကတော့ ကမ်ချနဘူရီပြည်နယ် ထိုင်း မြန်မာနယ်စပ် စိုင်ရို့မြိုနယ်ထဲ မှာ ဖမ်းမိတာပါ။ အကုန်လုံးကတော့ အမျိုးသမီး ၁၀ယောက် အမျိုးသား ၄၃ ယောက်၊ အားလုံးပေါင်း ၅၃ယောက်ပါ ၊ ဟိန္ဒူဘာသာဝင်တွေလို့ သိရပါတယ် ။ သူတို့က ထိုင်းမှာအလုပ်လုပ်ဖို့ မဟုတ်ဘူး ။ မလေးရှားကိုသွားပြီး အလုပ်လုပ်မယ့်သူတွေပါ "

အခုလိုမျိုး မြန်မာနိုင်ငံကနေ ထိုင်းကိုဖြတ်ပြီး မလေးရှားကို တရားမဝင်နည်းနဲ့ ဝင်ရောက်ကြတဲ့သူတွေများတဲ့အတွက် ထိုင်း ၊ မလေးနယ်စပ်မှာ အဖမ်းအဆီးတွေ နေ့စဉ်နီးပါး ရှိနေတယ်လို့လည်း ဦးထူးချစ် က ပြောပါတယ်။

" ကျနော်တို့သိတာက ရံဖန်ရံခါ အဲဒီဘက်ထက် တောင်ပိုင်းတခုလုံးကကော ပင်လယ်ဘက်ကကော နယ်စပ်တွေကကော ဖြတ်ပြီးသွားကြတယ် ။ မလေးရှား ကို သွားတဲ့သူတွေ အတော်များများ တွေ့နေရတယ် ။ တချို့လည်း ဖမ်းမိတာရှိသလို အရင်တုန်းက ပုံစံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုဟာက ပိုပြီး အဖမ်းအဆီးတွေ စိပ်လာတာတွေ့ရတယ်။ တရားမဝင် လမ်းကဝင်လာတာတွေများလို့ အခုလို ဖမ်းဆီးတာတွေ ဖြစ်နေတာပါ ။ အခုသွားမယ့် သူတွေကတော့ မလေးရှား ကို သွားမယ်သူတွေပါ"

အခုဖမ်းမိတဲ့လူ ၅၀ ကျော်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ကန်ချဘူရီ စိုင်ရို့ နယ်စပ်မှာ အမှတ် ၁၃၆ နယ်ခြားစောင့်တပ်ဖွဲ့ က ဖမ်းဆီးခဲ့တာပါ။

သူတို့တွေဟာ မလေးရှား ကို သွားဖို့အတွက် လူကုန်ကူးတဲ့ ပွဲစားတွေကို ဘတ်ငွေ ၃သောင်းခွဲကနေ ၄ေ သာင်းအထိ ပေးခဲ့ကြရတယ်လို့ဆိုပါတယ်။

အလားတူ ဒီဇင်ဘာလ ၃ရက်နေ့ကလည်း စူရတ်ဌာနီခရိုင် မှာလည်း ကားနှစ်စီးနဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၆ ဦးကို ဖမ်းဆီးရမိကြောင်း ခရိုင်လူဝင်မှု ကြီးကြပ်ရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG