သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ၿမိဳ႕နယ္တြင္း စစ္ေရးတင္းမာမႈမ်ား အရပ္သားေတြထိခိုက္ေသဆုံး


လြိဳင္ေကာ္ၿမိဳ႕ ၊ ကယားျပည္နယ္

လြိဳင္ေကာ္ၿမိဳ႕နယ္ လြိဳင္လင္ေလးေက်း႐ြာမွာ စစ္ေကာင္စီရဲ႕ လက္နက္ႀကီးထိမွန္လို႔ တဦးေသဆုံးၿပီး အမ်ားအျပား ဒဏ္ရရွိတယ္လို႔ ​ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီက ျပဳလုပ္တဲ့ ကယားျပည္နယ္ေန႔အခမ္းအနား တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္က အနီးအနားကို ဦးတည္ရာမဲ့ ပစ္ခတ္တာေၾကာင့္ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ထားတာကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

လြိဳင္ေကာ္ၿမိဳ႕ေပၚမွာ စစ္ေကာင္စီလုပ္တဲ့ ကယားျပည္နယ္ေန႔အခမ္းအနားတိုက္ခိုက္ခံရၿပီးတဲ့ေနာက္၊ စစ္ေကာင္စီက အနီးအနားကို လက္နက္ႀကီးေတြနဲ႔ မေန႔က တညေနလုံး ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မေန႔ ညေန ၃နာရီေလာက္ လြိဳင္ေကာ္ၿမိဳ႕နယ္ လြိဳင္လင္ေလးေက်း႐ြာမွာ လက္နက္ႀကီးက်လို႔ အရပ္သား ၃ဦး ထိခိုက္ဒဏ္ရာရရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ မေန႔ ၃နာရီေလာက္ လြိဳင္လင္ေလး႐ြာမွာ က်တာက် ေနအိမ္ထဲက်တယ္ မိသားစု ၃ေယာက္ထိခိုက္သြားတယ္ဗ်၊ အသက္အႏၲရာယ္စိုးရိမ္စရာမရွိပါဘူး သုံးေယာက္လုံး၊ မိန္းကေလႏွစ္ေယာက္ေတာ့ က်ေနာ္တို႔ ယမ္းဆထိမွန္လို႔ ေပါက္တယ္၊ ေယာက်ာ္းေလတစ္ေယာက္ကေတာ့ လက္ေမာင္းထိသြားတယ္ေပါ့ အေပၚအသားေတာ့ ထြက္သြားတာ ဒါေပမယ့္ လက္ျဖတ္ရမယ့္ အေနအထားဘာညာေတာ့မရွိဘူးဗ်။”

လြိဳင္လင္ေလးေက်း႐ြာနားက ဝမ္းကုန္း႐ြာဘက္မွာ မေန႔က စစ္ေရးအေျခအေနတင္းမာမႈရွိခဲ့ၿပီးေနာက္၊ ဒီကေန႔မွာေတာ့ ေန႔လည္ပိုင္းအခ်ိန္အထိ စစ္ေကာင္စီဖက္က လက္နက္ႀကီးပစ္ခတ္မႈ ၿငိမ္သက္ေနတယ္လို႔လည္း ေျပာပါတယ္။

လြိဳင္လင္ေလးေက်း႐ြာအနားတစ္ဝိုက္မွာ အရင္ကတည္းက တိုက္ပြဲေတြေၾကာင့္ ႐ြာသူ႐ြာသားေတြ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရတာပါ။ ေဒသတည္ၿငိမ္လို႔ ေဒသခံတခ်ိဳ႕က ေနရပ္ျပန္လာေနခ်ိန္မွာ အခုလို ထပ္ၿပီး စစ္ေရးတင္းမာမႈေတြႀကဳံေနရပါတယ္။

လြိဳင္ေကာ္ၿမိဳ႕ မွာ စစ္ေကာင္စီဖက္က ျပဳလုပ္က်င္းပတဲ့ ကယားျပည္နယ္ေန႔ အခမ္းအနားကိုေတာ့ မေန႔ မနက္ပိုင္းေလာက္က ဒ႐ုန္းနဲ႔ ဗုံးႀကဲတိုက္ခိုက္ခံရတာလို႔ ၿမိဳ႕ခံတစ္ဦးက VOA ကို ေျပာပါတယ္။

ျပည္နယ္ေန႔အခမ္းအနားက်င္းပတဲ့ ၿမိဳ႕ေတာ္ခန္းမမွာ ၂လုံးက်ၿပီး လူေနရပ္ကြက္မွာ ၂လုံးက်တယ္လို႔ ဆိုပါတယ္။ ၿမိဳ႕ေတာ္ခန္းမမွာ ၄ဦးထက္မနည္း ထိဒဏ္ရာရရွိၿပီး ရပ္ကြက္ထဲက်တဲ့ အလုံးက အရပ္သားတဦးေသဆုံးသလို ထိခိုက္ဒဏ္ရရွိသူေတြလည္း ရွိတယ္လို႔ ေျပာပါတယ္။

“ၿမိဳ႕ေတာ္ခန္းမကို ၂လုံးက်တာေရာ ဒ႐ုန္းနဲ႔ လာႀကဲတာထင္တယ္ က်ေနာ္ထင္တာေလ။ ၂လုံးက်ေတာ့ ဘုန္းႀကီးေက်ာင္းေဘးမွာ တစ္လုံးက်တယ္၊ လူတစ္ေယာက္ေသသြားတာေလ အဖိုးႀကီးတစ္ေယာက္ လက္နက္ႀကီးမွန္ၿပီးေတာ့။ က်တာ ၂လုံးက်တာ တစ္လုံးက ကားဂိုေဒါင္ေပၚ ကားဂိုေဒါင္ အဲ့လူေနရပ္ကြက္ထဲကို ၂လုံးက်တာ အဲ့ဒီလမ္းနဲ႔ အခုေသသြားတဲ့လူရဲ႕ လမ္းရယ္ ဟိုဘက္ ေက်ာဘက္ျခမ္းမွာ တစ္ေယာက္လုံးထပ္က်တယ္။ သူတို႔ ဒီမွာစျဖစ္ၿပီးတာနဲ႔ ထုေတာ့တာ ပတ္ခ်ာလည္ တင့္ကားေတြနဲ႔ တိုက္ပြဲျဖစ္တာေတာ့ မၾကားဘူး လက္နက္ႀကီးေတာ့ သူတို႔ ထုေတာ့ထုတယ္ တစ္ေန႔ကုန္နီးနီးပဲ ထုသံၾကားတယ္။”

ကယားျပည္နယ္ေန႔အထိမ္းအမွတ္ အခမ္းအနားျပဳလုပ္တဲ့ ျပည္နယ္ခန္းမေနရာကို လက္နက္ႀကီးနဲ႔ တိုက္ခိုက္ခံရတာေၾကာင့္ တဦးေသဆုံးၿပီး ေက်ာင္းသူေက်ာင္းသားအပါအဝင္ အမ်ားအျပားဒဏ္ရရွိေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ ဒီတိုက္ခိုက္မႈဟာ KNPP အဖြဲ႕နဲ႔ PDF အမည္ခံအၾကမ္းဖက္သမားေတြက လုပ္တယ္လို႔ စစ္ေကာင္စီဖက္က စြပ္စြဲထားပါတယ္။ ၂၀၂၁ခုႏွစ္ စစ္အာဏာသိမ္းၿပီးကတည္းက ကယားျပည္နယ္ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ မတည္ၿငိမ္မႈေတြနဲ႔ စစ္ေရးတင္းမွာမႈေတြရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္

(unicode)

လွိုင်ကော်မြို့နယ်တွင်း စစ်ရေးတင်းမာမှုများ အရပ်သားတွေထိခိုက်သေဆုံး

လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်လို့ တဦးသေဆုံးပြီး အများအပြား ဒဏ်ရရှိတယ်လို့ ​ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီက ပြုလုပ်တဲ့ ကယားပြည်နယ်နေ့အခမ်းအနား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနားကို ဦးတည်ရာမဲ့ ပစ်ခတ်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြမှာပါ။

လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီလုပ်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားတိုက်ခိုက်ခံရပြီးတဲ့နောက်၊ စစ်ကောင်စီက အနီးအနားကို လက်နက်ကြီးတွေနဲ့ မနေ့က တညနေလုံး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ညနေ ၃နာရီလောက် လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ မနေ့ ၃နာရီလောက် လွိုင်လင်လေးရွာမှာ ကျတာကျ နေအိမ်ထဲကျတယ် မိသားစု ၃ယောက်ထိခိုက်သွားတယ်ဗျ၊ အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူး သုံးယောက်လုံး၊ မိန်းကလေနှစ်ယောက်တော့ ကျနော်တို့ ယမ်းဆထိမှန်လို့ ပေါက်တယ်၊ ယောကျာ်းလေတစ်ယောက်ကတော့ လက်မောင်းထိသွားတယ်ပေါ့ အပေါ်အသားတော့ ထွက်သွားတာ ဒါပေမယ့် လက်ဖြတ်ရမယ့် အနေအထားဘာညာတော့မရှိဘူးဗျ။”

လွိုင်လင်လေးကျေးရွာနားက ဝမ်းကုန်းရွာဘက်မှာ မနေ့က စစ်ရေးအခြေအနေတင်းမာမှုရှိခဲ့ပြီးနောက်၊ ဒီကနေ့မှာတော့ နေ့လည်ပိုင်းအချိန်အထိ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ခတ်မှု ငြိမ်သက်နေတယ်လို့လည်း ပြောပါတယ်။

လွိုင်လင်လေးကျေးရွာအနားတစ်ဝိုက်မှာ အရင်ကတည်းက တိုက်ပွဲတွေကြောင့် ရွာသူရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။ ဒေသတည်ငြိမ်လို့ ဒေသခံတချို့က နေရပ်ပြန်လာနေချိန်မှာ အခုလို ထပ်ပြီး စစ်ရေးတင်းမာမှုတွေကြုံနေရပါတယ်။

လွိုင်ကော်မြို့ မှာ စစ်ကောင်စီဖက်က ပြုလုပ်ကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကိုတော့ မနေ့ မနက်ပိုင်းလောက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ မြို့ခံတစ်ဦးက VOA ကို ပြောပါတယ်။

ပြည်နယ်နေ့အခမ်းအနားကျင်းပတဲ့ မြို့တော်ခန်းမမှာ ၂လုံးကျပြီး လူနေရပ်ကွက်မှာ ၂လုံးကျတယ်လို့ ဆိုပါတယ်။ မြို့တော်ခန်းမမှာ ၄ဦးထက်မနည်း ထိဒဏ်ရာရရှိပြီး ရပ်ကွက်ထဲကျတဲ့ အလုံးက အရပ်သားတဦးသေဆုံးသလို ထိခိုက်ဒဏ်ရရှိသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“မြို့တော်ခန်းမကို ၂လုံးကျတာရော ဒရုန်းနဲ့ လာကြဲတာထင်တယ် ကျနော်ထင်တာလေ။ ၂လုံးကျတော့ ဘုန်းကြီးကျောင်းဘေးမှာ တစ်လုံးကျတယ်၊ လူတစ်ယောက်သေသွားတာလေ အဖိုးကြီးတစ်ယောက် လက်နက်ကြီးမှန်ပြီးတော့။ ကျတာ ၂လုံးကျတာ တစ်လုံးက ကားဂိုဒေါင်ပေါ် ကားဂိုဒေါင် အဲ့လူနေရပ်ကွက်ထဲကို ၂လုံးကျတာ အဲ့ဒီလမ်းနဲ့ အခုသေသွားတဲ့လူရဲ့ လမ်းရယ် ဟိုဘက် ကျောဘက်ခြမ်းမှာ တစ်ယောက်လုံးထပ်ကျတယ်။ သူတို့ ဒီမှာစဖြစ်ပြီးတာနဲ့ ထုတော့တာ ပတ်ချာလည် တင့်ကားတွေနဲ့ တိုက်ပွဲဖြစ်တာတော့ မကြားဘူး လက်နက်ကြီးတော့ သူတို့ ထုတော့ထုတယ် တစ်နေ့ကုန်နီးနီးပဲ ထုသံကြားတယ်။”

ကယားပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်တဲ့ ပြည်နယ်ခန်းမနေရာကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတာကြောင့် တဦးသေဆုံးပြီး ကျောင်းသူကျောင်းသားအပါအဝင် အများအပြားဒဏ်ရရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ KNPP အဖွဲ့နဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေက လုပ်တယ်လို့ စစ်ကောင်စီဖက်က စွပ်စွဲထားပါတယ်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ကယားပြည်နယ် မြို့နယ်အတော်များများမှာ မတည်ငြိမ်မှုတွေနဲ့ စစ်ရေးတင်းမှာမှုတွေရှိနေတာပါ။

XS
SM
MD
LG