စစ္ကိုင္းတိုင္းေဒသႀကီး အရာေတာ္ၿမိဳ႕နဲ႔ ျမင္းမူၿမိဳ႕နယ္အစပ္က ေက်း႐ြာေတြမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲျဖစ္ပြားေနၿပီး စစ္ေကာင္စီက ေလေၾကာင္းကေနပါ တိုက္ခိုက္ခဲ့ပါတယ္။ ေနအိမ္ေတြမီးရႈိ႕ဖ်က္ဆီးခံရသလို ေဒသခံေတြလည္း ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ အရာေတာ္ၿမိဳ႕နယ္က တိုက္ပြဲသတင္းေပးပို႔ခ်က္ကို ကိုသားၫြန္႔ဦးက ေျပာျပပါမယ္။
စစ္ကိုင္းတိုင္းေဒသႀကီး အရာေတာ္ၿမိဳ႕နဲ႔ ျမင္းမူနယ္အစပ္ အရာေတာ္ၿမိဳ႕နယ္အပိုင္ထဲမွာပါဝင္တဲ့ မင္း႐ြာ ၊ ကန္ရင္း ၊ မလဲသာ ၊ ေညာင္ပင္ စတဲ့ေက်း႐ြာေတြကို စစ္ေကာင္စီက ေဖေဖာ္ဝါရီ ၂၁ ရက္ကစလို႔ နယ္ေျမရွင္းလင္းေရးေတြလုပ္ၿပီး စစ္ေရးလႈပ္ရွားေနတဲ့အတြက္ ေဒသခံကာကြယ္ေရး အဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားေနတာပါ။ ဒီကေန႔ ေဖေဖာ္ဝါရီ ၂၄ ရက္မွာေတာ့ စစ္တပ္ဘက္က မင္း႐ြာကေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔မွာ စစ္ေၾကာင္းခ်ီလာတဲ့ စစ္တပ္က ၂၂ ရက္မွာ မင္း႐ြာအေပၚ ေလေၾကာင္းကေနပါ ပစ္ခတ္ခဲ့ပါတယ္၊ ၂၃ ရက္မွာေတာ့ ကန္ရင္း ေက်း႐ြာကို ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္ဝင္ေရာက္ၿပီး အဲ့ဒီ႐ြာမွာပဲ တပ္စြဲေနတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက အခုလို ေျပာပါတယ္။
“၂၁ ရက္ေန႔ကစတယ္။ ၂၁ ရက္ေန႔က ေက်ာက္ေပ်ာက္ သခြပ္ပင္လယ္ရယ္ ႏြားမသင္းရယ္ကို စစ္ေၾကာင္းထိုးလာၿပီး ကြၽန္ေတာ္တို႔က ပစ္လိုက္တဲ့အခ်ိန္မွာ အရာရွိတေယာက္အပါ ၉ ေယာက္ က်သြားတယ္။ အခုမင္း႐ြာ တ႐ြာလုံးကိုက မီးရႈိ႕တာ ကုန္သေလာက္ျဖစ္သြားၿပီ ႏြားမသင္း႐ြာကလည္း ရႈိ႕ခဲ့တယ္။ ကုန္သေလာက္ျဖစ္ေနၿပီ မေန႔ကကတည္းက ရႈိ႕ေနတာ။ မေန႔က ရဟတ္ယာဥ္ေတြ ဝဲတယ္ေပါ့ေနာ္။ ကန္ရင္း႐ြာကို ရဟတ္ယာဥ္ ၄ စီးနဲ႔ လူခ်သြားၿပီးေတာ့ Mi နဲ႔ပစ္တယ္။ ပစ္တဲ့အခ်ိန္မွာ အရပ္သား ထိခိုက္မႈရွိတယ္လို႔လည္း ေျပာတယ္။ ထိေတြ႕တိုက္ပြဲေတြက အခုခ်ိန္ထိ ျဖစ္ေနတုန္းပဲမၿပီးေသးဘူး။”
တိုက္ပြဲျပင္းထန္တဲ့အတြက္ စစ္ေကာင္စီဘက္ကလည္း အက်အဆုံးရွိခဲ့သလို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္ကလည္း အက်အဆုံးေတြ ရွိတယ္လို႔သိရပါတယ္။ က်ဆုံးတဲ့အရည္အတြက္ကို ဗြီအိုေအက သီးျခား အတည္မျပဳႏိုင္ေသးသလို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ တိုက္ပြဲေတြျပင္းထန္တဲ့အတြက္ အရပ္သားေတြဟာ ေဘးလြတ္ရာေနရာေတြကို တိမ္းေရွာင္ေနရသလို ပိတ္မိေနတဲ့ ေဒသခံေတြရွိတယ္လို႔လည္း ေဒသခံတဦးကအခုလို ေျပာျပပါတယ္။
“ေဒသခံေတြကေတာ့ မလဲသာ၊ ကန္ရင္း၊ ေညာင္ပင္ အဲ့ ၃ ႐ြာက ေဒသခံေတြက ေလယာဥ္နဲ႔ပစ္တာဆိုေတာ့ ႐ုတ္တရက္ဆိုေတာ့ ဘာမွကို ယူခ်ိန္မရလိုက္ဘူးေလ။ အသက္ပဲလြတ္ေအာင္ေျပးရတာဆိုေတာ့ အားလုံးက ေတာေတြထဲမွာ တဲမ်ိဳးစုံနဲ႔ေပါ့။ ကန္ရင္းေညာင္ပင္က ျပည္သူေတြ အမ်ားႀကီး ပိတ္မိေနၿပီး ဓားစာခံအေနနဲ႔ ဖမ္းခံထားရတယ္။ မလဲသာမွာလည္း တပ္စြဲထားတယ္။ မင္း႐ြာမွာလည္း တပ္စြဲထားတယ္။ စစ္ေၾကာင္းက ၂ ေၾကာင္းထိုးတာ။ မင္း႐ြာမွာထိုးတဲ့စစ္ေၾကာင္းက အရာေတာ္ကေန ေျခက်င္လာတဲ့စစ္ေၾကာင္းေပ့ါ။ မလဲသာမွာ ရွိတဲ့စစ္ေၾကာင္းက ေလယာဥ္၊ ဟတ္စကီးနဲ႔ ေခါက္တုန႔္ေခါက္ျပန္ ေလယာဥ္နဲ႔ပဲ ခ်သြားတဲ့ စစ္ေၾကာင္းေပါ့။
အရာေတာ္နယ္အစပ္မွာ စစ္တပ္က အင္အားအမ်ားအျပားနဲ႔ နယ္ေျမရွင္းလင္းေရးေတြ ေဆာင္႐ြက္ေနသလို၊ အရာေတာ္ၿမိဳ႕နယ္ကိုလည္း ေဖေဖာ္ဝါရီ ၂၂ ရက္က စစ္အုပ္ခ်ဳပ္ေရးေၾကျငာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ စစ္အုပ္ခ်ဳပ္ေရးေၾကညာခံထားရတဲ့ ၿမိဳ႕နယ္က ၄၇ ၿမိဳ႕နယ္အထိ ရွိေနပါၿပီ။ ျမန္မာႏိုင္ငံမွာ ၿမိဳ႕နယ္ေပါင္း ၃၃၀ ရွိတဲ့အနက္ အျပည့္အ၀ ထိန္းခ်ဳပ္ႏိုင္တဲ့ ၿမိဳ႕နယ္ ၁၉၈ ၿမိဳ႕နယ္သာရွိၿပီး က်န္တဲ့ ၿမိဳ႕ေပါင္း ၁၃၂ ၿမိဳ႕နယ္ကို လုံၿခဳံေရးတိုးျမႇင့္လုပ္ေဆာင္ရဖို႔ရွိတယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္က ဝန္ခံေျပာၾကားထားပါတယ္။
[Unicode]
အရာတော်မြို့နယ်ထဲကတိုက်ပွဲမှာ လေကြောင်းကနေပါပစ်ခတ်
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နဲ့ မြင်းမူမြို့နယ်အစပ်က ကျေးရွာတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေပါ တိုက်ခိုက်ခဲ့ပါတယ်။ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရသလို ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အရာတော်မြို့နယ်က တိုက်ပွဲသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက ပြောပြပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နဲ့ မြင်းမူနယ်အစပ် အရာတော်မြို့နယ်အပိုင်ထဲမှာပါဝင်တဲ့ မင်းရွာ ၊ ကန်ရင်း ၊ မလဲသာ ၊ ညောင်ပင် စတဲ့ကျေးရွာတွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး စစ်ရေးလှုပ်ရှားနေတဲ့အတွက် ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ စစ်တပ်ဘက်က မင်းရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ စစ်ကြောင်းချီလာတဲ့ စစ်တပ်က ၂၂ ရက်မှာ မင်းရွာအပေါ် လေကြောင်းကနေပါ ပစ်ခတ်ခဲ့ပါတယ်၊ ၂၃ ရက်မှာတော့ ကန်ရင်း ကျေးရွာကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး အဲ့ဒီရွာမှာပဲ တပ်စွဲနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။
“၂၁ ရက်နေ့ကစတယ်။ ၂၁ ရက်နေ့က ကျောက်ပျောက် သခွပ်ပင်လယ်ရယ် နွားမသင်းရယ်ကို စစ်ကြောင်းထိုးလာပြီး ကျွန်တော်တို့က ပစ်လိုက်တဲ့အချိန်မှာ အရာရှိတယောက်အပါ ၉ ယောက် ကျသွားတယ်။ အခုမင်းရွာ တရွာလုံးကိုက မီးရှို့တာ ကုန်သလောက်ဖြစ်သွားပြီ နွားမသင်းရွာကလည်း ရှို့ခဲ့တယ်။ ကုန်သလောက်ဖြစ်နေပြီ မနေ့က ကတည်းက ရှို့နေတာ။ မနေ့က ရဟတ်ယာဉ်တွေ ဝဲတယ်ပေါ့နော်။ ကန်ရင်းရွာကို ရဟတ်ယာဉ် ၄ စီးနဲ့ လူချသွားပြီးတော့ Mi နဲ့ပစ်တယ်။ ပစ်တဲ့အချိန်မှာ အရပ်သား ထိခိုက်မှုရှိတယ်လို့လည်း ပြောတယ်။ ထိတွေ့တိုက်ပွဲတွေက အခုချိန်ထိ ဖြစ်နေတုန်းပဲမပြီးသေးဘူး။”
တိုက်ပွဲပြင်းထန်တဲ့အတွက် စစ်ကောင်စီဘက်ကလည်း အကျအဆုံးရှိခဲ့သလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း အကျအဆုံးတွေ ရှိတယ်လို့သိရပါတယ်။ ကျဆုံးတဲ့အရည်အတွက်ကို ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ တိုက်ပွဲတွေပြင်းထန်တဲ့အတွက် အရပ်သားတွေဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေရသလို ပိတ်မိနေတဲ့ ဒေသခံတွေရှိတယ်လို့လည်း ဒေသခံတဦးကအခုလို ပြောပြပါတယ်။
“ဒေသခံတွေကတော့ မလဲသာ၊ ကန်ရင်း၊ ညောင်ပင် အဲ့ ၃ ရွာက ဒေသခံတွေက လေယာဉ်နဲ့ပစ်တာဆိုတော့ ရုတ်တရက်ဆိုတော့ ဘာမှကို ယူချိန်မရလိုက်ဘူးလေ။ အသက်ပဲလွတ်အောင်ပြေးရတာဆိုတော့ အားလုံးက တောတွေထဲမှာ တဲမျိုးစုံနဲ့ပေါ့။ ကန်ရင်းညောင်ပင်က ပြည်သူတွေ အများကြီး ပိတ်မိနေပြီး ဓားစာခံအနေနဲ့ ဖမ်းခံထားရတယ်။ မလဲသာမှာလည်း တပ်စွဲထားတယ်။ မင်းရွာမှာလည်း တပ်စွဲထားတယ်။ စစ်ကြောင်းက ၂ ကြောင်းထိုးတာ။ မင်းရွာမှာထိုးတဲ့စစ်ကြောင်းက အရာတော်ကနေ ခြေကျင်လာတဲ့စစ်ကြောင်းပေ့ါ။ မလဲသာမှာ ရှိတဲ့စစ်ကြောင်းက လေယာဉ် ဟတ်စကီးနဲ့ ခေါက်တုန့်ခေါက်ပြန် လေယာဉ်နဲ့ပဲ ချသွားတဲ့ စစ်ကြောင်းပေါ့။
အရာတော်နယ်အစပ်မှာ စစ်တပ်က အင်အားအများအပြားနဲ့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေသလို၊ အရာတော်မြို့နယ်ကိုလည်း ဖေဖော်ဝါရီ ၂၂ ရက်က စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်က ၄၇ မြို့နယ်အထိ ရှိနေပါပြီ။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့ မြို့နယ် ၁၉၈ မြို့နယ်သာရှိပြီး ကျန်တဲ့ မြို့ပေါင်း ၁၃၂ မြို့နယ်ကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရဖို့ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ခံပြောကြားထားပါတယ်။