သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုေလာမွာ တိုက္ပြဲရက္ဆက္ျဖစ္ 


PDF ေတာင္ပိုင္းတို္င္းစစ္ဌာနခ်ဳပ္ သင္တန္းဆင္းပြဲ အခမ္းအနား။ (ဓာတ္ပုံ - Screenshot from CRPH Facebook)

တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ရီလ ၇ ရက္ေန႔က စၿပီး ဒီေန႔အထိ ရက္ဆက္ တိုက္ပြဲျဖစ္ပြားေနပါတယ္။ စစ္ေကာင္စီဖက္က ပုေလာၿမိဳ႕နယ္ တိုေက်း႐ြာ ျမေဒါင္ေက်း႐ြာဘက္ကို စစ္ေၾကာင္းဆင္ စစ္ေရးလႈပ္ရွားရာကေန ႏွစ္ဖက္တိုက္ပြဲစတင္ခဲ့တာလို႔ ပုေလာ PDF နဲ႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။ တိုက္ပြဲေၾကာင့္ ေဒသခံေတြလည္း ေနရပ္စြန႔္ခြာေျပးၾကရပါတယ္။ ပုေလာတိုက္ပြဲသတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က ဆက္ေျပာျပပါလိမ့္မယ္။

တနသၤာရီတိုင္း ပုေလာၿမိဳ႕နယ္မွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီအၾကား ၿပီးခဲ့တဲ့ ေဖေဖာ္ရီလ ၇ ရက္ေန႔ကေန စၿပီး ဒီေန႔အထိ ၄ ရက္ ဆက္တိုက္ တိုက္ပြဲျဖစ္ပြားေနပါတယ္။

ေဖေဖာ္ရီလ ၇ ရက္က ပုေလာၿမိဳ႕နယ္ထဲက တိုေက်း႐ြာမွာ တိုက္ပြဲစတင္ၿပီး၊ ေနာက္ရက္မွာ ျမေဒါင္ေက်း႐ြာမွာ တိုက္ပြဲထပ္ျဖစ္ပါတယ္။ ဒီေန႔ကေတာ့ ထမင္းမစားေက်း႐ြာမွာ ထိေတြ႕တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ သတင္းျပန္ၾကားေရးက VOA ကို ေျပာပါတယ္။

“ေနာက္တစ္ေန႔က်ေတာ့ ဒီကတခါ ကိုယ့္လူေတြက ျမေဒါင္ဘက္ကို တခါဆင္းတာ အဲ့ျမေဒါင္မွာရွိတဲ့ စစ္ေကာင္စီေတြကို ဒီဘက္ကေနသြားၿပီးေတာ့ ပစ္မယ္ဆိုၿပီးသြားတာ အဲ့သြားတဲ့အခါ ဟိုဘက္ကေနၿပီးေတာ့ သူတို႔ကလည္း နည္းနည္းအကင္းပါးသြားၿပီးေတာ့ ျမေဒါင္ဘက္ လပ္ကူးဘက္ အဲ့တိုတို႔ ပလတို႔ သူတို႔ ကင္းပုန္းေတြဝတ္ထားတာေနမွာ၊ ေနာက္ၿပီးေတာ့ သူတို႔က လက္နက္ႀကီးနဲ႔ ခ်တာကို အဲ့ 40 နဲ႔ သူတို႔ 79 ေတြနဲ႔ ပစ္တဲ့အခါက်ေတာ့ ဒီဘက္ ၁၃ေယာက္ေတာင္ ထိသြားတာ ဒဏ္ရာရသြားတာေပါ့ အစ္မတို႔ဘက္ကေလ။ အခုဒီေန႔ တခါ ထမင္းမစားဘက္မွာ PDF ရဲေဘာေတြနဲ႔ တခါ တိုက္ပြဲျဖစ္တယ္ ထိေတြ႕မႈျဖစ္တယ္ အခု ဒီမနက္ သူတို႔ဘက္ကလည္း အထိနားသြားတယ္၊ ဒီဘက္ကက်ေတာ့ ၃ေယာက္မွာ ၂ေယာက္က နည္းနည္းဒဏ္ရာျပင္းထန္ရတယ္။”

တိုက္ပြဲအတြင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဘက္ အထိအခိုက္ရွိသလို စစ္ေကာင္စီဘက္ကလည္း စစ္ေၾကာင္းဆင္သြားလာတဲ့ လမ္းမွာ မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရလို႔ ၁၀ ဦးထက္ မနည္း အထိအခိုက္ရွိတယ္လို႔ ဆိုပါတယ္။ ဒီ ကိန္းဂဏန္းကိုေတာ့ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

ပုေလာၿမိဳ႕နယ္ထဲက တိုက္ပြဲေတြျဖစ္ခဲ့တဲ့ေနရာေတြကို စစ္ေကာင္စီက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနသလို၊ အနီးအနား ေက်း႐ြာေတြကိုလည္း ဝင္ေရာက္ၿပီး ေဒသခံေတြကို စစ္ေဆးဖမ္းဆီးမႈေတြလုပ္ေနတယ္လို႔ ပုေလာ ကာကြယ္ေရးတပ္က ေျပာပါတယ္။ တကယ္ေတာ့ ပုေလာၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့လအနည္းငယ္ကတည္းက စစ္ေကာင္စီတပ္ေတြနဲ႔ ပုေလာေဒသကာကြယ္ေရးအဖြဲ႕အၾကား ႀကိဳၾကားႀကိဳၾကား တိုက္ပြဲေတြရွိေနခဲ့တာပါ။ ဒါေၾကာင့္လည္း ေက်း႐ြာတခ်ိဳ႕က ေဒသခံေတြအဖို႔ စစ္မက္လြတ္ရာကို တိမ္းေရွာင္ေနၾကရပါတယ္။ တိုေက်း႐ြာေဒသခံတဦးကေတာ့ သူတို႔အေနနဲ႔ ေနရပ္စြန႔္ခြာေရွာင္တိမ္းေနရတာ သုံးလနီးပါးရွိလာၿပီလို႔ ေျပာပါတယ္။

သူေျပာသြားတာကေတာ့ စစ္ေဘးေရွာင္ေနရတာ ၂ လ ၃ လဝန္းက်င္ရွိသြားၿပီ။ ခုထိ တိုက္ပြဲေတြျဖစ္ေနဆဲပဲ။ တလတႀကိမ္၊ တပါတ္တႀကိမ္ တိုက္ပြဲေတြ ျဖစ္တယ္။ လက္နက္ႀကီးနဲ႔ကေတာ့ ေန႔တိုင္းလိုပဲ ပစ္ေနၾကတယ္။ ႐ြာထဲမွာေနရင္ စစ္သားေတြလာလို႔ေတ့ြတဲ့အခါ ဆြဲမယ္ ေခၚမယ္ ေရွ႕ကသြားခိုင္းမယ္။ အဲဒါေၾကာင့္ ပိုေၾကာက္ရတာ။ စစ္သားေတြလာရင္လည္း ႐ြာေတြဘက္ လက္နက္ႀကီးနဲ႔ ပစ္တယ္။ သူတို႔ စစ္ေၾကာင္း ျဖတ္သြား ျဖတ္လာဆိုလည္း ႐ြာထဲကလူေတြကို ေတြ႕ရင္ ေတြ႕သလိုပစ္တယ္ အဲဒါေၾကာင့္ ႐ြာေတြထဲ မေနရဲၾကဘူးလို႔ ေျပာသြားတာျဖစ္ပါတယ္။

“ပုေလာ၊ ၂ လ ၃ လ ဝန္းက်င္ရွိသြားၿပီး စစ္ေရွာင္ေနၾကတာ၊ ခုထက္ထိေတာ့(တိုက္ပြဲ)ျဖစ္ ဆဲပဲ ျဖစ္ဆဲပဲဆို တစ္လတစ္ႀကိမ္ တစ္ပတ္တစ္ႀကိမ္ တခါတေလအဲ့လိုမ်ိဳး(တိုက္ပြဲ)ေတြျဖစ္၊ မၾကာမၾကာ လက္နက္ႀကီးကေတာ့ ေန႔တိုင္းလိုလိုပဲ ပစ္ေနၾကတာ၊ ၿပီးေတာ့ ႐ြာထဲမွာေနရင္ စစ္သားေတြလာရင္ ဆြဲမယ္ ေခၚမယ္ အေရွ႕ကသြားခိုင္းမယ္ အဲ့ဒါေတြေၾကာင့္ ပိုၿပီးေတာ့ ေၾကာက္ေနတာ၊ စစ္သားလာရင္လည္း အဲ့ဒီထဲကို လက္နက္ႀကီးနဲ႔ထုထည့္တယ္၊ သူတို႔လာရင္ ျဖတ္သြားျဖတ္လာဆိုလည္း ႐ြာထဲကလူေတြကို ေတြ႕ရင္ ေတြ႕သလိုပစ္တယ္ အဲ့ဒါေၾကာင့္ေနမရဘူး အဲ့ဒါေၾကာင့္ မျပန္ရဲဘူး။”

သကၤန္းေတာ႐ြာခံတစ္ဦးကေတာ့ ၿပီးခဲ့တဲ့ လတုန္းက ေက်း႐ြာအနီး တိုက္ပြဲျဖစ္ၿပီးေနာက္ စစ္ေကာင္စီတပ္ေတြ ႐ြာထဲ ဝင္လာၿပီး ေနအိမ္ရႈိ႕ဖ်က္ဆီးတာခံခဲ့ရတယ္လို႔ ေျပာပါတယ္။

သူေျပာသြားတာကေတာ့

“ဒီမွာလည္း အဲ့လိုပဲ တိုက္ပြဲေတြေၾကာင့္ ႐ြာထဲကို ဘယ္သူ႔မွ မေနရဲဘူး အဲ့ဒါေၾကာင့္၊ ညီမေလးတို႔ဆို အိမ္မရွိေတာ့ဘူး မီးရႈိ႕လို႔ကုန္ၿပီ။ လယ္ကြင္းထဲမွာ တဲေလးေတြေဆာက္ၿပီး ေရွာင္ေနရတာ။ မၾကာမၾကာ အၿမဲျဖစ္ေနတာ အဲ့ဒီတိုက္ပြဲက တို႔႐ြာမွာျဖစ္လိုက္ အို… ျမေဒါင္မွာျဖစ္လိုက္ သာရွင္းမွာျဖစ္လိုက္ ေနရာအႏွံ႔ ပုေလာမွာလည္း ျဖစ္ေနတာပဲလို႔ ေျပာသြားတာျဖစ္ပါတယ္။

ပုေလာၿမိဳ႕နယ္တြင္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသကာကြယ္ေရးအဖြဲ႕ေတြ မၾကာမၾကာတိုက္ပြဲျဖစ္ေနတဲ့ေနာက္၊ အခု လဆန္းပိုင္းမွာ စစ္ေကာင္စီက ပုေလာၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာခဲ့ပါတယ္။ အခုျဖစ္ေနတဲ့ပုေလာတိုက္ပြဲနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဖက္က ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။ တေန႔ကေတာ့ ခ်င္းျပည္နယ္ ထန္တလန္ရဲစခန္းကို ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ ဝင္ေရာက္စီးနင္းၿပီး တရက္အၾကာမွာ၊ ထန္တလန္ရဲစခန္း ဝင္ေရာက္စီးနင္းခံရၿပီး ရဲတပ္ဖြဲ႕ဝင္ေတြဟာ ေလေၾကာင္း ကုန္းေၾကာင္း စစ္ကူေတြရဲ႕ ပစ္ခတ္မႈ အကာအကြယ္ယူၿပီး ဆုတ္ခြာခဲ့ရတယ္လို႔ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ပုေလာမွာ တိုက္ပြဲရက္ဆက္ျဖစ္
please wait

No media source currently available

0:00 0:04:14 0:00
တိုက္႐ိုက္ လင့္ခ္

{Unicode}

ပုလောမှာ တိုက်ပွဲရက်ဆက်ဖြစ်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ရီလ ၇ ရက်နေ့က စပြီး ဒီနေ့အထိ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ စစ်ကောင်စီဖက်က ပုလောမြို့နယ် တိုကျေးရွာ မြဒေါင်ကျေးရွာဘက်ကို စစ်ကြောင်းဆင် စစ်ရေးလှုပ်ရှားရာကနေ နှစ်ဖက်တိုက်ပွဲစတင်ခဲ့တာလို့ ပုလော PDF နဲ့ ဒေသခံတွေက VOA ကို ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေလည်း နေရပ်စွန့်ခွာပြေးကြရပါတယ်။ ပုလောတိုက်ပွဲသတင်းပေးပို့ချက်ကို မစုမြတ်မွန်က ဆက်ပြောပြပါလိမ့်မယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား ပြီးခဲ့တဲ့ ဖေဖော်ရီလ ၇ ရက်နေ့ကနေ စပြီး ဒီနေ့အထိ ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဖေဖော်ရီလ ၇ ရက်က ပုလောမြို့နယ်ထဲက တိုကျေးရွာမှာ တိုက်ပွဲစတင်ပြီး၊ နောက်ရက်မှာ မြဒေါင်ကျေးရွာမှာ တိုက်ပွဲထပ်ဖြစ်ပါတယ်။ ဒီနေ့ကတော့ ထမင်းမစားကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ် သတင်းပြန်ကြားရေးက VOA ကို ပြောပါတယ်။

“နောက်တစ်နေ့ကျတော့ ဒီကတခါ ကိုယ့်လူတွေက မြဒေါင်ဘက်ကို တခါဆင်းတာ အဲ့မြဒေါင်မှာရှိတဲ့ စစ်ကောင်စီတွေကို ဒီဘက်ကနေသွားပြီးတော့ ပစ်မယ်ဆိုပြီးသွားတာ အဲ့သွားတဲ့အခါ ဟိုဘက်ကနေပြီးတော့ သူတို့ကလည်း နည်းနည်းအကင်းပါးသွားပြီးတော့ မြဒေါင်ဘက် လပ်ကူးဘက် အဲ့တိုတို့ ပလတို့ သူတို့ ကင်းပုန်းတွေဝတ်ထားတာနေမှာ၊ နောက်ပြီးတော့ သူတို့က လက်နက်ကြီးနဲ့ ချတာကို အဲ့ 40 နဲ့ သူတို့ 79 တွေနဲ့ ပစ်တဲ့အခါကျတော့ ဒီဘက် ၁၃ယောက်တောင် ထိသွားတာ ဒဏ်ရာရသွားတာပေါ့ အစ်မတို့ဘက်ကလေ။ အခုဒီနေ့ တခါ ထမင်းမစားဘက်မှာ PDF ရဲဘောတွေနဲ့ တခါ တိုက်ပွဲဖြစ်တယ် ထိတွေ့မှုဖြစ်တယ် အခု ဒီမနက် သူတို့ဘက်ကလည်း အထိနားသွားတယ်၊ ဒီဘက်ကကျတော့ ၃ယောက်မှာ ၂ယောက်က နည်းနည်းဒဏ်ရာပြင်းထန်ရတယ်။”

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက် အထိအခိုက်ရှိသလို စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းဆင်သွားလာတဲ့ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ ၁၀ ဦးထက် မနည်း အထိအခိုက်ရှိတယ်လို့ ဆိုပါတယ်။ ဒီ ကိန်းဂဏန်းကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပုလောမြို့နယ်ထဲက တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို၊ အနီးအနား ကျေးရွာတွေကိုလည်း ဝင်ရောက်ပြီး ဒေသခံတွေကို စစ်ဆေးဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ပုလော ကာကွယ်ရေးတပ်က ပြောပါတယ်။ တကယ်တော့ ပုလောမြို့နယ်ထဲမှာ ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက စစ်ကောင်စီတပ်တွေနဲ့ ပုလောဒေသကာကွယ်ရေးအဖွဲ့အကြား ကြိုကြားကြိုကြား တိုက်ပွဲတွေရှိနေခဲ့တာပါ။ ဒါကြောင့်လည်း ကျေးရွာတချို့က ဒေသခံတွေအဖို့ စစ်မက်လွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ တိုကျေးရွာဒေသခံတဦးကတော့ သူတို့အနေနဲ့ နေရပ်စွန့်ခွာရှောင်တိမ်းနေရတာ သုံးလနီးပါးရှိလာပြီလို့ ပြောပါတယ်။

သူပြောသွားတာကတော့ စစ်ဘေးရှောင်နေရတာ ၂ လ ၃ လဝန်းကျင်ရှိသွားပြီ။ ခုထိ တိုက်ပွဲတွေဖြစ်နေဆဲပဲ။ တလတကြိမ်၊ တပါတ်တကြိမ် တိုက်ပွဲတွေ ဖြစ်တယ်။ လက်နက်ကြီးနဲ့ကတော့ နေ့တိုင်းလိုပဲ ပစ်နေကြတယ်။ ရွာထဲမှာနေရင် စစ်သားတွေလာလို့တေ့ွတဲ့အခါ ဆွဲမယ် ခေါ်မယ် ရှေ့ကသွားခိုင်းမယ်။ အဲဒါကြောင့် ပိုကြောက်ရတာ။ စစ်သားတွေလာရင်လည်း ရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်တယ်။ သူတို့ စစ်ကြောင်း ဖြတ်သွား ဖြတ်လာဆိုလည်း ရွာထဲကလူတွေကို တွေ့ရင် တွေ့သလိုပစ်တယ် အဲဒါကြောင့် ရွာတွေထဲ မနေရဲကြဘူးလို့ ပြောသွားတာဖြစ်ပါတယ်။

“ပုလော၊ ၂ လ ၃ လ ဝန်းကျင်ရှိသွားပြီး စစ်ရှောင်နေကြတာ၊ ခုထက်ထိတော့(တိုက်ပွဲ)ဖြစ် ဆဲပဲ ဖြစ်ဆဲပဲဆို တစ်လတစ်ကြိမ် တစ်ပတ်တစ်ကြိမ် တခါတလေအဲ့လိုမျိုး(တိုက်ပွဲ)တွေဖြစ်၊ မကြာမကြာ လက်နက်ကြီးကတော့ နေ့တိုင်းလိုလိုပဲ ပစ်နေကြတာ၊ ပြီးတော့ ရွာထဲမှာနေရင် စစ်သားတွေလာရင် ဆွဲမယ် ခေါ်မယ် အရှေ့ကသွားခိုင်းမယ် အဲ့ဒါတွေကြောင့် ပိုပြီးတော့ ကြောက်နေတာ၊ စစ်သားလာရင်လည်း အဲ့ဒီထဲကို လက်နက်ကြီးနဲ့ထုထည့်တယ်၊ သူတို့လာရင် ဖြတ်သွားဖြတ်လာဆိုလည်း ရွာထဲကလူတွေကို တွေ့ရင် တွေ့သလိုပစ်တယ် အဲ့ဒါကြောင့်နေမရဘူး အဲ့ဒါကြောင့် မပြန်ရဲဘူး။”

သင်္ကန်းတောရွာခံတစ်ဦးကတော့ ပြီးခဲ့တဲ့ လတုန်းက ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်လာပြီး နေအိမ်ရှို့ဖျက်ဆီးတာခံခဲ့ရတယ်လို့ ပြောပါတယ်။

သူပြောသွားတာကတော့

“ဒီမှာလည်း အဲ့လိုပဲ တိုက်ပွဲတွေကြောင့် ရွာထဲကို ဘယ်သူ့မှ မနေရဲဘူး အဲ့ဒါကြောင့်၊ ညီမလေးတို့ဆို အိမ်မရှိတော့ဘူး မီးရှို့လို့ကုန်ပြီ။ လယ်ကွင်းထဲမှာ တဲလေးတွေဆောက်ပြီး ရှောင်နေရတာ။ မကြာမကြာ အမြဲဖြစ်နေတာ အဲ့ဒီတိုက်ပွဲက တို့ရွာမှာဖြစ်လိုက် အို… မြဒေါင်မှာဖြစ်လိုက် သာရှင်းမှာဖြစ်လိုက် နေရာအနှံ့ ပုလောမှာလည်း ဖြစ်နေတာပဲလို့ ပြောသွားတာဖြစ်ပါတယ်။

ပုလောမြို့နယ်တွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ မကြာမကြာတိုက်ပွဲဖြစ်နေတဲ့နောက်၊ အခု လဆန်းပိုင်းမှာ စစ်ကောင်စီက ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အခုဖြစ်နေတဲ့ပုလောတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ တနေ့ကတော့ ချင်းပြည်နယ် ထန်တလန်ရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းပြီး တရက်အကြာမှာ၊ ထန်တလန်ရဲစခန်း ဝင်ရောက်စီးနင်းခံရပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ လေကြောင်း ကုန်းကြောင်း စစ်ကူတွေရဲ့ ပစ်ခတ်မှု အကာအကွယ်ယူပြီး ဆုတ်ခွာခဲ့ရတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG