သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရရွားမႈၾကံဳေနတဲ့ ေရရွင္ရြာက စစ္ေျပးဒုကၡသည္မ်ား 


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ေတာင္ပိုင္းက ေရရွင္ေက်းရြာနဲ႔ ပတ္ဝန္းက်င္ရြာမ်ား။ (MIMU)

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ ေရရွင္ေက်းရြာကေန ထြက္ေျပးေနၾကရတဲ့ စစ္ေျပးဒုကၡသည္ေတြ ေသာက္သံုးေရ အခက္အခဲနဲ႔ ၾကံဳေနၾကရပါတယ္။ ေရရွားမႈေၾကာင့္ ကေလးငယ္ေတြ၊ သက္ႀကီးရြယ္အိုေတြၾကား ဝမ္းပ်က္ဝမ္းေလ်ာနဲ႔ ေအာ့အန္တာေတြ ျဖစ္ေနၾကေပမယ့္ ေဆးဝါး အလံုအေလာက္ မရွိတဲ့ ျပႆနာေတြၾကံဳေနၾကပါတယ္။ ေရရွင္ရြာက စစ္ေျပးဒုကၡသည္ေတြရဲ႕ အေျခအေနအေၾကာင္း မခင္ျဖဴေထြးက ဆက္ၿပီးတင္ျပေပးပါမယ္။

ကေလးၿမိဳ႕ ေရရွင္႐ြာက စစ္ေျပးဒုကၡသည္ေတြဟာ ေႏြရာသီအခ်ိန္ ေရာက္ခါနီးေလ ေသာက္သုံးေရ အခက္အခဲ ျဖစ္လာၾကေလလို႔ ေဒသခံေတြကေျပာပါတယ္။ အလွဴရွင္ေတြရဲ႕ အကူအညီနဲ႔ ေရပိုက္ေတြဆက္သြယ္ၿပီး ေရရဖို႔ ႀကိဳးစားေနၾကေပမယ့္ ေနရာတခ်ိဳ႕ကေတာ့ ပိုက္မေလာက္ငွတာေၾကာင့္ ေရရွားပါးေနတယ္လို႔ ေဒသခံ စစ္ေရွာင္ေတြက ေျပာၾကပါတယ္။

"စစ္ေရွာင္ေတြက ဒီလို ကြၽန္ေတာ္တို႔ ေရွာင္ၾကတာက တစုတစည္းတည္း ေနၾကတာ မဟုတ္တဲ့ခါက်ေတာ့ ဟိုေနရာ အေယာက္ ၂၀ တစု၊ ဒီေနရာ အေယာက္ ၂၀ တစ္ခု တခ်ိဳ႕ေနရာေတြက်ေတာ့လည္း ၄၊၅၀ အဲ့လို ၇ ဖြဲ႕ ၈ ဖြဲ႕ေလာက္က ကြဲေနၾကတာဆိုေတာ့ အဲ့လိုမ်ိဳးေတြ ျဖစ္ေနတာ။ ေရက ေျပလည္သြားတာကေတာ့ ေနရာ အေတာ္မ်ားမ်ား ရသြားပါၿပီဗ်၊ မရေသးတာကေတာ့ တခ်ိဳ႕ေနရာေတြကေတာ့ ပိုက္ တစ္ေခြ ႏွစ္ေခြေလာာက္လိုတာမ်ိဳးက်ေတာ့ အဲ့လိုေနရာမ်ိဳးက ၃၊ ၄ ခုေလာက္ရွိေနတာဗ်။"

ဒီလို ေသာက္သုံးေရအခက္အခဲေတြေၾကာင့္ ကေလးေတြအပါအဝင္ လူႀကီးေတြပါ ဝမ္းပ်က္ဝမ္းေလ်ာနဲ႔ ေအာ့အန္တာေတြ ျဖစ္ေနၾကတယ္လို႔ စစ္ေရွာင္ေတြကို ကူညီေပးေနၾကသူေတြကလည္း ေျပာပါတယ္။ တစ္ႏွစ္သား ကေလးေတြကအစ လူႀကီးေတြအထိ အသက္အ႐ြယ္စုံ ဝမ္းပ်က္ ဝမ္းေလ်ာနဲ႔ ေအာ့အန္တာေတြ ျဖစ္ေနၾကၿပီး လက္ရွိမွာ ေဆးဝါး လုံေလာက္မႈလည္း မရွိဘူးလို႔ ကူညီေပးေနသူျဖစ္တဲ့ ဦးေမာင္စီုးက ဗီြအိုေအကို ခုလိုေျပာပါတယ္။

"ေရလိုအပ္တာေရာ၊ ေလာေလာဆယ္ကေတာ့ ကေလး‌ေရာ လူႀကီးေတြေရာ ဝမ္းပ်က္ဝမ္းေလ်ာေတြျဖစ္ေနၾကတာ အဲ့ဒါ ေဆးဝါးေလးေတြလည္း လိုအပ္တယ္ဗ်။ အမ်ားစုကေတာ့ ကေလးေလးေတြ အန္တာေတြ၊ ေလ်ာတာေတြ အခုလူေတြနည္းနည္း အသက္ အစိတ္ ၂၀ ေတြက အစ ျဖစ္ေနတာဗ်။ ေဆးဝါးကေတာ့ ကြၽန္ေတာ္တို႔ ဘယ္လိုဆိုတာကို စဥ္းစားလို႔ကို မရေတာ့ဘူးဗ်ာ။ ကြၽန္ေတာ္လည္း အဲ့ဒါေတြကို အထက္ကိုတင္ျပတယ္ ေတာင္းေတာ့ေတာင္းတယ္။ သူတို႔ဖက္ကလည္း ေဆးဝါးကို လုံလုံေလာက္ေလာက မေပးႏိုင္တဲ့ခါက်ေတာ့ ရဲေဘာ္ေတြ Medical ေတြဆီမွာလည္း ေဆးဝါးက လုံးဝမရွိျဖစ္ေနတာဗ်။ အဆင္ေျပသလိုေလးပဲ ၾကည့္ၾကည့္ၿပီး ဝယ္ၿပီးေတာ့မွ သုံးေနရတယ္ဗ်၊ မေန႔ကလည္း ကေလးတစ္ေယာက္က ေဆးကို ၇ ေသာင္းဖိုးပဲဝယ္ခဲ့တယ္ ပိုက္ဆံမရွိလို႔ဆိုေတာ့ အဲ့ေပါ့ကြာ ရွိတာေလးနဲ႔ပဲဝယ္ၿပီး သုံးၾကတာေပါ့လို႔ မေန႔ကလဲ ေျပာထားရတယ္ဗ်။"

ကေလးၿမိဳ႕နယ္ထဲက အိမ္ေျခ ၄၀၀ ဝန္းက်င္ရွိတဲ့ ေရရွင္႐ြာဟာ စစ္ေကာင္စီတပ္ေတြက ၂၀၂၁ ခုႏွစ္ ဇြန္လေလာက္ကတစ္ႀကိမ္၊ ၂၀၂၂ ဇန္နဝါရီလမွာ တစ္ႀကိမ္မီးရႈိ႕ခံခဲ့ရၿပီး တ႐ြာလုံး မီးေလာင္ကြၽမ္းခဲ့တာေၾကာင့္ ေတာထဲမွာ စစ္ေဘးေရွာင္ေနၾကရတာ ခုဆိုရင္ ၁ ႏွစ္ခြဲ တိတိ ရွိေနပါၿပီ။ ေရရွင္ေက်း႐ြာရဲ႕ပတ္ပတ္လည္မွာ စစ္ေကာင္စီတပ္စခန္းနဲ႔ ပ်ဴေစာထီးတပ္ဖြဲ႕စည္းထားတဲ့ေက်း႐ြာေတြရွိေနတာေၾကာင့္ ႐ြာထဲကို ျပန္မဝင္ႏိုင္ၾကတာျဖစ္တယ္လို႔ စစ္ေရွာင္ေတြကို ကူညီေပးေနသူက ေျပာပါတယ္။

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ စစ္ကိုင္းတိုင္းအတြင္း အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့ေက်း႐ြာေတြရွိသလို၊ စစ္ေကာင္စီကိုလိုလားတဲ့ ေက်း႐ြာတခ်ိဳ႕လည္းရွိေနၿပီး အဲဒီေက်း႐ြာေတြကို စစ္ေကာင္စီက ျပည္သူ႔စစ္အျဖစ္ လက္နက္တပ္ဆင္ေပးတာေတြလည္းရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ရေရှားမှုကြုံနေတဲ့ ရေရှင်ရွာက စစ်ပြေးဒုက္ခသည်များ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေရှင်ကျေးရွာကနေ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ သောက်သုံးရေ အခက်အခဲနဲ့ ကြုံနေကြရပါတယ်။ ရေရှားမှုကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကြား ဝမ်းပျက်ဝမ်းလျောနဲ့ အော့အန်တာတွေ ဖြစ်နေကြပေမယ့် ဆေးဝါး အလုံအလောက် မရှိတဲ့ ပြဿနာတွေကြုံနေကြပါတယ်။ ရေရှင်ရွာက စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေအကြောင်း မခင်ဖြူထွေးက ဆက်ပြီးတင်ပြပေးပါမယ်။

ကလေးမြို့ ရေရှင်ရွာက စစ်ပြေးဒုက္ခသည်တွေဟာ နွေရာသီအချိန် ရောက်ခါနီးလေ သောက်သုံးရေ အခက်အခဲ ဖြစ်လာကြလေလို့ ဒေသခံတွေကပြောပါတယ်။ အလှူရှင်တွေရဲ့ အကူအညီနဲ့ ရေပိုက်တွေဆက်သွယ်ပြီး ရေရဖို့ ကြိုးစားနေကြပေမယ့် နေရာတချို့ကတော့ ပိုက်မလောက်ငှတာကြောင့် ရေရှားပါးနေတယ်လို့ ဒေသခံ စစ်ရှောင်တွေက ပြောကြပါတယ်။

"စစ်ရှောင်တွေက ဒီလို ကျွန်တော်တို့ ရှောင်ကြတာက တစုတစည်းတည်း နေကြတာ မဟုတ်တဲ့ခါကျတော့ ဟိုနေရာ အယောက် ၂၀ တစု၊ ဒီနေရာ အယောက် ၂၀ တစ်ခု တချို့နေရာတွေကျတော့လည်း ၄၊၅၀ အဲ့လို ၇ ဖွဲ့ ၈ ဖွဲ့လောက်က ကွဲနေကြတာဆိုတော့ အဲ့လိုမျိုးတွေ ဖြစ်နေတာ။ ရေက ပြေလည်သွားတာကတော့ နေရာ အတော်များများ ရသွားပါပြီဗျ၊ မရသေးတာကတော့ တချို့နေရာတွေကတော့ ပိုက် တစ်ခွေ နှစ်ခွေလောာက်လိုတာမျိုးကျတော့ အဲ့လိုနေရာမျိုးက ၃၊ ၄ ခုလောက်ရှိနေတာဗျ။"

ဒီလို သောက်သုံးရေအခက်အခဲတွေကြောင့် ကလေးတွေအပါအဝင် လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျောနဲ့ အော့အန်တာတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေကြသူတွေကလည်း ပြောပါတယ်။ တစ်နှစ်သား ကလေးတွေကအစ လူကြီးတွေအထိ အသက်အရွယ်စုံ ဝမ်းပျက် ဝမ်းလျောနဲ့ အော့အန်တာတွေ ဖြစ်နေကြပြီး လက်ရှိမှာ ဆေးဝါး လုံလောက်မှုလည်း မရှိဘူးလို့ ကူညီပေးနေသူဖြစ်တဲ့ ဦးမောင်စီုးက ဗွီအိုအေကို ခုလိုပြောပါတယ်။

"ရေလိုအပ်တာရော၊ လောလောဆယ်ကတော့ ကလေး‌ရော လူကြီးတွေရော ဝမ်းပျက်ဝမ်းလျောတွေဖြစ်နေကြတာ အဲ့ဒါ ဆေးဝါးလေးတွေလည်း လိုအပ်တယ်ဗျ။ အများစုကတော့ ကလေးလေးတွေ အန်တာတွေ၊ လျောတာတွေ အခုလူတွေနည်းနည်း အသက် အစိတ် ၂၀ တွေက အစ ဖြစ်နေတာဗျ။ ဆေးဝါးကတော့ ကျွန်တော်တို့ ဘယ်လိုဆိုတာကို စဉ်းစားလို့ကို မရတော့ဘူးဗျာ။ ကျွန်တော်လည်း အဲ့ဒါတွေကို အထက်ကိုတင်ပြတယ် တောင်းတော့တောင်းတယ်။ သူတို့ဖက်ကလည်း ဆေးဝါးကို လုံလုံလောက်လောက မပေးနိုင်တဲ့ခါကျတော့ ရဲဘော်တွေ Medical တွေဆီမှာလည်း ဆေးဝါးက လုံးဝမရှိဖြစ်နေတာဗျ။ အဆင်ပြေသလိုလေးပဲ ကြည့်ကြည့်ပြီး ဝယ်ပြီးတော့မှ သုံးနေရတယ်ဗျ၊ မနေ့ကလည်း ကလေးတစ်ယောက်က ဆေးကို ၇ သောင်းဖိုးပဲဝယ်ခဲ့တယ် ပိုက်ဆံမရှိလို့ဆိုတော့ အဲ့ပေါ့ကွာ ရှိတာလေးနဲ့ပဲဝယ်ပြီး သုံးကြတာပေါ့လို့ မနေ့ကလဲ ပြောထားရတယ်ဗျ။"

ကလေးမြို့နယ်ထဲက အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ ရေရှင်ရွာဟာ စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ် ဇွန်လလောက်ကတစ်ကြိမ်၊ ၂၀၂၂ ဇန်နဝါရီလမှာ တစ်ကြိမ်မီးရှို့ခံခဲ့ရပြီး တရွာလုံး မီးလောင်ကျွမ်းခဲ့တာကြောင့် တောထဲမှာ စစ်ဘေးရှောင်နေကြရတာ ခုဆိုရင် ၁ နှစ်ခွဲ တိတိ ရှိနေပါပြီ။ ရေရှင်ကျေးရွာရဲ့ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစောထီးတပ်ဖွဲ့စည်းထားတဲ့ကျေးရွာတွေရှိနေတာကြောင့် ရွာထဲကို ပြန်မဝင်နိုင်ကြတာဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

XS
SM
MD
LG