သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဦးမြို့နယ်မှာ လက်နက်ကြီးထိမှန်မှုကြောင့် ရွာသား ၂ ဦးသေ


စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦး မြို့တွေမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးနေ။/ယခင်မှတ်တမ်းဓာတ်ပုံ (Photo: Citizen Journalist )
စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦး မြို့တွေမှာ စစ်တပ်က ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးနေ။/ယခင်မှတ်တမ်းဓာတ်ပုံ (Photo: Citizen Journalist )

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဇီးကန်ကျေးရွာကို လက်နက်ကြီးထိမှန်ခဲ့လို့ ရွာသား ၂ ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီပဲယင်းမြို့နယ်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ စစ်ကိုင်းတိုင်းအတွင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေတွေ ရန်ကုန်က ပေးပု့ိတဲ့သတင်းကိုတော့ ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ဇီးကန်ကျေးရွာကို ဖေဖော်ဝါရီ ၈ ရက်ညပိုင်းမှာ လက်နက်ကြီးကျရောက်ခဲ့ရာက ဒေသခံတချို့ ထိခိုက်သေကြေခဲ့ပါတယ်။ အမျိုးသမီး ၂ ဦး သေဆုံးပြီး နောက်ထပ် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ ရေဦး တိုင်းရင်းဆေးရုံမှာတပ်စွဲထားတဲ့ စစ်တပ်လက်ချက် ဖြစ်တယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ခံကပြောပါတယ်။

“ကျေးရွာထဲကို ၄ လုံးကျတာ ၂ လုံးကွဲတယ်။ ၂ လုံးမကွဲဘူး။ ကွဲတဲ့ ၂ လုံးက ၁ လုံးက သရက်ပင်ကိုမှန်ပြီးတော့ သရက်ပင်ကနေ ၃ ယောက်ထိတာမှာ ၁ ယောက်သေတယ်ပေါ့။ အမေသေတယ်။ ယောက်ကျားက ဒဏ်ရာနည်းနည်းရတယ်။ သားက စိုးရိမ်ရတယ်။ ၁ လုံးက အိမ်ကိုတည့်တည့်ကျတာ။ အဲ့တည့်တည့်ကျတာကတော့ အမျိုးသမီး ၁ ယောက်သေသွားတယ်။ အမျိုးသမီး ၂ ယောက်သေ၊ အမျိုးသား ၂ ယောက် ဒဏ်ရာရတာပေါ့။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နယ်မြေရှင်းလင်း စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ၃ ရက် ဆက်တိုက် ဇီးကန်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အခုလို ညဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ချိန်မှာတော့ တိုက်ပွဲမရှိဘဲမြန်မာစစ်တပ်ဘက်က ပစ်ခတ်ခဲ့တာဖြစ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့ပြင် ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင်လည်း မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေရှိနေပါတယ်။ မြန်မာစစ်တပ်ဘက်က ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းမှာ ပြောင်းပြာကျေးရွာနဲ့ မြို့ပေါ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာကနေတဆင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲစတင်ဖြစ်ပွားကြတာပါ။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မြောက်ယမား ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုခန့်က အခုလို ပြောပြပါတယ်။

“ယင်းမာပင်မြို့ရဲ့ အနောက်ဘက်ပေါ့နော်၊ အဲ့မှာ ၂ ဘက်ထိတွေ့တိုက်ပွဲဖြစ်နေတာ။ ဒီနေ့ညကနေစပြီး အခုချိန်ထိအောင် တိုက်ပွဲဖြစ်နေတာ။ ညနေလောက်က ယင်းမာပင်မြို့ရဲ့အနောက်ဘက်က ပြောင်းပြာ၊ မြို့ပေါ်ကိုလက်နက်ကြီးနဲ့ပစ်တယ်။ အဲ့မှာက အရပ်သား ပြည်သူတွေရဲ့နေအိမ်တွေ လက်နက်ကြီးစမှန်ပြီး ပျက်စီးသွားတဲ့ အနေအထားရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လောလောဆယ် အခုလက်ရှိ ၂ ဘက်တိုက်ပွဲဖြစ်တဲ့အခြေအနေကတော့ စစ်ကောင်စီဘက်က ကျနော်တို့ကို ရန်ပြုလာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်တာလို့ ပြောလို့ရတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့် ထိခိုက်မှုတွေ၊ ကျဆုံးမှုတွေ ဘာမှ ပြောလို့မရသေးဘူး။”

လတ်တလော တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

အခုနှစ် ၂၀၂၃ ခုနှစ်ထဲကစလို့ ယင်းမာပင်ခရိုင်ထဲမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး ယင်းမာပင်ခရိုင်ထဲမှာပါဝင်တဲ့ ပုလဲမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်ကစလို့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

=============

[Unicode]]











XS
SM
MD
LG