သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းအတြင္း စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြတိမ္းေရွာင္


Sagaing စစ္ကိုင္း / စစ္ကိုင္းတုိင္း

Zawgyi/Unicode

//Zawgyi//


စစ္ကိုင္းတိုင္းေဒသႀကီး ေရဦးၿမိဳ႕နယ္မွာ စစ္ေကာင္စီရဲ႕ ေလေၾကာင္းပစ္ခတ္မႈေၾကာင့္ အရပ္သားေဒသခံေတြ ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ပုလဲၿမိဳ႕နယ္မွာလည္း နယ္ေျမရွင္းလင္းေနတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ စစ္ေရးတင္းမာေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ စစ္ကိုင္းတိုင္း အေျခအေနေတြကို ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေရဦးၿမိဳ႕နယ္ စည္သာေျမ ေက်း႐ြာကို ဇူလိုင္ ၇ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အျပန္အလွန္တိုက္ပြဲျဖစ္ပြားတာမ်ိဳးမရွိဘဲ ဝင္ေရာက္ ပစ္ခတ္သြားတာလို႔ ေဒသခံေတြက ေျပာၾကပါတယ္။ ဒီလို ပစ္ခတ္တာေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ၾကရတယ္လို႔ ေရဦး ေဒသခံတဦးက ေျပာပါတယ္။

“လာတာကေတာ့ ဖိုက္တာ ၂ စင္းနဲ႔ ဟတ္စကီး ၃ စီးနဲ႔လာၿပီးပစ္တာဟုတ္တယ္။ ေရဦးရဲ႕အေနာက္ဖက္မွာ။ တိုက္ပြဲရွိလို႔ေတာ့မဟုတ္ဘူး။ အသားလြတ္ဝင္ပစ္ခံရတာ။ ေလယာဥ္ေတြနဲ႔လာၿပီးေတာ့ အလြတ္ဝင္ပစ္သြားတာ။ ဖိုက္တာ ၂ စီးနဲ႔ ဟတ္စကီး ၃ စီးနဲ႔ လာတာ။ ၅ စီးလုံး တခါတည္း တန္းလာတာမဟုတ္ဘူး။ ဖိုက္တာ ၁ စီးက ေရဦးရဲ႕ အေနာက္ဖက္ကေန ေျမာက္ကိုသြား သြားၿပီးၿပီဆိုမွ ျပန္ပတ္ၿပီး အေရွ႕ကို ျပန္လွည့္ၿပီး ပစ္သြားတာ။ အဲ့ေလယာဥ္ဝဲေနတဲ့အခ်ိန္ တုန္းက အဖြဲ႕ေတြေကာ ႐ြာသားေတြ ေတာ္ေတာ္မ်ားမ်ားေကာ ထြက္ေျပးရတယ္။”

ေလေၾကာင္းကေန ပစ္ခတ္တာနဲ႔ ပတ္သက္လို႔ ဖုန္းအဆက္အသြယ္ေတြ ျပတ္ေတာက္ေနတဲ့အတြက္ ေသဆုံးဒဏ္ရာရတဲ့ အေျခအေနကို မသိရွိရေသးဘူးလို႔လည္း ေဒသခံေတြကေျပာပါတယ္။ ေလေၾကာင္းက ပစ္ခတ္တာနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီက သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

ဇူလိုင္ ၆ ရက္နဲ႔ ၇ ရက္မွာ တိုက္ပြဲေတြ ၂ ရက္ဆက္တိုက္ ျဖစ္ပြားၿပီး စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ စစ္ေရးတင္းမာေနတဲ့ ပုလဲၿမိဳ႕နယ္ထဲမွာဆိုရင္လည္း ဇူလိုင္ ၈ ရက္မွာ ပုလဲၿမိဳ႕ကေန ထြက္ခြါလာတဲ့ စစ္ေကာင္စီယာဥ္တန္းေတြ မိုင္းဆြဲတိုက္ခိုက္ခံရတယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြဘက္က ေျပာပါတယ္။

စစ္ေကာင္စီဘက္က အေသအေပ်ာက္ရွိတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက အခုလို ေျပာပါတယ္။
“မနက္ခင္း ၆ နာရီေလာက္ကတည္းက အကုန္စုံၿပီးေတာ့ ေျဖးေျဖးခ်င္းလမ္းေၾကာင္းခြဲၿပီး သူတို႔ထြက္လာတဲ့အခါမွာ ကံေပါက္(႐ြာ) ဘက္ကို ဦးတည္လာတဲ့အခါမွာ ကြၽန္ေတာ္တို႔က မိုင္းႀကိဳတင္စီစဥ္ထားခဲ့တယ္။ ကံႀကီးနဲ႔ဖိုကုန္းၾကား(အေရာက္) မွာ မိုင္းဆြဲလိုက္တာ မိုင္းႀကိဳတင္စီစဥ္ထားတဲ့ မိုင္းကြင္းထဲကို သူတို႔ေရာက္လာတဲ့အတြက္ မိုင္း ၂ လုံးဆြဲလိုက္တာ စစ္ေကာင္စီ ဘက္က ၁၅ ေယာက္ က်ရႈံးပါတယ္။ မိုင္းပဲဆြဲခဲ့တယ္ အျပန္အလွန္ ပစ္ခတ္လို႔ မရခဲ့ဘူး။ သူတို႔ဘက္ကေတာ့ ပစ္တယ္။ ကြၽန္ေတာ္တို႔က မိုင္းဆြဲၿပီးေတာ့ပဲ ေျပးခဲ့တယ္ခင္ဗ်။ မိုင္းဆြဲၿပီးတဲ့အခ်ိန္မွာ အေရွ႕ဘက္မွာ ခ်န္ခဲ့တဲ့ ေညာင္ကုန္းရယ္ ကံႀကီးရယ္မွာေတာ့ လက္က်န္အဖြဲ႕ေတြက ေသနတ္ေတြနဲ႔ ပစ္ေဖာက္ေနပါတယ္။ ဖိုကုန္း ဘက္ကိုထိုးသြားၿပီ အဲ့မွာလည္း ေသနတ္ေတြ ပစ္ေဖာက္ေနတယ္။ အခုခ်ိန္ထိကေတာ့ သူတို႔ဘက္လည္း ဘာတခုမွ မလုပ္ေတာ့ဘဲ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖစ္ေနပါတယ္။”

စစ္ေကာင္စီဘက္က က်ရႈံးမႈေတြရွိတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ေျပာေပမယ့္ ေသဆုံးတာနဲ႔ပတ္သက္လို႔ေတာ့ သီးျခားအတည္မျပဳႏိုင္သလို စစ္ေကာင္စီကလည္း သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ ဇူလိုင္ ၇ ရက္ ၾကာသေတးေန႔ကလည္း ပုလဲၿမိဳ႕နယ္ မင္း႐ြာနဲ႔ ေမြ႕တုံ႐ြာကို စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ လုပ္ခဲ့ၿပီး ေနအိမ္ေတြ မီးရႈိ႕ခဲ့တဲ့အတြက္ ေက်း႐ြာ ၂ ႐ြာက ေနအိမ္ ၁၀၀ နီးပါး မီးေလာင္ကြၽမ္းခဲ့ၿပီး ေဒသခံ အရပ္သား ၂ ဦး မီးေလာင္ ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြေျပာပါတယ္။

စစ္ကိုင္းတိုင္းထဲက ယင္းမာပင္ၿမိဳ႕နယ္ထဲမွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြ ဆက္လုပ္ေနၿပီး ပ်ံက်ေက်း႐ြာကို မီးရႈိ႕ခဲ့တဲ့အတြက္ ေနအိမ္ ၂၇ လုံးမီးေလာင္ကြၽမ္းခဲ့ပါတယ္လို႔ ဆိုပါတယ္။ ဒီပဲယင္းၿမိဳ႕နယ္ထဲမွာ ေသာင္းနဲ႔ခ်ီတဲ့ေဒသခံေတြဟာ စစ္ေဘးတိမ္းေရွာင္ေနရၿပီး ေနရပ္မျပန္ႏိုင္ဘဲ အစားအေသာက္ ရိကၡာနဲ႔ ေဆးဝါးအကူအညီေတြ လိုအပ္ေနပါတယ္။ မိုဘိုင္းအင္တာနက္ေတြလည္း ျဖတ္ေတာက္ထားတဲ့အတြက္ အခက္အခဲေတြရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

//Unicode//


စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ပုလဲမြို့နယ်မှာလည်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ စစ်ကိုင်းတိုင်း အခြေအနေတွေကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စည်သာမြေ ကျေးရွာကို ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဝင်ရောက် ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီလို ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ရေဦး ဒေသခံတဦးက ပြောပါတယ်။

“လာတာကတော့ ဖိုက်တာ ၂ စင်းနဲ့ ဟတ်စကီး ၃ စီးနဲ့လာပြီးပစ်တာဟုတ်တယ်။ ရေဦးရဲ့အနောက်ဖက်မှာ။ တိုက်ပွဲရှိလို့တော့မဟုတ်ဘူး။ အသားလွတ်ဝင်ပစ်ခံရတာ။ လေယာဉ်တွေနဲ့လာပြီးတော့ အလွတ်ဝင်ပစ်သွားတာ။ ဖိုက်တာ ၂ စီးနဲ့ ဟတ်စကီး ၃ စီးနဲ့ လာတာ။ ၅ စီးလုံး တခါတည်း တန်းလာတာမဟုတ်ဘူး။ ဖိုက်တာ ၁ စီးက ရေဦးရဲ့ အနောက်ဖက်ကနေ မြောက်ကိုသွား သွားပြီးပြီဆိုမှ ပြန်ပတ်ပြီး အရှေ့ကို ပြန်လှည့်ပြီး ပစ်သွားတာ။ အဲ့လေယာဉ်ဝဲနေတဲ့အချိန် တုန်းက အဖွဲ့တွေကော ရွာသားတွေ တော်တော်များများကော ထွက်ပြေးရတယ်။”

လေကြောင်းကနေ ပစ်ခတ်တာနဲ့ ပတ်သက်လို့ ဖုန်းအဆက်အသွယ်တွေ ပြတ်တောက်နေတဲ့အတွက် သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို မသိရှိရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။ လေကြောင်းက ပစ်ခတ်တာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဇူလိုင် ၆ ရက်နဲ့ ၇ ရက်မှာ တိုက်ပွဲတွေ ၂ ရက်ဆက်တိုက် ဖြစ်ပွားပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့ ပုလဲမြို့နယ်ထဲမှာဆိုရင်လည်း ဇူလိုင် ၈ ရက်မှာ ပုလဲမြို့ကနေ ထွက်ခွါလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

စစ်ကောင်စီဘက်က အသေအပျောက်ရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။
“မနက်ခင်း ၆ နာရီလောက်ကတည်းက အကုန်စုံပြီးတော့ ဖြေးဖြေးချင်းလမ်းကြောင်းခွဲပြီး သူတို့ထွက်လာတဲ့အခါမှာ ကံပေါက်(ရွာ) ဘက်ကို ဦးတည်လာတဲ့အခါမှာ ကျွန်တော်တို့က မိုင်းကြိုတင်စီစဉ်ထားခဲ့တယ်။ ကံကြီးနဲ့ဖိုကုန်းကြား(အရောက်) မှာ မိုင်းဆွဲလိုက်တာ မိုင်းကြိုတင်စီစဉ်ထားတဲ့ မိုင်းကွင်းထဲကို သူတို့ရောက်လာတဲ့အတွက် မိုင်း ၂ လုံးဆွဲလိုက်တာ စစ်ကောင်စီ ဘက်က ၁၅ ယောက် ကျရှုံးပါတယ်။ မိုင်းပဲဆွဲခဲ့တယ် အပြန်အလှန် ပစ်ခတ်လို့ မရခဲ့ဘူး။ သူတို့ဘက်ကတော့ ပစ်တယ်။ ကျွန်တော်တို့က မိုင်းဆွဲပြီးတော့ပဲ ပြေးခဲ့တယ်ခင်ဗျ။ မိုင်းဆွဲပြီးတဲ့အချိန်မှာ အရှေ့ဘက်မှာ ချန်ခဲ့တဲ့ ညောင်ကုန်းရယ် ကံကြီးရယ်မှာတော့ လက်ကျန်အဖွဲ့တွေက သေနတ်တွေနဲ့ ပစ်ဖောက်နေပါတယ်။ ဖိုကုန်း ဘက်ကိုထိုးသွားပြီ အဲ့မှာလည်း သေနတ်တွေ ပစ်ဖောက်နေတယ်။ အခုချိန်ထိကတော့ သူတို့ဘက်လည်း ဘာတခုမှ မလုပ်တော့ဘဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေပါတယ်။”

စစ်ကောင်စီဘက်က ကျရှုံးမှုတွေရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပေမယ့် သေဆုံးတာနဲ့ပတ်သက်လို့တော့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဇူလိုင် ၇ ရက် ကြာသတေးနေ့ကလည်း ပုလဲမြို့နယ် မင်းရွာနဲ့ မွေ့တုံရွာကို စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့ပြီး နေအိမ်တွေ မီးရှို့ခဲ့တဲ့အတွက် ကျေးရွာ ၂ ရွာက နေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ အရပ်သား ၂ ဦး မီးလောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ ဆက်လုပ်နေပြီး ပျံကျကျေးရွာကို မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၂၇ လုံးမီးလောင်ကျွမ်းခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒီပဲယင်းမြို့နယ်ထဲမှာ သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေရပြီး နေရပ်မပြန်နိုင်ဘဲ အစားအသောက် ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ မိုဘိုင်းအင်တာနက်တွေလည်း ဖြတ်တောက်ထားတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG