စစ္အုပ္ခ်ဳပ္ေရး ေၾကျငာခံထားရတဲ့ စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕ေပၚ ရဲစခန္းကို ေဒသခံကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ကနီၿမိဳ႕ သေျပေတာ ေက်း႐ြာအနီး ေဒသကာကြယ္ေရးအဖြဲ႕ေတြ စိုးမိုးရာေနရာကိုေတာ့ ျမန္မာစစ္တပ္က ေလေၾကာင္းက ပစ္ခတ္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္းအတြင္း တိုက္ပြဲအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္က ေျပာျပပါမယ္။
ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွာ စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရးေၾကညာတဲ့ ၿမိဳ႕နယ္ေတြထဲမွာ စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္လည္းပါဝင္ပါတယ္။ အဲလို ေၾကညာၿပီး ေလးရက္ေျမာက္ေန႔ ေဖေဖာ္ဝါရီလ ၆ ရက္ေန ဒီေန႔ မနက္ တနာရီမွာေတာ့ ပုလဲၿမိဳ႕ေပၚ ရဲစခန္းကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ၾကတာပါ။ တိုက္ပြဲဟာ တနာရီေက်ာ္ၾကာျမင့္ခဲ့တယ္လို႔ ဝင္ေရာက္တိုက္ခိုက္တဲ့ သခင္ေဒါင္းညိဳအဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။
“၁ နာရီေက်ာ္ေက်ာ္ေလာက္က တိုက္ပြဲစတယ္။ ၂ နာရီ ၁၅ မိနစ္ေလာက္မွာ တိုက္ပြဲက ၿပီးဆုံးတယ္။ ပုလဲၿမိဳ႕ေပၚေပါ့ ၿမိဳ႕ေပၚျဖစ္သြားတာ ရဲစခန္းေပါ့ ရဲစခန္းမွာ ျဖစ္သြားတာ။ ဆုံးရႈံးမႈကေတာ့ သိပ္ေတာ့ မသိရေသးဘူး။ ကိုယ့္ဘက္ကေတာ့ ျပည္သူ႔ကာကြယ္ေရးဘက္ကေတာ့ ၂ ေယာက္က မစိုးရိမ္ရ ဒဏ္ရာရခဲ့တယ္။ မီးျပတ္သြားတာေပါ့ မီးျဖတ္လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ဘက္က နည္းနည္း အေရးနိမ့္သြားတာ။”
ၿပီးခဲ့တဲ့ ဇန္နဝါရီ ၉ ရက္ကလည္း ေဒသခံကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြက ပုလဲၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး႐ုံးနဲ႔ ရဲစခန္းကို တိုက္ခိုက္ခဲ့ပါေသးတယ္။ ဒီကေန႔ ပစ္ခတ္မႈေတြျဖစ္ၿပီး မနက္ပိုင္းမွာေတာ့ စစ္ေကာင္စီဟာ ၿမိဳ႕တြင္းလုံၿခဳံေရး တင္းၾကပ္ထားၿပီး၊ ပုလဲၿမိဳ႕နယ္ စစ္အုပ္ခ်ဳပ္ေရး အသိေပးခ်က္ေတြကို လွည့္လည္ ေၾကျငာခဲ့ပါတယ္။
တဆက္တည္းမွာပဲ ကနီၿမိဳ႕နယ္ထဲက ေဒသကာကြယ္ေရးအဖြဲ႕ေတြ ထိန္းခ်ဳပ္ထားတဲ့ေက်း႐ြာေတြမွာဆိုရင္လည္း ဒီကေန႔ ေဖေဖာ္ဝါရီ ၆ ရက္ ေန႔လည္ပိုင္းမွာ ျမန္မာစစ္တပ္က ရဟတ္ယာဥ္နဲ႔ ေလေၾကာင္းကေန ပစ္ခတ္ခဲ့တယ္။ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားတာ မရွိဘဲ လာေရာက္ပစ္ခတ္ခဲ့တာလို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။
“သေျပေတာရယ္ ေ႐ႊရင္ေအးရယ္ အုန္းပင္ဆိပ္ရယ္ အဲ့ၾကားထဲမွာ ပစ္တာ။ အဲ့နားမွာပစ္တာ။ တိုက္ပြဲျဖစ္တာ မဟုတ္ဘူး သူတို႔က Mi35 နဲ႔ မပစ္ခင္မွာ ကင္းေထာက္ ေလယာဥ္နဲ႔ ပတ္ၾကည့္ၿပီးမွ ပစ္တာ။ ပစ္ခ်ိန္က ၁၅ မိနစ္ သာသာေလာက္ၾကာတယ္။ ထိခိုက္က်ဆုံးမႈ ကြၽန္ေတာ္တို႔ဘက္က မရွိဘူး။”
ေလေၾကာင္းကေန ပစ္ခတ္တာေၾကာင့္ အနီးအနားက ေက်း႐ြာက ေဒသခံေတြ တိမ္းေရွာင္ေနရပါတယ္။ ကနီနယ္ထဲမွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ မၾကာခဏ တိုက္ပြဲေတြ ျဖစ္ပြားၿပီး စစ္ေရးတင္းမာေနတာပါ။
အာာဏာသိမ္းစစ္ေခါင္းေဆာင္ဟာ ႏိုင္ငံအတြင္းက ၿမိဳ႕နယ္ေပါင္း ၃၃၀ အနက္ အျပည့္အ၀ ထိန္းခ်ဳပ္ႏိုင္တဲ့ ၿမိဳ႕နယ္ ၁၉၈ ၿမိဳ႕နယ္သာ ရွိၿပီး လုံၿခဳံေရးတိုးျမႇင့္လုပ္ေဆာင္ရမယ့္ ၿမိဳ႕နယ္ ၁၃၂ ၿမိဳ႕နယ္ရွိတယ္လို႔ ေျပာၾကားထားပါတယ္။
အဲ့ဒီလို ေျပာၾကားၿပီးေနာက္ရက္ ေဖေဖာ္ဝါရီ ၂ ရက္မွာ စစ္ကိုင္း ၊ ကယား ၊ ခ်င္း ၊ မေကြး ၊ တနသၤာရီ ၊ မြန္ ၊ ကရင္နဲ႔ ပဲခူးတိုင္းတို႔က ၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရး ေၾကျငာခဲ့တာလည္း ျဖစ္ပါတယ္။
[Unicode]
စစ်အုပ်ချုပ်ရေး ကြေငြာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရဲစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကနီမြို့ သပြေတော ကျေးရွာအနီး ဒေသကာကွယ်ရေးအဖွဲ့တွေ စိုးမိုးရာနေရာကိုတော့ မြန်မာစစ်တပ်က လေကြောင်းက ပစ်ခတ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က ပြောပြပါမယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ်တွေထဲမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်လည်းပါဝင်ပါတယ်။ အဲလို ကြေညာပြီး လေးရက်မြောက်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ ဒီနေ့ မနက် တနာရီမှာတော့ ပုလဲမြို့ပေါ် ရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲဟာ တနာရီကျော်ကြာမြင့်ခဲ့တယ်လို့ ဝင်ရောက်တိုက်ခိုက်တဲ့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“၁ နာရီကျော်ကျော်လောက်က တိုက်ပွဲစတယ်။ ၂ နာရီ ၁၅ မိနစ်လောက်မှာ တိုက်ပွဲက ပြီးဆုံးတယ်။ ပုလဲမြို့ပေါ်ပေါ့ မြို့ပေါ်ဖြစ်သွားတာ ရဲစခန်းပေါ့ ရဲစခန်းမှာ ဖြစ်သွားတာ။ ဆုံးရှုံးမှုကတော့ သိပ်တော့ မသိရသေးဘူး။ ကိုယ့်ဘက်ကတော့ ပြည်သူ့ကာကွယ်ရေးဘက်ကတော့ ၂ ယောက်က မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်။ မီးပြတ်သွားတာပေါ့ မီးဖြတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က နည်းနည်း အရေးနိမ့်သွားတာ။”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးနဲ့ ရဲစခန်းကို တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီကနေ့ ပစ်ခတ်မှုတွေဖြစ်ပြီး မနက်ပိုင်းမှာတော့ စစ်ကောင်စီဟာ မြို့တွင်းလုံခြုံရေး တင်းကြပ်ထားပြီး၊ ပုလဲမြို့နယ် စစ်အုပ်ချုပ်ရေး အသိပေးချက်တွေကို လှည့်လည် ကြေငြာခဲ့ပါတယ်။
တဆက်တည်းမှာပဲ ကနီမြို့နယ်ထဲက ဒေသကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာဆိုရင်လည်း ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းမှာ မြန်မာစစ်တပ်က ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“သပြေတောရယ် ရွှေရင်အေးရယ် အုန်းပင်ဆိပ်ရယ် အဲ့ကြားထဲမှာ ပစ်တာ။ အဲ့နားမှာပစ်တာ။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး သူတို့က Mi35 နဲ့ မပစ်ခင်မှာ ကင်းထောက် လေယာဉ်နဲ့ ပတ်ကြည့်ပြီးမှ ပစ်တာ။ ပစ်ချိန်က ၁၅ မိနစ် သာသာလောက်ကြာတယ်။ ထိခိုက်ကျဆုံးမှု ကျွန်တော်တို့ဘက်က မရှိဘူး။”
လေကြောင်းကနေ ပစ်ခတ်တာကြောင့် အနီးအနားက ကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ ကနီနယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေတာပါ။
အာာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံအတွင်းက မြို့နယ်ပေါင်း ၃၃၀ အနက် အပြည့်အ၀ ထိန်းချုပ်နိုင်တဲ့ မြို့နယ် ၁၉၈ မြို့နယ်သာ ရှိပြီး လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရမယ့် မြို့နယ် ၁၃၂ မြို့နယ်ရှိတယ်လို့ ပြောကြားထားပါတယ်။
အဲ့ဒီလို ပြောကြားပြီးနောက်ရက် ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကိုင်း ၊ ကယား ၊ ချင်း ၊ မကွေး ၊ တနင်္သာရီ ၊ မွန် ၊ ကရင်နဲ့ ပဲခူးတိုင်းတို့က မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။