သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္ဒီဇယ္ေပပါေတြ ကာကြယ္ေရးအဖဲြ႔သိမ္းယူ


စစ္ေကာင္စီစစ္ေၾကာင္းျပန္ဆုတ္ခ်ိန္ မီးရႈိ႕ဖ်က္ဆီးခဲ့တဲ့ ကနီၿမိဳ႕နယ္တြင္းက သေျပေတာ႐ြာနဲ႔ အုန္းပင္ဆိပ္႐ြာက ေနအိမ္တခ်ိဳ႕

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္မွာ စစ္ေကာင္စီရဲ႕ ဒီဇယ္ေပပါ ၃ ေထာင္ေက်ာ္ တင္ေဆာင္လာတဲ့ စက္ေလွကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက သိမ္းပိုက္ရယူခဲ့ပါတယ္။ ဒီစက္ေလွက်န္ခဲ့တဲ့နားက ရြာေတြကို စစ္တပ္က ရွင္းလင္းတာမွာ ေက်း႐ြာ ၃ ႐ြာက ေနအိမ္ ၁၀၀ ေက်ာ္ မီး႐ႈိ႕ခံခဲ့ရပါတယ္။ မေကြးတိုင္း မင္းတုန္းၿမိဳ႕နယ္မွာလည္ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ စစ္ကိုင္းနဲ႔ မေကြးတိုင္းတြင္းက တိုက္ပြဲသတင္းေပးပို႔ခ်က္ကို ကိုရန္ႏိုင္က တင္ျပပါမယ္။

မုံ႐ြာၿမိဳ႕ကေန စစ္ကိုင္းတိုင္းအထက္ပိုင္းကို ပို႔ေဆာင္မယ့္ စစ္ေကာင္စီရဲ႕ ဒီဇယ္ေပပါေတြတင္ေဆာင္လာတဲ့ စက္ေလွအုပ္စုကို ဒီဇင္ဘာလလယ္ထဲက ေဒသခံကာကြယ္ေရးတပ္ဖြဲ႕တိုက္ခိုက္ၿပီး၊ ဒီဇယ္ေပပါ ၃ ေထာင္ေက်ာ္ သိမ္းယူႏိုင္ခဲ့တယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာ ၁၈ ရက္က ဆီတင္သေဘၤာေတြအပါအဝင္ စက္ေလွ ၇ စီးနဲ႔ မံုရြာကေန ထြက္ခြာလာတဲ့ စစ္ေကာင္စီလုံၿခဳံေရးအဖြဲ႕ေတြဟာ ကနီနယ္အေရာက္မွာ ေရေၾကာင္း အခက္အခဲေၾကာင့္ အထက္ကို ဆန္မတက္ေတာ့ဘဲ မုံ႐ြာၿမိဳ႕ကို ျပန္စုန္ဆင္းလာတာပါ။ အဲဒီေနာက္ သေျပေတာ ေက်း႐ြာအနီး ေသာင္တင္ေနခ်ိန္ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ တိုက္ခိုက္သိမ္းပိုက္လိုက္တာလို႔ ေက်ာက္လုံးႀကီးေဒသကာကြယ္ေရးအဖြဲ႕တာဝန္ရွိသူ ကိုေအတီက ေျပာပါတယ္။

“ဒီဇယ္ရယ္ ဆန္ဆီဆားရယ္ ဒီဇယ္ေပပါက ခန႔္မွန္းေျခဆိုရင္ သူက ဝင္းထဲ ေလွာင္ထားတာဆိုေတာ့ ကြၽန္ေတာ္တို႔ အျပင္ဘက္ထုတ္တာ ခန႔္မွန္းေျခဆို (ေပပါ) ၃ ေထာင္ေက်ာ္ေလာက္ပါတယ္။ သူတို႔က အဲ့အေပၚမွာ ေသာင္တင္ေနတာ ေသာင္တင္ၿပီးေတာ့ သေျပေတာ႐ြာမွာ တပ္စြဲထားတာ အဲ့ဒါကိုမွ မဟာမိတ္အဖြဲ႕ေတြက ပူးေပါင္းၿပီး ဝိုင္းတိုက္လို႔မို႔လို႔ ေအာင္ျမင္ခဲ့တာေပါ့။ အဲ့အေပၚမွာ စစ္သားေတြလည္း အမ်ားႀကီးပါတယ္။ စစ္သားေတြက အဲ့စက္ေလွႀကီးကိုတြန္းတဲ့ တြဲသေဘၤာဆိုတာ သီးသန႔္ပါတယ္ အဲ့တြဲသေဘၤာနဲ႔ ထြက္ေျပးသြားၾကတယ္ခင္ဗ်။”

စက္ေလွ ၇ စီးမွာ ရိကၡာတင္ စက္ေလွအႀကီး ၁ စီးနဲ႔ လူစီးစက္ေလွ ၁ စီးကို ၿပီးခဲ့တဲ့ ဇန္နဝါရီ ၃ ရက္နဲ႔ ၄ ရက္တို႔မွာ သိမ္းဆည္းရမိခဲ့ၿပီး ဒါဟာ တတိယအႀကိမ္ သိမ္းဆည္းရမိခဲ့တာလည္း ျဖစ္ပါတယ္။ ဒီဇယ္တင္ေဆာင္လာတဲ့ စက္ေလွကိုေတာ့ ဇန္နဝါရီ ၃၁ ရက္ ညပိုင္းမွာ သိမ္းဆည္းရတာျဖစ္ေပမယ့္ လုံၿခဳံေရး အေျခအေနေၾကာင့္ အခုမွ သတင္းထုတ္ျပန္တာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

စက္ေလွအသိမ္းခံရၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီ ၆ ရက္မွာ စစ္တပ္က သေျပေတာ ေက်း႐ြာအနီးကို ကင္းေထာက္ေလယာဥ္ေတြနဲ႔ ေထာက္လွမ္းခဲ့ၿပီး ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္တာေတြ လုပ္ခဲ့တယ္လို႔လည္း ေဒသကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။ ဒါ့အျပင္ သိမ္းဆည္းခံထားရတဲ့ စက္ေလွရွိရာကို စစ္ေကာင္စီတပ္ အင္အား ၂၀၀ နီးပါး ေရာက္လာေပမယ့္၊ စက္ေလွထဲ ဆီ မက်န္ေတာ့တဲ့အတြက္ ေဘးတြဲစက္ေလွကို ထားခဲ့ၿပီး တပ္ျပန္ဆုတ္သြားတယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။ စစ္ေၾကာင္းျပန္ဆုတ္ခ်ိန္မွာ သေျပေတာ႐ြာနဲ႔ အုန္းပင္ဆိပ္႐ြာက ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔လည္း ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီဖက္ကေတာ့ အခုလို ကနီၿမိဳ႕နယ္တြင္း ဒီဇယ္ေပပါတင္စက္ေလွ သိမ္းဆည္းခံရတာနဲ႔ပတ္သက္လို႔ သတင္းထုတ္ျပန္ေျပာဆိုတာမရွိပါဘူး။

တခ်ိန္တည္းမွာပဲ မေကြးတိုင္း မင္းတုန္းၿမိဳ႕နယ္ ထန္းပင္ကနန္းနဲ႔ ေျပာင္းေက်း႐ြာအနီမွာ ေဖေဖာ္ဝါရီ ၉ ရက္က ျမန္မာစစ္တပ္ကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက တိုက္ခိုက္ခဲ့တယ္လို႔ Sallow PDF Magway က တာဝန္ရွိသူ တဦးက ေျပာျပပါတယ္။

“ထန္းပင္ကုန္းကို အၿမဲသြားတာ သတင္းရတာေပါ့။ သတင္းရတဲ့အခါက်ေတာ့ သြားေစာင့္တယ္။ ေစာင့္တဲ့အခ်ိန္မွာ အခါတိုင္းဆို ေသနတ္ပါတယ္ေပါ့။ ေသနတ္မပါတဲ့ေန႔မွဆုံတယ္။ ဒါေပမယ့္ သြားလက္စနဲ႔မထူးဘူးဆိုၿပီး အဲ့ေနရာမွာရွင္းလာခဲ့တယ္။ ရဲေဘာ္တေယာက္နဲ႔ တပ္ၾကပ္တေယာက္လာတယ္။ လာတဲ့အခ်ိန္မွာ ပစ္ခတ္ရွင္းလင္းတာေပါ့။”

ပစ္ခတ္တာေတြျဖစ္ခဲ့တဲ့အတြက္ မင္းတုန္းၿမိဳ႕အပါအဝင္ ၿမိဳ႕ေျမာက္ဖက္ျခမ္းမွာရွိတဲ့ ေက်း႐ြာေတြအားလုံးကို မီးျဖတ္ထားခဲ့သလို၊ လမ္းပိုင္းတခ်ိဳ႕ကိုလည္း စစ္ေကာင္စီက အသုံးျပဳခြင့္ ပိတ္ပင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ မင္းဘူးခ႐ိုင္ အမွတ္ (၁) တပ္ရင္း စလင္း PDF တပ္ဖြဲ႕ကလည္း ေဖေဖာ္ဝါရီ ၈ ရက္က စလင္းၿမိဳ႕အေျခစိုက္ ျမန္မာစစ္တပ္ရဲ႕ တပ္ရင္းေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့သလို မေကြးကံဖ်ားရဲစခန္းကိုလည္း ေဒသခံကာကြယ္ေရးပူးေပါင္းအဖြဲ႕ေတြ ဝင္ေရာက္စီးနင္းတိုက္ခိုက္တယ္လို႔ သိရပါတယ္။

၂၀၂၃ ခုႏွစ္ကလို႔ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းက ေနရာေတာ္ေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြ ခပ္စိပ္စိပ္ျဖစ္လာေနတာပါ။ အာဏာသိမ္းစစ္တပ္ကလည္း အာဏာသိမ္းတဲ့ ၂ ႏွစ္ျပည့္တဲ့အခ်ိန္မွာ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းက ၿမိဳ႕နယ္အခ်ိဳ႕ကို စစ္အုပ္ခ်ဳပ္ေရးေၾကျငာခဲ့ပါေသးတယ္။ အဲ့ဒီလို ေၾကျငာၿပီးေနာက္ပိုင္းမွာ တိုက္ပြဲေတြ ပိုၿပီးျပင္းထန္လာေနတာပါ။ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းအတြင္း စစ္ေရးပဋိပကၡေတြနဲ႔ ပတ္သက္လို႔ ေမးျမန္းဖို႔၊ စစ္ေကာင္စီေျပာခြင့္ရသူကို ဆက္သြယ္လို႔ မရခဲ့ပါဘူး။

စစ္တပ္ဒီဇယ္ေပပါေတြ ကာကြယ္ေရးအဖဲြ႔သိမ္းယူ
please wait

No media source currently available

0:00 0:04:00 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်တပ်ဒီဇယ်ပေပါတွေ ကာကွယ်ရေးအဖွဲ့သိမ်းယူ

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒီဇယ်ပေပါ ၃ ထောင်ကျော် တင်ဆောင်လာတဲ့ စက်လှေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရယူခဲ့ပါတယ်။ ဒီစက်လှေကျန်ခဲ့တဲ့နားက ရွာတွေကို စစ်တပ်က ရှင်းလင်းတာမှာ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။ မကွေးတိုင်း မင်းတုန်းမြို့နယ်မှာလည် စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းတွင်းက တိုက်ပွဲသတင်းပေးပို့ချက်ကို ကိုရန်နိုင်က တင်ပြပါမယ်။

မုံရွာမြို့ကနေ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ပို့ဆောင်မယ့် စစ်ကောင်စီရဲ့ ဒီဇယ်ပေပါတွေတင်ဆောင်လာတဲ့ စက်လှေအုပ်စုကို ဒီဇင်ဘာလလယ်ထဲက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်ပြီး၊ ဒီဇယ်ပေပါ ၃ ထောင်ကျော် သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၁၈ ရက်က ဆီတင်သင်္ဘောတွေအပါအဝင် စက်လှေ ၇ စီးနဲ့ မုံရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေဟာ ကနီနယ်အရောက်မှာ ရေကြောင်း အခက်အခဲကြောင့် အထက်ကို ဆန်မတက်တော့ဘဲ မုံရွာမြို့ကို ပြန်စုန်ဆင်းလာတာပါ။ အဲဒီနောက် သပြေတော ကျေးရွာအနီး သောင်တင်နေချိန် ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ ကျောက်လုံးကြီးဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုအေတီက ပြောပါတယ်။

“ဒီဇယ်ရယ် ဆန်ဆီဆားရယ် ဒီဇယ်ပေပါက ခန့်မှန်းခြေဆိုရင် သူက ဝင်းထဲ လှောင်ထားတာဆိုတော့ ကျွန်တော်တို့ အပြင်ဘက်ထုတ်တာ ခန့်မှန်းခြေဆို (ပေပါ) ၃ ထောင်ကျော်လောက်ပါတယ်။ သူတို့က အဲ့အပေါ်မှာ သောင်တင်နေတာ သောင်တင်ပြီးတော့ သပြေတောရွာမှာ တပ်စွဲထားတာ အဲ့ဒါကိုမှ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းပြီး ဝိုင်းတိုက်လို့မို့လို့ အောင်မြင်ခဲ့တာပေါ့။ အဲ့အပေါ်မှာ စစ်သားတွေလည်း အများကြီးပါတယ်။ စစ်သားတွေက အဲ့စက်လှေကြီးကိုတွန်းတဲ့ တွဲသင်္ဘောဆိုတာ သီးသန့်ပါတယ် အဲ့တွဲသင်္ဘောနဲ့ ထွက်ပြေးသွားကြတယ်ခင်ဗျ။”

စက်လှေ ၇ စီးမှာ ရိက္ခာတင် စက်လှေအကြီး ၁ စီးနဲ့ လူစီးစက်လှေ ၁ စီးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်တို့မှာ သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ တတိယအကြိမ် သိမ်းဆည်းရမိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇယ်တင်ဆောင်လာတဲ့ စက်လှေကိုတော့ ဇန်နဝါရီ ၃၁ ရက် ညပိုင်းမှာ သိမ်းဆည်းရတာဖြစ်ပေမယ့် လုံခြုံရေး အခြေအနေကြောင့် အခုမှ သတင်းထုတ်ပြန်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စက်လှေအသိမ်းခံရပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၆ ရက်မှာ စစ်တပ်က သပြေတော ကျေးရွာအနီးကို ကင်းထောက်လေယာဉ်တွေနဲ့ ထောက်လှမ်းခဲ့ပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် သိမ်းဆည်းခံထားရတဲ့ စက်လှေရှိရာကို စစ်ကောင်စီတပ် အင်အား ၂၀၀ နီးပါး ရောက်လာပေမယ့် စက်လှေထဲ ဆီမကျန်တော့တဲ့အတွက် ဘေးတွဲစက်လှေကို ထားခဲ့ပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ စစ်ကြောင်းပြန်ဆုတ်ချိန်မှာ သပြေတောရွာနဲ့ အုန်းပင်ဆိပ်ရွာက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။ မြန်မာစစ်ကောင်စီဖက်ကတော့ အခုလို ကနီမြို့နယ်တွင်း ဒီဇယ်ပေပါတင်စက်လှေ သိမ်းဆည်းခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

တချိန်တည်းမှာပဲ မကွေးတိုင်း မင်းတုန်းမြို့နယ် ထန်းပင်ကနန်းနဲ့ ပြောင်းကျေးရွာအနီမှာ ဖေဖော်ဝါရီ ၉ ရက်က မြန်မာစစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ Sallow PDF Magway က တာဝန်ရှိသူ တဦးက ပြောပြပါတယ်။

“ထန်းပင်ကုန်းကို အမြဲသွားတာ သတင်းရတာပေါ့။ သတင်းရတဲ့အခါကျတော့ သွားစောင့်တယ်။ စောင့်တဲ့အချိန်မှာ အခါတိုင်းဆို သေနတ်ပါတယ်ပေါ့။ သေနတ်မပါတဲ့နေ့မှဆုံတယ်။ ဒါပေမယ့် သွားလက်စနဲ့မထူးဘူးဆိုပြီး အဲ့နေရာမှာရှင်းလာခဲ့တယ်။ ရဲဘော်တယောက်နဲ့ တပ်ကြပ်တယောက်လာတယ်။ လာတဲ့အချိန်မှာ ပစ်ခတ်ရှင်းလင်းတာပေါ့။”

ပစ်ခတ်တာတွေဖြစ်ခဲ့တဲ့အတွက် မင်းတုန်းမြို့အပါအဝင် မြို့မြောက်ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေအားလုံးကို မီးဖြတ်ထားခဲ့သလို၊ လမ်းပိုင်းတချို့ကိုလည်း စစ်ကောင်စီက အသုံးပြုခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း စလင်း PDF တပ်ဖွဲ့ကလည်း ဖေဖော်ဝါရီ ၈ ရက်က စလင်းမြို့အခြေစိုက် မြန်မာစစ်တပ်ရဲ့ တပ်ရင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို မကွေးကံဖျားရဲစခန်းကိုလည်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်ကလို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက နေရာတော်တော်များများမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။ အာဏာသိမ်းစစ်တပ်ကလည်း အာဏာသိမ်းတဲ့ ၂ နှစ်ပြည့်တဲ့အချိန်မှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပါသေးတယ်။ အဲ့ဒီလို ကြေငြာပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနေတာပါ။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့၊ စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

XS
SM
MD
LG