သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူနဲ႔ ကြၽန္းလွမွာ ကေလးငယ္ ၃ ဦးအပါအဝင္ ၁၅ ဦး အသတ္ခံရ


ကန္႔ဘလူ ၿမိဳ႕နယ္အတြင္းက မီးရႈိ႕ခံရတဲ့ေနအိမ္မ်ား (ဒီဇင္ဘာ ၅၊ ၂၀၂၂/Photo: CJ)

စစ္ကိုင္းတိုင္း ကန႔္ဘလူခ႐ိုင္အတြင္းက ကန႔္ဘလူၿမိဳ႕နယ္နဲ႔ ကြၽန္းလွၿမိဳ႕နယ္ေတြမွာ ၂၀၂၃ ဇန္နဝါရီလအတြင္း ေက်း႐ြာ ၁၁ ႐ြာ မီးရႈိ႕ခံရၿပီး၊ ကေလး ၃ ဦးအပါအဝင္ ေဒသခံ ၁၅ ဦး သတ္ျဖတ္ခံခဲ့ရပါတယ္။ ဖမ္းဆီးခံထားရသူ တခ်ိဳ႕လည္းရွိသလို ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြဟာလည္း စစ္ေဘးေရွာင္ေနၾကရဆဲ ျဖစ္ပါတယ္။ ဒီအေၾကာင္းအျပည္အစုံ သတင္းေပးပို႔ခ်က္ကို ကိုဝင္းခန႔္ေမာင္က ေျပာျပမွာပါ။

ကန႔္ဘလူခ႐ိုင္အတြင္းက ကန႔္ဘလူၿမိဳ႕နယ္နဲ႔ ကြၽန္းလွၿမိဳ႕နယ္တို႔မွာ ဇန္နဝါရီလအတြင္း ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြ ဝင္ေရာက္ၿပီး ေက်း႐ြာ ၁၁ ႐ြာကို မီးရႈိ႕ခဲ့တယ္လို႔ ကန႔္ဘလူၿမိဳ႕နယ္ တိုင္းေဒသႀကီး လြတ္ေတာ္ကိုယ္စားလွယ္ ဦးေနဇင္လတ္က ခုလိုေျပာပါတယ္။

"ဇန္နဝါရီလအတြင္းမွာ ကန႔္ဘလူၿမိဳ႕နယ္မွာေတာ့ စုစုေပါင္း အိမ္ေျခ ၁၀၃ လုံး ကြၽန္းလွၿမိဳ႕နယ္မွာေတာ့ ၁၈၆ လုံးေပါ့ တစ္ခ႐ိုင္လုံးစာဆို ၂၈၉ လုံး ဒါက ကြၽန္ေတာ္တို႔ ပကဖဘက္က ေကာက္ယူထားတဲ့ စာရင္းအရေပါ့ မီးရႈိ႕ခံလိုက္ရတာေပါ့။ စုစုေပါင္းေပါ့ ကြၽန္းလွၿမိဳ႕နယ္ေရာ ကန႔္ဘလူၿမိဳ႕နယ္ေရာ ႐ြာေပါင္း ၁၁ ႐ြာေလာက္ေတာ ရွိမယ္ဗ်။ ဖမ္းဆီးခံရတာေတြကေတာ့ စစ္ေၾကာင္းဝင္တိုင္း ေတြ႕ရာ ဖမ္းဆီးသြားတာေတြ ရွိတယ္။ ၿပီးေတာ့ ေရွ႕ကေနၿပီးေတာ့မွ လူသားဒိုင္းအေနနဲ႔ အသုံးခ်ၿပီးေတာ့ သူတို႔လိုတဲ့ ေနရာေရာက္ရင္ ျပန္ၿပီဂေတာ့ လြတ္ေပးလိုက္တာမ်ိဳးရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ျပန္မလြတ္ေပးဘဲနဲ႔ ဆက္ၿပီး ဖမ္းဆီးထားတာမ်ိဳးေတြ ရွိတယ္။"

မီးရႈိ႕ခံရတဲ့ ႐ြာေတြက ေညာင္ဇင္ႀကီး၊ ေအာင္ရန္ကင္း၊ သရက္ေတာ၊ ျမင္သာဦး၊ ေတာင္ယာဆိပ္၊ ေခ်ာင္းၾကား၊ ထန္းပင္ကုန္း၊ ေညာင္ကုန္း၊ အင္းမ၊ ဂုန္ညႇင္းရႈိ႐ြာေတြ ျဖစ္ပါတယ္။ ျမန္မာစစ္တပ္က ကန႔္ဘလူခ႐ိုင္အတြင္း နယ္ေျမႇရင္းလင္းေရး စစ္ေၾကာင္းအတြင္းမွာ ေက်း႐ြာေတြအတြင္းက ေဒသခံေတြရဲ႕ စပါး တင္း ၁၀၀၀ ေက်ာ္ကို ယူသြားသလို စပါးက်ီ ၆၁ လုံးနဲ႔ စစ္ေရွာင္တဲ ၃၀ ေလာက္ကို မီးရႈိ႕ဖ်က္ဆီးသြားတယ္လို႔ ေဒသခံေတြနဲ႔ ေဒသတြင္း အခ်က္အလက္ကို ေကာက္ယူေနတဲ့ အဖြဲ႕ေတြက ေျပာပါတယ္။

ဒီတလအတြင္း ကန႔္ဘလူၿမိဳ႕နယ္ ငါးေျမာင္႐ြာက မိသားစု ၈ ဦးကို စစ္ေကာင္စီကဖြဲ႕ေပးထားတဲ့ ပ်ဴေစာထီးအဖြဲ႕က သတ္ျဖတ္ခဲ့တယ္လို႔ သူက ေျပာပါတယ္။ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္း‌ေရး စစ္ေၾကာင္းဝင္‌ေရာက္စဥ္ ဖမ္းဆီးသတ္ျဖတ္ခံရတာက ကန႔္ဘလူနဲ႔ ကြၽန္းလွၿမိဳ႕နယ္ႏွစ္ခုမွာ ၇ ဦး ရွိခဲ့ၿပီး၊ ကန႔္ဘလူခ႐ိုင္အတြင္း ဇန္နဝါရီလမွာ စုစုေပါင္း ၁၅ ဦး သတ္ျဖတ္ခံခဲ့ရတယ္လို႔လည္း ေျပာပါတယ္။ အဲ့ဒီထဲမွာ ကေလးငယ္ ၃ ဦးပါဝင္တယ္လို႔ ဦးေနဇင္လတ္က ေျပာပါတယ္။

"ဒီတလပိုင္း ၇ ရက္ေန႔က ကြၽန္းလွၿမိဳ႕နယ္ ၾကာတကန္မွာလည္း အသက္ ၃၀ အ႐ြယ္ရွိတဲ့ ကိုညီညီေအာင္ေပါ့ေနာ္၊ သတ္ခံလိုက္ရတယ္။ ေနာက္ၿပီးေတာ့ အသက္ ၅၈ ႏွစ္ အ႐ြယ္ရွိတဲ့ ဦးထြန္းလွ သူလည္ းသတ္ခံရတာပဲ ေနာက္ၿပီးေတာ့ ဒီကန႔္ဘလူၿမိဳ႕နယ္ထဲကဆိုရင္လည္း ရွမ္းကုန္း ၿမိဳ႕နယ္ထဲက ဦးေမာင္ထြန္းဆိုတဲ့သူေပါ့၊ ေနာက္ တည္ပင္ ပင့္သာ႐ြာက ကိုေက်ာ္စိုးမိုး ေနာက္တခါ တည္ပင္ပင့္သာကပဲ ကိုစိုးျမင့္ေအာင္ သူတို႔ ဆိုရင္လည္း ဒါသတ္ခံရတာ။ ေနာက္ၿပီးေတာ့ ကန႔္ဘလူၿမိဳ႕နယ္ ဇီးကုန္းတိုက္နယ္ထဲမွာ ဆိုရင္ ၁၄ ရက္ေန႔က ငါးေျမာင္ေက်း႐ြာမွာ ပ်ဴေစာထီးေတြက ဝင္ၿပီးေတာ့ မိသားစု ၈ ဦးကို သတ္ျဖတ္သြားတဲ့ ျဖစ္စဥ္လဲ ရွိတယ္ေပါ့။ ေနာက္ၿပီးေတာ့ ပလူသာေက်း႐ြာဆိုလို႔ရွိရင္လည္း စစ္ေၾကာင္းထိုးရင္းနဲ႔ ဦးသန္းလြင္ ဆိုတဲ့သူ အသတ္ခံရတယ္။ ေနာက္ၿပီးေတာ့ဒီ ပလူသာ႐ြာနဲ႔ ကပ္ရက္ ေညာင္ကုန္း႐ြာမွာလည္း ဦးႏြားတင္ အသတ္ခံလိုက္ရတာ ရွိတယ္ဗ်။ ကေလးေတြကေတာ့ ငါးေျမာင္႐ြာမွာ အသတ္ခံလိုက္ရတဲ့ ၆ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ပါတယ္။ ၁၂ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ ပါတယ္။ ၁၅ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ပါတယ္။ ကေလး ၃ ေယာက္ သတ္ခံ၇တယ္။ စုစုေပါင္း ၁၅ ေယာက္ ေလာက္ေတာ့ရွိမယ္ဗ်။"

အခုလို အရပ္သားပစ္ခတ္သတ္ျဖတ္ခံရမႈေတြနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဖက္ကို ဆက္သြယ္ေမးျမန္းလို႔မရခဲ့ပါဘူး။ ေဖေဖာ္ဝါရီ ၅ ရက္ေန႔မနက္ပိုင္းကလည္း ကန႔္ဘလူၿမိဳ႕နယ္ ပိေတာက္ပင္႐ြာကို စစ္ေကာင္စီရဲ႕ ေျချမန္တပ္တရင္း ၃၆၈ က အင္အား ၁၀၀ ေက်ာ္နဲ႔ ပစ္ခတ္ဝင္ေရာက္လာတာေၾကာင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ေတြနဲ႔ ထိေတြ႕တိုက္ပြဲ ျဖစ္ခဲ့ၾကတယ္လို႔ ကန႔္ဘလူၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ တပ္ရင္း ၃ က ကိုေဇာ္က ေျပာျပပါတယ္။ ဒီတိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ေတြ ထပ္ၿပီး ထြက္ေျပ‌းေနရသလို ေဒသခံ တခ်ိဳ႕လည္း ဖမ္းဆီးခံရတယ္လို႔ ကိုေဇာ္က ေျပာပါတယ္။

"ခ်ပ္လည္ဖက္မွာ ျပည္သူ ၂ ဦး ခ်ပ္လည္က ၂ ဦး ပင့္သာႀကီးက ၂ ဦး ျပည္သူ ၄ ဦးေတာ့ ဖမ္းဆီးသြားတယ္ ခုထိေတာ့ ျပန္မလြတ္ေသးဘူးဗ်။ ပိေတာက္ပင္႐ြာကို သူတို႔မီးရႈိ႕တာ ၁၃ လုံး မီးရႈိ႕ၿပီးေတာ့ ကြၽန္ေတာ္တို႔ KB 2 ရယ္ KB 3 ရယ္ ပကဖ ေတြရယ္ ကြၽန္ေတာ္တို႔ ေပါင္းၿပီးေတာ့ သူတို႔ မေန႔က အဲ့မွာ တိုက္ပြဲ ထိေတြ႕မႈေတြ ျဖစ္ၾကတယ္ဗ်။ ေန႔လယ္ ၁၂ နာရီကေနစၿပီးေတာ့မွ ည ၈ နာရီေလာက္အခ်ိန္ထိ တိုက္ပြဲျဖစ္ၾကတုန္းဗ်။ တိုက္ပြဲ အေျခအေနကေတာ့ သူတို႔ အခုေလာေလာဆယ္ေတာ့ သူတို႔ျပန္ထြက္လာတာေတာ့ အင္အား ၈၀ ေက်ာ္ ၉၀ ေလာက္ပဲ ျပန္ထြက္လာတယ္ဗ်။ အဲ့မွာ မီးရႈိ႕တာကလည္း သူတို႔ဒီ စစ္ေကာင္စီ အေလာင္းေတြကို အိမ္ေတြမွာ တင္ၿပီးရႈိ႕ခဲ့တာေတြေတာ့ ေတြ႕တယ္ဗ်။ ၿပိးက်ေတာ့ သူတို႔ ျပန္ၿပိးေတာ့ ထမ္းေခၚသြားတာေတြလည္း ၄၊ ၅၊ ၆ ထမ္းေလာက္ေတာ့ အထမ္းပါသြားတယ္ဗ် လူနာကို ျပန္ထမ္းေခၚတာေတြ။"

ပိေတာက္ပင္႐ြာအပါအဝင္ အဲ့ဒီအနီးဝန္းက်င္က ေက်း႐ြာေတြဟာ ေညာင္ကုန္း႐ြာကို စစ္ေၾကာင္းဝင္ကတည္းက တိမ္းေရွာင္ေနၾကတာျဖစ္ၿပီး အခုဆိုရင္ စစ္ေရွာင္ေနရတာ ၁၈ ရက္ရွိေနၿပီျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ စစ္ေရွာင္ရက္ရွည္လာတာနဲ႔အမွ် ေနေရး စားေရးေတြ ခက္ခဲလာၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဓိကအားျဖင့္ ဆန္နဲ႔ ဆီ လိုအပ္ေနတယ္လို႔ ေျပာပါတယ္။

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းတိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း ျမန္မာစစ္ေကာင္စီက တန္ျပန္စြပ္စြဲတာရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကန့်ဘလူနဲ့ ကျွန်းလှမှာ ကလေးငယ် ၃ ဦးအပါအဝင် ၁၅ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်းက ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေမှာ ၂၀၂၃ ဇန်နဝါရီလအတွင်း ကျေးရွာ ၁၁ ရွာ မီးရှို့ခံရပြီး၊ ကလေး ၃ ဦးအပါအဝင် ဒေသခံ ၁၅ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဖမ်းဆီးခံထားရသူ တချို့လည်းရှိသလို သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း စစ်ဘေးရှောင်နေကြရဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းအပြည်အစုံ သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က ပြောပြမှာပါ။

ကန့်ဘလူခရိုင်အတွင်းက ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တို့မှာ ဇန်နဝါရီလအတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်ပြီး ကျေးရွာ ၁၁ ရွာကို မီးရှို့ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ခုလိုပြောပါတယ်။

"ဇန်နဝါရီလအတွင်းမှာ ကန့်ဘလူမြို့နယ်မှာတော့ စုစုပေါင်း အိမ်ခြေ ၁၀၃ လုံး ကျွန်းလှမြို့နယ်မှာတော့ ၁၈၆ လုံးပေါ့ တစ်ခရိုင်လုံးစာဆို ၂၈၉ လုံး ဒါက ကျွန်တော်တို့ ပကဖဘက်က ကောက်ယူထားတဲ့ စာရင်းအရပေါ့ မီးရှို့ခံလိုက်ရတာပေါ့။ စုစုပေါင်းပေါ့ ကျွန်းလှမြို့နယ်ရော ကန့်ဘလူမြို့နယ်ရော ရွာပေါင်း ၁၁ ရွာလောက်တော ရှိမယ်ဗျ။ ဖမ်းဆီးခံရတာတွေကတော့ စစ်ကြောင်းဝင်တိုင်း တွေ့ရာ ဖမ်းဆီးသွားတာတွေ ရှိတယ်။ ပြီးတော့ ရှေ့ကနေပြီးတော့မှ လူသားဒိုင်းအနေနဲ့ အသုံးချပြီးတော့ သူတို့လိုတဲ့ နေရာရောက်ရင် ပြန်ပြီဂတော့ လွတ်ပေးလိုက်တာမျိုးရှိတယ်။ တချို့ကျတော့လည်း ပြန်မလွတ်ပေးဘဲနဲ့ ဆက်ပြီး ဖမ်းဆီးထားတာမျိုးတွေ ရှိတယ်။"

မီးရှို့ခံရတဲ့ ရွာတွေက ညောင်ဇင်ကြီး၊ အောင်ရန်ကင်း၊ သရက်တော၊ မြင်သာဦး၊ တောင်ယာဆိပ်၊ ချောင်းကြား၊ ထန်းပင်ကုန်း၊ ညောင်ကုန်း၊ အင်းမ၊ ဂုန်ညှင်းရှိုရွာတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က ကန့်ဘလူခရိုင်အတွင်း နယ်မြှေရင်းလင်းရေး စစ်ကြောင်းအတွင်းမှာ ကျေးရွာတွေအတွင်းက ဒေသခံတွေရဲ့ စပါး တင်း ၁၀၀၀ ကျော်ကို ယူသွားသလို စပါးကျီ ၆၁ လုံးနဲ့ စစ်ရှောင်တဲ ၃၀ လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း အချက်အလက်ကို ကောက်ယူနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီတလအတွင်း ကန့်ဘလူမြို့နယ် ငါးမြောင်ရွာက မိသားစု ၈ ဦးကို စစ်ကောင်စီကဖွဲ့ပေးထားတဲ့ ပျူစောထီးအဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်း‌ရေး စစ်ကြောင်းဝင်‌ရောက်စဉ် ဖမ်းဆီးသတ်ဖြတ်ခံရတာက ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်နှစ်ခုမှာ ၇ ဦး ရှိခဲ့ပြီး၊ ကန့်ဘလူခရိုင်အတွင်း ဇန်နဝါရီလမှာ စုစုပေါင်း ၁၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။ အဲ့ဒီထဲမှာ ကလေးငယ် ၃ ဦးပါဝင်တယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။

"ဒီတလပိုင်း ၇ ရက်နေ့က ကျွန်းလှမြို့နယ် ကြာတကန်မှာလည်း အသက် ၃၀ အရွယ်ရှိတဲ့ ကိုညီညီအောင်ပေါ့နော်၊ သတ်ခံလိုက်ရတယ်။ နောက်ပြီးတော့ အသက် ၅၈ နှစ် အရွယ်ရှိတဲ့ ဦးထွန်းလှ သူလည် းသတ်ခံရတာပဲ နောက်ပြီးတော့ ဒီကန့်ဘလူမြို့နယ်ထဲကဆိုရင်လည်း ရှမ်းကုန်း မြို့နယ်ထဲက ဦးမောင်ထွန်းဆိုတဲ့သူပေါ့၊ နောက် တည်ပင် ပင့်သာရွာက ကိုကျော်စိုးမိုး နောက်တခါ တည်ပင်ပင့်သာကပဲ ကိုစိုးမြင့်အောင် သူတို့ ဆိုရင်လည်း ဒါသတ်ခံရတာ။ နောက်ပြီးတော့ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်ထဲမှာ ဆိုရင် ၁၄ ရက်နေ့က ငါးမြောင်ကျေးရွာမှာ ပျူစောထီးတွေက ဝင်ပြီးတော့ မိသားစု ၈ ဦးကို သတ်ဖြတ်သွားတဲ့ ဖြစ်စဉ်လဲ ရှိတယ်ပေါ့။ နောက်ပြီးတော့ ပလူသာကျေးရွာဆိုလို့ရှိရင်လည်း စစ်ကြောင်းထိုးရင်းနဲ့ ဦးသန်းလွင် ဆိုတဲ့သူ အသတ်ခံရတယ်။ နောက်ပြီးတော့ဒီ ပလူသာရွာနဲ့ ကပ်ရက် ညောင်ကုန်းရွာမှာလည်း ဦးနွားတင် အသတ်ခံလိုက်ရတာ ရှိတယ်ဗျ။ ကလေးတွေကတော့ ငါးမြောင်ရွာမှာ အသတ်ခံလိုက်ရတဲ့ ၆ နှစ်အရွယ် ကလေးတစ်ယောက်ပါတယ်။ ၁၂ နှစ်အရွယ်ကလေးတစ်ယောက် ပါတယ်။ ၁၅ နှစ်အရွယ် ကလေးတစ်ယောက်ပါတယ်။ ကလေး ၃ ယောက် သတ်ခံ၇တယ်။ စုစုပေါင်း ၁၅ ယောက် လောက်တော့ရှိမယ်ဗျ။"

အခုလို အရပ်သားပစ်ခတ်သတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဖက်ကို ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။ ဖေဖော်ဝါရီ ၅ ရက်နေ့မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ပိတောက်ပင်ရွာကို စစ်ကောင်စီရဲ့ ခြေမြန်တပ်တရင်း ၃၆၈ က အင်အား ၁၀၀ ကျော်နဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၃ က ကိုဇော်က ပြောပြပါတယ်။ ဒီတိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ ထပ်ပြီး ထွက်ပြေ‌းနေရသလို ဒေသခံ တချို့လည်း ဖမ်းဆီးခံရတယ်လို့ ကိုဇော်က ပြောပါတယ်။

"ချပ်လည်ဖက်မှာ ပြည်သူ ၂ ဦး ချပ်လည်က ၂ ဦး ပင့်သာကြီးက ၂ ဦး ပြည်သူ ၄ ဦးတော့ ဖမ်းဆီးသွားတယ် ခုထိတော့ ပြန်မလွတ်သေးဘူးဗျ။ ပိတောက်ပင်ရွာကို သူတို့မီးရှို့တာ ၁၃ လုံး မီးရှို့ပြီးတော့ ကျွန်တော်တို့ KB 2 ရယ် KB 3 ရယ် ပကဖ တွေရယ် ကျွန်တော်တို့ ပေါင်းပြီးတော့ သူတို့ မနေ့က အဲ့မှာ တိုက်ပွဲ ထိတွေ့မှုတွေ ဖြစ်ကြတယ်ဗျ။ နေ့လယ် ၁၂ နာရီကနေစပြီးတော့မှ ည ၈ နာရီလောက်အချိန်ထိ တိုက်ပွဲဖြစ်ကြတုန်းဗျ။ တိုက်ပွဲ အခြေအနေကတော့ သူတို့ အခုလောလောဆယ်တော့ သူတို့ပြန်ထွက်လာတာတော့ အင်အား ၈၀ ကျော် ၉၀ လောက်ပဲ ပြန်ထွက်လာတယ်ဗျ။ အဲ့မှာ မီးရှို့တာကလည်း သူတို့ဒီ စစ်ကောင်စီ အလောင်းတွေကို အိမ်တွေမှာ တင်ပြီးရှို့ခဲ့တာတွေတော့ တွေ့တယ်ဗျ။ ပြိးကျတော့ သူတို့ ပြန်ပြိးတော့ ထမ်းခေါ်သွားတာတွေလည်း ၄၊ ၅၊ ၆ ထမ်းလောက်တော့ အထမ်းပါသွားတယ်ဗျ လူနာကို ပြန်ထမ်းခေါ်တာတွေ။"

ပိတောက်ပင်ရွာအပါအဝင် အဲ့ဒီအနီးဝန်းကျင်က ကျေးရွာတွေဟာ ညောင်ကုန်းရွာကို စစ်ကြောင်းဝင်ကတည်းက တိမ်းရှောင်နေကြတာဖြစ်ပြီး အခုဆိုရင် စစ်ရှောင်နေရတာ ၁၈ ရက်ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ရှောင်ရက်ရှည်လာတာနဲ့အမျှ နေရေး စားရေးတွေ ခက်ခဲလာကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဓိကအားဖြင့် ဆန်နဲ့ ဆီ လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိနေပါတယ်။

XS
SM
MD
LG