သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူၿမိဳ႕နယ္ စစ္ေရးတင္းမာမႈေတြၾကား ေဒသခံတခ်ိဳ႕ေသဆုံး


မီးရႈိ႕ခံထားရတဲ့ ကန္႔ဘလူ ၿမိဳ႕နယ္ (ဒီဇင္ဘာ ၆၊ ၂၀၂၂/Photo: CJ) Kanbalu

[[ ZAWGYI ]]

ကန႔္ဘလူၿမိဳ႕နယ္ စစ္ေရးတင္းမာမႈေတြၾကား ေဒသခံတခ်ိဳ႕ေသဆုံး

ကန႔္ဘလူၿမိဳ႕နယ္မွာ ဒီဇင္ဘာလအတြင္း ေက်း႐ြာ ၉ ႐ြာ မီးရႈိ႕ခံခဲ့ရၿပီး ေဒသခံ ၅ ဦး သတ္ခံခဲ့ရတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို အကူအညီေပးသူေတြက ထုတ္ျပန္ပါတယ္။ ဇန္နဝါရီ ၁ ရက္ မေန႔ကလည္း ကြင္းကိုးႀကံစိုက္ပ်ိဳးေရးတပ္ကို ‌‌‌ေဒသကာကြယ္ေရးတပ္ေတြက ဝင္ေရာက္ပစ္ခတ္ခဲ့ၾကတယ္လို႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြက ေျပာပါတယ္။ ဒီအေၾကာင္း သတင္ေပးပို႔ခ်က္ကို ကိုရဲမြန္က ေျပာျပမွာပါ။

ဇန္နဝါရီ ၁ ရက္ ည ၁၁ နာရီ ဝန္းက်င္ေလာက္မွာ ‌ကန႔္ဘလူၿမိဳ႕နယ္ ေ႐ႊဘို-ျမစ္ႀကီးနားလမ္းမေပၚက ကြင္းကိုး ႀကံစိုက္ပ်ိဳးေရးတပ္ကို ကန႔္ဘလူ ‌ေဒသကာကြယ္ေရး တပ္ေတြက သြားေရာက္ ပစ္ခတ္တယ္လို႔ ကန႔္ဘလူၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(ပကဖ) စစ္ေရး တာဝန္ခံက VOA ကို ခုလိုေျပာပါတယ္။

"ၿပီးခဲ့တဲ့ မေန႔ တျမန္မေန႔ညက ေပါ့ေႏွာ၊ ကြၽန္ေတာ္တို႔ ကန႔္ဘလူေတာင္ပိုင္းက ကြင္းကိုးဆိုတာ ေ႐ြဘို-ျမစ္ႀကီးနား ကားလမ္းေဘးေပါ့ေနာ္ ကြင္းကိုးဆိုတာ စစ္တပ္က သိမ္းထားတဲ့ ေျမေတြရွိတယ္။ အဲ့ဒီမွာ ဒီက ေဒသခံ ပကဖေတြ သြားၿပီးေတာ့ လက္လုပ္ ၆၀ ေတြနဲ႔ သြားပစ္ၾကတယ္ဗ်။ အထိအခိုက္အက်အဆုံး ဘာမွေတာ့ သတင္း မရေသးဘူးေပါ့ေန႔ာ။ သူတို႔ကို ဖိအားမေပးရင္ သူတို႔က အဲ့နား လွည့္ပတ္ၿပီး၊ ႐ြာေတြကို ထြက္ထြက္ၿပီး မီးရႈိ႕လို႔ အဲ့ေတာ့ ကြၽန္ေတာ္တို႔မွာက မီးရႈိ႕ခံရမွာ စိုးရိမ္ေတာ့ သူတို႔ကို အသံေပး ဘာေပးနဲ႔ ဒီလိုပဲ လုပ္ရတာပဲ ကြၽန္ေတာ္တို႔ သူတို႔ဖက္က လက္နက္ငယ္ေတြနဲ႔ေတာ့ ျပန္ပစ္တယ္။ ဒါေပမယ့္ သူတို႔အခ်က္ ၂၀ ၃၀ ‌ေလာက္ လက္လုပ္ ၆၀ ေတြနဲ႔ အေဝးကေန လွမ္းပစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဒီတိုင္းပဲ ေကာ္းေကာင္းမြန္မြန္ ျပန္ဆုတ္ခဲ့လိုက္တာေပါ့ေနာ္။"

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီက တစုံတရာ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။ ၂၀၂၂ ဒီဇင္ဘာလ အတြင္းမွာေတာ့ ကန႔္ဘလူၿမိဳ႕နယ္က ေဒသခံ ၅ ဦး သတ္ခံရၿပီး ေက်း႐ြာ ၉ ႐ြာ မီးရႈိ႕ခံရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ အဖြဲ႕ေတြက ထုတ္ျပန္ပါတယ္။ ဒီေက်း႐ြာ ၉ ႐ြာက ေနအိမ္အလုံး ၃၀၀ နီးပါး မီးရႈိ႕ခံတယ္လို႔ ဆိုပါတယ္။ ကန႔္ဘလူၿမိဳ႕နယ္ ဇီးပင္သာ႐ြာက ၈ တန္းေက်ာ္းသား ေမာင္သုတေဇာ္အပါအဝင္ အမ်ိဳးသား ၅ ဦး အသတ္ခံခဲ့ရတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဂါးဂေလာ္႐ြာက အသက္ ၄၀ အ႐ြယ္ အမ်ိဳးသား ၂ ဦး သတ္ခံရၿပီး အမ်ိဳးသား ၂ ဦးနဲ႔ အမ်ိဳးသမီး ၂ ဦးကိုလဲ ျမန္မာစစ္တပ္က ဖမ္းဆီးသြားၿပီး ခုထိ ေပ်ာက္ဆုံးေနတယ္လို႔ ဂါးဂေလာ္႐ြာခံ တစ္ဦးက ခုလိုေျပာပါတယ္။

"အသတ္ခံရတာက ေယာက်္ားေလး ၂ ေယာက္ပါဗ်။ ေနာက္တခါ ေယာက္်ားေလး ၂ ေယာက္နဲ႔ မိန္းကေလး ၂ ေယာက္ အျပစ္မဲ့ ျပည္သူေတြေပါ့္ေနာ္ ကြၽန္ေတာ္တို႔ ဂါးဂေလာ္႐ြာမွာ ေတာ္လွန္ေရးလဲ မရွိသလို PDF တပ္ရင္းတပ္ဖြဲ႕လည္း မရွိပါဘူး။ ၁၆ ရက္ေန႔ ၁၇ ရက္ေန႔မွာ ဝင္လာတယ္၊ ေတြ႕တဲ့သူေတြကို ပစ္သတ္တယ္ ၄ ေယာက္ ဖမ္းေခၚသြားတယ္။ အဲ့ဒီမွာ ‌ေနာက္တစ္ရက္မွာ ႐ြာေတြကို မီးရႈိ႕တယ္။ အိမ္ေျခ ၄၀ ေလာက္ပါသြားတယ္။ PDF ဆိုတာလည္း မရွိဘူး၊ သူတို႔က PDF နဲ႔ ဆက္သြယ္တယ္တို႔ KIA နဲ႔ ဆက္သြယ္တယ္ ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔႐ြာကို ဝင္ေရာက္ ထိုးစစ္ဆင္ၿပီးေတာ့ ရမ္းသမ္း ပစ္ခတ္တယ္၊ ဖမ္းတယ္ ႐ြာကို မီးနဲ႔ ရႈိ႕တယ္။ အဲ့လိုပါဗ်"

ဂါးဂေလာ္ေက်း႐ြာဟာ အိမ္ေျခ ၇၀ ေက်ာ္ရွိၿပီး အိမ္ေျခ ၄၀ ေလာက္ မီးရႈိ႕ခံခဲ့ရတာျဖစ္ပါတယ္။ လဝက္နီးပါး စစ္ေရွာင္ေနၾကရတဲ့ ဂါးဂေလာ္႐ြာသားေတြဟာ ခုထိ ႐ြာထဲကို ျပန္မဝင္ရဲၾကေသးဘူးလို႔ ေဒသခံက ဆိုပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ ေက်း႐ြာေတြကို မီးရႈိ႕ၿပီး ျပန္ထြက္တဲ့အခါ ႐ြာအဝင္ ဒါမွမဟုတ္ ေက်း႐ြာအတြင္းက ေနအိမ္ေတြမွာ ေျမျမႇဳပ္မိုင္းေတြ ေထာင္ထားခဲ့တာမ်ိဳး ရွိတာေၾကာင့္ အဲဒီလို အႏၲရာယ္ကို ေၾကာက္တဲ့အတြက္ ႐ြာကို ျပန္မဝင္ရဲေသးတာ ျဖစ္တယ္လို႔ ‌ေဒသခံတဦးက ေျပာျပပါတယ္။

"တျခား႐ြာေတြကေတာ့ ၂ ရက္ ၃ ရက္ ေရွာင္လိုက္ ျပန္ဝင္လိုက္ၾကေပါ့၊ ကြၽန္ေတာ္တို႔ကေတာ့ အေၾကာက္အားေတြ ႀကီးသြားတာ။ ကြၽန္ေတာ္တို႔က က်ေတာ့လည္း ကိုယ့္ရပ္ကိုယ္႐ြာ ျပန္ဖို႔ကို စိတ္က မရဲဘူးျဖစ္ေနတာ။ ကြၽန္ေတာ္တို႔လည္း နယ္ေျမရွင္းလင္း‌ေအာင္ ဘယ္လိုလုပ္ကိုင္ ေဆာင္႐ြက္ရမလဲ စဥ္းစားရင္းနဲ႔ ကိုယ္နဲ႔ရင္းႏွီးတဲ့ ႐ြာနားနီးစပ္ ကေလးေတြဆီက အကူအညီ ယူရတုန္း။ ဒီ႐ြာကို ကေလးလူႀကီး အကုန္လုံး ျပန္ဝင္ဖို႔က်ေတာ့ အဲ့လို မိုင္းရွင္းဖို႔ အေျခအေနေတြထိလည္း ကြၽန္ေတာ္တို႔က မစြမ္းဘူးဆိုေတာ့ အဲ့ဒီ အခက္အခဲေၾကာင့္လဲ ျပန္မဝင္ရဲတာပါဗ်။"

လက္ရွိ ကန႔္ဘလူၿမိဳ႕နယ္အတြင္းမွာ ျမန္မာစစ္တပ္ကို ေထာက္ခံဖြဲ႕စည္းထားတဲ့ ပ်ဴေစာထီးအဖြဲ႕ရွိတဲ့ ေက်း႐ြာ စုစု‌ေပါင္း ၃၀ နီးပါး ရွိေနပါတယ္။ အခ်ိဳ႕ေက်း႐ြာေတြကိုေတာ့ ဖိအားေပးၿပီး ဖြဲ႕စည္းခိုင္းတာလို႔ ေဒသခံေတြကေျပာပါတယ္။ ဒီလို အတင္းအၾကပ္ ပ်ဴေစာထီးအဖြဲ႕ကို ဝင္ခိုင္းၿပီး စစ္သင္တန္း ေပးတာေတြ လုပ္တာ‌ေၾကာင့္ အဲဒီေက်း႐ြာေတြက ေဒသခံေတြဟာ ထြက္ေျပးေရွာင္တိမ္းၾကရတယ္လို႔ ကန႔္ဘလူၿမိဳ႕နယ္ ပကဖ စစ္ေရး တာဝန္ခံက ေျပာျပပါတယ္။

"လက္ရွိကေတာ့ ကြၽန္ေတာ္တို႔ ေနရာေတြမွာ အေတာ္ေလး ေအးေနၿပီဆိုေတာ့ အဓိကကေတာ့ ေစာင္ေပါ့၊ ေစာင္၊ မိုးကာ၊ ေနာက္ၿပီးေတာ့ခါ တခ်ိဳ႕က်ေတာ့လည္း စားဝတ္ေနေရး အေတာ္က်ပ္တည္းသြားတာေတြရွိတယ္။ လယ္ယာေတြ တခ်ိဳ႕ အဲ့ဒါေတြ ေတာင္မွ ျပန္ရိတ္လို႔ မရေတာ့ဘူးေလ။ စပါးေတြေတာင္မွ ပ်ဴေတြက ရိတ္သြားၾကတာေလေနာ္။ အဲ့ေတာ့ ရွိတာေလးနဲ႔ ထြက္ေျပးခဲ့ရတဲ့ အေနအထားေတြ ျဖစ္ေနတာကိုး။ အဲ့ေတာ့ အကုန္ခက္ခဲတာေပါ့ေနာ္၊ သူတို႔အတြက္ ရပ္တည္ဖို႔ရာ အတြက္ကို။"

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း ျမန္မာစစ္ေကာင္စီက တန္ျပန္စြပ္စြဲတာရွိပါတယ္။ စစ္ကိုင္းတိုင္းအတြင္း အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့ ေက်း႐ြာေတြရွိသလို၊ စစ္ေကာင္စီကို လိုလားတဲ့ ေက်း႐ြာတခ်ိဳ႕လည္းရွိေနၿပီး အဲဒီေက်း႐ြာေတြကို စစ္ေကာင္စီက ျပည္သူ႔စစ္အျဖစ္ လက္နက္ တပ္ဆင္ေပးတာေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

ကန့်ဘလူမြို့နယ် စစ်ရေးတင်းမာမှုတွေကြား ဒေသခံတချို့သေဆုံး

ကန့်ဘလူမြို့နယ်မှာ ဒီဇင်ဘာလအတွင်း ကျေးရွာ ၉ ရွာ မီးရှို့ခံခဲ့ရပြီး ဒေသခံ ၅ ဦး သတ်ခံခဲ့ရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးသူတွေက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁ ရက် မနေ့ကလည်း ကွင်းကိုးကြံစိုက်ပျိုးရေးတပ်ကို ‌‌‌ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း သတင်ပေးပို့ချက်ကို ကိုရဲမွန်က ပြောပြမှာပါ။

ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီ ဝန်းကျင်လောက်မှာ ‌ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမပေါ်က ကွင်းကိုး ကြံစိုက်ပျိုးရေးတပ်ကို ကန့်ဘလူ ‌ဒေသကာကွယ်ရေး တပ်တွေက သွားရောက် ပစ်ခတ်တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ရေး တာဝန်ခံက VOA ကို ခုလိုပြောပါတယ်။

"ပြီးခဲ့တဲ့ မနေ့ တမြန်မနေ့ညက ပေါ့နှော၊ ကျွန်တော်တို့ ကန့်ဘလူတောင်ပိုင်းက ကွင်းကိုးဆိုတာ ရွေဘို-မြစ်ကြီးနား ကားလမ်းဘေးပေါ့နော် ကွင်းကိုးဆိုတာ စစ်တပ်က သိမ်းထားတဲ့ မြေတွေရှိတယ်။ အဲ့ဒီမှာ ဒီက ဒေသခံ ပကဖတွေ သွားပြီးတော့ လက်လုပ် ၆၀ တွေနဲ့ သွားပစ်ကြတယ်ဗျ။ အထိအခိုက်အကျအဆုံး ဘာမှတော့ သတင်း မရသေးဘူးပေါ့နေ့ာ။ သူတို့ကို ဖိအားမပေးရင် သူတို့က အဲ့နား လှည့်ပတ်ပြီး၊ ရွာတွေကို ထွက်ထွက်ပြီး မီးရှို့လို့ အဲ့တော့ ကျွန်တော်တို့မှာက မီးရှို့ခံရမှာ စိုးရိမ်တော့ သူတို့ကို အသံပေး ဘာပေးနဲ့ ဒီလိုပဲ လုပ်ရတာပဲ ကျွန်တော်တို့ သူတို့ဖက်က လက်နက်ငယ်တွေနဲ့တော့ ပြန်ပစ်တယ်။ ဒါပေမယ့် သူတို့အချက် ၂၀ ၃၀ ‌လောက် လက်လုပ် ၆၀ တွေနဲ့ အဝေးကနေ လှမ်းပစ်ပြီးတော့ ကျွန်တော်တို့ ဒီတိုင်းပဲ ကော်းကောင်းမွန်မွန် ပြန်ဆုတ်ခဲ့လိုက်တာပေါ့နော်။"

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီက တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ၂၀၂၂ ဒီဇင်ဘာလ အတွင်းမှာတော့ ကန့်ဘလူမြို့နယ်က ဒေသခံ ၅ ဦး သတ်ခံရပြီး ကျေးရွာ ၉ ရွာ မီးရှို့ခံရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ပါတယ်။ ဒီကျေးရွာ ၉ ရွာက နေအိမ်အလုံး ၃၀၀ နီးပါး မီးရှို့ခံတယ်လို့ ဆိုပါတယ်။ ကန့်ဘလူမြို့နယ် ဇီးပင်သာရွာက ၈ တန်းကျော်းသား မောင်သုတဇော်အပါအဝင် အမျိုးသား ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဂါးဂလော်ရွာက အသက် ၄၀ အရွယ် အမျိုးသား ၂ ဦး သတ်ခံရပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးကိုလဲ မြန်မာစစ်တပ်က ဖမ်းဆီးသွားပြီး ခုထိ ပျောက်ဆုံးနေတယ်လို့ ဂါးဂလော်ရွာခံ တစ်ဦးက ခုလိုပြောပါတယ်။

"အသတ်ခံရတာက ယောကျ်ားလေး ၂ ယောက်ပါဗျ။ နောက်တခါ ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေး ၂ ယောက် အပြစ်မဲ့ ပြည်သူတွေပေါ့်နော် ကျွန်တော်တို့ ဂါးဂလော်ရွာမှာ တော်လှန်ရေးလဲ မရှိသလို PDF တပ်ရင်းတပ်ဖွဲ့လည်း မရှိပါဘူး။ ၁၆ ရက်နေ့ ၁၇ ရက်နေ့မှာ ဝင်လာတယ်၊ တွေ့တဲ့သူတွေကို ပစ်သတ်တယ် ၄ ယောက် ဖမ်းခေါ်သွားတယ်။ အဲ့ဒီမှာ ‌နောက်တစ်ရက်မှာ ရွာတွေကို မီးရှို့တယ်။ အိမ်ခြေ ၄၀ လောက်ပါသွားတယ်။ PDF ဆိုတာလည်း မရှိဘူး၊ သူတို့က PDF နဲ့ ဆက်သွယ်တယ်တို့ KIA နဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ကျွန်တော်တို့ရွာကို ဝင်ရောက် ထိုးစစ်ဆင်ပြီးတော့ ရမ်းသမ်း ပစ်ခတ်တယ်၊ ဖမ်းတယ် ရွာကို မီးနဲ့ ရှို့တယ်။ အဲ့လိုပါဗျ"

ဂါးဂလော်ကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်ရှိပြီး အိမ်ခြေ ၄၀ လောက် မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ လဝက်နီးပါး စစ်ရှောင်နေကြရတဲ့ ဂါးဂလော်ရွာသားတွေဟာ ခုထိ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံက ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကို မီးရှို့ပြီး ပြန်ထွက်တဲ့အခါ ရွာအဝင် ဒါမှမဟုတ် ကျေးရွာအတွင်းက နေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာမျိုး ရှိတာကြောင့် အဲဒီလို အန္တရာယ်ကို ကြောက်တဲ့အတွက် ရွာကို ပြန်မဝင်ရဲသေးတာ ဖြစ်တယ်လို့ ‌ဒေသခံတဦးက ပြောပြပါတယ်။

"တခြားရွာတွေကတော့ ၂ ရက် ၃ ရက် ရှောင်လိုက် ပြန်ဝင်လိုက်ကြပေါ့၊ ကျွန်တော်တို့ကတော့ အကြောက်အားတွေ ကြီးသွားတာ။ ကျွန်တော်တို့က ကျတော့လည်း ကိုယ့်ရပ်ကိုယ်ရွာ ပြန်ဖို့ကို စိတ်က မရဲဘူးဖြစ်နေတာ။ ကျွန်တော်တို့လည်း နယ်မြေရှင်းလင်း‌အောင် ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမလဲ စဉ်းစားရင်းနဲ့ ကိုယ်နဲ့ရင်းနှီးတဲ့ ရွာနားနီးစပ် ကလေးတွေဆီက အကူအညီ ယူရတုန်း။ ဒီရွာကို ကလေးလူကြီး အကုန်လုံး ပြန်ဝင်ဖို့ကျတော့ အဲ့လို မိုင်းရှင်းဖို့ အခြေအနေတွေထိလည်း ကျွန်တော်တို့က မစွမ်းဘူးဆိုတော့ အဲ့ဒီ အခက်အခဲကြောင့်လဲ ပြန်မဝင်ရဲတာပါဗျ။"

လက်ရှိ ကန့်ဘလူမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်ကို ထောက်ခံဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့ရှိတဲ့ ကျေးရွာ စုစု‌ပေါင်း ၃၀ နီးပါး ရှိနေပါတယ်။ အချို့ကျေးရွာတွေကိုတော့ ဖိအားပေးပြီး ဖွဲ့စည်းခိုင်းတာလို့ ဒေသခံတွေကပြောပါတယ်။ ဒီလို အတင်းအကြပ် ပျူစောထီးအဖွဲ့ကို ဝင်ခိုင်းပြီး စစ်သင်တန်း ပေးတာတွေ လုပ်တာ‌ကြောင့် အဲဒီကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးရှောင်တိမ်းကြရတယ်လို့ ကန့်ဘလူမြို့နယ် ပကဖ စစ်ရေး တာဝန်ခံက ပြောပြပါတယ်။

"လက်ရှိကတော့ ကျွန်တော်တို့ နေရာတွေမှာ အတော်လေး အေးနေပြီဆိုတော့ အဓိကကတော့ စောင်ပေါ့၊ စောင်၊ မိုးကာ၊ နောက်ပြီးတော့ခါ တချို့ကျတော့လည်း စားဝတ်နေရေး အတော်ကျပ်တည်းသွားတာတွေရှိတယ်။ လယ်ယာတွေ တချို့ အဲ့ဒါတွေ တောင်မှ ပြန်ရိတ်လို့ မရတော့ဘူးလေ။ စပါးတွေတောင်မှ ပျူတွေက ရိတ်သွားကြတာလေနော်။ အဲ့တော့ ရှိတာလေးနဲ့ ထွက်ပြေးခဲ့ရတဲ့ အနေအထားတွေ ဖြစ်နေတာကိုး။ အဲ့တော့ အကုန်ခက်ခဲတာပေါ့နော်၊ သူတို့အတွက် ရပ်တည်ဖို့ရာ အတွက်ကို။"

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကို လိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက် တပ်ဆင်ပေးတာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG