သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မင္းကင္းၿမိဳ႕အနီး တိုက္ပြဲျပင္းထန္ေန၊ အရပ္သား ၅၀ ကို စစ္ေကာင္စီ ဖမ္းထား


မင္းကင္းၿမဳိ႕အဝင္ ဆိုင္းဘုတ္

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕အနီး ခ်င္းတြင္းျမစ္ေဘးမွာရွိတဲ့ ပုထိုးလုံးေက်း႐ြာမွာ တပ္စြဲတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ၃ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ အရပ္သား ၅၀ နီးပါးကို စစ္ေကာင္စီကေခၚေဆာင္သြားၿပီး ျပန္လႊတ္မေပးေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ စစ္ေရးတင္းမာေနတယ္လို႔ ကာကြယ္ေရးအဖြဲ႕ေတြဘက္က ေျပာပါတယ္။ မင္းကင္းၿမိဳ႕အေျခအေန သတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နဲ႔ ၃ မိုင္သာသာေဝးၿပီး ခ်င္းတြင္းျမစ္ေဘးမွာရွိတဲ့ ပုထိုးလုံးေက်း႐ြာကို ေဖေဖာ္ဝါရီ ၁၈ ရက္က စစ္ေကာင္စီတပ္ဖြဲ႕ေတြ ေရာက္ရွိလာၿပီး တပ္စြဲတဲ့အတြက္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ခဲ့တာပါ။ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ေဖေဖာ္ဝါရီ ၂၀ ရက္ ညေနပိုင္းမွာ ေက်း႐ြာထဲမွာရွိတဲ့ အရပ္သား ၅၀ ေက်ာ္ကို စစ္ေကာင္စီက ေခၚေဆာင္သြားၿပီး ျပန္လႊတ္မေပးေသးဘူးလို႔ ပုထိုးလုံးေက်း႐ြာအနီးေက်း႐ြာက ေဒသခံတဦးက ေျပာပါတယ္။

“ေဒသခံအေျခအေနက ႐ြာသူ႐ြာသားေတြက ေတာေတာင္ေတြထဲ ေျပးလႊားေနၾကရတာေပါ့ဗ်ာ။ အဲ့ဒါၿပီးေတာ့ တခ်ိဳ႕လည္း ပိတ္မိၿပီးမွ မိသြားလို႔ ဖမ္းခံရတဲ့သူေတြကိုလည္း ေခၚသြားတယ္တဲ့ စစ္တပ္ရွိတဲ့ဆီေပါ့ဗ်ာ။ ၅၇ ေယာက္ အသက္ႀကီးဖိုးဖြားေတြေကာ ကေလးငယ္ေတြေကာ ေခၚသြားတယ္။ လႊတ္မေပးေသးဘူး။ ပိတ္မိေနတဲ့သူေတြ အဲ့ဒါေတြကို သူတို႔က ေခၚသြားတာ။”

စစ္ေကာင္စီတပ္က အရပ္သားအမ်ားအျပားကို ဖမ္းဆီးေခၚေဆာင္သြားတယ္ဆိုတာကို ေဒသခံကာကြယ္ေရး အဖြဲ႕ဘက္ကလည္း အတည္ျပဳပါတယ္။ ဖမ္းဆီးခံရတဲ့ လူဦးေရအေရအတြက္ကိုေတာ့ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးသလို ဘာေၾကာင့္ ေခၚေဆာင္သြားတယ္ဆိုတာကိုလည္း စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

ေဖေဖာ္ဝါရီ ၁၈ ရက္ကေန ၂၀ ရက္ ညေနပိုင္းအထိ တိုက္ပြဲ ၃ ရက္ဆက္တိုက္ျဖစ္ခဲ့ၿပီး လက္ရွိမွာ စစ္ေရးတင္းမာတဲ့အေနအထားရွိေနပါတယ္။ တိုက္ပြဲအေျခအေနနဲ႔ပတ္သက္လို႔ မင္းကင္းေဒသခံကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ရွိသူတဦးက အခုလို ေျပာပါတယ္။

“မင္းကင္းကေနမွ ေမာ္ေတာ္ေတြ ဖလက္ေတြကို ေခ်ာဆြဲၿပီးမွ ပုထိုးလုံး႐ြာထဲကို လာၿပီး တပ္စြဲတာခင္ဗ်။ သူတို႔႐ြာထဲမွာ တပ္စြဲၿပီဆိုတာနဲ႔ ကြၽန္ေတာ္တို႔အေနနဲ႔ သတင္းရတယ္။ သတင္းရတာနဲ႔ တပ္ရင္းကေန စစ္ေၾကာင္းေတြ ျပင္ဆင္ၿပီး ကြၽန္ေတာ္တို႔ဘက္ကပဲ သူတို႔တပ္စြဲတဲ့ေနရာကိုသြားၿပီး ဝင္ေရာက္ပစ္ခတ္မႈ လုပ္တာပါ။ ၁၈ ရက္ကေန ၂၀ ရက္ေန႔အထိ ထိေတြ႕မႈျဖစ္တယ္။ ဒီေန႔မွာလည္း ဒီေကာင္ေတြ စစ္ေၾကာင္း ျပန္တက္လာတာရွိတယ္ ရွိတဲ့အတြက္ ေလာေလာဆယ္ ၂ ဖက္ ရင္ဆိုင္ထားစဲပဲရွိတယ္ ပစ္ခတ္မႈေတာ့ မရွိေသးဘူး။”

ဒ့ါအျပင္ မင္းကင္းၿမိဳ႕နယ္ထဲက စစ္ေကာင္စီ အားေပးေထာက္ခံတဲ့ ပ်ဴေစာထီး အားေကာင္းတဲ့ ေနရာေတြမွာလည္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြရွိေနပါတယ္။ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ နယ္ေျမစိုးမိုးမႈ အားေကာင္းလာတဲ့အတြက္ စစ္တပ္ဘက္က မင္းကင္းၿမိဳ႕နယ္ကို နယ္ေျမရွင္းလင္း စစ္ေၾကာင္းထိုးဖို႔ ျပင္ဆင္လာတာ ျဖစ္တယ္လို႔ ေဒသခံကာကြယ္ေရး အဖြဲ႕ေတြက သုံးသပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မင်းကင်းမြို့အနီး တိုက်ပွဲပြင်းထန်နေ၊ အရပ်သား ၅၀ ကို စစ်ကောင်စီ ဖမ်းထား

စစ်ကိုင်းတိုင်း မင်းကင်းမြို့အနီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၅၀ နီးပါးကို စစ်ကောင်စီကခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ မင်းကင်းမြို့အခြေအနေ သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နဲ့ ၃ မိုင်သာသာဝေးပြီး ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပုထိုးလုံးကျေးရွာကို ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာပြီး တပ်စွဲတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာ ကျေးရွာထဲမှာရှိတဲ့ အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီက ခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးဘူးလို့ ပုထိုးလုံးကျေးရွာအနီးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံအခြေအနေက ရွာသူရွာသားတွေက တောတောင်တွေထဲ ပြေးလွှားနေကြရတာပေါ့ဗျာ။ အဲ့ဒါပြီးတော့ တချို့လည်း ပိတ်မိပြီးမှ မိသွားလို့ ဖမ်းခံရတဲ့သူတွေကိုလည်း ခေါ်သွားတယ်တဲ့ စစ်တပ်ရှိတဲ့ဆီပေါ့ဗျာ။ ၅၇ ယောက် အသက်ကြီးဖိုးဖွားတွေကော ကလေးငယ်တွေကော ခေါ်သွားတယ်။ လွှတ်မပေးသေးဘူး။ ပိတ်မိနေတဲ့သူတွေ အဲ့ဒါတွေကို သူတို့က ခေါ်သွားတာ။”

စစ်ကောင်စီတပ်က အရပ်သားအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို ဒေသခံကာကွယ်ရေး အဖွဲ့ဘက်ကလည်း အတည်ပြုပါတယ်။ ဖမ်းဆီးခံရတဲ့ လူဦးရေအရေအတွက်ကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို ဘာကြောင့် ခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၀ ရက် ညနေပိုင်းအထိ တိုက်ပွဲ ၃ ရက်ဆက်တိုက်ဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာတဲ့အနေအထားရှိနေပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မင်းကင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မင်းကင်းကနေမှ မော်တော်တွေ ဖလက်တွေကို ချောဆွဲပြီးမှ ပုထိုးလုံးရွာထဲကို လာပြီး တပ်စွဲတာခင်ဗျ။ သူတို့ရွာထဲမှာ တပ်စွဲပြီဆိုတာနဲ့ ကျွန်တော်တို့အနေနဲ့ သတင်းရတယ်။ သတင်းရတာနဲ့ တပ်ရင်းကနေ စစ်ကြောင်းတွေ ပြင်ဆင်ပြီး ကျွန်တော်တို့ဘက်ကပဲ သူတို့တပ်စွဲတဲ့နေရာကိုသွားပြီး ဝင်ရောက်ပစ်ခတ်မှု လုပ်တာပါ။ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ထိတွေ့မှုဖြစ်တယ်။ ဒီနေ့မှာလည်း ဒီကောင်တွေ စစ်ကြောင်း ပြန်တက်လာတာရှိတယ် ရှိတဲ့အတွက် လောလောဆယ် ၂ ဖက် ရင်ဆိုင်ထားစဲပဲရှိတယ် ပစ်ခတ်မှုတော့ မရှိသေးဘူး။”

ဒ့ါအပြင် မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီ အားပေးထောက်ခံတဲ့ ပျူစောထီး အားကောင်းတဲ့ နေရာတွေမှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေပါတယ်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှု အားကောင်းလာတဲ့အတွက် စစ်တပ်ဘက်က မင်းကင်းမြို့နယ်ကို နယ်မြေရှင်းလင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက သုံးသပ်နေပါတယ်။

XS
SM
MD
LG