သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ အေမရိကန္ဒဏ္ခတ္မႈေတြ လုံေလာက္မႈမရွိေသး (ေဒၚဇင္မာေအာင္)


NUG ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚဇင္မာေအာင္

[[Zawgyi/Unicode]]

ျမန္မာ စစ္ေကာင္စီအေပၚ အေမရိကန္ျပည္ေထာင္စုရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈေတြဟာ လုံေလာက္မႈ မရွိေသးတဲ့အေၾကာင္းနဲ႔ ဒီထက္ပိုၿပီး ဖိအားေပးဖို႔လိုသလို ျမန္မာ့ ဒီမိုကေရစီေရးအတြက္ လႈပ္ရွားေနတဲ့ အဖြဲ႕အစည္းေတြ ကို ပိုၿပီး ေငြေၾကးေထာက္ပံ့ဖို႔လိုတဲ့အေၾကာင္း NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ က Reuters သတင္းဌာနကို ေျပာဆိုပါတယ္။

“စီးပြားေရးအရ ဒဏ္ခတ္ ပိတ္ဆို႔ရာမွာ ဖိအားေပးတာေတြ မလုံေလာက္ေသးပါဘူး။ ဒါ့ေၾကာင့္လည္း စစ္ေကာင္စီဘက္ က အခုအခ်ိန္အထိ ရပ္တည္ႏိုင္တာျဖစ္ၿပီး တကယ္လို႔ စစ္ေကာင္စီ ဝင္ေငြ အရင္းအျမစ္ေတြ ကို ပိတ္ဆို႔ ျဖတ္ေတာက္ႏိုင္မယ္ဆိုရင္ ျမန္မာျပည္သူေတြအေပၚ တိုက္ခိုက္တာေတြ ဆက္ လုပ္ႏိုင္မွာ မဟုတ္ပါဘူး” - လို႔ ေဒၚဇင္မာေအာင္ ေျပာဆိုသြားတာပါ။

ျမန္မာစစ္တပ္ဘက္ က ေလေၾကာင္းကေန ထိုးစစ္ဆင္တဲ့အခါ တိုက္ခိုက္ေရး ဂ်က္ေလယာဥ္ေတြ အတြက္ ေလာင္စာဆီဖိုး ေငြေၾကးအေျမာက္အမ်ား အကုန္အက်ခံ တိုက္ေနတာျဖစ္တဲ့အတြက္ ထိထိေရာက္ေရာက္ ပိတ္ဆို႔ ျဖတ္ေတာက္ႏိုင္ဖို႔ စီးပြားေရးအရ အေရးယူႏိုင္ဖို႔လိုမယ္လို႔ သူက ေျပာဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုကို ေရာက္လာတဲ့ခရီးစဥ္အတြင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိေတြ နဲ႔ လႊတ္ေတာ္အမတ္တခ်ိဳ႕ ကို ေတြ႕ဆုံပါတယ္။ ျမန္မာႏိုင္ငံအေရး ကို ႏိုင္ငံေတာ္ေတာ္မ်ားမ်ား က ယူကရိန္း-႐ုရွား က်ဳးေက်ာ္စစ္လိုမျမင္ဘဲ ျပည္တြင္းေရး ျပသနာအျဖစ္ပဲ ျမင္ေနၾကတဲ့အတြက္ ကူညီေထာက္ပံ့မႈ အားနည္းတာကို ေဒၚဇင္မာေအာင္ ႏိုင္းယွဥ္ ေျပာဆိုပါတယ္။

အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ ျမန္မာစစ္ေကာင္စီရဲ႕ ေငြေၾကးစီးဆင္း မႈအေပၚ ပစ္မွတ္ထား အေရးယူ ဖိအားေပးေနေပမဲ့ သတိေပးတဲ့အဆင့္ပဲရွိေနေသးတယ္လို႔ ေဒၚဇင္မာေအာင္က ေဝဖန္ ေျပာဆိုပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္ကေတာ့ ဒါနဲ႔ပတ္သက္လို႔ တစုံတရာ တုံ႔ျပန္ေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

မြန်မာ စစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိသေးတဲ့အကြောင်းနဲ့ ဒီထက်ပိုပြီး ဖိအားပေးဖို့လိုသလို မြန်မာ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို ပိုပြီး ငွေကြေးထောက်ပံ့ဖို့လိုတဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က Reuters သတင်းဌာနကို ပြောဆိုပါတယ်။

“စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ရာမှာ ဖိအားပေးတာတွေ မလုံလောက်သေးပါဘူး။ ဒါ့ကြောင့်လည်း စစ်ကောင်စီဘက် က အခုအချိန်အထိ ရပ်တည်နိုင်တာဖြစ်ပြီး တကယ်လို့ စစ်ကောင်စီ ဝင်ငွေ အရင်းအမြစ်တွေ ကို ပိတ်ဆို့ ဖြတ်တောက်နိုင်မယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်တာတွေ ဆက် လုပ်နိုင်မှာ မဟုတ်ပါဘူး” - လို့ ဒေါ်ဇင်မာအောင် ပြောဆိုသွားတာပါ။

မြန်မာစစ်တပ်ဘက် က လေကြောင်းကနေ ထိုးစစ်ဆင်တဲ့အခါ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ အတွက် လောင်စာဆီဖိုး ငွေကြေးအမြောက်အများ အကုန်အကျခံ တိုက်နေတာဖြစ်တဲ့အတွက် ထိထိရောက်ရောက် ပိတ်ဆို့ ဖြတ်တောက်နိုင်ဖို့ စီးပွားရေးအရ အရေးယူနိုင်ဖို့လိုမယ်လို့ သူက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေ နဲ့ လွှတ်တော်အမတ်တချို့ ကို တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံအရေး ကို နိုင်ငံတော်တော်များများ က ယူကရိန်း-ရုရှား ကျုးကျော်စစ်လိုမမြင်ဘဲ ပြည်တွင်းရေး ပြသနာအဖြစ်ပဲ မြင်နေကြတဲ့အတွက် ကူညီထောက်ပံ့မှု အားနည်းတာကို ဒေါ်ဇင်မာအောင် နိုင်းယှဉ် ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ငွေကြေးစီးဆင်း မှုအပေါ် ပစ်မှတ်ထား အရေးယူ ဖိအားပေးနေပေမဲ့ သတိပေးတဲ့အဆင့်ပဲရှိနေသေးတယ်လို့ ဒေါ်ဇင်မာအောင်က ဝေဖန် ပြောဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG