သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် ဒဏ်ခတ်အရေးယူဖို့ ကန်အမတ်တချို့နဲ့ NUG ဝန်ကြီးဆွေးနွေး


 မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် ဒဏ်ခတ်အရေးယူဖို့ ကန်အမတ်တချို့နဲ့ NUG ဝန်ကြီးဆွေးနွေး
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် ဒဏ်ခတ်အရေးယူဖို့ ကန်အမတ်တချို့နဲ့ NUG ဝန်ကြီးဆွေးနွေး

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ ထိပ်တန်း ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် 7အပါအဝင် ပါတီကြီး ၂ ခုက လွှတ်တော်အမတ်တချို့နဲ့ တွေ့ဆုံပြီး စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် ဒဏ်ခတ်အရေးယူဖို့ ကန်အမတ်တချို့နဲ့ NUG ဝန်ကြီးဆွေးနွေး

{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ ထိပ်တန်း ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell အပါအဝင် ပါတီကြီး ၂ ခုက လွှတ်တော်အမတ်တချို့နဲ့ ဒီသီတင်းပတ်ထဲမှာပဲ တွေ့ဆုံပြီး စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အာဏာရ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ Jeff Merkley ၊ Ed Markey တို့နဲ့ အင်္ဂါနေ့က တွေ့ဆုံရာမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ဖို့ ဆွေးနွေးခဲ့ကြောင်း ဒေါ်ဇင်မာအောင်က Twitter လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။

အင်္ဂါနေ့မှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အထက်လွှတ်တော် ရီဘတ်ဘစ်ကန်ခေါင်းဆောင် Mitch McConnell နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်းလည်း Twitter မှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်က စစ်ခေါင်းဆောင်တွေ၊ ဆက်နွယ်သူတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီအတွက် အဓိက ဝင်ငွေရနေတယ်လို့ဆိုတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက နှောင့်နှေးနေတဲ့အပေါ် တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးသမားတွေက ဝေဖန်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

...............................................


{{Zawgyi/Unicode}}





XS
SM
MD
LG