သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NUG ႏိုင္ငံျခားေရးဝန္ႀကီး ကန္ေရာက္ ျမန္မာေတြနဲ႔ ေတြ႔ဆံု


NUG ႏိုင္ငံျခားေရးဝန္ၾကီး ေဒၚဇင္မာေအာင္ နဲ႔ ျမန္မာမိသားစုမ်ား ေတြ႔ဆံုပြဲ

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုကို ေရာက္ရွိေနတဲ့ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ျမန္မာျပည္ဖြား မိသားစုေတြ တနဂၤေႏြေန႔က ေတြ႔ဆံုခဲ့ၾကၿပီး ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္း ေျဖရွင္းေရး သေဘာထားေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

“အၾကမ္းဖက္မႈေတြ ရပ္တန္႔ဖို႔ဆိုတာ အာဆီယံ 5 Point Consensus မွာလည္း ပါၿပီးျဖစ္တယ္။ အဲဒီေတာ့ က်မတို႔ သံတမန္နည္းအရေရာ၊ စီးပြားေရးအရ ပိတ္ဆို႔တဲ့နည္းေတြ အရေရာ နည္းေပါင္းစံုနဲ႔ စီးပြားေရးအရ သံတမန္နည္းအရ စစ္ေရးအရ ႏိုင္ငံေရးအရ နည္းေပါင္းစံုနဲ႔ ႀကိဳးစားၿပီး အဆံုးသတ္သြားမွာ ျဖစ္ပါတယ္။”

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က အေမရိကန္ေရာက္ ျမန္မာမိသားစုေတြနဲ႔ ေတြ႔ဆံုပြဲမွာ ေျပာခဲ့တာပါ။

အေမရိကန္အစိုးရ တာဝန္ရွိသူေတြအျပင္ အေမရိကန္-အာဆီယံ အထူးထိပ္သီးညီလာခံ လာေရာက္တဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြက တာဝန္ရွိသူေတြနဲ႔လည္း NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ကိုယ္စားလွယ္အဖြဲ႔က ျမန္မာ့အေရး ေဆြးေႏြးခဲ့ၾကပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အေမရိကန္ေရာက္ ျမန္မာအသိုင္းအဝိုင္းတြင္းမွာလည္း စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ေတာ္လွန္ေရးအတြက္ ရန္ပံုေငြရွာေဖြမႈ၊ အေမရိကန္ ျပည္ေထာင္စုတဝန္း ျမန္မာ့အေရး ခ်ီတက္ဆႏၵျပပြဲေတြနဲ႔ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

NUG နိုင်ငံခြားရေးဝန်ကြီး ကန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံ

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာပြည်ဖွား မိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး သဘောထားတွေကို ဆွေးနွေးခဲ့ကြပါတယ်။

“အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ဆိုတာ အာဆီယံ 5 Point Consensus မှာလည်း ပါပြီးဖြစ်တယ်။ အဲဒီတော့ ကျမတို့ သံတမန်နည်းအရရော၊ စီးပွားရေးအရ ပိတ်ဆို့တဲ့နည်းတွေ အရရော နည်းပေါင်းစုံနဲ့ စီးပွားရေးအရ သံတမန်နည်းအရ စစ်ရေးအရ နိုင်ငံရေးအရ နည်းပေါင်းစုံနဲ့ ကြိုးစားပြီး အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။”

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေအပြင် အမေရိကန်-အာဆီယံ အထူးထိပ်သီးညီလာခံ လာရောက်တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့လည်း NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုယ်စားလှယ်အဖွဲ့က မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းတွင်းမှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေမှု၊ အမေရိကန် ပြည်ထောင်စုတဝန်း မြန်မာ့အရေး ချီတက်ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG