သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“လုပ္ႀကံစာရင္းဆိုတာမ်ိဳး NUG မွာ ရည္ရြယ္ခ်က္ေရာ မူဝါဒပါမရွိ” - ေဒၚဇင္မာေအာင္


NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္

(Zawgyi / Unicode)

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ဆန႔္က်င္ဘက္အင္အားစုေတြကို လုပ္ႀကံဖို႔ စာရင္းတခု ရွိေနသလားဆိုၿပီး သံတမန္ အသိုင္းအဝိုင္းကတဆင့္ ေမးျမန္းလာတာကို ၾကားရခ်ိန္မွာ အေတာ္အံ့ၾသမိတယ္လို႔ NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ဗြီအိုေအကို ေျပာပါတယ္။ အဲဒီလိုရည္ရြယ္ခ်က္ မရွိသလို မူဝါဒလည္းမရွိ၊ ကိုင္စြဲထားတဲ့ စံတန္ဖိုးေတြနဲ႔လည္း ကိုက္ညီမႈမရွိဘူးလို႔ ေဒၚဇင္မာေအာင္က ေျပာပါတယ္။ ကိုေက်ာ္ေက်ာ္သိန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း - ေဒၚဇင္မာေအာင္ေရ ဒီ Hit List ေပါ့ေလ၊ လုပ္ႀကံသတ္ျဖတ္ဖို႔ဆုိတဲ့ စာရင္းတခု ထြက္ေနတယ္ဆုိၿပီးေတာ့ စြပ္စြဲခ်က္ေတြ၊ ေကာလာဟလေတြ ထြက္ေနတာ က်ေနာ္တုိ႔ သိထားပါတယ္။ အဲဒီလို စြပ္စြဲခ်က္ေတြ၊ ေကာလာဟလေတြက ဘယ္လိုမ်ဳိးမ်ား ျပန္႔ေနတာပါလဲ။

ေဒၚဇင္မာေအာင္ - “အဓိက က်မတို႔ သိရသေလာက္ေတာ့ ဆရာဆာဆာဆီကုိလည္း တခ်ဳိ႕ က်မတုိ႔နဲ႔ ဆက္ဆံ ေဆာင္ရြက္ေနတဲ့ သံတမန္အသုိင္းအဝုိင္းေတြ၊ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြကေနၿပီး ေမးလာတာေတြ ရွိတယ္။ က်မတုိ႔လည္း ဒါ ေတာ္ေတာ္အံ့ၾသတယ္။ ေတာ္ေတာ္အံ့ၾသေတာ့ ဘယ္လုိႀကီးတုန္းေပါ့ေနာ္၊ အဲဒါနဲ႔ ဒါ ေတာ္ေတာ္ Serious ျဖစ္တယ္၊ မဟုတ္ဘူးဆုိရင္လည္း မဟုတ္တဲ့အေၾကာင္းေတာ့ တုံ႔ျပန္ဖုိ႔ ေကာင္းတယ္ေပါ့ ဆိုၿပီးေတာ့ ဆရာဆာဆာဆီကေန ေဆြးေႏြးလာတာ ရွိတယ္။ တၿပိဳင္နက္တည္းမွာပဲ က်မတုိ႔ဆီကုိလည္း ေရာက္တယ္ေပါ့။ ဒါႀကီးက Hit List က ရွိေနတယ္၊ ဒီလို ဒီအေၾကာင္းပဲဆုိေတာ့ က်မတုိ႔လည္း စစၾကားခ်င္းေတာ့ ေတာ္ေတာ္အံ့ၾသတယ္။ တုံ႔ျပန္စရာေတာင္ မလုိဘူးလို႔ ထင္တာေပါ့ေလ။ သို႔ေသာ္လည္း ႏုိင္ငံတကာက က်မတုိ႔နဲ႔ လုပ္ေဖာ္ကုိင္ဘက္ သံတမန္ေတြ၊ အဖြဲ႔အစည္းေတြဆီကုိလည္း ေရာက္ေနတယ္ဆုိေတာ့ သူတို႔ကလည္း ေမးလာတယ္။ ဆုိတဲ့အေနအထားမွာ ဒါဆုိရင္ေတာ့ က်မတုိ႔ မဟုတ္ရင္လည္း မဟုတ္တဲ့အေၾကာင္းကုိေတာ့ ျပန္လည္ရွင္းလင္းဖို႔လုိတယ္။ ဒီအတုိင္း လႊတ္ထားလို႔ရတဲ့ သတင္းေတာ့ မဟုတ္ေတာ့ဘူး။ ဒါက အရမ္းကို စနစ္တက် ပ်ံ႕ႏွံ႔တဲ့ သေဘာမ်ဳိး ျဖစ္ေနတယ္။ ဒါေၾကာင့္မို႔ က်မတို႔ ႏုိင္ငံတကာေရးရာနဲ႔ေရာ သက္ဆုိင္ရာ Ministry နဲ႔ေရာ အေရးေပၚအစည္းအေဝး ေခၚယူတုိင္ပင္ၿပီးေတာ့ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာနအေနနဲ႔ ေၾကညာခ်က္ထုတ္ၿပီး ထုတ္ျပန္လိုက္ပါမယ္ေပါ့၊ ဆုိၿပီးေတာ့ က်မတုိ႔ Confirmation ေတြ အကုန္လုပ္ၿပီးမွ ဒီေၾကညာခ်က္ကို ဆရာဆာဆာက ထုတ္ျပန္တာ ျဖစ္ပါတယ္။”

ကိုေက်ာ္ေက်ာ္သိန္း - ဆုိေတာ့ ေဒၚဇင္မာေအာင္တို႔ သိထားတာအရက ေဒၚဇင္မာေအာင္တို႔ဆီကုိ သံတမန္အသုိင္းအဝုိင္းကေနၿပီးေတာ့ ဒီကိစၥ စလာတာေပါ့။

ေဒၚဇင္မာေအာင္ - “ဟုတ္ကဲ့၊ က်မတုိ႔ကေတာ့ လုပ္ငန္းသေဘာသဘာဝ အရလည္း ဒီသံတမန္အသုိင္းအဝုိင္းနဲ႔ ဆက္စပ္ေနရေတာ့ ဒီသတင္းေတြကုိ ဟုတ္သလားေပါ့၊ သူတုိ႔လက္ထဲ ရရွိေနပါတယ္ဆုိၿပီး က်မတုိ႔ဆီကို Confirmation လွမ္းေတာင္းတာေပါ့ေလ။ List ေတြနဲ႔ေရာ နာမည္ေတြနဲ႔ေရာပါေတာ့ က်မတုိ႔ကေတာ့ ေျပာတယ္၊ ဟာ ဒုကၡပဲ၊ အဲဒါဆုိိရင္ေတာ့ က်မတုိ႔ တကယ္စုိးရိမ္သြားၿပီလို႔၊ အဲဒီ အခုစာရင္းထဲမွာပါတဲ့ လူေတြေပါ့ေလ။ တခ်ဳိ႕တေလေတာ့ နာမည္ပါတယ္၊ က်မေတာ့ ထုတ္မေျပာေတာ့ပါဘူး၊ ဘာျဖစ္လို႔လဲဆုိေတာ့ နာမည္ထုတ္ေျပာလုိက္ရင္ သူတုိ႔အတြက္ အႏၱရာယ္ကို က်မတုိ႔ တကယ္ပဲ စုိးရိမ္တယ္။ က်မတုိ႔ကိုယ္တုိင္လည္း သူတို႔အတြက္ကို တကယ္စုိးရိမ္တယ္။ က်မတို႔ ဒီလုိမ်ဳိး ရည္ရြယ္ခ်က္လည္း မရွိဘူး၊ မူဝါဒအားျဖင့္လည္း ရွိမေနဘူး၊ က်မတုိ႔ရဲ႕ စံတန္ဖုိးေတြနဲ႔လည္း ကိုက္ညီမႈ မရွိဘူးေပါ့။ ဒါေၾကာင့္မုိ႔ ဒီဟာႀကီးက မဟုတ္ဘူး။ ဒါ မဟုတ္ဘူးဆုိတဲ့အေၾကာင္းေတာ့ က်မတုိ႔ ရွင္းျပပါတယ္။ တၿပိဳင္နက္တည္းမွာလည္း က်မတုိ႔ Conspiracy ျဖစ္လာႏုိင္တဲ့ဟာေတြကို က်မတုိ႔ သြားျမင္တယ္။ ျမင္တဲ့အတြက္ တကယ္လည္း စုိးရိမ္သြားတယ္၊ အဲဒီကာယကံရွင္ေတြအတြက္ေပါ့ေနာ္။ ဒီကိစၥေတြ ေမးျမန္းလာတဲ့ သံတမန္ေတြ၊ Verify လုပ္လာတဲ့ သံတမန္ေတြကိုေတာ့ က်မတုိ႔ ဒီအတုိင္းပဲ အေၾကာင္းျပန္ထားပါတယ္။”

ကိုေက်ာ္ေက်ာ္သိန္း - ေဒၚဇင္မာေအာင္တုိ႔ဆီကို သတ္သတ္မွတ္မွတ္ေပါ့ေလ၊ ႏုိင္ငံတကာ သံ႐ုံးတခုခုကေသာ္လည္းေကာင္း၊ ႏုိင္ငံျခားေရးဌာန တခုခုကေသာ္လည္းေကာင္း၊ ဒီကိစၥနဲ႔ပတ္သက္ၿပီး တုိက္႐ုိက္ေျပာဆုိရတာမ်ဳိးေရာ ရွိပါသလား။

ေဒၚဇင္မာေအာင္ - “ဟုတ္ကဲ့ ရွိပါတယ္။ Call ေတာင္းၿပီးေတာ့ ဒီသတင္းေတြ ၾကားေနတယ္၊ က်မတုိ႔ Informally ေပါ့၊ Formal Call ေတာ့ မဟုတ္ဘူးေပါ့။ က်မတို႔မွာေတာ့ အခုေခတ္က အင္တာနက္ေခတ္ ျဖစ္တာကိုး။ ျဖစ္ေတာ့ မက္ေဆ့ခ်္ေတြနဲ႔ ပို႔ၿပီးေတာ့ ပုံမွန္ အေရးႀကီးတဲ့ဟာေတြ၊ Serious ျဖစ္တဲ့ဟာေတြဆုိရင္ေတာ့ Confirmation လုပ္တယ္။ သတင္းအခ်က္အလက္ ေမးျမန္းေဆြးေႏြးတာေတြ လုပ္ၿပီးေတာ့ အဲဒီ Channel ေတြကေနပဲ က်မတုိ႔ သြားတာပါ။ အဲဒီေတာ့ က်မတုိ႔ဆီကုိလည္း ႏွစ္ခု သုံးခုေလာက္ကေနၿပီးေတာ့ Verify လုပ္လာေတာ့ က်မတုိ႔လည္း ျပန္ၿပီးေတာ့ ရွင္းလင္းေျပာၾကားရတဲ့ဟာ ျဖစ္လာတာေပါ့။”

ကိုေက်ာ္ေက်ာ္သိန္း - တဆက္တည္းမွာပဲ လက္ရွိ ျမန္မာျပည္မွာက ဒလန္ဆုိတဲ့ စြပ္စြဲခ်က္နဲ႔ သတ္ျဖတ္တာေတြ ရွိတယ္၊ ဗုံးခြဲတာေတြ ရွိတယ္။ ဒါေတြကုိလည္းပဲ စစ္ေကာင္စီဘက္ကေန အၾကမ္းဖက္အဖြဲ႔အစည္းေတြအျဖစ္ သူတုိ႔စြပ္စြဲထားတဲ့ CRPH နဲ႔ NUG ရဲ႕လက္ခ်က္ဆုိၿပီးေတာ့ ေျပာတယ္။ CRPH နဲ႔ NUG ဘက္ကလည္း ဒါေတြကို မသက္ဆုိင္ဘူးဆုိၿပီးေတာ့ ျငင္းထားတာ ရွိပါတယ္။ ဒီျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့၊ ဒီျဖစ္ရပ္ေတြကိုလုပ္တဲ့ အဖြဲ႔အစည္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ NUG အေနနဲ႔ ေျပာရမယ္ဆုိရင္ေတာ့ Moral Authority လုိ႔ ဆုိရမလားပါပဲ၊ ကုိယ္က်င့္သိကၡာပုိင္းအရ၊ က်င့္ဝတ္ပုိင္းအရ ေျပာေရးဆုိပုိင္ခြင့္ရွိတဲ့ အဖြဲ႔အစည္းတခု ျဖစ္တဲ့အခါၾကေတာ့ ဒီလုိအေျခအေမ်ဳိးေတြကို NUG အေနနဲ႔ ဘယ္လုိမ်ား ထိန္းသိမ္းလုပ္ေဆာင္ေနပါသလဲ၊ ဆက္ၿပီးေတာ့ေရာ ဘယ္လုိထိန္းသိမ္းလုပ္ေဆာင္သြားဖို႔ စီစဥ္ထားတာ ရွိပါသလဲ။

ေဒၚဇင္မာေအာင္ - “Morally Authority ရိွတဲ့အတြက္ က်မတုိ႔ မီဒီယာေတြမွာ ထြက္ၿပီးေတာ့ ေျပာဆုိတာေတြ ရွိတယ္။ က်မဆိုရင္လည္း ႏုိင္ငံတကာနဲ႔ ဆက္သြယ္ေဆာင္ရြက္ေနရတဲ့အျပင္ကုိ ျပည္တြင္းေပါ့၊ ကိုယ့္အစုိးရအဖြဲ႔အတြင္းမွာ Inter-Ministry Meeting ေတြမွာ က်မတုိ႔က အေက်အလည္ ဒီကိစၥေတြကို Seriously ေဆြးေႏြးၿပီးေတာ့မွ ေၾကညာခ်က္ထုတ္တာကအစ၊ မူဝါဒ ထုတ္ျပန္တာေတြကအစ တကယ့္ကို အေက်အလည္ ေဆြးေႏြးၿပီးေတာ့မွ ေျမျပင္က အေျခအေနနဲ႔ ေပါင္းစပ္ၿပီးေတာ့ ထုတ္ျပန္ၿပီးေတာ့ ေဆာင္ရြက္ေနတယ္။ Enforcement ေတြ လုပ္ေနတယ္။ အခု သက္ဆုိင္ရာ ဝန္ႀကီးဌာန အေနနဲ႔လည္း ျပည္နယ္ေတြ၊ ေဒသဆုိင္ရာ PDF ေတြေပါ့၊ က်မတုိ႔ရဲ႕ Chain of Command ထဲကို မေရာက္ေသးတဲ့ အဖြဲ႔အစည္းေတြနဲ႔ ေတြ႔တဲ့အခါမွာလည္း ဒီအတုိင္းပါပဲ။ အဲဒီကိစၥေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ေျပာၿပီးေတာ့ ဝန္ႀကီးဌာနက တာဝန္ရွိတဲ့လူေတြက ေတြ႔ဆုံၿပီးေတာ့ ေဆာင္ရြက္ေနတာရွိတယ္။ အဲဒီေတာ့ က်မတုိ႔ ေျပာခ်င္တာကေတာ့၊ က်မကုိယ္တုိင္လည္း တခါေတာ့ ေျပာၿပီးၿပီေပါ့၊ Crime ကုိ က်ဴးလြန္တယ္ဆုိရင္ ဒီကြန္ဗင္းရွင္းေတြ၊ လက္နက္ကုိင္ထားၿပီဆုိရင္ လက္နက္ကုိင္ထားတဲ့သူဟာ လက္နက္မကိုင္ထားတဲ့သူေတြထက္ ပုိၿပီးေတာ့ က်င့္ဝတ္ကုိ ေစာင့္ထိန္းရတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ က်မတုိ႔ကိုယ္တိုင္ ခံစားေနရတာ ျဖစ္တယ္ေပါ့။ လက္နက္ကုိင္ၿပီး က်င့္ဝတ္မရွိတဲ့တပ္ဟာ စစ္တပ္မဟုတ္ေတာ့ဘူး။ လုံးဝ အၾကမ္းဖက္အဖြဲ႔အစည္း ျဖစ္သြားၿပီလို႔ က်မတုိ႔ကုိယ္တုိင္လည္း ေၾကညာခဲ့တာ ျဖစ္တဲ့အတြက္ က်မတုိ႔ကုိယ္တုိင္ ဒါမ်ဳိးကို မလုပ္ဖုိ႔လုိတယ္ ဆုိတာက က်မတုိ႔ PDF ဆိုၿပီး စၿပီးဖြဲ႔စည္းမယ္လို႔ ဆုံးျဖတ္ခဲ့တဲ့ အေျခခံစံတန္ဖုိးျဖစ္တယ္၊ ခံယူခ်က္လည္း ျဖစ္တယ္ေပါ့ေနာ္။ ဆုိေတာ့ ဒါေတြကို က်မတုိ႔ အခါအားေလ်ာ္စြာ ထုတ္ေဖာ္ေျပာဆုိေနတာေတြလည္း ရွိပါတယ္။ အဲဒီေတာ့ တရားဥပေဒအရ ဆုိရင္ေတာ့ စစ္ဘက္ဆုိင္ရာ က်င့္ဝတ္ေတြ မလုိက္နာတဲ့လူေတြဟာ ဌာနတြင္း အေရးယူခံရႏုိင္ဖို႔ရွိတယ္။ ဒါ့အျပင္ ႏုိင္ငံတကာ စံခ်ိန္စံညႊန္းေတြနဲ႔အညီ ဂ်ီနီဗာကြန္ဗန္းရွင္းကို ခ်ဳိးေဖာက္တာမ်ဳိး ျဖစ္လာမယ္ဆုိရင္လည္း ဒါ ႏုိင္ငံတကာ စံခ်ိန္စံညႊန္းေတြနဲ႔ မကုိက္ညီရင္ ဥပေဒေတြအရ က်ဴးလြန္ရင္ က်ဴးလြန္တဲ့အေလ်ာက္ အျပစ္ေပးခံရႏုိင္ေခ်ရွိတယ္။ ဒါေၾကာင့္ ဒါေတြကို ေရွာင္ၾကဥ္ဖုိ႔ဆုိတာ စဥ္ဆက္မျပတ္ကုိ Internally မွာ Engagement ေတြလုပ္ေနပါတယ္လို႔ ေျပာခ်င္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

“လုပ်ကြံစာရင်းဆိုတာမျိုး NUG မှာ ရည်ရွယ်ချက်ရော မူဝါဒပါမရှိ” - ဒေါ်ဇင်မာအောင်

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆန့်ကျင်ဘက်အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခု ရှိနေသလားဆိုပြီး သံတမန် အသိုင်းအဝိုင်းကတဆင့် မေးမြန်းလာတာကို ကြားရချိန်မှာ အတော်အံ့သြမိတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။ အဲဒီလိုရည်ရွယ်ချက် မရှိသလို မူဝါဒလည်းမရှိ၊ ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း - ဒေါ်ဇင်မာအောင်ရေ ဒီ Hit List ပေါ့လေ၊ လုပ်ကြံသတ်ဖြတ်ဖို့ဆိုတဲ့ စာရင်းတခု ထွက်နေတယ်ဆိုပြီးတော့ စွပ်စွဲချက်တွေ၊ ကောလာဟလတွေ ထွက်နေတာ ကျနော်တို့ သိထားပါတယ်။ အဲဒီလို စွပ်စွဲချက်တွေ၊ ကောလာဟလတွေက ဘယ်လိုမျိုးများ ပြန့်နေတာပါလဲ။

ဒေါ်ဇင်မာအောင် - “အဓိက ကျမတို့ သိရသလောက်တော့ ဆရာဆာဆာဆီကိုလည်း တချို့ ကျမတို့နဲ့ ဆက်ဆံ ဆောင်ရွက်နေတဲ့ သံတမန်အသိုင်းအဝိုင်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေပြီး မေးလာတာတွေ ရှိတယ်။ ကျမတို့လည်း ဒါ တော်တော်အံ့သြတယ်။ တော်တော်အံ့သြတော့ ဘယ်လိုကြီးတုန်းပေါ့နော်၊ အဲဒါနဲ့ ဒါ တော်တော် Serious ဖြစ်တယ်၊ မဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့အကြောင်းတော့ တုံ့ပြန်ဖို့ ကောင်းတယ်ပေါ့ ဆိုပြီးတော့ ဆရာဆာဆာဆီကနေ ဆွေးနွေးလာတာ ရှိတယ်။ တပြိုင်နက်တည်းမှာပဲ ကျမတို့ဆီကိုလည်း ရောက်တယ်ပေါ့။ ဒါကြီးက Hit List က ရှိနေတယ်၊ ဒီလို ဒီအကြောင်းပဲဆိုတော့ ကျမတို့လည်း စစကြားချင်းတော့ တော်တော်အံ့သြတယ်။ တုံ့ပြန်စရာတောင် မလိုဘူးလို့ ထင်တာပေါ့လေ။ သို့သော်လည်း နိုင်ငံတကာက ကျမတို့နဲ့ လုပ်ဖော်ကိုင်ဘက် သံတမန်တွေ၊ အဖွဲ့အစည်းတွေဆီကိုလည်း ရောက်နေတယ်ဆိုတော့ သူတို့ကလည်း မေးလာတယ်။ ဆိုတဲ့အနေအထားမှာ ဒါဆိုရင်တော့ ကျမတို့ မဟုတ်ရင်လည်း မဟုတ်တဲ့အကြောင်းကိုတော့ ပြန်လည်ရှင်းလင်းဖို့လိုတယ်။ ဒီအတိုင်း လွှတ်ထားလို့ရတဲ့ သတင်းတော့ မဟုတ်တော့ဘူး။ ဒါက အရမ်းကို စနစ်တကျ ပျံ့နှံ့တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျမတို့ နိုင်ငံတကာရေးရာနဲ့ရော သက်ဆိုင်ရာ Ministry နဲ့ရော အရေးပေါ်အစည်းအဝေး ခေါ်ယူတိုင်ပင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနအနေနဲ့ ကြေညာချက်ထုတ်ပြီး ထုတ်ပြန်လိုက်ပါမယ်ပေါ့၊ ဆိုပြီးတော့ ကျမတို့ Confirmation တွေ အကုန်လုပ်ပြီးမှ ဒီကြေညာချက်ကို ဆရာဆာဆာက ထုတ်ပြန်တာ ဖြစ်ပါတယ်။”

ကိုကျော်ကျော်သိန်း - ဆိုတော့ ဒေါ်ဇင်မာအောင်တို့ သိထားတာအရက ဒေါ်ဇင်မာအောင်တို့ဆီကို သံတမန်အသိုင်းအဝိုင်းကနေပြီးတော့ ဒီကိစ္စ စလာတာပေါ့။

ဒေါ်ဇင်မာအောင် - “ဟုတ်ကဲ့၊ ကျမတို့ကတော့ လုပ်ငန်းသဘောသဘာဝ အရလည်း ဒီသံတမန်အသိုင်းအဝိုင်းနဲ့ ဆက်စပ်နေရတော့ ဒီသတင်းတွေကို ဟုတ်သလားပေါ့၊ သူတို့လက်ထဲ ရရှိနေပါတယ်ဆိုပြီး ကျမတို့ဆီကို Confirmation လှမ်းတောင်းတာပေါ့လေ။ List တွေနဲ့ရော နာမည်တွေနဲ့ရောပါတော့ ကျမတို့ကတော့ ပြောတယ်၊ ဟာ ဒုက္ခပဲ၊ အဲဒါဆိုရင်တော့ ကျမတို့ တကယ်စိုးရိမ်သွားပြီလို့၊ အဲဒီ အခုစာရင်းထဲမှာပါတဲ့ လူတွေပေါ့လေ။ တချို့တလေတော့ နာမည်ပါတယ်၊ ကျမတော့ ထုတ်မပြောတော့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နာမည်ထုတ်ပြောလိုက်ရင် သူတို့အတွက် အန္တရာယ်ကို ကျမတို့ တကယ်ပဲ စိုးရိမ်တယ်။ ကျမတို့ကိုယ်တိုင်လည်း သူတို့အတွက်ကို တကယ်စိုးရိမ်တယ်။ ကျမတို့ ဒီလိုမျိုး ရည်ရွယ်ချက်လည်း မရှိဘူး၊ မူဝါဒအားဖြင့်လည်း ရှိမနေဘူး၊ ကျမတို့ရဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှု မရှိဘူးပေါ့။ ဒါကြောင့်မို့ ဒီဟာကြီးက မဟုတ်ဘူး။ ဒါ မဟုတ်ဘူးဆိုတဲ့အကြောင်းတော့ ကျမတို့ ရှင်းပြပါတယ်။ တပြိုင်နက်တည်းမှာလည်း ကျမတို့ Conspiracy ဖြစ်လာနိုင်တဲ့ဟာတွေကို ကျမတို့ သွားမြင်တယ်။ မြင်တဲ့အတွက် တကယ်လည်း စိုးရိမ်သွားတယ်၊ အဲဒီကာယကံရှင်တွေအတွက်ပေါ့နော်။ ဒီကိစ္စတွေ မေးမြန်းလာတဲ့ သံတမန်တွေ၊ Verify လုပ်လာတဲ့ သံတမန်တွေကိုတော့ ကျမတို့ ဒီအတိုင်းပဲ အကြောင်းပြန်ထားပါတယ်။”

ကိုကျော်ကျော်သိန်း - ဒေါ်ဇင်မာအောင်တို့ဆီကို သတ်သတ်မှတ်မှတ်ပေါ့လေ၊ နိုင်ငံတကာ သံရုံးတခုခုကသော်လည်းကောင်း၊ နိုင်ငံခြားရေးဌာန တခုခုကသော်လည်းကောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်ပြောဆိုရတာမျိုးရော ရှိပါသလား။

ဒေါ်ဇင်မာအောင် - “ဟုတ်ကဲ့ ရှိပါတယ်။ Call တောင်းပြီးတော့ ဒီသတင်းတွေ ကြားနေတယ်၊ ကျမတို့ Informally ပေါ့၊ Formal Call တော့ မဟုတ်ဘူးပေါ့။ ကျမတို့မှာတော့ အခုခေတ်က အင်တာနက်ခေတ် ဖြစ်တာကိုး။ ဖြစ်တော့ မက်ဆေ့ချ်တွေနဲ့ ပို့ပြီးတော့ ပုံမှန် အရေးကြီးတဲ့ဟာတွေ၊ Serious ဖြစ်တဲ့ဟာတွေဆိုရင်တော့ Confirmation လုပ်တယ်။ သတင်းအချက်အလက် မေးမြန်းဆွေးနွေးတာတွေ လုပ်ပြီးတော့ အဲဒီ Channel တွေကနေပဲ ကျမတို့ သွားတာပါ။ အဲဒီတော့ ကျမတို့ဆီကိုလည်း နှစ်ခု သုံးခုလောက်ကနေပြီးတော့ Verify လုပ်လာတော့ ကျမတို့လည်း ပြန်ပြီးတော့ ရှင်းလင်းပြောကြားရတဲ့ဟာ ဖြစ်လာတာပေါ့။”

ကိုကျော်ကျော်သိန်း - တဆက်တည်းမှာပဲ လက်ရှိ မြန်မာပြည်မှာက ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်တာတွေ ရှိတယ်၊ ဗုံးခွဲတာတွေ ရှိတယ်။ ဒါတွေကိုလည်းပဲ စစ်ကောင်စီဘက်ကနေ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သူတို့စွပ်စွဲထားတဲ့ CRPH နဲ့ NUG ရဲ့လက်ချက်ဆိုပြီးတော့ ပြောတယ်။ CRPH နဲ့ NUG ဘက်ကလည်း ဒါတွေကို မသက်ဆိုင်ဘူးဆိုပြီးတော့ ငြင်းထားတာ ရှိပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့၊ ဒီဖြစ်ရပ်တွေကိုလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ NUG အနေနဲ့ ပြောရမယ်ဆိုရင်တော့ Moral Authority လို့ ဆိုရမလားပါပဲ၊ ကိုယ်ကျင့်သိက္ခာပိုင်းအရ၊ ကျင့်ဝတ်ပိုင်းအရ ပြောရေးဆိုပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကြတော့ ဒီလိုအခြေအမျေိုးတွေကို NUG အနေနဲ့ ဘယ်လိုများ ထိန်းသိမ်းလုပ်ဆောင်နေပါသလဲ၊ ဆက်ပြီးတော့ရော ဘယ်လိုထိန်းသိမ်းလုပ်ဆောင်သွားဖို့ စီစဉ်ထားတာ ရှိပါသလဲ။

ဒေါ်ဇင်မာအောင် - “Morally Authority ရှိတဲ့အတွက် ကျမတို့ မီဒီယာတွေမှာ ထွက်ပြီးတော့ ပြောဆိုတာတွေ ရှိတယ်။ ကျမဆိုရင်လည်း နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်နေရတဲ့အပြင်ကို ပြည်တွင်းပေါ့၊ ကိုယ့်အစိုးရအဖွဲ့အတွင်းမှာ Inter-Ministry Meeting တွေမှာ ကျမတို့က အကျေအလည် ဒီကိစ္စတွေကို Seriously ဆွေးနွေးပြီးတော့မှ ကြေညာချက်ထုတ်တာကအစ၊ မူဝါဒ ထုတ်ပြန်တာတွေကအစ တကယ့်ကို အကျေအလည် ဆွေးနွေးပြီးတော့မှ မြေပြင်က အခြေအနေနဲ့ ပေါင်းစပ်ပြီးတော့ ထုတ်ပြန်ပြီးတော့ ဆောင်ရွက်နေတယ်။ Enforcement တွေ လုပ်နေတယ်။ အခု သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း ပြည်နယ်တွေ၊ ဒေသဆိုင်ရာ PDF တွေပေါ့၊ ကျမတို့ရဲ့ Chain of Command ထဲကို မရောက်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ အဲဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြောပြီးတော့ ဝန်ကြီးဌာနက တာဝန်ရှိတဲ့လူတွေက တွေ့ဆုံပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီတော့ ကျမတို့ ပြောချင်တာကတော့၊ ကျမကိုယ်တိုင်လည်း တခါတော့ ပြောပြီးပြီပေါ့၊ Crime ကို ကျူးလွန်တယ်ဆိုရင် ဒီကွန်ဗင်းရှင်းတွေ၊ လက်နက်ကိုင်ထားပြီဆိုရင် လက်နက်ကိုင်ထားတဲ့သူဟာ လက်နက်မကိုင်ထားတဲ့သူတွေထက် ပိုပြီးတော့ ကျင့်ဝတ်ကို စောင့်ထိန်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကိုယ်တိုင် ခံစားနေရတာ ဖြစ်တယ်ပေါ့။ လက်နက်ကိုင်ပြီး ကျင့်ဝတ်မရှိတဲ့တပ်ဟာ စစ်တပ်မဟုတ်တော့ဘူး။ လုံးဝ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပြီလို့ ကျမတို့ကိုယ်တိုင်လည်း ကြေညာခဲ့တာ ဖြစ်တဲ့အတွက် ကျမတို့ကိုယ်တိုင် ဒါမျိုးကို မလုပ်ဖို့လိုတယ် ဆိုတာက ကျမတို့ PDF ဆိုပြီး စပြီးဖွဲ့စည်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အခြေခံစံတန်ဖိုးဖြစ်တယ်၊ ခံယူချက်လည်း ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကို ကျမတို့ အခါအားလျော်စွာ ထုတ်ဖော်ပြောဆိုနေတာတွေလည်း ရှိပါတယ်။ အဲဒီတော့ တရားဥပဒေအရ ဆိုရင်တော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ မလိုက်နာတဲ့လူတွေဟာ ဌာနတွင်း အရေးယူခံရနိုင်ဖို့ရှိတယ်။ ဒါ့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်တာမျိုး ဖြစ်လာမယ်ဆိုရင်လည်း ဒါ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီရင် ဥပဒေတွေအရ ကျူးလွန်ရင် ကျူးလွန်တဲ့အလျောက် အပြစ်ပေးခံရနိုင်ချေရှိတယ်။ ဒါကြောင့် ဒါတွေကို ရှောင်ကြဉ်ဖို့ဆိုတာ စဉ်ဆက်မပြတ်ကို Internally မှာ Engagement တွေလုပ်နေပါတယ်လို့ ပြောချင်ပါတယ်။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG