သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လုပ္ၾကံမယ္႔သူစာရင္းထုတ္ျပန္မႈ စြပ္စဲြခ်က္ NUG ျငင္းဆို 


႐ုပ္ပံု- ေဒါက္တာ ဆာဆာ Facebook

(Zawgyi / Unicode)

ႏိုင္ငံေရး အၾကမ္းဖက္မႈေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံမွာ NUG အမ်ဳိးသား ညီၫြတ္ေရးအစိုးရဟာ ဥပေဒမဲ့ သတ္ျဖတ္မႈေတြကို က်ဳးလြန္ေနၿပီး၊ ဆန္႔က်င္ဖက္ အင္အားစုေတြကို လုပ္ၾကံဖို႔ စာရင္းတခုကိုလည္း ျပဳစုထားေၾကာင္း သတင္းေတြ ထြက္ေပၚေနတာဟာ မမွန္ကန္ေၾကာင္း NUG အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ေဒါက္တာဆာဆာက ျငင္းဆန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးအရ အၾကမ္းဖက္မႈေတြ ေပၚေပါက္ရာမွာ စစ္အာဏာပိုင္ေတြနဲ႔ နီးစပ္သူေတြ၊ သတင္းေပးေတြအျဖစ္ စြပ္စဲြသတ္ျဖတ္မႈေတြလည္း ေပၚေပါက္ေနတာပါ။ ျမန္မာစစ္ေကာင္စီကေတာ့ ႏိုင္ငံေရးအရ သတ္ျဖတ္မႈေတြဟာ NUG နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ရဲ႕ လက္ခ်က္အျဖစ္ စြပ္စဲြေလ့ ရွိပါတယ္။

ႏို၀င္ဘာလ ၈ ရက္ေန႔ ရက္စဲြနဲ႔ ေဒါက္တာဆာဆာရဲ႕ Facebook လူမႈကြန္ရက္မွာ ေဖာ္ျပထားတဲ့ ထုတ္ျပန္ခ်က္မွာေတာ့ ႏိုင္ငံေရးနဲ႔ သံတမန္အသိုင္းအ၀န္း အေနနဲ႔ လုပ္ၾကံဖန္တီးထားတဲ့ စြပ္စဲြခ်က္ေတြကို လက္မခံၾကဖို႔လည္း ပန္ၾကားထားတာပါ။ သံတမန္အသိုင္းအ၀န္းကို ပန္ၾကားခ်က္အျဖစ္ ထုတ္ျပန္ရတဲ့ အေၾကာင္းရင္းကို ရွင္းရွင္းလင္းလင္း သိရဖို႔ ပန္ၾကားခ်က္ ထုတ္ျပန္ခဲ့တဲ့ ေဒါက္တာဆာဆာကို ဗြီအိုေအက ဆက္သြယ္ဖို႔ ႀကိဳးစားေနဆဲ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း လုပ္ၾကံမယ့္စာရင္း Hit List ဆိုတဲ့အထဲမွာ စစ္တပ္နဲ႔နီးစပ္တယ္လို႔စြပ္စြဲခံရတဲ့ ႏိုင္ငံေရး စီးပြါးေရးလုပ္ငန္းရွင္တခ်ဳိ့အျပင္ စစ္တပ္နဲဲ့တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကားအပစ္အခတ္ရပ္စဲေရးနဲ႔ၿငိမ္းခ်မ္းေရးညွိနႈိင္းမႈေတြမွာ ပါဝင္အၾကံေပးသူတခ်ဳိ့ပါ ပါဝင္ေနတာမို႔ အဲဒီအထဲက တခ်ိဳ႕က သံတမန္အသိုင္းအဝိုင္းကို မၾကာေသးခင္ရက္ပိုင္းကဘဲ အသိေပးအေၾကာင္းၾကားထားခဲ့ေၾကာင္း VOA စံုစမ္းသိရွိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

လုပ်ကြံမယ့်သူစာရင်းထုတ်ပြန်မှု စွပ်စွဲချက် NUG ငြင်းဆို

နိုင်ငံရေး အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ NUG အမျိုးသား ညီညွတ်ရေးအစိုးရဟာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ကျုးလွန်နေပြီး၊ ဆန့်ကျင်ဖက် အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခုကိုလည်း ပြုစုထားကြောင်း သတင်းတွေ ထွက်ပေါ်နေတာဟာ မမှန်ကန်ကြောင်း NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ငြင်းဆန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအရ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ရာမှာ စစ်အာဏာပိုင်တွေနဲ့ နီးစပ်သူတွေ၊ သတင်းပေးတွေအဖြစ် စွပ်စွဲသတ်ဖြတ်မှုတွေလည်း ပေါ်ပေါက်နေတာပါ။ မြန်မာစစ်ကောင်စီကတော့ နိုင်ငံရေးအရ သတ်ဖြတ်မှုတွေဟာ NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ လက်ချက်အဖြစ် စွပ်စွဲလေ့ ရှိပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ဒေါက်တာဆာဆာရဲ့ Facebook လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံရေးနဲ့ သံတမန်အသိုင်းအဝန်း အနေနဲ့ လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်တွေကို လက်မခံကြဖို့လည်း ပန်ကြားထားတာပါ။ သံတမန်အသိုင်းအဝန်းကို ပန်ကြားချက်အဖြစ် ထုတ်ပြန်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိရဖို့ ပန်ကြားချက် ထုတ်ပြန်ခဲ့တဲ့ ဒေါက်တာဆာဆာကို ဗွီအိုအေက ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လုပ်ကြံမယ့်စာရင်း Hit List ဆိုတဲ့အထဲမှာ စစ်တပ်နဲ့နီးစပ်တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံရေး စီးပွါးရေးလုပ်ငန်းရှင်တချို့အပြင် စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြားအပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေမှာ ပါဝင်အကြံပေးသူတချို့ပါ ပါဝင်နေတာမို့ အဲဒီအထဲက တချို့က သံတမန်အသိုင်းအဝိုင်းကို မကြာသေးခင်ရက်ပိုင်းကဘဲ အသိပေးအကြောင်းကြားထားခဲ့ကြောင်း VOA စုံစမ်းသိရှိထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG