သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံျပည္တြင္းစစ္ဘာေၾကာင့္သက္ဆိုးရွည္ေနလဲ


(Zawgyi/ Unicode)

ျမန္မာႏုိင္ငံဟာ ကမၻာေပၚမွာ ျပည္တြင္းစစ္အရွည္ၾကာဆုံးႏုိင္ငံတႏုိင္ငံျဖစ္ေနပါတယ္။လြတ္လပ္ေရး ရကတည္းက ျပည္တြင္းစစ္စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ႏွစ္ေပါင္း ၇၅ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ျပည္တြင္းစစ္ ေတြဟာ ႏုိင္ငံေတြအျခင္းျခင္းအၾကားျဖစ္ပြားတဲ့စစ္ပဲြေတြထက္ရွည္ၾကာတတ္ပါတယ္။ ဘာေၾကာင့္ပါလဲ။ကုိေဇာ္မုိးေက်ာ္က ISP ျမန္မာမွ သုေတသီတဦးျဖစ္တဲ့ ဦးေအာင္သူၿငိမ္း ကုိ ဆက္သြယ္ ေမးျမန္းၿပီးတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံရဲ့ျပည္တြင္းစစ္ဟာ ၇၅ ႏွစ္ရွိေနပါၿပီ၊ ကမၻာေပၚမွာအရွည္ၾကာဆုံးစစ္ပဲြတခုျဖစ္ေနပါတယ္။ ေဒသတြင္းျပည္တြင္းစစ္ပဲြျဖစ္ေနတဲ့ အင္ဒုိနီးရွားပါပူး၀ါးလြတ္ေျမာက္ေရးစစ္ပဲြဟာ ၅၈ ႏွစ္၊ ဖိလစ္ပုိင္ ေတာင္ပုိင္းခဲြထြက္ေရးအပါအ၀င္ျပည္တြင္းစစ္ ၅၂ ႏွစ္၊ ေတာင္အေမရီးကားတုိက္က ကုိလံဘီယာ ျပည္တြင္းစစ္ ၅၇ ႏွစ္ စသည္ျဖင့္ရွိပါတယ္။ ျမန္မာျပည္တြင္းစစ္က ၇၅ ႏွစ္ပါ။

ျမန္မာျပည္မွာ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရးအတြက္ဆုိကာ စစ္အစိုးရအဆက္ဆက္ၿငိမ္းခ်မ္းေရးေဆြးေႏြး ပဲြေတြလုပ္ခဲ့တာေတြရွိပါတယ္။ မေအာင္ျမင္ခဲ့ပါဘူး အခုေနာက္ဆုံး NCA အပစ္ရပ္စာခ်ဳပ္နဲ့ ၂၁ ပင္လုံ ဆုိတာမ်ိဳးေတြလည္းမေအာင္ျမင္ပါဘူး။ အခုေနာက္ဆုံး အာဏာသိမ္း စစ္ေကာင္စီကလည္း NCA နဲ့ၿငိမ္းခ်မ္းေရးဆက္လုပ္မယ္ေျပာထားပါတယ္။

အရင္က တုိင္းရင္းသားေတြနဲ့ စစ္အာဏာရွင္ေတြ အၾကားျဖစ္တဲ့စစ္ပဲြေတြကအဓိကျဖစ္ပါတယ္၊ အခုဆုိရင္ ဒီမုိကေရစီအင္အားစုလုိ့ သတ္မွတ္ရမယ့္ NUG နဲ့ PDF အင္အားစုေတြနဲ့ စစ္အာဏာရွင္ေတြအၾကားစစ္ပဲြေတြထပ္တုိးလာၿပီး ျမန္မာျပည္ရဲ့ ျပည္တြင္းစစ္ဟာပုိဆုိးလာပါတယ္။ ျမန္မာျပည္မွာ စစ္တပ္ကအၾကမ္းဖက္တုိက္ခုိက္မွုေတြေၾကာင့္ ေရြးခ်ယ္စရာလမ္းမရွိတဲ့အတြက္ တုိင္းျပည္အႏွံျပည္သူေတြရဲ့ခုခံစစ္ေတြျဖစ္ေနရတယ္လို့ ကုလသမဂၢ တာ၀န္ရွိသူေတြကအစေျပာဆုိထားပါတယ္။

ျပည္တြင္းစစ္ေတြဟာ ႏုိင္ငံအျခင္းျခင္းအၾကားျဖစ္တဲ့စစ္ပဲြေတြထက္ရွည္ၾကာေနတတ္ပါတယ္။ အခ်က္ အလက္အမ်ိဳးမ်ိဳးရွိႏုိင္ေပမယ့္ ပညာရွင္ေတြရဲ့ ေလ့လာတင္ျပခ်က္ေတြကုိ အေျခခံၿပီးေတာ့ ISP ျမန္မာ အဖဲြ့ကေတာ့ အဓိက ျပည္တြင္းစစ္ရွည္ၾကာေစတဲ့ အခ်က္ ၃ခ်က္တင္ျပထားပါတယ္။

ပထမအခ်က္နဲ့ပတ္သက္ၿပီး ISP ျမန္မာအဖဲြ့ရဲ့သုေတသီတဦးျဖစ္တဲ့ ဦးေအာင္သူၿငိမ္းက အခုလုိရွင္း ျပပါတယ္။

“ဆုိေတာ့ပထမတခ်က္ကေတာ့ က်ေနာ္တုိ့ Interstate War ေခၚတာေပါ့၊ ဟုိတုိင္းျပည္တခုနဲ့ တခုၾကား ျဖစ္တဲ့စစ္ေတြကရပ္ဆုိင္ဖုိ့လြယ္တယ္ခင္ဗ်၊ ဘာျဖစ္လုိ့လဲဆုိတဲ့အခါက်ေတာ့ ႏုိင္ငံတကာ ေတြပတ္ သက္လာမယ္။ သုိ့မဟုတ္ရင္သူတုိ့ႏွစ္ဘက္အရင္းအျမစ္ေတြ အကန့္အသတ္ေတြၾကား ထဲမွာေျပလည္သြားၾကတာေပါ့၊ ဒါမွမဟုတ္ရင္လည္း အေျခအေနတခုအၾကားမွာရပ္သြားတယ္။ ဆုိေတာ့ ျပည္တြင္းစစ္မွာက်ေတာ့အဲလုိမဟုတ္ဘဲနဲ့ က်ေနာ္တုိ့တခါတေလမွာပုိရွည္ ေနတဲ့အေန အထားမ်ိဳးျဖစ္တတ္ပါတယ္။”

ဒုတိယအခ်က္ကေတာ့ ႏွစ္ဘက္ေစ့စပ္ညွိႏုိင္းဖုိ့ခက္ခဲတဲ့အေနအထားလုိ့ဆုိပါတယ္။

“ဒုတိယအခ်က္ကေတာ့ က်ေနာ္တုိ့ဘာေခၚမလဲ သေဘာထားေပ်ာ့္ေျပာင္းတဲ့သူနဲ့တင္းမာတဲ့ သူေပါ့ဗ်ာ၊ ဆုိပါစုိ့ တုိင္းျပည္အုပ္ခ်ဳပ္ေနတဲ့ အစုိးရဘက္မွာလည္း သေဘာထားတင္းမာတဲ့သူ ေတြရွိမယ္ သေဘာထားေပ်ာ့ေျပာင္းတဲ့သူေတြရွိမယ္။ အလားတူဒီေတာ္လွန္ေရးအင္အားစုထဲမွာ လည္းသေဘာထားေပ်ာ့ေျပာင္းသူနဲ့တင္းမာတဲ့သူရွိမယ္ေပါ့ဗ်ာ၊ ဆုိေတာ့ အဲဒိအခါမ်ိဳးမွာတဘက္ နဲ့တဘက္က ဟုိ သေဘာထားေပ်ာ့ေျပာင္းတဲ့သူ အျခင္းျခင္းမခ်ိတ္မိလုိ့ရွိရင္ က်ေနာ္တုို့ ဒီျပည္တြင္း စစ္ကဆက္ၿပီးရွည္ၾကာေနတာေပါ့ က်ေနာ္တုိ့ဒီလုိသေဘာမ်ိဳး ျဖစ္ပါတယ္။ ေနာက္တခုကက်ေတာ့ ဒီလုိအင္အားစု ေတြၾကားထဲမွာလည္းဘယ္သူေတြက ၀င္၊ ၾကား၀င္ေဆာင္ရြက္ၾကမလဲေပါ့ဗ်ာ ဆုိေတာ့ဒါကလည္းေတာ္ေတာ္ခက္တဲ့အေနအထားျဖစ္ပါတယ္။”

ျမန္မာႏုိင္ငံကျပည္တြင္းစစ္မွာေတာ့ ႏွစ္ဘက္ညွိႏုိင္းဖုိ့ခက္တယ္ဆုိတာထက္ပုိမယ္ထင္ပါတယ္။ ညွိႏုိင္းရမယ့္အဖဲြ့ေပါင္းမ်ားစြာရွိပါတယ္။ တတိယအခ်က္ကေတာ့ ျပည္တြင္းစစ္အတြင္း လက္ႏွက္ကုိင္ အဖဲြ့အစည္းနဲ့ဦးေဆာင္သူေတြဟာ စီးပြားေရးလုပ္ငန္းေတြနဲ့ျပည္တြင္းစစ္ကေန အျမတ္ထြက္ေန တဲ့ကိစၥေတြပါလာပါတယ္။

ဦးေအာင္သူၿငိမ္းကအခုလုိဆက္လက္ရွင္းျပပါတယ္။

“ေနာက္တတိယအခ်က္ကေတာ့ ျပည္တြင္းစစ္ ရွည္ၾကာလာတာနဲ့အမွ်က်ေနာ္တုိ့ တျခားအေၾကာင္း ေတြရွိလာတယ္ က်ေနာ္တုိ့ေခၚတာေတာ့ War Economy ေပါ့ စစ္ေၾကာင့္ျဖစ္တဲ့ စီးပြားေရးေပါ့ဗ်ာ ဆုိေတာ့ အထူးသျဖင့္ သယံဇာတေတြထုတ္ေရာင္းမယ္။ ဆုိေတာ့ေနာက္တခါက်ေတာ့ က်ေနာ္တုိ့ အခြန္အေကာက္ကိစၥေတြမူးယစ္ေဆး၀ါး ပစၥည္းေဖါက္ကားမွုကိစၥေတြ၊ တရားမ၀င္ပစၥည္းေဖါက္ကားမွု ကိစၥေတြ ဆုိေတာ့ဒါေတြပုိလာတယ္။ ဆုိေတာ့ ဒီထက္ဆုိးတဲ့အေနအထားမ်ားဆုိလုိ့ရွိရင္ ႏုိင္တကာရဲ့ ဘာေခၚမလဲ လက္ေတြေပါ့ဗ်ာ ၀င္ေရာက္စြက္ဖက္မွုေတြကုိပါဖိတ္ေခၚတတ္တဲ့အေန အထားမ်ိဳးေတြရွိ တယ္။ ဆုိေတာ့ဒါေတြကုိက်ေနာ္တုိ့ ဟုိစဥ္စားခ်ည့္ခ်ိန္သင့္တယ္လုိ့ေထာက္ျပခ်င္တာပါ။”

ဒါကေတာ့ သီအုိရီအရ ျပည္တြင္းစစ္ရွည္ၾကာေစတဲ့အခ်က္ ၃ ခ်က္ျဖစ္ပါတယ္။ ျမန္မာျပည္ကျပည္ တြင္းစစ္ဟာ စစ္အာဏာရွင္နစ္နဲ့ ႏုိင္ငံေရးနည္းလမ္းအရမေျဖရွင္း ႏုိင္တဲ့အတြက္ ျပည္တြင္းစစ္ ရွည္ၾကာေနရတယ္ဆုိတဲ့သုံးသပ္ခ်က္ကေတာ့ရွိၿပီးျဖစ္ပါတယ္။ ဘယ္လုိအေၾကာင္းအခ်က္ေတြ ေၾကာင့္ေျဖရွင္းရခက္ေနပါလဲ။

“ ဟုိက်ေနာ္တုိ့သမုိင္းတေလ်ာက္ျပန္ၾကည့္ေတာ့ဗ်ာ က်ေနာ္တုိ့တုိင္းျပည္မွာက ေတာ္လွန္ေရးအင္အားစု မ်ားလြန္းေနတယ္ ဒီလက္ႏွက္ကုိင္အဖဲြ့အစည္းေတြက ဆုိလုိ့ရွိရင္ အေရအတြက္က ၂၀ အေနအထားမ်ိဳးျဖစ္တာေပါ့ေနာ္ ေနာက္တခါက်ေတာ့ အခုစစ္အာဏာသိမ္း ၿပီးတဲ့အခါ ဒီဘက္ကာလမွာဆုိရင္ေနာက္ထပ္ New Player လုိ့ေခၚတဲ့ အင္အားစုအသစ္ ေတြပါေပၚလာတယ္၊ NUG တုိ့ ဒီေဒသခံတပ္ဖဲြ့ေတြေရာ PDF ေတြေရာ ဆုိေတာ့က်ေနာ္တုိ့ တျဖည္းျဖည္းနဲ့ အင္အားစုေတြမ်ားလာေတာ့ ပုိညွိရခက္တာေပါ့ဗ်ာ ဒါတပုိင္းရွိပါတယ္။ ေနာက္ခု ကက်ေတာ့ သမုိင္းတေလ်ာက္ ျပန္ၾကည့္ရင္ က်ေနာ္တုိ့ ေတာင္ပုိင္းကအဖဲြ့ေတြက ရပ္ေနတဲ့ အခ်ိန္မွာေျမာက္ပုိင္းမွာတုိက္ပဲြေတြျဖစ္ေနတယ္၊ တခါေျမာက္ပုိင္းက အဖဲြ့ေတြကရပ္ေနတဲ့အခ်ိန္ ေတာင္ပုိင္းကအဖဲြ့ေတြက တုိက္ပဲြေတြျဖစ္တယ္ ဆုိေတာ့ အဲဒိေတာ့ အင္အားစုမ်ားလာရင္လည္း က်ေနာ္တုိ့ ညွိရခက္တဲ့အေနအထားမ်ိဳး ရွိမယ္ထင္တယ္ခင္ဗ်။”

ေနာက္ျမန္မာျပည္မွာလည္း ျပည္တြင္းစစ္ကုိ အေျခခံၿပီးေတာ့ စစ္တပ္အပါအ၀င္ ျပည္တြင္းစစ္ မွာပါ၀င္ေနတဲ့လက္ႏွက္ကုိုင္အဖဲြ့ေတြမွာလည္း ကုိယ္က်ိဳးစီးပြားေတြ စီးပြားေရးလုပ္ငန္းေတြ ရွိေနပါ တယ္ဒါေတြကေရာျပည္တြင္းစစ္ကုိရွည္ၾကာေစတဲ့အထဲမွာပါတယ္လုိ့ဆုိႏုိင္ပါသလား။

“ ဟုတ္ပါတယ္ ဟုိအထူးသျဖင့္ေတာ့ဟုိ ပညာရွင္ေပါေကာ္လီယာတုိ့ ေထာက္ျပထားတာ လည္းရွိ ပါတယ္ေနာ္အထူးသျဖင့္ ဒီလုိမ်ိဳး အေျခအေနမွာ က်ေနာ္တုို့ စစ္ပဲြပဋပကၡေတြရွည္ၾကာ ေနတာက နံပတ္ (၁) Grievance ေခၚတဲ့နာက်ည္းမွုေၾကာင့္ဘဲလား၊ ဆုိေတာ့ ဒါမွမဟုတ္ Greed လုိ့ေခၚတဲ့ ေလာဘေပါ့ဗ်ာ မေတာ္ေလာ့ေၾကာင့္လားဆုိတဲ့ သုံးသပ္ခ်က္ေတြလည္းရွိပါတယ္။ ဆုိေတာ့ အဲဒိေတာ့ အခု ဒီအာဏာသိမ္းၿပီး အေျခအေနမွာဘဲက်ေနာ္တုိ့မွာလည္း အခ်က္အလက္ျပည့္အစုံ မရွိေသးေတာ့ ေျပာရခက္တယ္၊ မူးယစ္ေဆး၀ါးဖမ္းမိတာေတြကပုိမ်ားလာတယ္ဗ်၊ ေနာက္တခါ ဘာေခၚမလဲဗ်ာ မထိန္းခ်ဳပ္ ႏုိင္မွုအေပၚမွာ မူတည္ၿပီးအမ်ားႀကီးမ်ားလာႏုိင္တယ္။ ဆုိေတာ့အထူး သျဖင့္ အာဖဂန္ တုိ့ႏုိင္ငံတကာဘက္ေတြမွာလည္း ဒီလုိမ်ိဳးျပႆနာေတြရွိတဲ့အခါက်ေတာ့ ဒီ War Economy ကလည္း အေလးထားသင့္တဲ့ အေၾကာင္းတခ်က္ျဖစ္ပါတယ္။”

ဒီလုိဆုိေတာ့ ျမန္မာျပည္ရဲ့ျပည္တြင္းစစ္ရပ္ဆဲႏုိင္ဖုိ့ ေျပလည္ႏုိင္ဖုိ့ ဘယ္လုိနည္းလမ္းေတြနဲ့လုပ္ရင္ေျပ လည္ႏုိင္ပါမလဲခင္ဗ်။

“ ကေနာ္တုိ့က ျပႆနာက ဟုိ အေျဖထုတ္ေပးဖုိ့ ဆုိတာကေတာ့ ေတာ္ေတာ္ခက္ တဲ့အေနအထား ေပါ့ေနာ္ ဆုိေတာ့ အခုလက္ရွိ က်ေနာ္တုိ့စီမွာက NCA ရွိတယ္ တႏုိင္ငံလုံးပစ္ခတ္ တုိက္ခုိက္မွုရပ္ ဆဲေရးစာခ်ဳပ္ေပါ့ ဆုိေတာ့ဒါကလည္းတႏုိင္ငံလုံးလႊမ္းၿခုံတဲ့ အေနအထား မရွိျပန္ဘူး။ ေနာက္အခု အခုခ်ိန္မွာ NUG တုိ့ PDF တုိ့အင္အားစုအသစ္ေတြပါလာေတာ့ အရင္ျဖစ္ေနတဲ့အခင္း အက်င္းေဟာင္း ကအသစ္ျဖစ္မေနေတာ့ဘူး၊ ဆုိေတာ့ အဲလုိအေနအထားမွာ ေတာ့ ဘယ္လုိနည္းနဲ့ ေျပာလည္မလဲ ဆုိတာ ေျပာရေတာ္ေတာ္ခက္ပါတယ္။”

ျမန္မာႏုိင္ငံမွာ စစ္အာဏာရွင္စနစ္ဟာ ျပည္တြင္းစစ္ရဲ့အဓိကတရားခံျဖစ္တယ္လုိ့ သုံးသပ္ခ်က္၊ သတ္မွတ္ခ်က္ေတြရွိပါတယ္။ မည္သုိ့ပင္ဆုိေစကာမူ ျပည္တြင္းစစ္အဆုံးသတ္ေရးဟာ လက္ႏွက္ကုိင္ အင္အားစုေတြအၾကား အဆင့္ဆင့္ေဆြးေႏြးညွိႏုိင္းမွုေတြျပုလုပ္ၾကရတယ္လုိ့ ေလ့လာခ်က္ေတြက တင္ျပထားပါတယ္။ ကမၻာေပၚကျပည္တြင္းစစ္ေတြရပ္ဆဲႏုိင္ခဲ့တဲ့ အေတြ့အႀကုံေတြကုိျပန္ၾကည္တဲ့ အခါမွာေတာ့ တုိင္းျပည္နဲ့လူမ်ိဳးအတြက္ အက်ိဳးရွိေစမယ့္ ဘုံလုပ္ငန္းစဥ္တရပ္၊ ဘုံသေဘာတူညီမွု တရပ္ကုိ ပဋိပကၡအတြင္းပါ၀င္ေနတဲ့ အင္အားစုေတြအားလုံးက အေလ်ာ့အတင္းအေပးအယူလုပ္ၿပီး သေဘာတူခ်မွတ္ႏုိင္တဲ့အခါမ်ိဳးမွာ ျပည္တြင္းစစ္ကုိအဆုံးသတ္ႏုိင္တာေတြ့ရွိရေၾကာင္းနဲ့ အဲဒိကေနမွ တဆင့္ တုိင္းျပည္ဖြင့္ၿဖိဳးတုိးတက္ေရးနဲ့ ခ်မ္းသာၾကြယ္၀ေရးကုိလုပ္ေဆာင္ႏုိင္တာကုိ ေတြ့ရွိရေၾကာင္း ေလ့လာတင္ျပမွုေတြကဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

မြန်မာနိုင်ငံပြည်တွင်းစစ်ဘာကြောင့်ရှည်ကြာနေလဲ

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံတနိုင်ငံဖြစ်နေပါတယ်။လွတ်လပ်ရေး ရကတည်းက ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။ ပြည်တွင်းစစ် တွေဟာ နိုင်ငံတွေအခြင်းခြင်းအကြားဖြစ်ပွားတဲ့စစ်ပွဲတွေထက်ရှည်ကြာတတ်ပါတယ်။ ဘာကြောင့်ပါလဲ။ကိုဇော်မိုးကျော်က ISP မြန်မာမှ သုတေသီတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်း ကို ဆက်သွယ် မေးမြန်းပြီးတင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ဟာ ၇၅ နှစ်ရှိနေပါပြီ၊ ကမ္ဘာပေါ်မှာအရှည်ကြာဆုံးစစ်ပွဲတခုဖြစ်နေပါတယ်။ ဒေသတွင်းပြည်တွင်းစစ်ပွဲဖြစ်နေတဲ့ အင်ဒိုနီးရှားပါပူးဝါးလွတ်မြောက်ရေးစစ်ပွဲဟာ ၅၈ နှစ်၊ ဖိလစ်ပိုင် တောင်ပိုင်းခွဲထွက်ရေးအပါအဝင်ပြည်တွင်းစစ် ၅၂ နှစ်၊ တောင်အမေရီးကားတိုက်က ကိုလံဘီယာ ပြည်တွင်းစစ် ၅၇ နှစ် စသည်ဖြင့်ရှိပါတယ်။ မြန်မာပြည်တွင်းစစ်က ၇၅ နှစ်ပါ။

မြန်မာပြည်မှာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက်ဆိုကာ စစ်အစိုးရအဆက်ဆက်ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေလုပ်ခဲ့တာတွေရှိပါတယ်။ မအောင်မြင်ခဲ့ပါဘူး အခုနောက်ဆုံး NCA အပစ်ရပ်စာချုပ်နဲ့ ၂၁ ပင်လုံ ဆိုတာမျိုးတွေလည်းမအောင်မြင်ပါဘူး။ အခုနောက်ဆုံး အာဏာသိမ်း စစ်ကောင်စီကလည်း NCA နဲ့ငြိမ်းချမ်းရေးဆက်လုပ်မယ်ပြောထားပါတယ်။ အရင်က တိုင်းရင်းသားတွေနဲ့ စစ်အာဏာရှင်တွေ အကြားဖြစ်တဲ့စစ်ပွဲတွေကအဓိကဖြစ်ပါတယ်၊ အခုဆိုရင် ဒီမိုကရေစီအင်အားစုလို့ သတ်မှတ်ရမယ့် NUG နဲ့ PDF အင်အားစုတွေနဲ့ စစ်အာဏာရှင်တွေအကြားစစ်ပွဲတွေထပ်တိုးလာပြီး မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာပိုဆိုးလာပါတယ်။ မြန်မာပြည်မှာ စစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရွေးချယ်စရာလမ်းမရှိတဲ့အတွက် တိုင်းပြည်အနှံပြည်သူတွေရဲ့ခုခံစစ်တွေဖြစ်နေရတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကအစပြောဆိုထားပါတယ်။

ပြည်တွင်းစစ်တွေဟာ နိုင်ငံအခြင်းခြင်းအကြားဖြစ်တဲ့စစ်ပွဲတွေထက်ရှည်ကြာနေတတ်ပါတယ်။ အချက် အလက်အမျိုးမျိုးရှိနိုင်ပေမယ့် ပညာရှင်တွေရဲ့ လေ့လာတင်ပြချက်တွေကို အခြေခံပြီးတော့ ISP မြန်မာ အဖွဲ့ကတော့ အဓိက ပြည်တွင်းစစ်ရှည်ကြာစေတဲ့ အချက် ၃ချက်တင်ပြထားပါတယ်။

ပထမအချက်နဲ့ပတ်သက်ပြီး ISP မြန်မာအဖွဲ့ရဲ့သုတေသီတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းက အခုလိုရှင်း ပြပါတယ်။

“ဆိုတော့ပထမတချက်ကတော့ ကျနော်တို့ Interstate War ခေါ်တာပေါ့၊ ဟိုတိုင်းပြည်တခုနဲ့ တခုကြား ဖြစ်တဲ့စစ်တွေကရပ်ဆိုင်ဖို့လွယ်တယ်ခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ နိုင်ငံတကာ တွေပတ် သက်လာမယ်။ သို့မဟုတ်ရင်သူတို့နှစ်ဘက်အရင်းအမြစ်တွေ အကန့်အသတ်တွေကြား ထဲမှာပြေလည်သွားကြတာပေါ့၊ ဒါမှမဟုတ်ရင်လည်း အခြေအနေတခုအကြားမှာရပ်သွားတယ်။ ဆိုတော့ ပြည်တွင်းစစ်မှာကျတော့အဲလိုမဟုတ်ဘဲနဲ့ ကျနော်တို့တခါတလေမှာပိုရှည် နေတဲ့အနေ အထားမျိုးဖြစ်တတ်ပါတယ်။”

ဒုတိယအချက်ကတော့ နှစ်ဘက်စေ့စပ်ညှိနိုင်းဖို့ခက်ခဲတဲ့အနေအထားလို့ဆိုပါတယ်။

“ဒုတိယအချက်ကတော့ ကျနော်တို့ဘာခေါ်မလဲ သဘောထားပျော့်ပြောင်းတဲ့သူနဲ့တင်းမာတဲ့ သူပေါ့ဗျာ၊ ဆိုပါစို့ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရဘက်မှာလည်း သဘောထားတင်းမာတဲ့သူ တွေရှိမယ် သဘောထားပျော့ပြောင်းတဲ့သူတွေရှိမယ်။ အလားတူဒီတော်လှန်ရေးအင်အားစုထဲမှာ လည်းသဘောထားပျော့ပြောင်းသူနဲ့တင်းမာတဲ့သူရှိမယ်ပေါ့ဗျာ၊ ဆိုတော့ အဲဒိအခါမျိုးမှာတဘက် နဲ့တဘက်က ဟို သဘောထားပျော့ပြောင်းတဲ့သူ အခြင်းခြင်းမချိတ်မိလို့ရှိရင် ကျနော်တို့ ဒီပြည်တွင်း စစ်ကဆက်ပြီးရှည်ကြာနေတာပေါ့ ကျနော်တို့ဒီလိုသဘောမျိုး ဖြစ်ပါတယ်။ နောက်တခုကကျတော့ ဒီလိုအင်အားစု တွေကြားထဲမှာလည်းဘယ်သူတွေက ဝင်၊ ကြားဝင်ဆောင်ရွက်ကြမလဲပေါ့ဗျာ ဆိုတော့ဒါကလည်းတော်တော်ခက်တဲ့အနေအထားဖြစ်ပါတယ်။”

မြန်မာနိုင်ငံကပြည်တွင်းစစ်မှာတော့ နှစ်ဘက်ညှိနိုင်းဖို့ခက်တယ်ဆိုတာထက်ပိုမယ်ထင်ပါတယ်။ ညှိနိုင်းရမယ့်အဖွဲ့ပေါင်းများစွာရှိပါတယ်။ တတိယအချက်ကတော့ ပြည်တွင်းစစ်အတွင်း လက်နှက်ကိုင် အဖွဲ့အစည်းနဲ့ဦးဆောင်သူတွေဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ပြည်တွင်းစစ်ကနေ အမြတ်ထွက်နေ တဲ့ကိစ္စတွေပါလာပါတယ်။

ဦးအောင်သူငြိမ်းကအခုလိုဆက်လက်ရှင်းပြပါတယ်။

“နောက်တတိယအချက်ကတော့ ပြည်တွင်းစစ် ရှည်ကြာလာတာနဲ့အမျှကျနော်တို့ တခြားအကြောင်း တွေရှိလာတယ် ကျနော်တို့ခေါ်တာတော့ War Economy ပေါ့ စစ်ကြောင့်ဖြစ်တဲ့ စီးပွားရေးပေါ့ဗျာ ဆိုတော့ အထူးသဖြင့် သယံဇာတတွေထုတ်ရောင်းမယ်။ ဆိုတော့နောက်တခါကျတော့ ကျနော်တို့ အခွန်အကောက်ကိစ္စတွေမူးယစ်ဆေးဝါး ပစ္စည်းဖေါက်ကားမှုကိစ္စတွေ၊ တရားမဝင်ပစ္စည်းဖေါက်ကားမှု ကိစ္စတွေ ဆိုတော့ဒါတွေပိုလာတယ်။ ဆိုတော့ ဒီထက်ဆိုးတဲ့အနေအထားများဆိုလို့ရှိရင် နိုင်တကာရဲ့ ဘာခေါ်မလဲ လက်တွေပေါ့ဗျာ ဝင်ရောက်စွက်ဖက်မှုတွေကိုပါဖိတ်ခေါ်တတ်တဲ့အနေ အထားမျိုးတွေရှိ တယ်။ ဆိုတော့ဒါတွေကိုကျနော်တို့ ဟိုစဉ်စားချည့်ချိန်သင့်တယ်လို့ထောက်ပြချင်တာပါ။”

ဒါကတော့ သီအိုရီအရ ပြည်တွင်းစစ်ရှည်ကြာစေတဲ့အချက် ၃ ချက်ဖြစ်ပါတယ်။ မြန်မာပြည်ကပြည် တွင်းစစ်ဟာ စစ်အာဏာရှင်နစ်နဲ့ နိုင်ငံရေးနည်းလမ်းအရမဖြေရှင်း နိုင်တဲ့အတွက် ပြည်တွင်းစစ် ရှည်ကြာနေရတယ်ဆိုတဲ့သုံးသပ်ချက်ကတော့ရှိပြီးဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအချက်တွေ ကြောင့်ဖြေရှင်းရခက်နေပါလဲ။

“ ဟိုကျနော်တို့သမိုင်းတလျောက်ပြန်ကြည့်တော့ဗျာ ကျနော်တို့တိုင်းပြည်မှာက တော်လှန်ရေးအင်အားစု များလွန်းနေတယ် ဒီလက်နှက်ကိုင်အဖွဲ့အစည်းတွေက ဆိုလို့ရှိရင် အရေအတွက်က ၂၀ အနေအထားမျိုးဖြစ်တာပေါ့နော် နောက်တခါကျတော့ အခုစစ်အာဏာသိမ်း ပြီးတဲ့အခါ ဒီဘက်ကာလမှာဆိုရင်နောက်ထပ် New Player လို့ခေါ်တဲ့ အင်အားစုအသစ် တွေပါပေါ်လာတယ်၊ NUG တို့ ဒီဒေသခံတပ်ဖွဲ့တွေရော PDF တွေရော ဆိုတော့ကျနော်တို့ တဖြည်းဖြည်းနဲ့ အင်အားစုတွေများလာတော့ ပိုညှိရခက်တာပေါ့ဗျာ ဒါတပိုင်းရှိပါတယ်။ နောက်ခု ကကျတော့ သမိုင်းတလျောက် ပြန်ကြည့်ရင် ကျနော်တို့ တောင်ပိုင်းကအဖွဲ့တွေက ရပ်နေတဲ့ အချိန်မှာမြောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်နေတယ်၊ တခါမြောက်ပိုင်းက အဖွဲ့တွေကရပ်နေတဲ့အချိန် တောင်ပိုင်းကအဖွဲ့တွေက တိုက်ပွဲတွေဖြစ်တယ် ဆိုတော့ အဲဒိတော့ အင်အားစုများလာရင်လည်း ကျနော်တို့ ညှိရခက်တဲ့အနေအထားမျိုး ရှိမယ်ထင်တယ်ခင်ဗျ။”

နောက်မြန်မာပြည်မှာလည်း ပြည်တွင်းစစ်ကို အခြေခံပြီးတော့ စစ်တပ်အပါအဝင် ပြည်တွင်းစစ် မှာပါဝင်နေတဲ့လက်နှက်ကိုင်အဖွဲ့တွေမှာလည်း ကိုယ်ကျိုးစီးပွားတွေ စီးပွားရေးလုပ်ငန်းတွေ ရှိနေပါ တယ်ဒါတွေကရောပြည်တွင်းစစ်ကိုရှည်ကြာစေတဲ့အထဲမှာပါတယ်လို့ဆိုနိုင်ပါသလား။

“ ဟုတ်ပါတယ် ဟိုအထူးသဖြင့်တော့ဟို ပညာရှင်ပေါကော်လီယာတို့ ထောက်ပြထားတာ လည်းရှိ ပါတယ်နော်အထူးသဖြင့် ဒီလိုမျိုး အခြေအနေမှာ ကျနော်တို့ စစ်ပွဲပဋပက္ခတွေရှည်ကြာ နေတာက နံပတ် (၁) Grievance ခေါ်တဲ့နာကျည်းမှုကြောင့်ဘဲလား၊ ဆိုတော့ ဒါမှမဟုတ် Greed လို့ခေါ်တဲ့ လောဘပေါ့ဗျာ မတော်လော့ကြောင့်လားဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်။ ဆိုတော့ အဲဒိတော့ အခု ဒီအာဏာသိမ်းပြီး အခြေအနေမှာဘဲကျနော်တို့မှာလည်း အချက်အလက်ပြည့်အစုံ မရှိသေးတော့ ပြောရခက်တယ်၊ မူးယစ်ဆေးဝါးဖမ်းမိတာတွေကပိုများလာတယ်ဗျ၊ နောက်တခါ ဘာခေါ်မလဲဗျာ မထိန်းချုပ် နိုင်မှုအပေါ်မှာ မူတည်ပြီးအများကြီးများလာနိုင်တယ်။ ဆိုတော့အထူး သဖြင့် အာဖဂန် တို့နိုင်ငံတကာဘက်တွေမှာလည်း ဒီလိုမျိုးပြဿနာတွေရှိတဲ့အခါကျတော့ ဒီ War Economy ကလည်း အလေးထားသင့်တဲ့ အကြောင်းတချက်ဖြစ်ပါတယ်။”

ဒီလိုဆိုတော့ မြန်မာပြည်ရဲ့ပြည်တွင်းစစ်ရပ်ဆဲနိုင်ဖို့ ပြေလည်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ရင်ပြေ လည်နိုင်ပါမလဲခင်ဗျ။

“ ကနော်တို့က ပြဿနာက ဟို အဖြေထုတ်ပေးဖို့ ဆိုတာကတော့ တော်တော်ခက် တဲ့အနေအထား ပေါ့နော် ဆိုတော့ အခုလက်ရှိ ကျနော်တို့စီမှာက NCA ရှိတယ် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ် ဆဲရေးစာချုပ်ပေါ့ ဆိုတော့ဒါကလည်းတနိုင်ငံလုံးလွှမ်းခြုံတဲ့ အနေအထား မရှိပြန်ဘူး။ နောက်အခု အခုချိန်မှာ NUG တို့ PDF တို့အင်အားစုအသစ်တွေပါလာတော့ အရင်ဖြစ်နေတဲ့အခင်း အကျင်းဟောင်း ကအသစ်ဖြစ်မနေတော့ဘူး၊ ဆိုတော့ အဲလိုအနေအထားမှာ တော့ ဘယ်လိုနည်းနဲ့ ပြောလည်မလဲ ဆိုတာ ပြောရတော်တော်ခက်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဟာ ပြည်တွင်းစစ်ရဲ့အဓိကတရားခံဖြစ်တယ်လို့ သုံးသပ်ချက်၊ သတ်မှတ်ချက်တွေရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းစစ်အဆုံးသတ်ရေးဟာ လက်နှက်ကိုင် အင်အားစုတွေအကြား အဆင့်ဆင့်ဆွေးနွေးညှိနိုင်းမှုတွေပြုလုပ်ကြရတယ်လို့ လေ့လာချက်တွေက တင်ပြထားပါတယ်။ ကမ္ဘာပေါ်ကပြည်တွင်းစစ်တွေရပ်ဆဲနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုပြန်ကြည်တဲ့ အခါမှာတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိစေမယ့် ဘုံလုပ်ငန်းစဉ်တရပ်၊ ဘုံသဘောတူညီမှု တရပ်ကို ပဋိပက္ခအတွင်းပါဝင်နေတဲ့ အင်အားစုတွေအားလုံးက အလျော့အတင်းအပေးအယူလုပ်ပြီး သဘောတူချမှတ်နိုင်တဲ့အခါမျိုးမှာ ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်တာတွေ့ရှိရကြောင်းနဲ့ အဲဒိကနေမှ တဆင့် တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးနဲ့ ချမ်းသာကြွယ်ဝရေးကိုလုပ်ဆောင်နိုင်တာကို တွေ့ရှိရကြောင်း လေ့လာတင်ပြမှုတွေကဆိုပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG