သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ႏိုင္ငံတကာလက္ေတြ႕ပူးေပါင္းလႈပ္ရွားမႈ NUG ေတာင္းဆို


NUG Daw Zin Mar Aung (Photo - PVTV)

(zawgyi/unicode)

ႏိုင္ငံတကာအေနနဲ႔ ျမန္မာ့အေရးမွာ ေၾကညာခ်က္ေတြထုတ္ျပန္တာမ်ိဳး သံတမန္ေရးအရ တိုးတိုးတိတ္တိတ္ဖိအားေပးတာမ်ိဳးေတြထက္၊ ထိေရာက္ၿပီး လက္ေတြ႕က်တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ၾကဖို႔ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က တိုက္တြန္းေတာင္းဆိုပါတယ္။ စစ္အာဏာသိမ္းမႈကို လက္နက္ကိုင္ခုခံေတာ္လွန္ဖို႔ ေၾကညာတဲ့ ၁၈လျပည့္တဲ့ ဒီေန႔မွာပဲ၊ စစ္ေကာင္စီကို ထိေရာက္စြာအေရးယူဖို႔ အခ်က္ေလးခ်က္ကို NUG ႏိုင္ငံျခားေရးဝန္ႀကီးက ေတာင္းဆိုလိုက္တာပါ။

"ထိေရာက္ၿပီး ျပတ္ျပတ္သားသား စည္းစည္း လုံးလုံး နဲ႔ စုေပါင္း လုပ္ေဆာင္မႈ ခ်က္ခ်င္းလိုအပ္ေနပါတယ္။ နံပါတ္ (၁) ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ သူ႔ရဲ႕ အၾကမ္းဖက္စစ္တပ္ရဲ႕ဝင္ေငြ လမ္းေၾကာင္းေတြကို ထိထိေရာက္ေရာက္ တတ္ႏိုင္သမွ် ျဖတ္ေတာက္ဖို႔၊ နံပါတ္ (၂) ႏိုင္ငံတကာမွာ စစ္ေကာင္စီကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေတြကို လက္မခံ တားဆီးေပးၾကဖို႔၊ နံပါတ္ (၃) ကုလသမဂၢလုံၿခဳံေရးေကာင္စီအေနနဲ႔ လက္နက္ကိုင္ေတာ္လွန္ေနတဲ့ လူမ်ိဳးစုေတြ၊ ဒီမိုကေရစီအင္အားစုေတြဆီကို ခုခံကာကြယ္ေပးေရးတာဝန္ရွိမႈ ဆိုတဲ့ R2P အရ အကူအညီေတြကိုလ်င္ျမန္စြာေဆာင္႐ြက္ေပးဖို႔ လိုအပ္ေနၿပီး၊ နံပါတ္ (၄) အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ျမန္မာႏိုင္ငံအစိုးရအျဖစ္ ခ်က္ခ်င္းအသိအမွတ္ျပဳၿပီး ကမာၻေပၚက အျခားဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရအားလုံးနဲ႔ တန္းတူဆက္ဆံဖို႔ က်မအခိုင္အမာ ေတာင္းဆိုပါတယ္" လို႔ ေျပာသြားတာပါ။

ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ေသာ္၊ ကိုလွမ်ိဳးေအာင္ႏွင့္ ကိုေအာင္သူရေဇာ္တို႔ကို ေသဒဏ္စီရင္ခဲ့တဲ့ကိစၥမွာ စစ္ေကာင္စီအေနနဲ႔ မလုပ္ဖို႔ သံတမန္ေရးနည္းလမ္းေပါင္းစုံနဲ႔ ဝိုင္းဝန္းႀကိဳးပမ္းခဲ့ၾကေပမယ့္ လက္မခံခဲ့တဲ့အျပင္၊ ေနာက္ထပ္လည္း ဒီထက္ ပိုၿပီး အႀကိမ္ႀကိမ္ႀကိဳးေပးအျပစ္ဒဏ္ခ်မွတ္မွာျဖစ္တယ္လို႔ စစ္ေကာင္စီက တုံ႔ျပန္ခဲ့တာကိုၾကည့္ရင္ စစ္ေကာင္စီရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြ ျပင္းထန္ေနတယ္လို႔လည္း ေဒၚဇင္မာေအာင္က ေျပာပါတယ္။ စစ္ေကာင္စီဘက္က အရပ္သားေက်း႐ြာေတြကို မီးရႈိ႕တာ၊ ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္တာေတြ၊ မတရားဖမ္းဆီးခ်ဳပ္​ေႏွာင္တာေတြကို သတ္ျဖတ္မႈေတြကိုေထာက္ျပၿပီး၊ ကုလသမဂၢအေနနဲ႔ ပဋိဉာဏ္ပါသတ္မွတ္ခ်က္အတိုင္း အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ကိုလည္း သူက တိုက္တြန္းပါတယ္။ NUG ၾကားကာလၫြန႔္ေပါင္းအစိုးရကိုေတာ့ စစ္ေကာင္စီက အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ေၾကညာထားသလို၊ လက္ရွိ ျပည္တြင္းက ဗုံးကြဲမႈေတြနဲ႔ သတ္ျဖတ္မႈေတြမွာလည္း တာဝန္ရွိတယ္လို႔ စစ္ေကာင္စီက စြပ္စြဲပါတယ္။ ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းမႈဆန႔္က်င္တဲ့ဆႏၵျပမႈေတြ အၾကမ္းဖက္ႏွိမ္နင္းခံရၿပီးတဲ့ေနာက္ပိုင္းကတည္းက၊ ၿမိဳ႕ျပေနရာတခ်ိဳ႕အပါအဝင္ ေက်းလက္နဲ႔ တိုင္ရင္းသားေဒသအေတာ္မ်ားမ်ားမွာ လက္နက္ကိုင္စြဲကိုင္ေတာ္လွန္မႈေတြနဲ႔အတူ အျပန္အလွန္ပစ္ခတ္မႈေတြ အၾကမ္းဖက္လုပ္ႀကံမႈေတြရွိခဲ့ပါတယ္။

(unicode)

နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးမှာ ကြေညာချက်တွေထုတ်ပြန်တာမျိုး သံတမန်ရေးအရ တိုးတိုးတိတ်တိတ်ဖိအားပေးတာမျိုးတွေထက်၊ ထိရောက်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြဖို့ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းတောင်းဆိုပါတယ်။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံတော်လှန်ဖို့ ကြေညာတဲ့ ၁၈လပြည့်တဲ့ ဒီနေ့မှာပဲ၊ စစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့ အချက်လေးချက်ကို NUG နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်တာပါ။

"ထိရောက်ပြီး ပြတ်ပြတ်သားသား စည်းစည်း လုံးလုံး နဲ့ စုပေါင်း လုပ်ဆောင်မှု ချက်ချင်းလိုအပ်နေပါတယ်။ နံပါတ် (၁) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့ အကြမ်းဖက်စစ်တပ်ရဲ့ဝင်ငွေ လမ်းကြောင်းတွေကို ထိထိရောက်ရောက် တတ်နိုင်သမျှ ဖြတ်တောက်ဖို့၊ နံပါတ် (၂) နိုင်ငံတကာမှာ စစ်ကောင်စီကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို လက်မခံ တားဆီးပေးကြဖို့၊ နံပါတ် (၃) ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လက်နက်ကိုင်တော်လှန်နေတဲ့ လူမျိုးစုတွေ၊ ဒီမိုကရေစီအင်အားစုတွေဆီကို ခုခံကာကွယ်ပေးရေးတာဝန်ရှိမှု ဆိုတဲ့ R2P အရ အကူအညီတွေကိုလျင်မြန်စွာဆောင်ရွက်ပေးဖို့ လိုအပ်နေပြီး၊ နံပါတ် (၄) အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံအစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုပြီး ကမ္ဘာပေါ်က အခြားဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအားလုံးနဲ့ တန်းတူဆက်ဆံဖို့ ကျမအခိုင်အမာ တောင်းဆိုပါတယ်" လို့ ပြောသွားတာပါ။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့တဲ့ကိစ္စမှာ စစ်ကောင်စီအနေနဲ့ မလုပ်ဖို့ သံတမန်ရေးနည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပေမယ့် လက်မခံခဲ့တဲ့အပြင်၊ နောက်ထပ်လည်း ဒီထက် ပိုပြီး အကြိမ်ကြိမ်ကြိုးပေးအပြစ်ဒဏ်ချမှတ်မှာဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ခဲ့တာကိုကြည့်ရင် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပြင်းထန်နေတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။ စစ်ကောင်စီဘက်က အရပ်သားကျေးရွာတွေကို မီးရှို့တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ၊ မတရားဖမ်းဆီးချုပ်​နှောင်တာတွေကို သတ်ဖြတ်မှုတွေကိုထောက်ပြပြီး၊ ကုလသမဂ္ဂအနေနဲ့ ပဋိဉာဏ်ပါသတ်မှတ်ချက်အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ NUG ကြားကာလညွန့်ပေါင်းအစိုးရကိုတော့ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားသလို၊ လက်ရှိ ပြည်တွင်းက ဗုံးကွဲမှုတွေနဲ့ သတ်ဖြတ်မှုတွေမှာလည်း တာဝန်ရှိတယ်လို့ စစ်ကောင်စီက စွပ်စွဲပါတယ်။ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရပြီးတဲ့နောက်ပိုင်းကတည်းက၊ မြို့ပြနေရာတချို့အပါအဝင် ကျေးလက်နဲ့ တိုင်ရင်းသားဒေသအတော်များများမှာ လက်နက်ကိုင်စွဲကိုင်တော်လှန်မှုတွေနဲ့အတူ အပြန်အလှန်ပစ်ခတ်မှုတွေ အကြမ်းဖက်လုပ်ကြံမှုတွေရှိခဲ့ပါတယ်။

XS
SM
MD
LG