သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနာင္ခ်ိဳတိုက္ပြဲ စစ္တပ္ေလေၾကာင္းနဲ႔တိုက္ခိုက္


ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ထဲက ဒိုးပင္ေက်းရြာအဝင္ဆိုင္းဘုတ္ (ဓါတ္ပံု - သွ်မ္းသံေတာ္ဆင့္)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္နဲ႔ PDF တပ္ဖြဲ႕ေတြအၾကား တိုက္ပြဲျပင္းထန္ေနသလို စစ္ေကာင္စီဘက္က ေလေၾကာင္းက တိုက္ခိုက္တာေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ကြတ္ခိုင္ၿမိဳ႕နယ္မွာလည္း ဒီႏွစ္ရက္အတြင္း တိုက္ပြဲ ၃ ႀကိမ္ ျဖစ္ပြားခဲ့ပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ ဒိုးပင္ေက်း႐ြာအုပ္စုအတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ PDF ကာကြယ္ေရးတပ္ဖြဲ႕ၾကား ဒီကေန႔မနက္က တိုက္ပြဲစတင္ျဖစ္ပြားခဲ့တာပါ။ ဒီေန႔ျဖစ္ပြားတဲ့ တိုက္ပြဲအေျခအေနနဲ႔ ေဒသခံေတြတိမ္းေရွာင္ေနရတဲ့အေျခအေနကို ေဒသခံအမ်ိဳးသမီးတစ္ဦးက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ ဒိုးပင္အုပ္စု လုံခံေက်း႐ြာမွာ ျဖစ္တာရွင့္။ မနက္ ၆နာရီခြဲမွာ စျဖစ္တာပါရွင့္။ မနက္ပိုင္းက်ေတာ့ ဂ်က္ေလယာဥ္နဲ႔ ၃ စီးလာပစ္သြားတာ။ အဲဒါ က်မတို႔႐ြာ ဘုရားေစတီကုန္းမွာ ဆြမ္းစားေဆာင္တစ္ေဆာင္ ပ်က္ဆီးသြားတယ္။ ေနာက္ပိုင္းက် တိုက္ေလယာဥ္နဲ႔လာပစ္တာ ဝဲဝဲၿပီးေတာ့ ပစ္တာရွင့္။ ”

တိုက္ေလယာဥ္ေတြဟာ မနက္ ၉ နာရီေလာက္ကေန ညေန ၃နာရီေက်ာ္အထိ ပစ္ခတ္ခဲ့ၿပီး၊ ဒီလိုအေျခအေနေတြေၾကာင့္ ေဒသခံေတြဟာ လုံခံေက်း႐ြာကေန အျခားကို ထြက္ေျပးတိမ္းေရွာင္ခဲ့ရတယ္လို႔ သိရပါတယ္။ ေက်း႐ြာသားအခ်ိဳ႕ ပိတ္မိ က်န္ရစ္ခဲ့တာေတြရွိတယ္လို႔ ေဒသခံက ေျပာပါတယ္။

“ ေလယာဥ္က အဲဒီဒိုးပင္အနီးတဝႈိက္မွာ တအားပ်ံသန္းေနလို႔ က်မတို႔လည္း အဲဒီမွာ မလြတ္ဘူးထင္လို႔ လြတ္ရာ က်မတို႔ ေရွာင္ထြက္လာတယ္ရွင့္။ ၉နာရီတည္းကေနၿပီးေတာ့ က်မတို႔ ေရွာင္တဲ့အထိ ၃နာရီအထိကို အဲဒီေလယာဥ္က ပစ္တုံးပဲရွင့္။ က်မတို႔က ႐ြာကေန လြတ္ထြက္လာတယ္။ ႐ြာသားေတြ ဖမ္းထားတယ္လို႔ၾကားတယ္တခ်ိဳ႕။ ပိတ္မိေနတဲ့သူေတြကို ဖမ္းထားတာတဲ့။”

ထြက္ေျပးလာသူတခ်ိဳ႕ဟာ ဒိုးပင္ေက်း႐ြာအုပ္စု ဟိုခို႐ြာဘုန္းႀကီးေက်ာင္းကိုေရာက္ရွိေနၿပီး အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ေျပးလာၾကရတာမို႔ အဝတ္အစားနဲ႔ ေစာင္ေတြ လိုအပ္ေနၾကပါတယ္။ ေလာေလာဆည္မွာေတာ့ တိမ္းေရွာင္လာသူ ဘယ္ေလာက္ရွိတယ္ဆိုတာ စာရင္းေကာက္ယူႏိုင္တာမရွိေသးပါဘူး။

ၿပီးခဲ့တဲ့ ၾသဂုတ္လကုန္ပိုင္းကလည္း ေနာင္ခ်ိဳၿမိဳ႕နယ္ ဒိုးပင္ေက်း႐ြာအုပ္စုမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ PDF ေတြအၾကား တိုက္ပြဲျပင္းထန္ခဲ့တာေၾကာင့္ ေက်း႐ြာ ၇ ႐ြာ ေလာက္က ေဒသခံျပည္သူ ၈၀၀ ေက်ာ္ေလာက္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရပါတယ္။

ဒီကေန႔မနက္ခင္းပိုင္းမွာပဲ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ဒါဟာ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ႏွစ္ရက္အတြင္းမွာ အနည္းဆုံး ၃ႀကိမ္ျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။ တိုက္ပြဲျဖစ္ပြားတဲ့အေျခအေနကို ကြတ္ခိုင္ ေဒသခံတစ္ဦးက အခုလို ေျပာပါတယ္။

“ဒီမနက္လည္းျဖစ္တယ္ေလ။ ႐ူ႕ခင္းသာမွာ ဒီမနက္ျဖစ္တယ္ေလ။ မေန႔က က်ေတာ့ ကြတ္ခိုင္အဆင္း မန္ၿပိန္းမွာ ျဖစ္တယ္။ ၿပီးရင္ ေနာက္တစ္ခုက နမ့္ဖတ္ကာအတက္ နမ့္ဖလြန္းမွာ မေန႔က ေန႔လည္ပိုင္းေလာက္ျဖစ္တယ္။ ”

မေန႔က နမ့္ဖလြန္း႐ြာဘက္ျဖစ္တဲ့တိုက္ပြဲမွာ စစ္ေကာင္စီတပ္ကပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ထိမွန္တာေၾကာင့္ အသက္ ၉၀ ေက်ာ္အ႐ြယ္ အဖိုးအိုတစ္ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ဗီြအိုေအ အေနနဲ႔ သီးျခားအတည္ျပဳႏိုင္တာ မရွိေသးပါဘူး။ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းျဖစ္ပြားတဲ့တိုက္ပြဲနဲ႔ပတ္သက္ၿပီး KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူကေတာ့ စုံစမ္းေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။

“ တိုက္ပြဲျဖစ္တယ္ဆိုတာကေတာ့ ၾကားပါတယ္။ ဒါေပမဲ့ သတင္းမရေသးဘူး။ တပ္မေတာ္ဘက္က နည္းနည္းလႈပ္ရွားလာလို႔ က်ေနာ္တို႔ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္တိုက္ပြဲျဖစ္တာေနမွာပါ။ မေန႔ကလည္းျဖစ္တယ္လို႔ ေျပာတယ္။ စုံစမ္းေနဆဲျဖစ္ပါတယ္။ ”

ဒီကေန႔မနက္မွာပဲ ဖားကန႔္ၿမိဳ႕နယ္ နမ့္မျဖစ္ေက်း႐ြာ ပန္းတင္တံတားမွာ လုံၿခဳံေရးယူထားတဲ့ စစ္ေကာင္စီတပ္ကို KIAနဲ႔ ပူးေပါင္းတပ္ေတြက သြားေရာက္တိုက္ခိုက္ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ဗိုလ္မွဴးႀကီးေနာ္ဘူကေတာ့ အတည္ျပဳတာမရွိပါဘူး။

KIA တည္ေထာင္တဲ ၆၂ႏွစ္ျပည့္ အခမ္းအနားမွာေတာ့ KIO ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လက ၂၀၂၃မွာ တိုက္ပြဲေတြ ျပင္းထန္လာႏိုင္ေၾကာင္းေျပာဆိုထားၿပီး ဒီရက္ပိုင္းမွာေတာ့ ကခ်င္ျပည္နယ္အတြင္းမွာလည္း တိုက္ပြဲျဖစ္ပြားတဲ့သတင္းေတြ ခပ္စိပ္စိပ္ထြက္ေပၚလာေနပါတယ္။ ဒီတိုက္ပြဲသတင္းေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မေတြ႕ရပါဘူး။

[Unicode]

နောင်ချိုတိုက်ပွဲ စစ်တပ်လေကြောင်းနဲ့တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာလည်း ဒီနှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီတပ်နဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့ကြား ဒီကနေ့မနက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ ဒီနေ့ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ ဒေသခံတွေတိမ်းရှောင်နေရတဲ့အခြေအနေကို ဒေသခံအမျိုးသမီးတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ဒိုးပင်အုပ်စု လုံခံကျေးရွာမှာ ဖြစ်တာရှင့်။ မနက် ၆နာရီခွဲမှာ စဖြစ်တာပါရှင့်။ မနက်ပိုင်းကျတော့ ဂျက်လေယာဉ်နဲ့ ၃ စီးလာပစ်သွားတာ။ အဲဒါ ကျမတို့ရွာ ဘုရားစေတီကုန်းမှာ ဆွမ်းစားဆောင်တစ်ဆောင် ပျက်ဆီးသွားတယ်။ နောက်ပိုင်းကျ တိုက်လေယာဉ်နဲ့လာပစ်တာ ဝဲဝဲပြီးတော့ ပစ်တာရှင့်။ ”

တိုက်လေယာဉ်တွေဟာ မနက် ၉ နာရီလောက်ကနေ ညနေ ၃နာရီကျော်အထိ ပစ်ခတ်ခဲ့ပြီး၊ ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေဟာ လုံခံကျေးရွာကနေ အခြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ ကျေးရွာသားအချို့ ပိတ်မိ ကျန်ရစ်ခဲ့တာတွေရှိတယ်လို့ ဒေသခံက ပြောပါတယ်။

“ လေယာဉ်က အဲဒီဒိုးပင်အနီးတဝှိုက်မှာ တအားပျံသန်းနေလို့ ကျမတို့လည်း အဲဒီမှာ မလွတ်ဘူးထင်လို့ လွတ်ရာ ကျမတို့ ရှောင်ထွက်လာတယ်ရှင့်။ ၉နာရီတည်းကနေပြီးတော့ ကျမတို့ ရှောင်တဲ့အထိ ၃နာရီအထိကို အဲဒီလေယာဉ်က ပစ်တုံးပဲရှင့်။ ကျမတို့က ရွာကနေ လွတ်ထွက်လာတယ်။ ရွာသားတွေ ဖမ်းထားတယ်လို့ကြားတယ်တချို့။ ပိတ်မိနေတဲ့သူတွေကို ဖမ်းထားတာတဲ့။”

ထွက်ပြေးလာသူတချို့ဟာ ဒိုးပင်ကျေးရွာအုပ်စု ဟိုခိုရွာဘုန်းကြီးကျောင်းကိုရောက်ရှိနေပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာကြရတာမို့ အဝတ်အစားနဲ့ စောင်တွေ လိုအပ်နေကြပါတယ်။ လောလောဆည်မှာတော့ တိမ်းရှောင်လာသူ ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းကောက်ယူနိုင်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကျေးရွာ ၇ ရွာ လောက်က ဒေသခံပြည်သူ ၈၀၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

ဒီကနေ့မနက်ခင်းပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒါဟာ ကွတ်ခိုင်မြို့နယ်အတွင်း နှစ်ရက်အတွင်းမှာ အနည်းဆုံး ၃ကြိမ်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ကွတ်ခိုင် ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ဒီမနက်လည်းဖြစ်တယ်လေ။ ရူ့ခင်းသာမှာ ဒီမနက်ဖြစ်တယ်လေ။ မနေ့က ကျတော့ ကွတ်ခိုင်အဆင်း မန်ပြိန်းမှာ ဖြစ်တယ်။ ပြီးရင် နောက်တစ်ခုက နမ့်ဖတ်ကာအတက် နမ့်ဖလွန်းမှာ မနေ့က နေ့လည်ပိုင်းလောက်ဖြစ်တယ်။ ”

မနေ့က နမ့်ဖလွန်းရွာဘက်ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အသက် ၉၀ ကျော်အရွယ် အဖိုးအိုတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေ အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ ကွတ်ခိုင်မြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“ တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမဲ့ သတင်းမရသေးဘူး။ တပ်မတော်ဘက်က နည်းနည်းလှုပ်ရှားလာလို့ ကျနော်တို့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တာနေမှာပါ။ မနေ့ကလည်းဖြစ်တယ်လို့ ပြောတယ်။ စုံစမ်းနေဆဲဖြစ်ပါတယ်။ ”

ဒီကနေ့မနက်မှာပဲ ဖားကန့်မြို့နယ် နမ့်မဖြစ်ကျေးရွာ ပန်းတင်တံတားမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ကို KIAနဲ့ ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့ အတည်ပြုတာမရှိပါဘူး။

KIA တည်ထောင်တဲ ၆၂နှစ်ပြည့် အခမ်းအနားမှာတော့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၀၂၃မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်းပြောဆိုထားပြီး ဒီရက်ပိုင်းမှာတော့ ကချင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားတဲ့သတင်းတွေ ခပ်စိပ်စိပ်ထွက်ပေါ်လာနေပါတယ်။ ဒီတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

XS
SM
MD
LG