သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ပိုး ကင်းရှင်းကြောင်း အထောက်အထားပြရမယ့် အစီအစဉ် ပြင်သစ်မှာ ကန့်ကွက်မှုနဲ့ကြုံ


(Zawgyi/ Unicode)

ပြင်သစ် နိုင်ငံမှာ ကျန်းမာရေး ဝန်ထမ်းအားလုံး Covid-19 ကာကွယ်ဆေး မဖြစ်မနေထိုးရေး၊ နောက် စားသောက်ဆိုင်တွေနဲ့ တခြားနေရာတွေကို ဝင်ထွက်ခွင့် အတွက် လူတိုင်း ဗိုင်းရပ်စ် ဆိုင်ရာ အထူးခွင့်ပြုချက် ရှိရမယ် ဆိုတဲ့ ဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ စနေနေ့မှာ လူပေါင်း ထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

မြို့တော် ပါရီ အပါအဝင် နိုင်ငံတဝန်းက မြို့တွေ အတော်များများမှာပါ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့လည်း ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များလာပြီး ဆေးရုံတင်ရတဲ့ အရေအတွက်ကလည်း တိုးလာနေတဲ့ တချိန်တည်းမှာဘဲ သြဂုတ်လ ၉ ရက်နေ့မှာ နိုင်ငံတွင်း နေရာ အများစု အတွက် ခွင့်ပြုချက် လိုအပ်မယ့် ဥပဒေကြမ်း တခုကို လွှတ်တော် အမတ်တွေ အတည်ပြုခဲ့ကြတာပါ။

ပြင်သစ် ပြည်သူ အများစုက ဒီ ခွင့်ပြုချက် လိုအပ်ချက်ကို ထောက်ခံကြောင်း လူထု သဘောထား စစ်တမ်းတွေမှာ တွေ့ရှိရပြီး တချို့ကတော့ ခါးခါးသီးသီး ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

အတည်ပြုထားတဲ့ ဥပဒေ ထဲမှာတော့ ကျန်းမာရေး လုပ်သားတွေ အားလုံး စက်တင်ဘာ လလယ်ပိုင်း အရောက်မှာ Covid-19 ကာကွယ်ဆေး ထိုးဖို့ ပြဌာန်းထားတာ ဖြစ်ပြီး ဗိုင်းရပ်စ် ဆိုင်ရာ ခွင့်ပြုချက် လက်မှတ် ရဖို့ အတွက်ကတော့ Covid-19 ကာကွယ်ဆေး ထိုးထားဖို့၊ ဒါမှမဟုတ်လည်း Covid-19 ကင်းရှင်းကြောင်း စစ်ဆေးချက်၊ ဒါမှမဟုတ်လည်း Covid-19 ရောဂါ လတ်တလော ကုသ ပျောက်ကင်းထားတဲ့ သက်သေ ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG