သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် Yellowstone အမျိုးသားဥယျာဉ် ပြင်ဆင်ရေး ဒေါ်လာသန်းထောင်ချီ ကုန်ကျနိုင်


(Zawgyi/ Unicode)

အမေရိကန်ပြည်ထောင်စုက အထင်ကရ Yellowstone အမျိုးသားဥယျာဉ်ကြီးမှာ မကြာသေးခင်က ရေကြီးမှုတွေနဲ့ ကြုံခဲ့ရတာတွေကို ပြန်လည်တည်ထောင်ဖို့ ဒေါ်လာသန်းထောင်ချီပြီး နှစ်နဲ့ချီ အချိန်ယူရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အမျိုးသားဥယျာဉ်တည်ထောင်မှုအနှစ်၁၅၀ ပြည့် ရောက်လာချိန်မှာပဲ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေနဲ့ ကြုံခဲ့ရတာပါ။
ဥယျာဉ်ကြီးကို ဖြတ်ကျော်စီးဆင်းလာတဲ့ ရေလုံးကြီးတွေကြောင့် တံတားပေါင်းရာနဲ့ချီ ပျက်စီးနိုင်ခြေရှိနေသလို မိုင်နဲ့ချီတဲ့လမ်းတွေလည်း ရေဘေးသင့်ခဲ့တာကြောင့် အလည်အပတ်လာသူ ၁၀,၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ထိခိုက်ပျက်စီးမှု အခြေအနေနဲ့ ပတ်သက်လို့ ဆန်းစစ်နေဆဲ ဖြစ်ပေမဲ့ အခြားအမျိုးသားဥယျာဉ်ကြီးတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေကို အခြေခံတွက်ချက်မှုတွေအရ Yellowstone အမျိုးသားဥယျာဉ်ကြီး ပြန်လည်မွမ်းမံပြင်ဆင်ဖို့ နှစ်နဲ့ချီကြာနိုင်သလို ဒေါ်လာ ဘီလီယံနဲ့ချီကုန်ကျနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းနေကြပါတယ်။

ရေတံခွန်ကြီးတွေ၊ ရေပူစမ်းတွေနဲ့ တောရိုင်းတိရိစ္ဆာန်မျိုးစုံကျင်လည်ကျက်စားရာ Yellowstone အမျိုးသားဥယျာဉ်ကြီးရဲ့တောင်ဖက်ခြမ်းကို လာမယ့်တပတ်မှာ ပြန်ဖွင့်ဖို့ ဥယျာဉ်တာဝန်ရှိသူတွေ မေ ျှာ်လင့်ထားပေမယ့် ဥယျာဉ်မြောက်ဖက်ခြမ်းကိုတော့ ဒီနှစ်ထဲ ပြန်ဖွင့်နိုင်မယ့်ပုံ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG