သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့အရေး ပါဝင်ပတ်သက်မှု ကန် ခုခံပြောဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo. (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo. (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဇာတ်ခုံပေါ်ကနေ နောက်ဆုတ်သွားတယ်လို့ ဥရောပဘက်က ရှုမြင်နေတဲ့အပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကြားက ဆက်ဆံရေး ကျဆင်းလာတာနဲ့ ပတ်သက်ပြီး အလွန်အကျွံ ချဲ့ကားပြောဆိုနေတာသာ ဖြစ်တယ်လို့ ဝန်ကြီး Pompeo က ဒီနေ့ ပြောလိုက်ပါတယ်။

အနောက်နိုင်ငံတွေဟာ အောင်မြင်မှုတွေ ရရှိနေပြီး အဲဒီအောင်မြင်မှုတွေကို အတူတကွ ရရှိခဲ့တာဖြစ်တယ်လို့ ဝန်ကြီး Pompeo က ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာရှိတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ပြောလိုက်ပါတယ်။ ဒါပေမယ့် ပြင်သစ်သမ္မတ Emmanuel Macron ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အပေါ် ချက်ချင်းတုံ့ပြန်ခဲ့ပြီး အနောက်နိုင်ငံတွေဟာ အင်အားလျော့ကျလာနေတယ်လို့ သတိပေးလိုက်ပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ဒီ လုံခြုံရေးဆိုင်ရာ ညီလာခံကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ သံတမန်တွေ တက်ရောက်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အခုနှစ် ညီလာခံမှာတော့ တရုတ်နဲ့ ရုရှားတို့ဘက်က ပိုပြီးတော့ သူတို့ဘာသာ သူတို့ ယုံကြည်မှု တိုးမြှင့်လာတာတွေကြောင့် အနောက်နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုတွေ ကျဆင်းလာမှာ စိုးရိမ်မှုတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဂျာမနီသမ္မတ Frank Walter Sterinmeier ကတော့ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းဆိုတဲ့ အယူအဆကိုတောင် လက်မခံဘဲ ပယ်ချလိုက်ပြီး အိမ်နီးချင်း မိတ်ဆွေနိုင်ငံတွေ၊ မဟာမိတ်တွေကို ဆုံးရှုံးခံပြီး လုပ်နေတယ်လို့ သူ့ရဲ့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Pompeo ကတော့ ဒီပြောကြားချက်ဟာ လက်တွေ့ကို ထင်ဟပ်ဖော်ပြခြင်း မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

---------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG