သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-ၾသစေၾတးလ် အသံထက္ ၅ဆျမန္ ဒုံးက်ဥ္ထုတ္လုပ္ေရး တ႐ုတ္ေဝဖန္


(Zawgyi/Unicode)

ၾသစေၾတးလ်ႏိုင္ငံအေနနဲ႔ အေမရိကန္နဲ႔ေပါင္းၿပီး အသံထက္ျမန္တဲ့ မစ္ဆိုင္းဒံုးက်ည္ထုတ္လုပ္ဖို႔လုပ္ေနတာက၊ လက္နက္ခ်ဲ႕ထြင္ေရးအတြက္ ဆင္ေျခေပးတာပါလို႔ တရုတ္ႏိုင္ငံျခားေရးေျပာခြင့္ရက ဆိုလိုက္ပါတယ္။

တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ Hua Chunying အေနနဲ႔ မေန႔က သတင္းစာ ရွင္းလင္းပြဲလုပ္ရာမွာ၊ ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီး Linda Reynolds အဂၤါေန႔ကေျပာခဲ့တဲ့ အသံထက္ ၅ ဆျမန္တဲ့ ဒီ မစ္ဆိုင္းဒံုး ထုတ္ဖို႔နဲ႔စမ္းသပ္ဖို႔ရွိေၾကာင္းေျပာၾကားခ်က္အၿပီး၊ ခုလိုတံု႔ျပန္ေျပာလိုက္တာပါ။

တရုတ္နဲ႔ ရုရွားတို႔က အလားတူလက္နက္ေတြလုပ္ေနတယ္လို႔ စြပ္စြဲမူေတြရွိေနခ်ိန္မွာ၊ ၾသစေၾတးလ်ဘက္ကလည္း တံု႔ျပန္တဲ့သေဘာ၊ အခုအစီအစဥ္ကို အေမရိကန္နဲ႔ သေဘာတူစာခ်ဳပ္သစ္ေအာက္မွာ ႀကိဳးပမ္းေနတယ္လို႔ ထုတ္ျပန္ခဲ့တာပါ။

ဒီတရုတ္ႏိုင္ငံျခားေရးေျပာခြင့္ရကပဲ၊ မၾကာခင္ႏွစ္ေတြအတြင္း အေမရိကန္အေနနဲ႔ ဒီအသံထက္ျမန္တဲ့လက္နက္ေတြထုတ္ဖို႔ဦးေဆာင္ခဲ့တာေၾကာင့္ ဒီလက္နက္အၿပိဳင္ ထုတ္လုပ္မူေတြျပင္းထန္လာၿပီး၊ ကမာၻ႔လံုၿခံဳေရးကို ျပင္းျပင္းထန္ထန္ထိိခိုက္ေစခဲ့တယ္လို႔ ဆိုလိုက္ပါတယ္။

ဒီေျပာခြင့္ရ Hua Chunying က ဆက္ၿပီး၊ ၾသစေၾတးလ်အေနနဲ႔လည္း အေမရိကန္ေနာက္ကကပ္လိုက္ၿပီး၊ တရုတ္နဲ႔ ရုရွားၿခိမ္းေျခာက္မူသီအိုရီေတြ လုပ္ၾကံဖန္တီးကာ၊ ဒီလက္နက္ထုတ္ဖို႔ ဆင္ေျခတက္ခဲ့တာေၾကာင့္၊ ကမာၻနဲ႔အာရွေဒသတြင္းမွာ မတည္မၿငိမ္မူေတြ တိုးလာေစခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ တရုတ္ရဲ့ ႏိုင္ငံေတာ္ကာကြယ္ေရးမူဝါဒဟာ ခုခံကာကြယ္တဲ့သေဘာသာဝအျဖစ္သာ လုပ္ေဆာင္ေနၿပီး၊ စစ္ေရးျပင္ဆင္မူေတြက ဘယ္ႏိုင္ငံကုိမွ ပစ္မွတ္ထားတာမရွိဘူးလို႔ ဒီေျပာခြင့္ရအမ်ိဳးသမီးက ဆိုခဲ့ပါတယ္ ။

တိုက္႐ိုက္ လင့္ခ္


...............

ကန်-သြစတြေးလျ အသံထက် ၅ဆမြန် ဒုံးကျဉ်ထုတ်လုပ်ရေး တရုတ်ဝေဖန်

(Unicode)

သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နဲ့ပေါင်းပြီး အသံထက်မြန်တဲ့ မစ်ဆိုင်းဒုံးကျည်ထုတ်လုပ်ဖို့လုပ်နေတာက၊ လက်နက်ချဲ့ထွင်ရေးအတွက် ဆင်ခြေပေးတာပါလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရက ဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Hua Chunying အနေနဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲလုပ်ရာမှာ၊ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Linda Reynolds အင်္ဂါနေ့ကပြောခဲ့တဲ့ အသံထက် ၅ ဆမြန်တဲ့ ဒီ မစ်ဆိုင်းဒုံး ထုတ်ဖို့နဲ့စမ်းသပ်ဖို့ရှိကြောင်းပြောကြားချက်အပြီး၊ ခုလိုတုံ့ပြန်ပြောလိုက်တာပါ။

တရုတ်နဲ့ ရုရှားတို့က အလားတူလက်နက်တွေလုပ်နေတယ်လို့ စွပ်စွဲမူတွေရှိနေချိန်မှာ၊ သြစတြေးလျဘက်ကလည်း တုံ့ပြန်တဲ့သဘော၊ အခုအစီအစဉ်ကို အမေရိကန်နဲ့ သဘောတူစာချုပ်သစ်အောက်မှာ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒီတရုတ်နိုင်ငံခြားရေးပြောခွင့်ရကပဲ၊ မကြာခင်နှစ်တွေအတွင်း အမေရိကန်အနေနဲ့ ဒီအသံထက်မြန်တဲ့လက်နက်တွေထုတ်ဖို့ဦးဆောင်ခဲ့တာကြောင့် ဒီလက်နက်အပြိုင် ထုတ်လုပ်မူတွေပြင်းထန်လာပြီး၊ ကမ္ဘာ့လုံခြုံရေးကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ဒီပြောခွင့်ရ Hua Chunying က ဆက်ပြီး၊ သြစတြေးလျအနေနဲ့လည်း အမေရိကန်နောက်ကကပ်လိုက်ပြီး၊ တရုတ်နဲ့ ရုရှားခြိမ်းခြောက်မူသီအိုရီတွေ လုပ်ကြံဖန်တီးကာ၊ ဒီလက်နက်ထုတ်ဖို့ ဆင်ခြေတက်ခဲ့တာကြောင့်၊ ကမ္ဘာနဲ့အာရှဒေသတွင်းမှာ မတည်မငြိမ်မူတွေ တိုးလာစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ နိုင်ငံတော်ကာကွယ်ရေးမူဝါဒဟာ ခုခံကာကွယ်တဲ့သဘောသာဝအဖြစ်သာ လုပ်ဆောင်နေပြီး၊ စစ်ရေးပြင်ဆင်မူတွေက ဘယ်နိုင်ငံကိုမှ ပစ်မှတ်ထားတာမရှိဘူးလို့ ဒီပြောခွင့်ရအမျိုးသမီးက ဆိုခဲ့ပါတယ် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG