သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာေက်ာင္းသား လက္ခံေရး ၾသစေၾတးလ် ဆိုင္းငံ႔ 


မွတ္တမ္းဓါတ္ပံု- ၾသစေၾတးလ် ႏိုင္ငံတြင္ ပညာသင္ ဘြဲ႔ရခဲ့တဲ့ ေက်ာင္းသူမ်ား

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျပည္ပနိုင္ငံေတြမွာ ပိတ္မိေနတဲ့ ဩစေၾတးလ်နိုင္ငံသားေတြ ျပန္လာနိုင္ေရး ဦးစားေပးလုပ္ေဆာင္ဖို႔ ရွိေန တာေၾကာင့္ နိုင္ငံရပ္ျခား ေက်ာင္းသားေတြကို ေလာေလာဆယ္ ျပန္လက္ခံဦးမွာ မဟုတ္ေသးဘူးလို႔ ဩစေၾတးလ် ဝန္ႀကီးခ်ဳပ္ Scott Morrison က ေျပာပါတယ္။

“Quarantine စည္းမ်ဥ္းစည္းကမ္းေတြ က်င့္သုံးၿပီး ဩစေၾတးလ်နိုင္ငံသားေတြ ျပန္ေခၚနိုင္ဖို႔ အေရးမွာ ရင္ဆိုင္ေနရတဲ့ အခက္အခဲ ေတြေၾကာင့္ နိုင္ငံရပ္ျခားက ေက်ာင္းသားေတြ ျပန္လည္လက္ခံဖို႔ အေျခအေန မရွိေသးတာျဖစ္ေၾကာင္း၊ ဩစေၾတးလ်နိုင္ငံသား ေတြအိမ္ျပန္လာဖို႔အေရးက နံပတ္တစ္ ဦးစားေပးကိစၥျဖစ္ေၾကာင္း” ဝန္ႀကီးခ်ဳပ္ Morrison ကသတင္းေထာက္ေတြကို ေသာၾကာေန႔က ေျပာပါတယ္။

ဒါက ဩစေၾတးလ်နိုင္ငံရဲ့ မူဝါဒျဖစ္ၿပီး ဝန္ႀကီးအဖြဲ႕ကလည္း လိုက္နာ ေဆာင္ရြက္ေနတယ္လို႔ သူက ေျပာပါတယ္။

ဩစေၾတးလ်နိုင္ငံက မတ္လကတည္းက COVID 19 ေရာဂါ ထိန္းခ်ဳပ္ဖို႔အတြက္ နိုင္ငံသား မဟုတ္သူေတြနဲ႔ အျမဲတမ္းေနထိုင္ခြင့္ ရရွိထားသူေတြကို နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္ခြင့္ ပိတ္ပင္ထားတာပါ။

ေသာၾကာေန႔ တစ္ေန႔တည္းမွာပဲ ဩစေၾတးလ် က်န္းမာေရးဝန္ႀကီး Greg Huntက ဩစေၾတးလ် Queensland တကၠသိုလ္ နဲ႔ CSL Ltd တို႔ ပူးေပါင္းထုတ္လုပ္ေနတဲ့ COVID 19 ကာကြယ္ေဆး စမ္းသပ္မႈ ရလဒ္ေကာင္းေတြ ရေနတယ္လို႔ ေျပာပါတယ္။ အဲဒီ ကာကြယ္ထိုးေဆး ၅၁ သန္း ဝယ္ယူဖို႔လည္း ဩစေၾတးလ် အစိုးရက သေဘာတူထားခဲ့ၿပီး ျဖစ္ပါတယ္။

ဩစေၾတးလ် အေနာက္ပိုင္းေဒသကလြဲလို႔ခရစ္စမတ္ မတိုင္ခင္ တစ္နိုင္ငံလုံးကို ျပန္လည္ ဖြင့္ေပးဖို႔ စီစဥ္ေနတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Morrison က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

နိုင်ငံတကာကျောင်းသား လက်ခံရေး သြစတြေးလျ ဆိုင်းငံ့

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ ဩစတြေးလျနိုင်ငံသားတွေ ပြန်လာနိုင်ရေး ဦးစားပေးလုပ်ဆောင်ဖို့ ရှိနေ တာကြောင့် နိုင်ငံရပ်ခြား ကျောင်းသားတွေကို လောလောဆယ် ပြန်လက်ခံဦးမှာ မဟုတ်သေးဘူးလို့ ဩစတြေးလျ ဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။

“Quarantine စည်းမျဉ်းစည်းကမ်းတွေ ကျင့်သုံးပြီး ဩစတြေးလျနိုင်ငံသားတွေ ပြန်ခေါ်နိုင်ဖို့ အရေးမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကြောင့် နိုင်ငံရပ်ခြားက ကျောင်းသားတွေ ပြန်လည်လက်ခံဖို့ အခြေအနေ မရှိသေးတာဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံသား တွေအိမ်ပြန်လာဖို့အရေးက နံပတ်တစ် ဦးစားပေးကိစ္စဖြစ်ကြောင်း” ဝန်ကြီးချုပ် Morrison ကသတင်းထောက်တွေကို သောကြာနေ့က ပြောပါတယ်။

ဒါက ဩစတြေးလျနိုင်ငံရဲ့ မူဝါဒဖြစ်ပြီး ဝန်ကြီးအဖွဲ့ကလည်း လိုက်နာ ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ဩစတြေးလျနိုင်ငံက မတ်လကတည်းက COVID 19 ရောဂါ ထိန်းချုပ်ဖို့အတွက် နိုင်ငံသား မဟုတ်သူတွေနဲ့ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူတွေကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ပိတ်ပင်ထားတာပါ။

သောကြာနေ့ တစ်နေ့တည်းမှာပဲ ဩစတြေးလျ ကျန်းမာရေးဝန်ကြီး Greg Huntက ဩစတြေးလျ Queensland တက္ကသိုလ် နဲ့ CSL Ltd တို့ ပူးပေါင်းထုတ်လုပ်နေတဲ့ COVID 19 ကာကွယ်ဆေး စမ်းသပ်မှု ရလဒ်ကောင်းတွေ ရနေတယ်လို့ ပြောပါတယ်။ အဲဒီ ကာကွယ်ထိုးဆေး ၅၁ သန်း ဝယ်ယူဖို့လည်း ဩစတြေးလျ အစိုးရက သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။

ဩစတြေးလျ အနောက်ပိုင်းဒေသကလွဲလို့ခရစ်စမတ် မတိုင်ခင် တစ်နိုင်ငံလုံးကို ပြန်လည် ဖွင့်ပေးဖို့ စီစဉ်နေတယ်လို့လည်း ဝန်ကြီးချုပ် Morrison က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG