သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာဖ်ဴးစတင္ၿပီး Trump ေထာက္ခံဆႏၵျပမႈအေျခအေန


(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စု ၿမိဳ႕ေတာ္ ဝါရွင္တန္ ဒီစီမွာ ည ၆ နာရီမွာ စတင္တဲ့ ညမထြက္ရ အမိန္႔ အာဏာ မသက္ေရာက္ခင္ေလးမွာပဲ အေမရိကန္ကြန္ဂရက္ လႊတ္ေတာ္အေဆာက္အဦး ျပန္လည္ လုံျခဳံသြားၿပီလို႔ တာဝန္ရွိသူေတြက ေၾကညာလိုက္ပါတယ္။

၄ နာရီၾကာနီးပါး ကြန္ဂရက္ လႊတ္ေတာ္ထဲ သမၼတေဒၚနယ္ ထရမ့္ကို ေထာက္ခံတဲ့ ဆႏၵျပေနသူကို လက္နက္အျပည့္အစုံ ကိုင္ေဆာင္ထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကေမာင္းထုတ္ အၿပီးမွာ လႊတ္ေတာ္ထဲ ဝ႐ုန္းသုန္းကား ျဖစ္ေနတာ အခုလို အဆုံးသတ္သြားခဲ့ရတာပါ။

လႊတ္ေတာ္အေဆာက္အဦး လုံျခဳံသြားၿပီ ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔ေႏွာင္းပိုင္းက အသံလႊင့္ ေၾကညာခ်က္ကို ၾကားလိုက္ရတဲ့အခ်ိန္မွာ လႊတ္ေတာ္ အေဆာက္အဦးအတြင္းက လုံျခဳံတဲ့ ေနရာမွာ ေရာက္ေနတဲ့ လႊတ္ေတာ္ အမတ္ေတြက လက္ခုပ္ဩဘာေပး ခ်ီးက်ဴးခဲ့ၾကပါတယ္။

ေရြးေကာက္ခံ သမၼတ Joe Biden ကို ေပးအပ္ထားတဲ့ သမၼတ ေရြးခ်ယ္ေရးအဖြဲ႕ရဲ့ မဲေတြကို လႊတ္ေတာ္က အတည္ျပဳဖို႔ လုပ္ေဆာင္ေနခ်ိန္မွာ မြန္းလြဲပိုင္းမွာ သမၼတ ထရမ့္ကို ေထာက္ခံသူေတြက လႊတ္ေတာ္ထဲ အတင္းဝင္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ သမၼတ ထရမ့္က ဗီြဒီယိုကေနတဆင့္ သူ႔ကို ေထာက္ခံသူေတြကို အိမ္ ျပန္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

သမၼတ ထရမ့္ အေနနဲ႔ သူ႔ကို ေထာက္ခံသူေတြကို ႐ုပ္သံေရွ႕ကေန တိုက္ရိုက္ အခုလို ဆႏၵျပေနတာ ေတြကို ရပ္ဆိုင္းဖို႔ ေျပာၾကား ရမယ္လို႔ လည္း ေရြးေကာက္ခံ သမၼတ Joe Biden ကလည္း ေတာင္းဆိုခဲ့တာပါ။

လႊတ္ေတာ္အေဆာက္အဦးဝန္းက်င္မွာေတာ့ ဆႏၵျပသူတခ်ိဳ႕ရွိေနၾကဆဲ ျဖစ္ေပမယ့္ ၿမိဳ႕ေတာ္ဝန္ Muriel Bowser က ထုတ္ျပန္ထားတဲ့ ညမထြက္ရ ကာဖ်ဴးအမိန္႔က ဝါရွင္တန္ ဒီစီၿမိဳ႕မွာ ေဒသစံေတာ္ခ်န္ ဗုဒၶဟူးေန႔ ၆ နာရီက စတင္ အသက္ဝင္ တည္ရွိေနၿပီ ျဖစ္ပါတယ္။

လႊတ္ေတာ္ ထဲ လုံျခဳံမႈ ရသြားတာနဲ႔ တစ္ၿပိဳင္နက္ သမၼတသစ္ကို အတည္ျပဳတာကို အျမန္ဆုံး ျပန္လည္ စတင္သြားမယ္လို႔ လႊတ္ေတာ္ အမတ္ေတြက ေျပာပါတယ္။

........

ကာဖျူးစတင်ပြီး Trump ထောက်ခံဆန္ဒပြမှုအခြေအနေ

(Unicode)

အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာ ည ၆ နာရီမှာ စတင်တဲ့ ညမထွက်ရ အမိန့် အာဏာ မသက်ရောက်ခင်လေးမှာပဲ အမေရိကန်ကွန်ဂရက် လွှတ်တော်အဆောက်အဦး ပြန်လည် လုံခြုံသွားပြီလို့ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။

၄ နာရီကြာနီးပါး ကွန်ဂရက် လွှတ်တော်ထဲ သမ္မတဒေါ်နယ် ထရမ့်ကို ထောက်ခံတဲ့ ဆန္ဒပြနေသူကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကမောင်းထုတ် အပြီးမှာ လွှတ်တော်ထဲ ဝရုန်းသုန်းကား ဖြစ်နေတာ အခုလို အဆုံးသတ်သွားခဲ့ရတာပါ။

လွှတ်တော်အဆောက်အဦး လုံခြုံသွားပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက အသံလွှင့် ကြေညာချက်ကို ကြားလိုက်ရတဲ့အချိန်မှာ လွှတ်တော် အဆောက်အဦးအတွင်းက လုံခြုံတဲ့ နေရာမှာ ရောက်နေတဲ့ လွှတ်တော် အမတ်တွေက လက်ခုပ်ဩဘာပေး ချီးကျူးခဲ့ကြပါတယ်။

ရွေးကောက်ခံ သမ္မတ Joe Biden ကို ပေးအပ်ထားတဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့ရဲ့ မဲတွေကို လွှတ်တော်က အတည်ပြုဖို့ လုပ်ဆောင်နေချိန်မှာ မွန်းလွဲပိုင်းမှာ သမ္မတ ထရမ့်ကို ထောက်ခံသူတွေက လွှတ်တော်ထဲ အတင်းဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သမ္မတ ထရမ့်က ဗီဒီယိုကနေတဆင့် သူ့ကို ထောက်ခံသူတွေကို အိမ် ပြန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
သမ္မတ ထရမ့် အနေနဲ့ သူ့ကို ထောက်ခံသူတွေကို ရုပ်သံရှေ့ကနေ တိုက်ရိုက် အခုလို ဆန္ဒပြနေတာ တွေကို ရပ်ဆိုင်းဖို့ ပြောကြား ရမယ်လို့ လည်း ရွေးကောက်ခံ သမ္မတ Joe Biden ကလည်း တောင်းဆိုခဲ့တာပါ။
လွှတ်တော်အဆောက်အဦးဝန်းကျင်မှာတော့ ဆန္ဒပြသူတချို့ရှိနေကြဆဲ ဖြစ်ပေမယ့် မြို့တော်ဝန် Muriel Bowser က ထုတ်ပြန်ထားတဲ့ ညမထွက်ရ ကာဖျူးအမိန့်က ဝါရှင်တန် ဒီစီမြို့မှာ ဒေသစံတော်ချန် ဗုဒ္ဓဟူးနေ့ ၆ နာရီက စတင် အသက်ဝင် တည်ရှိနေပြီ ဖြစ်ပါတယ်။

လွှတ်တော် ထဲ လုံခြုံမှု ရသွားတာနဲ့ တစ်ပြိုင်နက် သမ္မတသစ်ကို အတည်ပြုတာကို အမြန်ဆုံး ပြန်လည် စတင်သွားမယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG