သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္စစ္ဒုကၡသည္ေတြ ေနရပ္ျပန္ေရး စီစဥ္ေန


လုိင္ဇာၿမိဳ႕အနီးရွိ Je Yang IDP ကမ့္ပ္မွ ကခ်င္ဒုကၡသည္မ်ား။ (ဇန္နဝါရီ ၄၊ ၂၀၁၃)

(Zawgyi / Unicode)

၂၀၂၁ ႏွစ္ဆန္းပိုင္းမွာ ေထာင္ခ်ီတဲ့ IDP ဒုကၡသည္ေတြ သူတို႔ေနရပ္ရင္း အိမ္ေတြဆီ ျပန္ၾကဖို႔ ျပင္ေနၾကေပမယ့္ စိုးရိမ္မႈေတြကေတာ့ ရွိေနၾကဆဲပါ။ ကခ်င္ဒုကၡသည္ေတြ အိမ္ျပန္ႏုိင္ေရး အစီအစဥ္မွာ ဘာေတြ စိုးရိမ္ပူပန္ေနၾကသလဲ၊ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား စစ္ေရးပဋိပကၡေတြေၾကာင့္ ဆယ္စုႏွစ္တခုစာ IDP ဒုကၡသည္စခန္းေတြထဲ ထြက္ေျပးခိုလံႈခဲ့ရတဲ့ သိန္းခ်ီတဲ့ ကခ်င္စစ္ေျပးဒုကၡသည္ေတြထဲက တခ်ိဳ႕ အခု သူတို႔ေနရပ္ရင္းေတြကို ျပန္ႏုိင္ေရး ကခ်င္ဒုကၡသည္အေရး လႈပ္ရွားေနသူေတြနဲ႔ အစိုးရတာဝန္ရွိသူေတြၾကား စီစဥ္ေဆာင္ရြက္ေနပါၿပီ။

KIO ထိန္းခ်ဳပ္နယ္ေျမနဲ႔ အစိုးရထိန္းခ်ဳပ္နယ္ေျမက ဒုကၡသည္ေတြ ေနရပ္ျပန္ေရး စီစဥ္ေပးေနတဲ့ ေနာက္ဆံုးအေျခအေနကို ကခ်င္ေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ (The Kachin Humanitarian Concern Committee - KHCC) ရဲ႕ ဥကၠ႒လည္းျဖစ္၊ KBC ကခ်င္ႏွစ္ျခင္းခရစ္ယန္အဖြဲ႔ခ်ဳပ္ရဲ႕ ဥကၠ႒လည္းျဖစ္တဲ့ ေဒါက္တာ Hkalam Samson က ဗီြအိုေအကို အခုလိုရွင္းျပပါတယ္။

"အခုျပန္ဖို႔ Return ကိစၥမွာ အစိုးရထိန္းခ်ဳပ္တဲ့ ဧရိယာမွာ မိမိရဲ႕ မူလေနရပ္ျပန္ဖို႔ကိစၥ ေဆြးေႏြးတဲ့အခ်ိန္မွာ KIA ထိန္းခ်ဳပ္နယ္ေျမမွာရွိတဲ့ IDP ေတြလည္း ျပန္ဖုိ႔ က်ေနာ္တို႔ KIA နဲ႔ ေဆြးေႏြးပါတယ္။ KIA ကလည္း သေဘာတူတဲ့ အတြက္ေၾကာင့္မို႔ ဆိုေတာ့ ဒီဘက္ကို ျပန္လာတဲ့အခ်ိန္မွာ သူတို႔ရဲ႕ သေဘာတူညီမႈလည္း ပါတယ္ဆိုေတာ့ က်ေနာ္တို႔က ဒီမွာ လုပ္ေပးလို႔ အဆင္ေျပတာေပါ့။ က်ေနာ္တို႔ အိမ္ေတြ ၿပီးသြားၿပီဆိုရင္ KIA ဘက္မွာရွိတဲ့ IDP ေတြလည္း ျပန္လာဖို႔ျဖစ္ပါတယ္။ ေလာေလာဆယ္ဆယ္ကေတာ့ အခု က်ေနာ္တို႔ Shelters ေတြ ေဆာက္လုပ္ေနတဲ့ ကာလေပါ့။ ပူတာအိုဘက္မွာ မတ္လေလာက္မွာ ျပန္ဖို႔ရွိတယ္။ က်ေနာ္တုိ႔ ကန္ပိုက္တီနဲ႔ ျမစ္ႀကီးနားဘက္မွာလည္း တည္ေဆာက္ေနတယ္။ ဆိုေတာ့ ဒီမတ္လမကုန္ခင္ ဧၿပီမေက်ာ္ဘူးေပါ့ အဲ့ေလာက္မွာ အိမ္ျပန္ႏိုင္မယ္လို႔ က်ေနာ္တို႔ ယံုၾကည္ပါတယ္။"

ဒုကၡသည္ေတြ ေနရပ္ရင္းကို ျပန္ႏိုင္ေရး စီစဥ္မႈေတြကေတာ့ အခက္အခဲ စိန္ေခၚမႈေတြက ရွိေနတုန္းပါပဲ။ ႏိုင္ငံတကာရဲ႕ အကူအညီရေအာင္ အေကာင္းဆံုးျဖစ္ေအာင္ စီစဥ္ေပးေနၾကပါတယ္လို႔ ကခ်င္ေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ ဥကၠ႒ ေဒါက္တာ Hkalam Samson က ေျပာပါတယ္။

"အခက္အခဲကေတာ့ အမ်ားႀကီးနဲ႔ ႀကံဳရမွာပဲ။ က်ေနာ္ေတာင္ ေျပာဖူးပါတယ္၊ ထြက္ေျပးရတာ လြယ္သေလာက္ ျပန္ဖို႔ေတာ့ ေတာ္ေတာ္ခက္မယ့္ အေနအထားမွာ ရွိတယ္လို႔။ တခ်က္ကေတာ့ ႏုိင္ငံတကာ အဖြဲ႔အစည္းရဲ႕ အကူအညီ မရဘူးဆိုရင္ က်ေနာ္တို႔ ျပန္ဖို႔ ေတာ္ေတာ္ခက္မယ္။ ဘာျဖစ္လို႔လဲဆိုရင္ အိမ္ေတြက ေနစရာကို မရွိေတာ့တာ၊ ေနလို႔ကို မရေတာ့ဘူး။ အားလံုးက ပ်က္စီးေနၿပီ။ ၿပီးရင္ က်ေနာ္တို႔ Land Mine ကိစၥေတြေပါ့။ Land Mine ကိစၥ အခုေတာ့ တပ္မေတာ္က ႀကိဳးစားေဆာင္ရြက္ေပးေနတယ္ဆိုေတာ့ Process ကေတာ့ အဲ့လို Return ဘက္ကို ဦးတည္ေနပါၿပီ။ သူတို႔ျပန္ၿပီဆိုရင္ သူတို႔ လယ္ယာၿခံေျမ ျပန္လုပ္လို႔ရပါၿပီ။ အဲ့ဘက္မွာ က်ေနာ္တို႔ ကူညီဖို႔ အဆင္သင့္ရွိပါတယ္။ မိမိရဲ႕ၿခံေျမကို ရွင္းလင္းၿပီးမွ ေတာင္ယာ လယ္ယာ လုပ္တာတို႔၊ က်ေနာ္တို႔ အသက္ေမြးဝမ္းေက်ာင္းအတြက္ ႏုိင္ငံတကာကလည္း ကူညီဖို႔ အဆင္သင့္ရွိပါတယ္။ Small Projects ေတြေပါ့ေနာ္။"

အခုဆိုရင္ေတာ့ IDP စခန္းထဲက ဒုကၡသည္တခ်ိဳ႕ သူတို႔ရဲ႕ ေနရပ္ ေက်းရြာေတြဆီ ျပန္ၿပီး အိမ္ေတြ သြားေရာက္သန္႔ရွင္းတာ၊ ၿခံေတြရွင္းလင္း ျပင္ဆင္ေနၾကၿပီလို႔ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ အစိုးရထိန္းခ်ဳပ္နယ္ေျမထဲက Mai Na ျပည္တြင္း ဒုကၡသည္စခန္းက ကခ်င္လူငယ္အမ်ိဳးသမီး Hpau Dut Lu Htoi က ေျပာျပပါတယ္။

"ဟုတ္ကဲ့ ျပန္ဖုိ႔အစီအစဥ္ရွိပါတယ္။ က်မတို႔ ကမ့္ပ္မွာက်ေတာ့ ျပန္ဖို႔ ၁၇ ရြာထဲမွာ ပါတာေပါ့ေနာ္။ သူတို႔ အခု ကိုယ့္ေနရာေတြမွာ ကိုယ့္ေက်းရြာေတြမွာ ျပန္သြားၿပီးမွ ၿခံဳေတြ သစ္ပင္ေတြ သြားရွင္းလင္းေနၾကတယ္။ အိမ္ေတြေနႏိုင္ဖို႔အတြက္ ဘုရားေက်ာင္းေတြကို သြားရွင္းလင္းတာေတြ ေန႔တုိင္းသြားလုပ္တာေတြ ရွိတယ္။ အဓိက က်မတို႔လိုလားတာကေတာ့ အဓိကက်ေတာ့ လံုၿခံဳမႈပိုင္း လိုအပ္တယ္။ ဒီတပ္မေတာ္ ၂ ဖြဲ႔စလံုးက သူတို႔ေၾကာင့္ျဖစ္တဲ့အတြက္ သူတို႔က အဓိက တာဝန္ယူေစခ်င္တယ္။ က်မတို႔သြားေနမယ့္ ရြာေတြမွာ မိုင္းေတြရွင္းလင္းေပးဖို႔ လိုအပ္တယ္။ က်မတို႔အိမ္ေတြ လံုၿခံဳမႈရွိရွိနဲ႔ လုပ္ကိုင္စားေသာက္ဖို႔အတြက္ အခက္အခဲေတြ ရွိႏိုင္တဲ့အတြက္ ၁ ႏွစ္ ၂ ႏွစ္ေလာက္ေတာ့ စားေသာက္ေနထိုင္ဖို႔ အတြက္လည္း တာဝန္ယူမႈေတြ လုပ္ေစခ်င္ပါတယ္၊ အစိုးရပိုင္းက။ ၿပီးေတာ့ က်န္းမာေရး၊ ပညာေရးပိုင္းလည္း အဆင္ေျပၿပီးမွ လွ်ပ္စစ္မီးေတြက အစေပါ့ေနာ္၊ အဲ့ဒါေတြက မရွိမျဖစ္ လုိအပ္တယ္ေပါ့ေနာ္။ ၂ လပိုင္းကုန္ ၃ လပိုင္းေလာက္မွ ျပန္ၾကဖို႔ လုပ္ေနၾကတဲ့ အေျခအေနမွာ ရွိပါတယ္။"

ကခ်င္ၿငိမ္းခ်မ္းေရးနဲ႔ IDP အေရး လႈပ္ရွားေဆာင္ရြက္ေနတဲ့ ကို Lum Zawng ကေတာ့ ကခ်င္ျပည္နယ္တြင္းမွာ ႏုိင္ငံေရး၊ စစ္ေရး ခိုင္မာတဲ့ အာမခံခ်က္ မရွိေသးဘဲနဲ႔ စစ္ေျပးဒုကၡသည္ေတြ ေနရပ္မျပန္သင့္ေသးဘူးလို႔ သူ႔စိုးရိမ္ခ်က္ ေျပာျပပါတယ္။

"ႏိုင္ငံေရးနဲ႔ စစ္ေရးက ဘာမွ အာမခံခ်က္မရွိတဲ့ အေနအထား ျဖစ္ေနတယ္။ ဒီလိုအေနအထားတခုမွာ ဘယ္သူဘယ္ဝါက တာဝန္ယူၿပီးမွ ဘယ္သူဘယ္ဝါက တာဝန္ခံမွာလဲ ဆိုတာက အဓိကျဖစ္တယ္။ ဒီ IDP ေတြနဲ႔ ပတ္သက္ၿပီးမွ ေနရပ္ျပန္ေရးက သံုးပြင့္ဆိုင္ေပါ့။ IDP၊ ေနာက္ အစိုးရ၊ ေနာက္ၿပီးရင္ လက္နက္ကိုင္ထားတဲ့သူေတြ၊ အဓိက အဲ့သံုးပြင့္ဆုိင္က အရမ္းအေရးႀကီးတယ္လို႔ ျမင္တယ္။ ဒီသံုးပြင့္ဆိုင္က ဘယ္ေလာက္အထိ ဒီ Return နဲ႔ပတ္သက္ၿပီး တာဝန္ယူမႈ တာဝန္ခံမႈ ဘယ္လိုလုပ္မလဲ ဆိုတာကေတာ့ ႏုိင္ငံေတာ္အစိုးရနဲ႔ ဒီလက္နက္ကိုင္ထားတဲ့ သူေတြအေပၚမွာ အဓိက တာဝန္ရွိတယ္။ ဒီဘက္က စစ္ေရးအရလည္း KIA နဲ႔ တပ္ဘက္က Agreement ေသာ္လည္းေကာင္း၊ Statement ေသာ္လည္းေကာင္း ဘာမွ ေရေရရာရာမရွိတဲ့ အေနအထားတခုမွာ စစ္ေရး၊ ႏုိင္ငံေရးအရ ၿပီးရင္ သူတို႔ရဲ႕ ဘဝေနထိုင္စားေသာက္မႈနဲ႔ အခြင့္အေရး၊ လူမႈဘဝဝန္းက်င္ ပံုမွန္ျပန္ရဖို႔ တခါတည္း ဖန္တီးေပးလို႔မရဘူး။ အလုပ္အကိုင္ အခြင့္အလမ္းကအစ စိန္ေခၚမႈ အခက္အခဲေတြ မ်ားစြာရွိမယ္လို႔ က်ေနာ္တို႔ ေတြ႔ျမင္ေနရတယ္။"

ကခ်င္ျပည္နယ္ထဲမွာ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ (KIO) လက္ေအာက္ခံ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား ၁၉၉၄ ကေနစလို႔ ၁၇ ႏွစ္တာ အပစ္ရပ္ၿပီးတဲ့အခ်ိန္ ၂၀၁၁ ခုႏွစ္ကစလို႔ တေက်ာ့ျပန္ စစ္ျပန္ျဖစ္ခဲ့တာ ဒီႏွစ္ဆုိရင္ ၁၀ ႏွစ္တင္းတင္း ျပည့္ေတာ့မွာျဖစ္ၿပီး ဒီကခ်င္စစ္ေၾကာင့္ ဒုကၡသည္တသိန္းေက်ာ္ ေနရပ္ရင္းေတြကေန ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ခဲ့ရတာ ျဖစ္ပါတယ္။

ကခ်င္စစ္ဒုကၡသည္ေတြ ေနရပ္ျပန္ေရး စီစဥ္ေန
please wait

No media source currently available

0:00 0:04:44 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကချင်စစ်ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်နေ

၂၀၂၁ နှစ်ဆန်းပိုင်းမှာ ထောင်ချီတဲ့ IDP ဒုက္ခသည်တွေ သူတို့နေရပ်ရင်း အိမ်တွေဆီ ပြန်ကြဖို့ ပြင်နေကြပေမယ့် စိုးရိမ်မှုတွေကတော့ ရှိနေကြဆဲပါ။ ကချင်ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေး အစီအစဉ်မှာ ဘာတွေ စိုးရိမ်ပူပန်နေကြသလဲ၊ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေကြောင့်
ဆယ်စုနှစ်တခုစာ IDP ဒုက္ခသည်စခန်းတွေထဲ ထွက်ပြေးခိုလှုံခဲ့ရတဲ့ သိန်းချီတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေထဲက တချို့ အခု သူတို့နေရပ်ရင်းတွေကို ပြန်နိုင်ရေး ကချင်ဒုက္ခသည်အရေး လှုပ်ရှားနေသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေကြား စီစဉ်ဆောင်ရွက်နေပါပြီ။

KIO ထိန်းချုပ်နယ်မြေနဲ့ အစိုးရထိန်းချုပ်နယ်မြေက ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်ပေးနေတဲ့ နောက်ဆုံးအခြေအနေကို ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (The Kachin Humanitarian Concern Committee - KHCC) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ Hkalam Samson က ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

"အခုပြန်ဖို့ Return ကိစ္စမှာ အစိုးရထိန်းချုပ်တဲ့ ဧရိယာမှာ မိမိရဲ့ မူလနေရပ်ပြန်ဖို့ကိစ္စ ဆွေးနွေးတဲ့အချိန်မှာ KIA ထိန်းချုပ်နယ်မြေမှာရှိတဲ့ IDP တွေလည်း ပြန်ဖို့ ကျနော်တို့ KIA နဲ့ ဆွေးနွေးပါတယ်။ KIA ကလည်း သဘောတူတဲ့ အတွက်ကြောင့်မို့ ဆိုတော့ ဒီဘက်ကို ပြန်လာတဲ့အချိန်မှာ သူတို့ရဲ့ သဘောတူညီမှုလည်း ပါတယ်ဆိုတော့ ကျနော်တို့က ဒီမှာ လုပ်ပေးလို့ အဆင်ပြေတာပေါ့။ ကျနော်တို့ အိမ်တွေ ပြီးသွားပြီဆိုရင် KIA ဘက်မှာရှိတဲ့ IDP တွေလည်း ပြန်လာဖို့ဖြစ်ပါတယ်။ လောလောဆယ်ဆယ်ကတော့ အခု ကျနော်တို့ Shelters တွေ ဆောက်လုပ်နေတဲ့ ကာလပေါ့။ ပူတာအိုဘက်မှာ မတ်လလောက်မှာ ပြန်ဖို့ရှိတယ်။ ကျနော်တို့ ကန်ပိုက်တီနဲ့ မြစ်ကြီးနားဘက်မှာလည်း တည်ဆောက်နေတယ်။ ဆိုတော့ ဒီမတ်လမကုန်ခင် ဧပြီမကျော်ဘူးပေါ့ အဲ့လောက်မှာ အိမ်ပြန်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"

ဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်နိုင်ရေး စီစဉ်မှုတွေကတော့ အခက်အခဲ စိန်ခေါ်မှုတွေက ရှိနေတုန်းပါပဲ။ နိုင်ငံတကာရဲ့ အကူအညီရအောင် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးနေကြပါတယ်လို့ ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ Hkalam Samson က ပြောပါတယ်။

"အခက်အခဲကတော့ အများကြီးနဲ့ ကြုံရမှာပဲ။ ကျနော်တောင် ပြောဖူးပါတယ်၊ ထွက်ပြေးရတာ လွယ်သလောက် ပြန်ဖို့တော့ တော်တော်ခက်မယ့် အနေအထားမှာ ရှိတယ်လို့။ တချက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းရဲ့ အကူအညီ မရဘူးဆိုရင် ကျနော်တို့ ပြန်ဖို့ တော်တော်ခက်မယ်။ ဘာဖြစ်လို့လဲဆိုရင် အိမ်တွေက နေစရာကို မရှိတော့တာ၊ နေလို့ကို မရတော့ဘူး။ အားလုံးက ပျက်စီးနေပြီ။ ပြီးရင် ကျနော်တို့ Land Mine ကိစ္စတွေပေါ့။ Land Mine ကိစ္စ အခုတော့ တပ်မတော်က ကြိုးစားဆောင်ရွက်ပေးနေတယ်ဆိုတော့ Process ကတော့ အဲ့လို Return ဘက်ကို ဦးတည်နေပါပြီ။ သူတို့ပြန်ပြီဆိုရင် သူတို့ လယ်ယာခြံမြေ ပြန်လုပ်လို့ရပါပြီ။ အဲ့ဘက်မှာ ကျနော်တို့ ကူညီဖို့ အဆင်သင့်ရှိပါတယ်။ မိမိရဲ့ခြံမြေကို ရှင်းလင်းပြီးမှ တောင်ယာ လယ်ယာ လုပ်တာတို့၊ ကျနော်တို့ အသက်မွေးဝမ်းကျောင်းအတွက် နိုင်ငံတကာကလည်း ကူညီဖို့ အဆင်သင့်ရှိပါတယ်။ Small Projects တွေပေါ့နော်။"

အခုဆိုရင်တော့ IDP စခန်းထဲက ဒုက္ခသည်တချို့ သူတို့ရဲ့ နေရပ် ကျေးရွာတွေဆီ ပြန်ပြီး အိမ်တွေ သွားရောက်သန့်ရှင်းတာ၊ ခြံတွေရှင်းလင်း ပြင်ဆင်နေကြပြီလို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အစိုးရထိန်းချုပ်နယ်မြေထဲက Mai Na ပြည်တွင်း ဒုက္ခသည်စခန်းက ကချင်လူငယ်အမျိုးသမီး Hpau Dut Lu Htoi က ပြောပြပါတယ်။

"ဟုတ်ကဲ့ ပြန်ဖို့အစီအစဉ်ရှိပါတယ်။ ကျမတို့ ကမ့်ပ်မှာကျတော့ ပြန်ဖို့ ၁၇ ရွာထဲမှာ ပါတာပေါ့နော်။ သူတို့ အခု ကိုယ့်နေရာတွေမှာ ကိုယ့်ကျေးရွာတွေမှာ ပြန်သွားပြီးမှ ခြုံတွေ သစ်ပင်တွေ သွားရှင်းလင်းနေကြတယ်။ အိမ်တွေနေနိုင်ဖို့အတွက် ဘုရားကျောင်းတွေကို သွားရှင်းလင်းတာတွေ နေ့တိုင်းသွားလုပ်တာတွေ ရှိတယ်။ အဓိက ကျမတို့လိုလားတာကတော့ အဓိကကျတော့ လုံခြုံမှုပိုင်း လိုအပ်တယ်။ ဒီတပ်မတော် ၂ ဖွဲ့စလုံးက သူတို့ကြောင့်ဖြစ်တဲ့အတွက် သူတို့က အဓိက တာဝန်ယူစေချင်တယ်။ ကျမတို့သွားနေမယ့် ရွာတွေမှာ မိုင်းတွေရှင်းလင်းပေးဖို့ လိုအပ်တယ်။ ကျမတို့အိမ်တွေ လုံခြုံမှုရှိရှိနဲ့ လုပ်ကိုင်စားသောက်ဖို့အတွက် အခက်အခဲတွေ ရှိနိုင်တဲ့အတွက် ၁ နှစ် ၂ နှစ်လောက်တော့ စားသောက်နေထိုင်ဖို့ အတွက်လည်း တာဝန်ယူမှုတွေ လုပ်စေချင်ပါတယ်၊ အစိုးရပိုင်းက။ ပြီးတော့ ကျန်းမာရေး၊ ပညာရေးပိုင်းလည်း အဆင်ပြေပြီးမှ လျှပ်စစ်မီးတွေက အစပေါ့နော်၊ အဲ့ဒါတွေက မရှိမဖြစ် လိုအပ်တယ်ပေါ့နော်။ ၂ လပိုင်းကုန် ၃ လပိုင်းလောက်မှ ပြန်ကြဖို့ လုပ်နေကြတဲ့ အခြေအနေမှာ ရှိပါတယ်။"

ကချင်ငြိမ်းချမ်းရေးနဲ့ IDP အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ကို Lum Zawng ကတော့ ကချင်ပြည်နယ်တွင်းမှာ နိုင်ငံရေး၊ စစ်ရေး ခိုင်မာတဲ့ အာမခံချက် မရှိသေးဘဲနဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်မပြန်သင့်သေးဘူးလို့ သူ့စိုးရိမ်ချက် ပြောပြပါတယ်။

"နိုင်ငံရေးနဲ့ စစ်ရေးက ဘာမှ အာမခံချက်မရှိတဲ့ အနေအထား ဖြစ်နေတယ်။ ဒီလိုအနေအထားတခုမှာ ဘယ်သူဘယ်ဝါက တာဝန်ယူပြီးမှ ဘယ်သူဘယ်ဝါက တာဝန်ခံမှာလဲ ဆိုတာက အဓိကဖြစ်တယ်။ ဒီ IDP တွေနဲ့ ပတ်သက်ပြီးမှ နေရပ်ပြန်ရေးက သုံးပွင့်ဆိုင်ပေါ့။ IDP၊ နောက် အစိုးရ၊ နောက်ပြီးရင် လက်နက်ကိုင်ထားတဲ့သူတွေ၊ အဓိက အဲ့သုံးပွင့်ဆိုင်က အရမ်းအရေးကြီးတယ်လို့ မြင်တယ်။ ဒီသုံးပွင့်ဆိုင်က ဘယ်လောက်အထိ ဒီ Return နဲ့ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှု ဘယ်လိုလုပ်မလဲ ဆိုတာကတော့ နိုင်ငံတော်အစိုးရနဲ့ ဒီလက်နက်ကိုင်ထားတဲ့ သူတွေအပေါ်မှာ အဓိက တာဝန်ရှိတယ်။ ဒီဘက်က စစ်ရေးအရလည်း KIA နဲ့ တပ်ဘက်က Agreement သော်လည်းကောင်း၊ Statement သော်လည်းကောင်း ဘာမှ ရေရေရာရာမရှိတဲ့ အနေအထားတခုမှာ စစ်ရေး၊ နိုင်ငံရေးအရ ပြီးရင် သူတို့ရဲ့ ဘဝနေထိုင်စားသောက်မှုနဲ့ အခွင့်အရေး၊ လူမှုဘဝဝန်းကျင် ပုံမှန်ပြန်ရဖို့ တခါတည်း ဖန်တီးပေးလို့မရဘူး။ အလုပ်အကိုင် အခွင့်အလမ်းကအစ စိန်ခေါ်မှု အခက်အခဲတွေ များစွာရှိမယ်လို့ ကျနော်တို့ တွေ့မြင်နေရတယ်။"

ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ၁၉၉၄ ကနေစလို့ ၁၇ နှစ်တာ အပစ်ရပ်ပြီးတဲ့အချိန် ၂၀၁၁ ခုနှစ်ကစလို့ တကျော့ပြန် စစ်ပြန်ဖြစ်ခဲ့တာ ဒီနှစ်ဆိုရင် ၁၀ နှစ်တင်းတင်း ပြည့်တော့မှာဖြစ်ပြီး ဒီကချင်စစ်ကြောင့် ဒုက္ခသည်တသိန်းကျော် နေရပ်ရင်းတွေကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG