သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ဒုကၡသည္ေတြ ျပန္လည္ေနရာခ်ထားေရး တပ္မေတာ္နဲ႔ KIA သေဘာတူ


ကခ်င္စစ္ေဘးေရွာင္ ဒုကၡသည္မ်ားကို ကခ်င္ျပည္နယ္ရွိ ယာယီစစ္ေရွာင္စခန္းတခုမွာ ေတြ႔ရ။ (ေမ ၁၂၊ ၂၀၁၈)

[Zawgyi/ Unicode]

ကခ်င္စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္ႏုိင္ေရး ႐ြာေပါင္း ၁၇ ႐ြာမွာ ျပန္လည္ေနရာခ်ထားမယ့္ လုပ္ငန္းေတြ စတင္ဖို႔ တပ္မေတာ္နဲ႔ ကခ်င္ လက္နက္ကိုင္အဖဲြ႔ KIA ၾကား သေဘာတူညီမႈရခဲ့တဲ့အေၾကာင္း ေျပာျပမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA ၾကား တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနရသူေတြ ေနရပ္ျပန္ေရးအတြက္ ႏွစ္ဘက္အႀကိမ္ႀကိမ္ ေဆြးေႏြးမႈေတြ လုပ္ခဲ့ၿပီး အခုေတာ့ ႐ြာ ၁၇ ႐ြာကို ျပန္လည္ထူေထာင္ေရးလုပ္ေပးဖို႔ သေဘာတူခဲ့ေၾကာင္း ကခ်င္ေဒသစစ္ေဘးေရွာင္ ျပည္သူမ်ား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ ဥကၠ႒ ေဒါက္တာ Hkalam Samson က ေျပာပါတယ္။

“KIO ရယ္၊ အစိုးရရယ္ ၾကားမွာ က်ေနာ္တို႔ အခုေ႐ြးခ်ယ္ထားတဲ့ ၁၇ ႐ြာ ျပန္ဖို႔ကိစၥကိုKIO ကလည္း သေဘာတူတဲ့အေၾကာင္း၊ ဒီႏွစ္မကုန္ခင္ေတာ့ အားလုံးမဟုတ္သည့္တိုင္ အဲဒီ ၁၇ ႐ြာကို အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ က်ေနာ္တို႔ ယုံၾကည္တယ္။ လုပ္ငန္းေတာ့ စေနၿပီေပါ့။”

အစိုးရရယ္၊ တပ္မေတာ္ရယ္၊ ကခ်င္လက္နက္ကိုင္ KIA ၾကား ညႇိႏႈိင္းမႈေတြမွာ KHCC ကပါဝင္ကူညီခဲ့သလို သူတို႔ ေနထိုင္ေရးကအစ အလုံးစုံ အေျခခံက ျပန္စရတာျဖစ္လို႔ အေတာ္ေလး ႀကိဳးပမ္းေနရတယ္လို႔ သူကေျပာပါတယ္။

ဂ်ပန္အစိုးရကလည္း ကခ်င္တိုက္ပြဲေရွာင္ေတြ ေနရပ္ျပန္ေရးအတြက္ KHCC ကို ေငြေၾကးေထာက္ပံ့ထားၿပီး ျမန္မာအစိုးရကလည္း ဒါကိုမၾကာေသးခင္က ခြင့္ျပဳလိုက္တဲ့အတြက္ အခုဩဂုတ္လမကုန္ခင္ လုပ္ငန္းစလို႔ရၿပီလို႔ ဆရာေတာ္ ခလမ္ဆမ္ဆြမ္က ေျပာပါတယ္။

KHCC အတြင္းေရးမႉးအဖြဲ႕က ဦးေဖာ္ရမ္ခါးလီကေတာ့ သူတို႔အေနနဲ႔ ပူတာအိုေဒသမွာ စစ္ေရွာင္ေတြအတြက္ အထူးေနရာခ်ထားေရးကို ဂ်ပန္အကူအညီနဲ႔ လုပ္ေဆာင္ေနသလို တျခားေနရာေတြမွာလည္း "မူလေနရပ္ျပန္ေရးအစီအစဥ္" အတြက္ လုပ္ေနေၾကာင္းလည္း ေျပာပါတယ္။

“က်ေနာ္တို႔ Nippon Foundation ကေနေပးတဲ့ ဂ်ပန္အစိုးရကေပးတဲ့ဟာက်ေတာ့ က်ေနာ္တို႔ KBC ကေနၿပီးေတာ့ ေဆာင္႐ြက္မယ့္ဟာ ျဖစ္ပါတယ္။ အဲဒါေတာ့ က်ေနာ္တို႔ အခု ပူတာအို ျပန္လည္ေနရာခ်ထားေရးတို႔ ဘာတို႔ စီစဥ္ေဆာင္႐ြက္ေနတာေတြ ရွိပါတယ္။ ဒီတျခား မိုးေမာက္ၿမိဳ႕နယ္ထဲကပါတယ္၊ မံစီၿမိဳ႕နယ္ကပါတယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ကပါ ပါတယ္။ ဝိုင္းေမာ္ၿမိဳ႕နယ္လည္း ပါပါတယ္။ ၿမိဳ႕နယ္တိုင္းလိုလိုပါပဲ ခင္ဗ်။”

႐ြာ ၁၇ ႐ြာထဲက တခ်ိဳ႕႐ြာေတြမွာ ျပန္လည္ထူေထာင္ေရးလုပ္ငန္း စလုပ္ဖို႔ရွိေၾကာင္း လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ ေဒၚႏြဲ႕ယဥ္ေအးက ဗြီအိုေအကို ေျပာပါတယ္။

“အဲဒီအထဲကေန ၃ ႐ြာေပါ့ေနာ္ နန္ဆမ္ရာ ဘာရယ္လည္းမသိဘူး ႐ြာ ၃ ႐ြာမွာေတာ့ စဖို႔လုပ္ေနၿပီရွင့္။ Survey ဘာညာေပါ့။ Survey ဆင္းဖို႔တို႔ ဘာတို႔၊ တ႐ုတ္ အကူအညီနဲ႔ လုပ္ေနတာရွိတယ္။”

တ႐ုတ္သမၼတ Xi Jinping ရဲ႕အခုႏွစ္စ ျမန္မာျပည္ခရီးစဥ္ထဲ ကတိေပးခဲ့သလို ကခ်င္တိုက္ပြဲေရွာင္ေတြ ေနရပ္ျပန္ေရးအတြက္ ယြမ္ေငြ သန္း ၂၀၀ ကို မၾကာေသးခင္က ေပးခဲ့ပါတယ္။ ဒါဟာ ျမန္မာ့ျပည္တြင္းေရးမွာ ဝင္ေရာက္မစြက္ဖက္ဘူးလို႔ အၿမဲေျပာေနတဲ့ တ႐ုတ္အစိုးအရဟာ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ေတာ့ ကူညီဖို႔ရွိတယ္ဆိုတဲ့ သေဘာထားကို ထုတ္ျပခ်င္တာျဖစ္ႏိုင္ေၾကာင္း သုံးသပ္ေနတာလည္းရွိပါတယ္။

တပ္မေတာ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ေနရာစြန႔္ခြာခဲ့ရတဲ့ ေဒသခံစုစုေပါင္း ၁၀၀,၀၀၀ ဝန္းက်င္ရွိပါတယ္။ ေနရပ္ျပန္ေတြရဲ႕ လုံၿခဳံေရးက KIA နဲ႔ တပ္မေတာ္ရဲ႕ပူးေပါင္းမႈနဲ႔ နားလည္မႈက အေရးႀကီးၿပီး ဒါက ၿငိမ္းခ်မ္းေရးကို ဦးတည္ႏိုင္လိမ့္မယ္လို႔ ကခ်င္စစ္ေဘးေရွာင္ ကူညီေရးအသိုင္းအဝန္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင်ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး တပ်မတော်နဲ့ KIA သဘောတူ

ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ရွာပေါင်း ၁၇ ရွာမှာ ပြန်လည်နေရာချထားမယ့် လုပ်ငန်းတွေ စတင်ဖို့ တပ်မတော်နဲ့ ကချင် လက်နက်ကိုင်အဖွဲ့ KIA ကြား သဘောတူညီမှုရခဲ့တဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ကချင်လက်နက်ကိုင် KIA ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေ နေရပ်ပြန်ရေးအတွက် နှစ်ဘက်အကြိမ်ကြိမ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး အခုတော့ ရွာ ၁၇ ရွာကို ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ သဘောတူခဲ့ကြောင်း ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ Hkalam Samson က ပြောပါတယ်။

“KIO ရယ်၊ အစိုးရရယ် ကြားမှာ ကျနော်တို့ အခုရွေးချယ်ထားတဲ့ ၁၇ ရွာ ပြန်ဖို့ကိစ္စကိုKIO ကလည်း သဘောတူတဲ့အကြောင်း၊ ဒီနှစ်မကုန်ခင်တော့ အားလုံးမဟုတ်သည့်တိုင် အဲဒီ ၁၇ ရွာကို အကောင်အထည်ဖော်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ လုပ်ငန်းတော့ စနေပြီပေါ့။”

အစိုးရရယ်၊ တပ်မတော်ရယ်၊ ကချင်လက်နက်ကိုင် KIA ကြား ညှိနှိုင်းမှုတွေမှာ KHCC ကပါဝင်ကူညီခဲ့သလို သူတို့ နေထိုင်ရေးကအစ အလုံးစုံ အခြေခံက ပြန်စရတာဖြစ်လို့ အတော်လေး ကြိုးပမ်းနေရတယ်လို့ သူကပြောပါတယ်။

ဂျပန်အစိုးရကလည်း ကချင်တိုက်ပွဲရှောင်တွေ နေရပ်ပြန်ရေးအတွက် KHCC ကို ငွေကြေးထောက်ပံ့ထားပြီး မြန်မာအစိုးရကလည်း ဒါကိုမကြာသေးခင်က ခွင့်ပြုလိုက်တဲ့အတွက် အခုဩဂုတ်လမကုန်ခင် လုပ်ငန်းစလို့ရပြီလို့ ဆရာတော် ခလမ်ဆမ်ဆွမ်က ပြောပါတယ်။

KHCC အတွင်းရေးမှူးအဖွဲ့က ဦးဖော်ရမ်ခါးလီကတော့ သူတို့အနေနဲ့ ပူတာအိုဒေသမှာ စစ်ရှောင်တွေအတွက် အထူးနေရာချထားရေးကို ဂျပန်အကူအညီနဲ့ လုပ်ဆောင်နေသလို တခြားနေရာတွေမှာလည်း "မူလနေရပ်ပြန်ရေးအစီအစဉ်" အတွက် လုပ်နေကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ Nippon Foundation ကနေပေးတဲ့ ဂျပန်အစိုးရကပေးတဲ့ဟာကျတော့ ကျနော်တို့ KBC ကနေပြီးတော့ ဆောင်ရွက်မယ့်ဟာ ဖြစ်ပါတယ်။ အဲဒါတော့ ကျနော်တို့ အခု ပူတာအို ပြန်လည်နေရာချထားရေးတို့ ဘာတို့ စီစဉ်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒီတခြား မိုးမောက်မြို့နယ်ထဲကပါတယ်၊ မံစီမြို့နယ်ကပါတယ်၊ မြစ်ကြီးနားမြို့နယ်ကပါ ပါတယ်။ ဝိုင်းမော်မြို့နယ်လည်း ပါပါတယ်။ မြို့နယ်တိုင်းလိုလိုပါပဲ ခင်ဗျ။”

ရွာ ၁၇ ရွာထဲက တချို့ရွာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်း စလုပ်ဖို့ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါ်နွဲ့ယဉ်အေးက ဗွီအိုအေကို ပြောပါတယ်။

“အဲဒီအထဲကနေ ၃ ရွာပေါ့နော် နန်ဆမ်ရာ ဘာရယ်လည်းမသိဘူး ရွာ ၃ ရွာမှာတော့ စဖို့လုပ်နေပြီရှင့်။ Survey ဘာညာပေါ့။ Survey ဆင်းဖို့တို့ ဘာတို့၊ တရုတ် အကူအညီနဲ့ လုပ်နေတာရှိတယ်။”

တရုတ်သမ္မတ Xi Jinping ရဲ့အခုနှစ်စ မြန်မာပြည်ခရီးစဉ်ထဲ ကတိပေးခဲ့သလို ကချင်တိုက်ပွဲရှောင်တွေ နေရပ်ပြန်ရေးအတွက် ယွမ်ငွေ သန်း ၂၀၀ ကို မကြာသေးခင်က ပေးခဲ့ပါတယ်။ ဒါဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ဘူးလို့ အမြဲပြောနေတဲ့ တရုတ်အစိုးအရဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်တော့ ကူညီဖို့ရှိတယ်ဆိုတဲ့ သဘောထားကို ထုတ်ပြချင်တာဖြစ်နိုင်ကြောင်း သုံးသပ်နေတာလည်းရှိပါတယ်။

တပ်မတော်နဲ့ ကချင်လက်နက်ကိုင် KIA နှစ်ဘက်တိုက်ပွဲတွေကြောင့် နေရာစွန့်ခွာခဲ့ရတဲ့ ဒေသခံစုစုပေါင်း ၁၀၀,၀၀၀ ဝန်းကျင်ရှိပါတယ်။ နေရပ်ပြန်တွေရဲ့ လုံခြုံရေးက KIA နဲ့ တပ်မတော်ရဲ့ပူးပေါင်းမှုနဲ့ နားလည်မှုက အရေးကြီးပြီး ဒါက ငြိမ်းချမ်းရေးကို ဦးတည်နိုင်လိမ့်မယ်လို့ ကချင်စစ်ဘေးရှောင် ကူညီရေးအသိုင်းအဝန်းက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG