သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြေးဒုက္ခသည်များအရေး ဘယ်လိုဖြေရှင်းကြမလဲ (တိုက်ရိုက်လေလှိုင်း)


Kachin IDPs fled their homes as fighting escalates
Kachin IDPs fled their homes as fighting escalates

ဇွန် ၁၁၊ ၂၀၁၉။ ကချင်စစ်တကျော့ပြန်ဖြစ်တာ ၈နှစ်ပြည့်ချိန် ရခိုင်မှာလည်း တိုက်ပွဲကပြင်းထန်နေသလို ချင်းနဲ့ရှမ်းမြောက်မှာလည်း စစ်ရေးပဋိပက္ခတွေ တင်းမာနေဆဲပါ။ အခုလိုတိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသားတွေနဲ့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးရကြသလို စစ်ဘေးလွတ်ရာ အသက်လု ထွက်ပြေးနေရလို့ ပညာရေး ကျန်းမာရေး လူနေမှုဘဝတွေ ထိခိုက်ဆုံးရှုံး နစ်နာမှုတွေ ရှိနေပါတယ်။

တိုင်းရင်းသားဒုက္ခသည်တွေအရေး ဘယ်လို ကူညီဖြေရှင်းကြမလဲ၊ သက်ဆိုင်သူတွေအနေနဲ့ ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာနဲ့ ပြည်တွင်းစစ်မီးငြိမ်းနိုင်ရေး သဘောထားအမြင်တွေကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ကချင်ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Kachin Humanitarian Concerns Committee (KHCC) တာဝန်ရှိသူ သိက္ခာတော်ရဆရာတော် ဒေါက်တာခလန်ဆမ်ဆွန်၊ ရခိုင်ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်အမျိုးသားကွန်ယက်က ဦးတင်ထူးအောင်နဲ့ ပြည်တွင်းစစ်ဆန့်ကျင်ရေးတတ်ကြွလှုပ်ရှားသူ မအိသဉ္ဖာမောင်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

စစ်ပြေးဒုက္ခသည်တွေအရေး ဘယ်လိုကူညီဖြေရှင်းမလဲ (တိုက်ရိုက်လေလှိုင်း)
please wait

No media source currently available

0:00 0:21:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG