သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာင္းတြင္းကာလစစ္ေဘးေရွာင္ေတြအေႏြးထည္လိုအပ္


ကခ်င္စစ္ေျပးဒုကၡသည္မ်ား

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔တို႔ၾကား စစ္ေရးပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနရတဲ့ စစ္ေဘးေရွာင္ေတြ ေဆာင္းရာသီမွာ ေစာင္၊ အေႏြးထည္ အပါအဝင္ အေရးေပၚ အကူအညီေတြ လိုအပ္ေနတဲ့ အေၾကာင္း နိုင္ကြန္းအိန္ က သတင္းေပးပို႔ထားပါတယ္ ။

စစ္ေရးတင္းမာမႈေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ ခ်င္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြ ေဆာင္းတြင္းအေအးဒဏ္ကုိ ကာကြယ္ဖုိ႔နဲ႔ စားနပ္ရိကၡာအခက္အခဲေတြ ႀကံဳေနရတယ္လုိ႔ အကူအညီေပးေရးအဖဲြ႔ေတြက ေျပာပါတယ္။ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ဆုိရင္လည္း စစ္ေဘးဒုကၡသည္ေတြ ေစာင္နဲ႔ အေႏြးထည္ အေရးတႀကီး လိုအပ္ေနတယ္လို႔ တိုက္ပြဲေရွာင္နဲ႔ သဘာ၀ေဘးကူညီေရးအဖြဲ႔ အတြင္းေရးမွဴး ဦးေက်ာ္ေအာင္က ေျပာပါတယ္။

“လက္ရွိမွာ ဒီကြ်န္ေတာ္တို႕ နိုဝင္ဘာလဲေရာက္လာျပီး။ ဆိုေတာ့ ဒီဇင္ဘာေရာက္ခါနီးျပီးေပါ႕။ ဆိုေတာ႕ ေတာ္ေတာ္ ေလးကို ဒီဘက္မွာ က်ြန္ေတာ္တို႕ ခ်င္းျပည္နယ္ထဲမွာ ေတာ္ေတာ္မ်ားမ်ားမွာ ေအးလာျပီးဆိုေတာ့ ေအးလာတဲ့ ဒီဒဏ္ ေတြကို ကြ်န္ေတာ္တို႕ ေတာ္ေတာ္မ်ားမ်ားကုိ ခံစားရတယ္။ ျပီးေတာ႕ အဲဒီဟာမွာ က်ြန္ေတာ္တို႕ ဒီမွာ အိမ္မွာ႐ွိေနတဲ႕ ကြ်န္ေတာ္တို႕ လူေတြကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္အဆင္ေျပတယ္ ။ ဒါေပမယ့္ Campမွာေနတဲ႕ လူေတြက်ေတာ့ သူတို႕ရဲ ေစာင္ေတြ အေႏြထည္ေတြ အကၤ်ီေတြ လိုအပ္ေနဆဲပဲ။”

သြားလာေရးနဲ႔ လမ္းပမ္းဆက္သြယ္ေရး အခက္အခဲေတြအျပင္၊ စစ္ေဘးနဲ႔ ကုိဗစ္ကပ္ေရာဂါၾကား သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတဲ့ ခ်င္းျပည္နယ္မွာ စစ္ေဘးဒုကၡသည္ ေတာ္ေတာ္မ်ားမ်ားဟာ အ၀တ္တထည္ကိုယ္တခုနဲ႕ ေနရပ္ကေနတိမ္းေရွာင္လာၾကရတာေၾကာင့္ ေဆာင္းတြင္းကာလမွာ အေႏြးထည္နဲ႔ေစာင္ေတြလိုအပ္လာေနတာပါ။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕၀င္ စည္ပင္သာယာေရး၀န္ၾကီးဦးစိုးထက္ကေတာ့ ပလက္၀ၿမိဳ႕ေရာက္ ဒုကၡသည္္ေတြအတြက္ အေႏြးထည္ နဲ႔ ေစာင္ေရာက္ရွိဖို႕ၾကိဳးပမ္းေနတယ္လို႔ ေျပာပါတယ္။

“ရန္ကုန္မွာရွိတဲ့ RCIအဖြဲ႕ေကာ ကြ်န္ေတာ္တို႕ခ်င္းျပည္နယ္ စစ္ေဘးေရွာင္ကယ္ဆယ္ေရးအဖြဲ႕ကေရာ အ၀တ္အထည္ေတြအခုရက္ပိုင္းမွာ အထည္တေထာင္ေက်ာ္ေလာက္ ဆမီးကေန ပလက္၀ဖက္ကို ဆက္ပို႕ေနတယ္။ ရန္ကုန္ဖက္ကလဲ အခုထပ္ပို႕ဖို႕လုပ္ေနတယ္ "။

ပလက္၀ျမိဳ႕ကုိ အဓိကကုန္စည္စီးဆင္းရာ ရခိုင္ျပည္နယ္က ကုလားတန္ျမစ္ေရေၾကာင္းတေလွ်ာက္ စစ္ေရးတင္းမာမႈေတြေၾကာင့္ အသြားအလာေတြ ကန္႔သတ္ထားတာေၾကာင့္ ဒုကၡသည္ေတြ သာမက ၿမိဳ႕ခံေတြပါ စားနပ္ရိကၡာ အခက္အခဲေတြလည္း ႀကံဳေနရပါတယ္။

ဒီရက္ပိုင္းမွာပဲ မေကြးတုိင္း၊ ပခုကၠဴကေနတဆင့္ ဆန္အိတ္(၂၀၀၀) ေရာက္လာတဲ့အတြက္ ပလက္၀ျမိဳ႕ခံေတြနဲ႕ စစ္ေရွာင္ေတြအတြက္ အခိုက္အတန္႕ စားေသာက္ေရးအဆင္ေျပသြားတယ္လို႕ေဒသခံေတြကဆိုပါတယ္။ ယခုလက္ရွိ ပလက္ဝၿမိဳ႕နယ္မွာ စစ္ေဘးေရွာင္ျပည္သူ တစ္ေသာင္းေက်ာ္ခန္႔ရွိၿပီး ပလက္၀ၿမိဳ႕ေပၚမွာ ၅၀၀၀ ၊ ဆမီးၿမိဳ႕ေ ပၚမွာ ၄၀၀၀ ေက်ာ္နဲ႕တျခားေဒသေတြမွာလဲ စစ္ေရွာင္တခ်ိဳ႕ရွိေနပါတယ္။

ကခ်င္ျပည္နယ္မွာလည္း အကူညီေပးေရးအဖြဲ႔ေတြ အလာနည္းလာတဲ့အတြက္ စစ္ေဘးဒုကၡသည္ေတြ ေဆာင္းတြင္းကာလ အေရးေပၚ လိုအပ္ခ်က္ေတြ ရွိေနတယ္လို႕ ပူတာအို လုံးစြတ္စစ္ေရွာင္စခန္း တာဝန္ခံ ဦးဖုန္ထိန္ ကေျပာပါတယ္။

“ေစာင္တို႕အေႏြးထည္အ၀တ္စားေတြေပါ့ေနာ္။ အဲဒီတာလိုအပ္ေနတယ္။ အကူညီေပးတခ်ိဳ႕က်ေတာ့ အခုအခါ နဲနဲစီ လာေပးတာေလာက္ဘဲရွိတယ္။ အဖြဲ႕အစည္းေတြကေန အလွဴရွင္အဖြဲ႕အစည္းေတြကေန ေပးတာေတာ့အခုထက္ မရွိဘူးခင္ဗ်။”

အထူးသျဖင့္ တရုတ္နယ္စပ္အနီးက စစ္ေဘးဒုကၡသည္စခန္းေတြမွာ လိုအပ္ခ်က္ေတြရွိေနျပီး ေျပာင္းေရႊ႕ရတဲ့အေျခ အေန အထိ ေရာက္ေနျပီးလို႕ ကခ်င္ႏွစ္ခ်င္း ခရစ္ယန္အဖြဲ႕ခ်ဳပ္္KBC ဥကၠဌေဒါက္တာခလန္ဆမ္ဆြန္ကေျပာပါတယ္။

“နယ္စပ္ဖက္မွာရွိတဲ့Campေတြက ဆဒုံးဖက္က အမွတ္(၈) အမွတ္(၆)တို႕ဆိုေနလို႕ေတာင္မရေတာ့ဘူး အေျခအေန ျဖစ္ေနတယ္။ စားေရးေသာက္ေရးေပါ့ေနာ္။ ဒီဖက္ကလဲအစိုးရ Controwဧရိယာမဟုတ္ဘူးဆိုေတာ့ သယ္.ူပို႕ေဆာင္ ဖို႕လဲခက္ တရုတ္ျပည္ကလဲ ဒီ ျဖတ္သန္းလာခြင့္ေတြပိတ္ထား တယ္ ဆိုေတာ့ ေဆာင္းအတြင္းမွာကြ်န္ေတာ္တို႕ကေတာ့ ေရႊ႕ေျပာင္းေရးကို ေနရပ္ျပန္ေရးကို ကြ်န္ေတာ္တို႕ႏွစ္ဖက္အစိုးရနဲ႕ ညိွျပီးမွ ေဆာင္ရြက္ေနတဲ့ကိစၥေတြရွိပါတယ္။”

လက္ရွိCOVID-19ေရာဂါျဖစ္ပြါးေနတဲ့အေျခအေနေၾကာင့္တရုတ္နယ္စပ္ပိတ္ပင္ထားတဲ့အတြက္ နယ္စပ္ဒုကၡသည္စခန္း မွာအခက္ေတြ႕ေနတာပါ။
ကခ်င္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႕KIOကခ်င္လြတ္လပ္ေရးအဖြဲ႕တို႕အၾကား ပစ္ခတ္တိုက္ခိုက္မွဳေတြ ရပ္တန္႔ေနသလုိ၊ ရခုိင္လက္နက္ကုိင္အဖဲြ႔ AA က ေရြးေကာက္ပဲြ မက်င္းပႏုိင္တဲ့ နယ္ေျမေတြမွာ ျပန္က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ ကမ္းလွမ္းခ်က္ကုိ တပ္မေတာ္က ႀကိဳဆုိခဲ့ၿပီးေနာက္ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ တုိက္ပဲြေတြလည္း ၿငိမ္သက္ေနပါတယ္ခင္ဗ်ာ။

.................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ ဆောင်းရာသီမှာ စောင်၊ အနွေးထည် အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ အကြောင်း နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ် ။

စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ဆောင်းတွင်းအအေးဒဏ်ကို ကာကွယ်ဖို့နဲ့ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံနေရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဆိုရင်လည်း စစ်ဘေးဒုက္ခသည်တွေ စောင်နဲ့ အနွေးထည် အရေးတကြီး လိုအပ်နေတယ်လို့ တိုက်ပွဲရှောင်နဲ့ သဘာဝဘေးကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“လက်ရှိမှာ ဒီကျွန်တော်တို့ နိုဝင်ဘာလဲရောက်လာပြီး။ ဆိုတော့ ဒီဇင်ဘာရောက်ခါနီးပြီးပေါ့။ ဆိုတော့ တော်တော် လေးကို ဒီဘက်မှာ ကျွန်တော်တို့ ချင်းပြည်နယ်ထဲမှာ တော်တော်များများမှာ အေးလာပြီးဆိုတော့ အေးလာတဲ့ ဒီဒဏ် တွေကို ကျွန်တော်တို့ တော်တော်များများကို ခံစားရတယ်။ ပြီးတော့ အဲဒီဟာမှာ ကျွန်တော်တို့ ဒီမှာ အိမ်မှာရှိနေတဲ့ ကျွန်တော်တို့ လူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေတယ် ။ ဒါပေမယ့် Campမှာနေတဲ့ လူတွေကျတော့ သူတို့ရဲ စောင်တွေ အနွေထည်တွေ အင်္ကျီတွေ လိုအပ်နေဆဲပဲ။”

သွားလာရေးနဲ့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေအပြင်၊ စစ်ဘေးနဲ့ ကိုဗစ်ကပ်ရောဂါကြား သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တော်တော်များများဟာ အဝတ်တထည်ကိုယ်တခုနဲ့ နေရပ်ကနေတိမ်းရှောင်လာကြရတာကြောင့် ဆောင်းတွင်းကာလမှာ အနွေးထည်နဲ့စောင်တွေလိုအပ်လာနေတာပါ။

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဦးစိုးထက်ကတော့ ပလက်ဝမြို့ရောက် ဒုက္ခသည်တွေအတွက် အနွေးထည် နဲ့ စောင်ရောက်ရှိဖို့ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ RCIအဖွဲ့ကော ကျွန်တော်တို့ချင်းပြည်နယ် စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ကရော အဝတ်အထည်တွေအခုရက်ပိုင်းမှာ အထည်တထောင်ကျော်လောက် ဆမီးကနေ ပလက်ဝဖက်ကို ဆက်ပို့နေတယ်။ ရန်ကုန်ဖက်ကလဲ အခုထပ်ပို့ဖို့လုပ်နေတယ် "။

ပလက်ဝမြို့ကို အဓိကကုန်စည်စီးဆင်းရာ ရခိုင်ပြည်နယ်က ကုလားတန်မြစ်ရေကြောင်းတလျှောက် စစ်ရေးတင်းမာမှုတွေကြောင့် အသွားအလာတွေ ကန့်သတ်ထားတာကြောင့် ဒုက္ခသည်တွေ သာမက မြို့ခံတွေပါ စားနပ်ရိက္ခာ အခက်အခဲတွေလည်း ကြုံနေရပါတယ်။

ဒီရက်ပိုင်းမှာပဲ မကွေးတိုင်း၊ ပခုက္ကူကနေတဆင့် ဆန်အိတ်(၂၀၀၀) ရောက်လာတဲ့အတွက် ပလက်ဝမြို့ခံတွေနဲ့ စစ်ရှောင်တွေအတွက် အခိုက်အတန့် စားသောက်ရေးအဆင်ပြေသွားတယ်လို့ဒေသခံတွေကဆိုပါတယ်။ ယခုလက်ရှိ ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ခန့်ရှိပြီး ပလက်ဝမြို့ပေါ်မှာ ၅၀၀၀ ၊ ဆမီးမြို့ေ ပါ်မှာ ၄၀၀၀ ကျော်နဲ့တခြားဒေသတွေမှာလဲ စစ်ရှောင်တချို့ရှိနေပါတယ်။

ကချင်ပြည်နယ်မှာလည်း အကူညီပေးရေးအဖွဲ့တွေ အလာနည်းလာတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ ဆောင်းတွင်းကာလ အရေးပေါ် လိုအပ်ချက်တွေ ရှိနေတယ်လို့ ပူတာအို လုံးစွတ်စစ်ရှောင်စခန်း တာဝန်ခံ ဦးဖုန်ထိန် ကပြောပါတယ်။

“စောင်တို့အနွေးထည်အဝတ်စားတွေပေါ့နော်။ အဲဒီတာလိုအပ်နေတယ်။ အကူညီပေးတချို့ကျတော့ အခုအခါ နဲနဲစီ လာပေးတာလောက်ဘဲရှိတယ်။ အဖွဲ့အစည်းတွေကနေ အလှူရှင်အဖွဲ့အစည်းတွေကနေ ပေးတာတော့အခုထက် မရှိဘူးခင်ဗျ။”

အထူးသဖြင့် တရုတ်နယ်စပ်အနီးက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လိုအပ်ချက်တွေရှိနေပြီး ပြောင်းရွှေ့ရတဲ့အခြေ အနေ အထိ ရောက်နေပြီးလို့ ကချင်နှစ်ချင်း ခရစ်ယန်အဖွဲ့ချုပ်KBC ဥက္ကဌဒေါက်တာခလန်ဆမ်ဆွန်ကပြောပါတယ်။

“နယ်စပ်ဖက်မှာရှိတဲ့Campတွေက ဆဒုံးဖက်က အမှတ်(၈) အမှတ်(၆)တို့ဆိုနေလို့တောင်မရတော့ဘူး အခြေအနေ ဖြစ်နေတယ်။ စားရေးသောက်ရေးပေါ့နော်။ ဒီဖက်ကလဲအစိုးရ Controwဧရိယာမဟုတ်ဘူးဆိုတော့ သယ်.ူပို့ဆောင် ဖို့လဲခက် တရုတ်ပြည်ကလဲ ဒီ ဖြတ်သန်းလာခွင့်တွေပိတ်ထား တယ် ဆိုတော့ ဆောင်းအတွင်းမှာကျွန်တော်တို့ကတော့ ရွှေ့ပြောင်းရေးကို နေရပ်ပြန်ရေးကို ကျွန်တော်တို့နှစ်ဖက်အစိုးရနဲ့ ညှိပြီးမှ ဆောင်ရွက်နေတဲ့ကိစ္စတွေရှိပါတယ်။”

လက်ရှိCOVID-19ရောဂါဖြစ်ပွါးနေတဲ့အခြေအနေကြောင့်တရုတ်နယ်စပ်ပိတ်ပင်ထားတဲ့အတွက် နယ်စပ်ဒုက္ခသည်စခန်း မှာအခက်တွေ့နေတာပါ။
ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့KIOကချင်လွတ်လပ်ရေးအဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နေသလို၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေမှာ ပြန်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ ကမ်းလှမ်းချက်ကို တပ်မတော်က ကြိုဆိုခဲ့ပြီးနောက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေလည်း ငြိမ်သက်နေပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG