သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Matthew Whitaker ကို နေတိုးသံအမတ်ကြီးအဖြစ် Trump အဆိုပြု 


NATO အဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုခံရသူ Matthew Whitaker
NATO အဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုခံရသူ Matthew Whitaker

မြောက်အတ္တလန်တိတ် စစ်ရေး မဟာမိတ်အဖွဲ့ နေတိုး အဖွဲ့ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် သူ့ရဲ့ သစ္စာခံ Matthew Whitaker ကို ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပါတယ်။ နေတိုး အဖွဲ့ က အမေရိကန် ထည့်ဝင်ငွေ အပေါ် အားထားနေတာကို ထရမ့် က ဝေဖန်နေခဲ့တာ ကြာပါပြီ။

“နေတိုး မဟာမိတ်တွေနဲ့ ဆက်ဆံရေး ခိုင်မာအောင် မတ်က လုပ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်တာနဲ့ ရင်ဆိုင်ရတဲ့အခါ သူက အမေရိကန် ပထမ မူကို ကျင့်သုံးပါလိမ့်မယ်” လို့ ထရမ့် က ဆိုပါတယ်။

မက်သယူး ဟာ ခွန်အားကြီးတဲ့ စစ်သည်ဖြစ်ပြီး၊ သစ္စာရှိ မျိုးချစ်တယောက်လည်း ဖြစ်တဲ့အပြင် အမေရိကန် အကျိုးစီးပွါးကို ရှေ့တန်းတင် ကာကွယ်မှာ သေချာတယ်လို့ ထရမ့်က ကြေညာချက်မှာ ပြောပါတယ်။ ထရမ့် ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက မက်သယူး ဟာ ယာယီ ‌‌ရှေ့နေချုပ် တာဝန်ကို ယူခဲ့ပါသေးတယ်။

ဥရောပ မဟာမိတ်တွေက ရံပုံငွေ လုံလုံလောက်လောက် မထည့်ဝင်ဘူးလို့ သူ ယုံကြည်တယ်ဆိုရင်၊ နေတိုး အဖွဲ့ဝင်တွေအပေါ် အကာအကွယ်ပေးမယ်ဆိုတဲ့ အာမခံချက်ကို အမေရိကန်က ရပ်မယ်လို့ ထရမ့်က ဖေဖော်ဝါရီလတုန်းက ပြောခဲ့တာပါ။ ရွေးကောက်ပွဲနိုင်ပြီးပြီးချင်း၊ ထရမ့်ကို ချီးကျူးနှုတ်ခွန်းဆက်ခဲ့ပြီး၊ ကျွန်တော်တို့ ရဲ့ မဟာမိတ်အဖွဲ့ ခိုင်မာအားကောင်းဖို့ သူ့ရဲ့ ခေါင်းဆောင်မှုက သော့ချက်ဖြစ်တယ်လို့ နေတိုး အကြီးအကဲ Mark Rutte က ပြောပါတယ်။ နေတိုးကတဆင့် အင်အားနဲ့ ငြိမ်းချမ်း‌ရေး တိုးမြှင့်ဖို့ သူနဲ့ အလုပ်လုပ်ဖို့ စောင့်စားနေပါတယ်လို့ သူက ဆိုပါတယ်။

Matthew Whitaker ကို နေတိုးသံအမတ်ကြီးအဖြစ် Trump အဆိုပြု 
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG