သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်မှာ သယ်ယူပို့ဆောင်ရေးဝန်ကြီးခန့်ဖို့ ရွေးကောက်ခံသမ္မတထရမ့် အဆိုပြု


သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် အစိုးရသစ်အဖွဲ့အတွက် ရွေးကောက်ခံသမ္မတထရမ့်က အဆိုပြုထားတဲ့ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်ဟောင်း Sean Duffy (ဂျူလိုင် ၁၈၊ ၂၀၁၈)
သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် အစိုးရသစ်အဖွဲ့အတွက် ရွေးကောက်ခံသမ္မတထရမ့်က အဆိုပြုထားတဲ့ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်ဟောင်း Sean Duffy (ဂျူလိုင် ၁၈၊ ၂၀၁၈)

ရွေးကောက်ခံသမ္မတ Donald Trump က သူအစိုးရဖွဲ့တဲ့အခါ Winsconsin ပြည်နယ် အောက်လွှတ်တော်အမတ်ဟောင်း Sean Duffy ကို သယ်ယူပို့ဆောင်ရေးဝန်ကြီးခန့်ထားဖို့ အဆိုပြုလိုက်ပါတယ်။

အထက်လွှတ်တော်က အတည်ပြုမယ်ဆိုရင် Sean Duffy အနေနဲ့ ဒေါ်လာ သန်းဘီလျံ ၁၁၀ ဖိုးရှိတဲ့ လေကြောင်းပို့ဆောင်ရေး၊ ကားလမ်း၊ ရထားလမ်းနဲ့ တခြား သယ်ယူပို့ဆောင်ရေး ဆိုင်ရာ မူဝါဒတွေကို ကြီးကြပ်တဲ့ ဝန်ကြီးအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် သမ္မတ Biden အစိုးရလက်ထက် အခြေခံ အဆောက်အအုံ မွမ်းမံရေးနဲ့ လျှပ်စစ်ကားတွေ အားသွင်းတဲ့နေရာတွေ တိုးပြီး တည်ဆောက်ရေး ဒေါ်လာ တစ်ထရီလျံ သုံးစွဲဖို့ ကျန်နေသေးတဲ့ ငွေတွေတွေကိုလည်း Sean Duffy ကြီးကြပ်နိုင်ပါတယ်။

သမ္မတ Biden လက်ထက်ကချမှတ်ထားတဲ့ ကားတွေ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုဆိုင်ရာ စည်းမျဉ်း တွေကို ပြန်ပြင်မယ်လို့ Trump က အခိုင်အမာ ပြောထားပါတယ်။

ဒီအတောအတွင်း Donald Trump က ရှေ့နေချုပ်အဖြစ်ခန့်ဖို့အဆိုပြုထားတဲ့ အောက်လွှတ်တော်အမတ်ဟောင်း Matt Gaetz (မတ် ဂိတ်စ်) နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးထားတဲ့အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ရေး မထုတ်ပြန်ရေး အောက်လွှတ်တော် ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ဖို့ ရှိပါတယ်။ အောက်လွှတ်တော်အမတ်ဟောင်း Matt Gaetz ဟာ မူးယစ်ဆေး တရားမဝင်သုံးစွဲပြီး အမျိုးသမီးတဦးနဲ့ လိင်ပိုင်းဆိုင်ရာငြိစွန်းမှုရှိခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG