သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် ရွေးကောက်ခံသမ္မတထရမ့်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံ


ရွေးကောက်ခံ အမေရိကန် သမ္မတ ‌ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ဂျိုးဘိုင်ဒန် တို့တွေ့ဆုံနေကြစဉ် (နိုဝင်ဘာ ၁၃၊ ၂၀၂၄)
ရွေးကောက်ခံ အမေရိကန် သမ္မတ ‌ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ဂျိုးဘိုင်ဒန် တို့တွေ့ဆုံနေကြစဉ် (နိုဝင်ဘာ ၁၃၊ ၂၀၂၄)

ရွေးကောက်ခံ အမေရိကန် သမ္မတ ‌ဒေါ်နယ်ထရမ့် ဟာ ဗုဒ္ဓဟူးနေ့က သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒန် နဲ့ တွေ့ခဲ့ပြီး အကူးအပြောင်း ချောမွေ့ရေး စကား ပြောကြပါတယ်။

ဒီလို အစဥ်အလာအရ တွေ့ဆုံပွဲကို သမ္မတ ဂျိုးဘိုင်ဒန် က ထရမ့်ကို ဖိတ်ကြားခဲ့တာပါ။ သူတို့ နှစ်ယောက်ဟာ အိမ်ဖြူတော် မီးဖိုရှေ့မှာ ထိုင်ကြရင်း စကား ပျူငှါ ပြောဆိုကြပါတယ်။

အကူးအပြောင်း ချောမွေ့ဖို့ မျှော်လင့်ထားပြီး ဒီအကြောင်း ပြောကြပါမယ်လို့ ဘိုင်ဒန်က ပြောခဲ့ပါတယ်။ ကျေးဇူးအလွန်တင်ပါကြောင်း ထရမ့်က ပြန်လည် ပြောဆိုပြီး၊ နိုင်ငံရေး က ကြမ်းပါတယ်၊ ကိစ္စအတော်များများမှာ ကမ္ဘာကြီးက သိပ်ဖော်ရွေ ဖြောင့်မတ်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကနေ့ကတော့ ဖော်ရွေဖြောင့်မတ်ပြီး အကူးအပြောင်း အလွန့်ကို ချောမွေ့မှာအတွက် အလွန့်ကို ကျေးဇူးတင်ပါတယ် ဂျိုး လို့ ထရမ့် က ပြန်ပြောပါတယ်။ သမ္မတ ကတော် Jill Biden ကလည်း သမ္မတနဲ့အတူ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ကြိုဆိုနှုတ်ဆက်ပါတယ်။

မစ္စတာ ထရမ့်ရဲ့ ဇနီး Melania ကို ချီးကျူးစကား ပြောဆိုထားတဲ့ မုဒိတာ စာတစောင်ကိုလည်း မစ္စတာ ထရမ့်ကို မစ္စ Jill Biden က ပေးအပ်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ရွေးကောက်ခံ သမ္မတ ကတော် Melania ဟာ သူ့ခင်ပွန်းနဲ့ ဝါရှင်တန်ကို အခု လိုက်မလာခဲ့သလို၊ အိမ်ဖြူတော်ကို ပြောင်းရွှေ့နေ၊ မနေဆိုတဲ့ အစီအစဥ်ကိုလည်း မပြောသေးပါဘူး။

သမ္မတဘိုင်ဒန် ရွေးကောက်ခံသမ္မတထရမ့်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG