သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကာကွယ်ရေး ရပ်တည်ချက် ကန်သမ္မတ ထပ်လောင်းကတိပေး


အမေရိကန် သမ္မတ Joe Biden နဲ့ အစ္စရေးသမ္မတ Isaac Herzog တို့အိမ်ဖြူတော်မှာတွေ့ဆုံနေစဉ် (နိုဝင်ဘာ ၁၂၊ ၂၀၂၄)
အမေရိကန် သမ္မတ Joe Biden နဲ့ အစ္စရေးသမ္မတ Isaac Herzog တို့အိမ်ဖြူတော်မှာတွေ့ဆုံနေစဉ် (နိုဝင်ဘာ ၁၂၊ ၂၀၂၄)

အမေရိကန် သမ္မတ Joe Biden က အစ္စရေးကို ကာကွယ်ရေး သူ့ရဲ့ ခိုင်မာတဲ့ ပိုင်းဖြတ် ရပ်တည်ချက်ကို အစ္စရေး သမ္မတနဲ့ အင်္ဂါနေ့ အိမ်ဖြူတော် ဆွေးနွေးပွဲမှာ ထပ်မံ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂါဇာက သွေးထွက်သံယို ပဋိပက္ခတွေ တနှစ်ကျော်ကြာလာချိန်ထိ ဟားမတ် စစ်သွေးကြွတွေဖမ်းဆီးထားတဲ့ ဓားစားခံတွေ ပြန်လွတ်လာတာကိုလည်း တွေ့မြင်လိုတယ်လို့လည်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ အင်္ဂါနေ့ မနက်ပိုင်းက အစ္စရေး သမ္မတ Isaac Herzog နဲ့ တွေ့ဆုံမှုအတွင်း အစ္စရေး အရေးမှာ ခိုင်ခိုင်မာမာပိုင်းဖြတ်ထားကြောင်းနဲ့ နှစ်နိုင်ငံကြား နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိတာကိုလည်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။ အစ္စရေး သမ္မတ Herzog ကတော့ သူ့ အစိုးရ အဖွဲ့ရဲ့ အဓိက ဦးစားပေး ဖြစ်တဲ့ ဓားစားခံတွေ ပြန်ရရေး ကိစ္စကို အလေးထား ပြောဆိုခဲ့ပါတယ်။ ဒါတွေ အားလုံးဟာ အီရန် အစိုးရက စတာလို့လည်း အစ္စရေးသမ္မတက ပြောပါတယ်။

အီရန်နဲ့ သူ့ရဲ့ ကိုယ်ပွားတွေကနေ ဒါတွေ အားလုံး စခဲ့တာ ဖြစ်ပြီး တည်ငြိမ်မှု၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းမှု ပျက်ပြားအောင် အစွမ်းကုန် လုပ်ဆောင်နေကြကြောင်း အစ္စရေးနိုင်ငံ ပျက်စီးရေးနဲ့ နျူးကလီးယား လက်နက်တွေ ရရှိဖို့လည်း ကြိုးစားနေကြတယ်လို့ အစ္စရေး သမ္မတက ပြောခဲ့ပါတယ်။ သူတို့ရဲ့ မကောင်းဆိုးရွား ရည်ရွယ်ချက်တွေ မပြည့်မီနိုင်ရေး အတွက် လက်ရှိ အမေရိကန် သမ္မတ သက်တမ်းမှာရော နောက်တက်လာမယ့် သမ္မတ သက်တမ်းမှာပါ ဒီကိစ္စကို အလေးထား ရမှာ ဖြစ်တယ်လို့လည်း အစ္စရေးသမ္မတက ပြောဆိုခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေး ရပ်တည်ချက် ကန်သမ္မတ ထပ်လောင်းကတိပေး
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG