သုံးရလွယ်ကူစေသည့် Link များ

 
အစ္စရေးဝန်ကြီးချုပ်နဲ့ ကန်ရွေးကောက်ခံသမ္မတတို့ အီရန် ခြိမ်းခြောက်မှုဆွေးနွေးခဲ့
နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ်နဲ့ ကန်ရွေးကောက်ခံသမ္မတတို့ အီရန် ခြိမ်းခြောက်မှုဆွေးနွေးခဲ့


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(ဝဲ)နဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေသန်ယာဟု (ယာ) တို့ အစ္စရေးနိုင်ငံ၊ ဂျေရုဆလမ်မှာတွေ့ရစဥ်၊ မေ ၂၃၊ ၂၀၁၇။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(ဝဲ)နဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေသန်ယာဟု (ယာ) တို့ အစ္စရေးနိုင်ငံ၊ ဂျေရုဆလမ်မှာတွေ့ရစဥ်၊ မေ ၂၃၊ ၂၀၁၇။

အီရန်ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump နဲ့ အပြန်အလှန်အမြင်တွေ ဆွေးနွေးဖလှယ်ပြီး၊ သဘောတူညီမှုရခဲ့ကြတယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Donald Trump နဲ့ သူ စကားသုံးကြိမ်ပြောဆိုခဲ့ပြီး၊ အလွန်ကောင်းတဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အီရန်ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ ပါဝင်ပတ်သက်တဲ့အစုအတိုင်းအပေါ် နှစ်ဦးသား သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။ ဆွေးနွးမှုဟာ အစ္စရေးနဲ့အမေရိကန်အကြား ခိုင်မာတဲ့မဟာဖြစ်မှုကို ထပ်တိုးမြှင့်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။ ဂါဇာ‌ဒေသ စစ်ပွဲတွေ ပြင်းထန်နေပြီး၊ လက်ဘနွမ်အခြေစိုက် ဟစ်ဇဘိုလာစစ်သွေးကြွအုပ်စုကို အစ္စရေးက ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲ Donald Trump ဟာ အမေရိကန်သမ္မတ တာဝန်ကို မကြာခင် ထမ်းဆောင်တော့မှာပါ။ အီရန်နဲ့ အစ္စရေးအကြား အပြန်အလှန်တိုက်ခိုက်မှုတွေဟာလည်း လျှော့ပါးသွားမယ့် လက္ခဏာမရှိသလို၊ အီရတ်နဲ့ ယီမန်က အီရန်ရဲ့ လက်ဝေခံအဖွဲ့တွေနဲ့ အစ္စရေးအခြားပဋိပက္ခကလည်း လျှော့ပါးမယ့်ပုံမရှိပါဘူး။ အစ္စရေးအဖို့ အီရန်နူကလီးယားထုတ်မယ့် အစီအစဉ်ဟာ အစိုးရိမ်ဆုံးကိစ္စဖြစ်ပါတယ်။

Forum

XS
SM
MD
LG