သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် အစ္စရေးလေကြောင်းကတိုက်ခိုက်


လက်ဘနွန်အရှေ့ပိုင်း Baalbek မြို့မှာ လူထုနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လောင်ကျွမ်းနေတဲ့မီးကို ငြိမ်းသတ်ဖို့ ကြိုးစားနေကြစဥ်။ (နိုဝင်ဘာ ၆၊ ၂၀၂၄)
လက်ဘနွန်အရှေ့ပိုင်း Baalbek မြို့မှာ လူထုနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လောင်ကျွမ်းနေတဲ့မီးကို ငြိမ်းသတ်ဖို့ ကြိုးစားနေကြစဥ်။ (နိုဝင်ဘာ ၆၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်းကပစ်မှတ်တွေကို ဒီနေ့ ကြာသပတေးနေ့မှာ အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ နိုင်ငံတကာလေဆိပ်နားမှာနေသူတွေကို ဘေးလွတ်ရာသွားကြဖို့ အစ္စရေးစစ်တပ်ကပြောကြားခဲ့ပြီးနောက် လေဆိပ်နားကပစ်မှတ်တွေကိုပါ ပစ်ခတ်ခဲ့ပါတယ်။

ဘေရွတ်မြို့တော်မှာရှိတဲ့ Hezbollah စစ်သွေးကြွအဖွဲ့ရဲ့ ဌာနချုပ်တွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ တိုက်ခိုက်မှုတွေရပ်ပါလို့ အစ္စရေးဘက်ကတောင်းဆိုလာတဲ့အထိ အစ္စရေးနဲ့စစ်ဆင်သွားမယ်လို့ Hezbollah အဖွဲ့ခေါင်းဆောင်သစ်က ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။ တကယ်လို့ အစ္စရေးဘက်က တိုက်ခိုက်မှုတွေကို ရပ်မယ်ဆိုရင် တဆင့်ခံညှိနှိုင်းနိုင်တဲ့ အလားအလာရှိပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ လက်ဘနွန်မှာ စစ်ဆင်နေသလို ဂါဇာကမ်းအေမြာင်ဒေသက Hamas စစ်သွေးကြွ တွေအပေါ် တိုးပြီးတော့ ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ ဂါဇာဒေသမှာ သိန်းနီးပါး အိုးအိမ်စွန့် ဘေးလွတ်ရာမှာ နေထိုင်နေကြရတယ်လို့ပြောပါတယ်။

ဂါဇာမြောက်ပိုင်းမှာ လူပေါင်း ၇၅,၀၀၀ ကနေ ၉၅,၀၀၀ အထိရှိနေကြတုန်းဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်း သေဆုံးသူကလည်း ရာချီတယ်လို့ ကုလသမဂ္ဂပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဂါဇာဒေသက ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂရဲ့ UNRWA အဖွဲ့ကို အစ္စရေးက ပိတ်ပင်ခဲ့တဲ့အတွက် ဒီအဖွဲ့ကို ဖျက်သိမ်းဖို့ အစ္စရေးရဲ့ ကြိုးပမ်မှုအောင်မြင်ခဲ့ရင် ပါလက်စတိုင်းတွေအတွက် ကုလသမဂ္ဂအကူအညီပေးနေတဲ့ လုပ်ငန်းတွေ ပြိုပျက်သွားလိမ့်မယ်လို့ UNRWA အဖွဲ့အကြီးအကဲ Philippe Lazzarini က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် အစ္စရေးလေကြောင်းကတိုက်ခိုက်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG